ဗဟုတုသ

အာ႐ုံေၾကာအားေကာင္းေဆးအျဖစ္အရြက္မွ ေဆးထုတ္ယူကာ ေရာင္းခ်ေနျပီျဖစ္ေသာ ပဲေကာသီးပင္ (ႏွစ္၁၀၀သီး)

(Zawgyi)

အာ႐ုံေၾကာအားေကာင္းေဆးအျဖစ္ အ႐ြက္မွ ေဆးထုတ္ယူကာ ေရာင္းခ်ေနၿပီျဖစ္ေသာ ပဲေကာသီးပင္ (ႏွစ္၁၀၀သီး)

တခါတေလ စားေသာက္ဆိုင္ ထိုင္လို႔ ဘဲျဖစ္ျဖစ္၊ ဘီယာဆိုင္ ေရာက္လို႔ဘဲျဖစ္ျဖစ္ ပဲေကာသီးကို မွာစားမိၾကမွာပါ။ ပဲေကာသီးကို တုတ္တံနဲ႔ တံစိုးထိုးထားေသာ အကင္က ခါးသက္သက္ Beer နဲ႔ လိုက္ဖက္လွသည္၊ သူ႔အရသာကလည္ ခ်ိဳအီစိမ့္စိမ့္ နဲ႔ သက္ေသာ အရသာမို႔ ေျပာျပလို႔ မရေအာင္ထူးျခားလွသည္၊ ကိုက္လန္နဲ႔ ပဲေကာ ေရာေၾကာ္ထားေသာ အစိမ္းေၾကာ္လည္း စားေကာင္းလွသလို အသားမပါ သူျခည့္ဘဲလည္း စားလို႔ အဆင္ေျပလွသည္၊ တ႐ုပ္အစားအစာ အေတာ္မ်ားမ်ားတြင္ ပဲေကာသီးက မပါမျဖစ္ပါ။

ပဲေကာသီးကို ဘယ္အပင္ကရသလည္းလို႔ ေမးစရာျဖစ္လာပါသည္။ အရသာရွိေသာ ပဲေကာသီးကို Gingko biloba ဆိုေသာအပင္ကရပါသည္၊ Ginkgo အပင္ေတြသည္ long-living, deciduous tree အသက္ရွည္ၿပီး ရာသီအလိုက္ အ႐ြက္ေႂကြေသာ အပင္ႀကီးမ်ိဳးျဖစ္သည္၊ ကမာၻဦးအစကတည္းက ရွင္သန္ခြင့္ရခဲ့ေသာ သက္တန္းရွည္လွသည့္ အပင္ႀကီးျဖစ္သည္၊ Ginkgo trees ေတြရဲ႕ မူရင္းေဒသက East Asia ျဖစ္ပါသည္၊ ဘယ္က အစျပဳခဲ့ သလည္း ဆိုလွ်င္ တ႐ုပ္ျပည္ရွိ ေတာနက္ႀကီးေတြက အစျပဳခဲ့ပုံရသည္၊ Ginkgo အပင္ေတြ ရွင္သန္ဖို႔အတြက္ ပတ္ဝန္းက်င ္အေျခအေန ေကာင္းမြန္ဖို႔လည္း အထူး လိုအပ္လွပါသည္၊ တေန႔က post တခုတြင္ Ginkgo ပင္ေတြစိုက္ထားေသာ တ႐ုပ္ႏိုင္ငံက ႐ြာေလးတ႐ြာအေၾကာင္းဖတ္ရသည္၊ အေစ့ထုတ္ပုံၾကည့္ဖို႔ ႏိုင္ငံျခားသားေတြ တကူးတက လာၾကည့္ၾကရသည္၊ ႐ြာသူ႐ြာသားေတြလည္း အလုပ္အကိုင္ ဝင္ေငြလည္းရ သဘာဝပတ္ဝန္းက်င္ လည္းထိမ္းသားျဖစ္သည့္ Eco tourism. အစီစဥ္ေကာင္းတခုျဖစ္သည္။

Ginkgo အပင္ေတြကို ေအးျမေသာေတာင္ေပၚေဒသမ်ားတြင္သာ စိုက္ပ်ိဳးလို႔ရမွာပါ၊ ဒီအပင္ကို လူ႔သမိုင္း အေစာဆုံး ကာလေတြကတည္းက အစား အေသာက္အေနနဲ႔သာမက တိုင္းရင္းေဆး အတြက္ပါရည္႐ြယ္စိုက္ခဲ့ၾကတာပါ၊Ginko ပင္ဟာအပင္ႀကီးမ်ိဳးျဖစ္ၿပီး ပုံမွန္အားျဖင့္ ေပ တရာေက်ာ္ျမင့္ပါတယ္၊အပင္က ႏွင္းနဲ႔ ေလျပင္းတိုက္တာကို ခံႏိုင္ရည္ရွိပါတယ္၊ အပင္ႏုစဥ္ ကိုင္းျဖာမႈနဲၿပီး ရွည္ေျမာေသာပုံျဖစ္ေပမဲ့ အသက္ႀကီးလာသည္ႏွင့္အမွ် အပင္က ေဘးဖက္ကိုကားလာၿပီး crown ပုံစံျဖစ္လို႔လာပါတယ္။ ေႏြဦးကာလမွာေတာ့ Ginkgo. အ႐ြက္ေလးေတြက ေတာက္ပေသာ အဝါေရာင္ ေျပာင္းလို႔ လာပါတယ္။ ေရာဂါဒါဏ္ အင္းဆက္ပိုးမႊားဒါဏ္ခံႏိုင္ရည္ရွိေသာအပင္ျဖစ္ၿပီး အခ်ိဳ႕ေသာ အပင္မ်ားမွာ ၂၅၀၀ ႏွစ္ေလာက္ရွင္သန္ တယ္လို႔ မွတ္တမ္းမ်ားအရသိရပါသည္။

Ginkgo ပင္၏ အ႐ြက္မ်ားကေတာ့ အထူးျခား ဆုံးပါဘဲ ယပ္ေတာင္ပုံစံ ေလးရွိၿပီး ႐ြက္ေၾကာ veins မ်ားက ထင္ရွားပါတယ္၊ ႐ြက္ေၾကာျဖာပုံက ၂ခြျဖာ ပုံစံ bifurcating ပုံစံပါ၊ ဒီ ႐ြက္ေၾကာျဖာပုံဟာ အလြန္ေရွးက်လြန္းေသာ premitive characters ျဖစ္ပါသည္၊ အမ်ားစုက ၄လက္မေလာက္ရွိေပမဲ့ တခါတရံ ၆လက္မထိရွိတတ္တာပါ။

အထူးျခားဆုံးအခ်က္ကေတာ့ Ginkgo ပင္ေလးေတြက အဖိုပင္ သတ္သတ္ အမပင္သတ္သတ္ ရွိတာပါ၊ အဖိုပင္က pollen cone ေလးေတြထုတ္ေပမဲ့ အမပင္ကေတာ့ cones မထုတ္ပါဘူး၊ Ginkgo အပင္ေတြသည္ ဘယ္ေသာအခါမွပန္းပြင့္ျခင္းမရွိသည့္ Gymnosperms “အေစ့ေဖာ္ပင္” အႏြယ္ဝင္ အပင္ေတြျဖစ္သည္၊ ထို႔ေၾကာင့္လည္း ပဲေကာအေစ့ကို အေစ့အိမ္နံရံျဖင့္ဝန္းရံမထားပါ၊ အမပင္ကသီးေသာအရာသည္ အကယ္စဥ္စစ္ အသီး မဟုတ္ပါ၊ အေစ့သာျဖစ္သည္၊ ထိုအေစ့တြင္ အခြံ ၂ ခုရွိသည္ ။ ႏုညံၿပီးအရည္႐ႊမ္းေသာအျပင္ခြံ soft and fleshy section (the sarcotesta) ႏွင့္ မာေသာ အတြင္းအခြံ hard section (the sclerotesta) တို႔ျဖစ္သည္၊ ႏုညံေသာ အျပင္ခြံမွ ႏွစ္လိုဖြယ္ရာ မရွိေသာ ရနံ႔ကိုထုတ္ေလ့ရွိသည္၊ ဝတ္မႈံကူးၿပီးရင္ အေစ့ေလာင္း ၂ ခုက ႐ိုးတံအေျခမွာ ရွိေနတာပါ။ အေစ့မွာျပင္ပ အလႊာ sarcotesta ပါၿပီး light yellow brown အေရာင္ပါ။ ႏုညံၿပီး butyric acid ထုတ္ေပးသည၊္ ရနံ႔က ဆီေျခး ေစာ္နံေသာ ေထာပတ္ရနံံ့ျဖစ္ၿပီး အနံ႔ဆိုးလွသည္။

အမပင္ေတြရွိေနလွ်င္ အသီးမွည့္ေတြ၏ ဆိုးဝါးလွတဲ့အနံ႔ ႏွင့္ အေစ့အမွည့္က ထြက္ေသာ အေရေတြက ၿမိဳ႕ျပကို ညစ္ေပေစသည္။ ဒါ့ေၾကာင့္လည္း အလွစိုက္သူေတြက အဖိုပင္ကိုမွ သီးသန႔္ ေ႐ြးခ်ယ္စိုက္ၾကသည္၊ဥယ်ာဥ္စိုက္ပ်ိဳးသူေတြက အေစ့ေတြကိုသာ စိုက္ရင္ အမပင္ေတြပါလာမွာ စိုးလွသည၊္ ဒါ့ေၾကာင့္ male Ginkgo အပင္ကေန ကိုင္းကူး ကိုင္းဆက္နည္းနဲ႔ အဖိုပင္ေတြျခည္း ေပါက္ဖြားလာေအာင္ႀကံေဆာင္ခဲ့ၾကသည္။

အမ ginkgo အပင္ေတြအေပၚမွာ ဘဲဥပုံ သို႔မဟုတ္ လုံးဝန္းေသာပုံစံရွိသည့္ အရည္႐ႊမ္းသည့္ အသီးပုံစံ အေစ့ ေတြကို အကိုင္းေတြေပၚမွာ အစုလိုက္ သီးေလ့ရွိပါသည္၊ အ႐ြယ္ကေတာ့small jujube (Chinese date) ဇီးသီး အ႐ြယ္ေလာက္ျဖစ္ပါသည္၊ အေစ့ပုံစံ အသီးရဲ႕ အျပင္ခြံ exocarp က ရနံ႔ျပင္းေသာ အႏွစ္ pulp ရနံ႔ရွိၿပီး ႐ုကၡေဗဒလို assarcotesta လို႔ေခၚပါသည္၊ အခြံမာျဖင့္ဖုံးကာထားေသာ တခုတည္းေသာ အေစ့ထဲမွာ စားလို႔ရ သည့္ edible embryo (kernel) ကိုေတြ႕ရမွာပါ၊အတြင္းက အဝါေရာင္ အေစ့ကိုဘဲ စားသုံးၾကပါသည္။

တ႐ုပ္႐ိုးရာ ယဥ္ေက်းမႈမွာ ပဲေကာေစ့ေတြ စားရင္ က်မ္းမာေရးအတြက္ အက်ိဳးရွိတယ္လို႔ ယုံၾကည္ထားၾကသည္၊ Ginkgo nuts ေတြကို congee မွာသုံးၾကသည္၊ ေနာက္ၿပီး တ႐ုပ္႐ိုးရာႏွစ္သစ္ကူးပြဲေတာ္ ေတြမွာလည္း အမွတ္တရစားသုံးဖို႔ ခ်က္ျပဳတ္ၾကပါသည္၊ အခ်ိဳ႕ကလည္း သူ႔မွာ aphrodisiac qualities ရွိတယ္လို႔ သတ္မွတ္ထားၾကပါသည္၊ ဂ်ပန္ အစားအေသာက္ေတြမွာ ginkgo seeds ေတြထည့္ခ်က္ထားၾကၿပီး အေစ့ကို ginnanလို႔ ေခၚၾကသည္၊ Ginkgo ပင္ေလးေတြက ေလထုညစ္ညမ္းမႈ ေလ်ာနဲေစတယ္ ေျမဆီလႊာလည္း ခိုင္ၿမဲေစတယ္၊ Urasenke ေက်ာင္းရဲ႕ Japanese tea seremony မွာ Ginkgo အ႐ြက္ေလးက symbol ျဖစ္ေနပါတယ္၊ ျမန္မာျပည္မွာ ပိေတာက္က national flowers ျဖစ္သလို တ႐ုပ္ျပည္မွာ Ginkgo က national tree ျဖစ္ပါတယ္။ တ႐ုပ္ျပည္မွာေတာ့ လြန္ခဲ့ေသာ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၅၀၀ကတည္းက temples ေတြမွာ စိုက္ခဲ့ၾကတယ္၊ Korea နဲ႔ Japan မွာလည္းစိုက္ခဲ့ၾကတယ္။ Ginkgo leaves ရဲ႕ extracts မွာ flavonoid, glycosides နဲ႔ terpenoids ေတြပါတယ္၊ အာ႐ုံေၾကာနဲ႔ဆိုင္ေသာ ေရာဂါေတြ ကုသရာမွာသက္ေရာက္မႈရွိပါတယ္၊ အဓိကကေတာ့ memory and concentration ehancer, anti vertigo agent အေနနဲ႔သုံးခဲၾကတယ္။

အျငင္းပြားစရာ အခ်ိဳ႕သုေတသနေတြမွာ Ginkgo extract က လူသားေတြရဲ႕ ခႏၶာကိုယ္ ေသြးလွည့္ပတ္မႈ ေကာင္းေစတယ္၊ oxidative cell damage ေတြကို ကာကြယ္ေပးတယ္ cardiovascular, renal, respiratory နဲ႔ central nervous system ေတြနဲ႔ဆက္ႏြယ္ေသာ platelet activating factors အေပၚသက္ေရာက္တယ္၊အျခားေသာ ေဆးဝင္မႈေတြကအမ်ားႀကီးပါ။ ေရးလို႔မကုန္ႏိုင္ေအာင္ပါဘဲ။ အမ်ားစုက Ginkgo အပင္နဲ႔ ပဲေကာသီးကို ဆက္စပ္ ေတြးမိၾကပုံမရပါ၊ သီးသန႔္သာ ေတြးမိၾကပါသည္။ ယခုအခါ ျမန္မာျပည္မွာ Ginkgo အပင္အငယ္ေလးေတြကို ဝယ္ယူလို႔ ရေနပါဘီ၊ အလွအပအေနနဲ႔လည္း စိုက္ပ်ိဳးေနၾကပါဘီ၊ က်ေနာ္တို႔ ေက်ာင္းသားဘဝက Ginkgo ပင္ကိုေတြ႕ျခင္လွ်င္ ေမၿမိဳ႕ ႐ုကၡေဗဒဥယ်ာဥ္ဆီ သြားေရာက္ ေလ့လာရပါသည္။ တပင္ထဲေသာ Ginkgo ပင္ကိုၾကည့္ရင္းအံၾသခဲ့ဖူးသည္။ သူက အပင္ထက္ သက္ရွိ႐ုပ္ႂကြင္း Living fossile တပင္လို႔သာ တင္စားမိသည္အထိပါ၊ ထိုစဥ္က ဆရာႀကီးေျပာျပလို႔ မွတ္ဉာဏ္ ေကာင္းတယ္ဆိုၿပီး အ႐ြက္ေလးေတြ ေကာက္ခဲ့ဖူးသည္၊ အခုအခါတြင္မူ Fame မွ အာ႐ုံေၾကာအားေကာင္းေဆးအျဖစ္အ႐ြက္မွ ေဆးထုတ္ယူကာ ေရာင္းခ်ေနဘီျဖစ္သည္။

Credit – ကိုသက္ႏိုင္ဦး

(Unicode)

အာရုံကြောအားကောင်းဆေးအဖြစ် အရွက်မှ ဆေးထုတ်ယူကာ ရောင်းချနေပြီဖြစ်သော ပဲကောသီးပင် (နှစ်၁၀၀သီး)

တခါတလေ စားသောက်ဆိုင် ထိုင်လို့ ဘဲဖြစ်ဖြစ်၊ ဘီယာဆိုင် ရောက်လို့ဘဲဖြစ်ဖြစ် ပဲကောသီးကို မှာစားမိကြမှာပါ။ ပဲကောသီးကို တုတ်တံနဲ့ တံစိုးထိုးထားသော အကင်က ခါးသက်သက် Beer နဲ့ လိုက်ဖက်လှသည်၊ သူ့အရသာကလည် ချိုအီစိမ့်စိမ့် နဲ့ သက်သော အရသာမို့ ပြောပြလို့ မရအောင်ထူးခြားလှသည်၊ ကိုက်လန်နဲ့ ပဲကော ရောကြော်ထားသော အစိမ်းကြော်လည်း စားကောင်းလှသလို အသားမပါ သူခြည့်ဘဲလည်း စားလို့ အဆင်ပြေလှသည်၊ တရုပ်အစားအစာ အတော်များများတွင် ပဲကောသီးက မပါမဖြစ်ပါ။

ပဲကောသီးကို ဘယ်အပင်ကရသလည်းလို့ မေးစရာဖြစ်လာပါသည်။ အရသာရှိသော ပဲကောသီးကို Gingko biloba ဆိုသောအပင်ကရပါသည်၊ Ginkgo အပင်တွေသည် long-living, deciduous tree အသက်ရှည်ပြီး ရာသီအလိုက် အရွက်ကြွေသော အပင်ကြီးမျိုးဖြစ်သည်၊ ကမ္ဘာဦးအစကတည်းက ရှင်သန်ခွင့်ရခဲ့သော သက်တန်းရှည်လှသည့် အပင်ကြီးဖြစ်သည်၊ Ginkgo trees တွေရဲ့ မူရင်းဒေသက East Asia ဖြစ်ပါသည်၊ ဘယ်က အစပြုခဲ့ သလည်း ဆိုလျှင် တရုပ်ပြည်ရှိ တောနက်ကြီးတွေက အစပြုခဲ့ပုံရသည်၊ Ginkgo အပင်တွေ ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင ်အခြေအနေ ကောင်းမွန်ဖို့လည်း အထူး လိုအပ်လှပါသည်၊ တနေ့က post တခုတွင် Ginkgo ပင်တွေစိုက်ထားသော တရုပ်နိုင်ငံက ရွာလေးတရွာအကြောင်းဖတ်ရသည်၊ အစေ့ထုတ်ပုံကြည့်ဖို့ နိုင်ငံခြားသားတွေ တကူးတက လာကြည့်ကြရသည်၊ ရွာသူရွာသားတွေလည်း အလုပ်အကိုင် ဝင်ငွေလည်းရ သဘာဝပတ်ဝန်းကျင် လည်းထိမ်းသားဖြစ်သည့် Eco tourism. အစီစဉ်ကောင်းတခုဖြစ်သည်။

Ginkgo အပင်တွေကို အေးမြသောတောင်ပေါ်ဒေသများတွင်သာ စိုက်ပျိုးလို့ရမှာပါ၊ ဒီအပင်ကို လူ့သမိုင်း အစောဆုံး ကာလတွေကတည်းက အစား အသောက်အနေနဲ့သာမက တိုင်းရင်းဆေး အတွက်ပါရည်ရွယ်စိုက်ခဲ့ကြတာပါ၊Ginko ပင်ဟာအပင်ကြီးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ပေ တရာကျော်မြင့်ပါတယ်၊အပင်က နှင်းနဲ့ လေပြင်းတိုက်တာကို ခံနိုင်ရည်ရှိပါတယ်၊ အပင်နုစဉ် ကိုင်းဖြာမှုနဲပြီး ရှည်မြောသောပုံဖြစ်ပေမဲ့ အသက်ကြီးလာသည်နှင့်အမျှ အပင်က ဘေးဖက်ကိုကားလာပြီး crown ပုံစံဖြစ်လို့လာပါတယ်။ နွေဦးကာလမှာတော့ Ginkgo. အရွက်လေးတွေက တောက်ပသော အဝါရောင် ပြောင်းလို့ လာပါတယ်။ ရောဂါဒါဏ် အင်းဆက်ပိုးမွှားဒါဏ်ခံနိုင်ရည်ရှိသောအပင်ဖြစ်ပြီး အချို့သော အပင်များမှာ ၂၅၀၀ နှစ်လောက်ရှင်သန် တယ်လို့ မှတ်တမ်းများအရသိရပါသည်။

Ginkgo ပင်၏ အရွက်များကတော့ အထူးခြား ဆုံးပါဘဲ ယပ်တောင်ပုံစံ လေးရှိပြီး ရွက်ကြော veins များက ထင်ရှားပါတယ်၊ ရွက်ကြောဖြာပုံက ၂ခွဖြာ ပုံစံ bifurcating ပုံစံပါ၊ ဒီ ရွက်ကြောဖြာပုံဟာ အလွန်ရှေးကျလွန်းသော premitive characters ဖြစ်ပါသည်၊ အများစုက ၄လက်မလောက်ရှိပေမဲ့ တခါတရံ ၆လက်မထိရှိတတ်တာပါ။

အထူးခြားဆုံးအချက်ကတော့ Ginkgo ပင်လေးတွေက အဖိုပင် သတ်သတ် အမပင်သတ်သတ် ရှိတာပါ၊ အဖိုပင်က pollen cone လေးတွေထုတ်ပေမဲ့ အမပင်ကတော့ cones မထုတ်ပါဘူး၊ Ginkgo အပင်တွေသည် ဘယ်သောအခါမှပန်းပွင့်ခြင်းမရှိသည့် Gymnosperms “အစေ့ဖော်ပင်” အနွယ်ဝင် အပင်တွေဖြစ်သည်၊ ထို့ကြောင့်လည်း ပဲကောအစေ့ကို အစေ့အိမ်နံရံဖြင့်ဝန်းရံမထားပါ၊ အမပင်ကသီးသောအရာသည် အကယ်စဉ်စစ် အသီး မဟုတ်ပါ၊ အစေ့သာဖြစ်သည်၊ ထိုအစေ့တွင် အခွံ ၂ ခုရှိသည် ။ နုညံပြီးအရည်ရွှမ်းသောအပြင်ခွံ soft and fleshy section (the sarcotesta) နှင့် မာသော အတွင်းအခွံ hard section (the sclerotesta) တို့ဖြစ်သည်၊ နုညံသော အပြင်ခွံမှ နှစ်လိုဖွယ်ရာ မရှိသော ရနံ့ကိုထုတ်လေ့ရှိသည်၊ ဝတ်မှုံကူးပြီးရင် အစေ့လောင်း ၂ ခုက ရိုးတံအခြေမှာ ရှိနေတာပါ။ အစေ့မှာပြင်ပ အလွှာ sarcotesta ပါပြီး light yellow brown အရောင်ပါ။ နုညံပြီး butyric acid ထုတ်ပေးသည၊် ရနံ့က ဆီခြေး စော်နံသော ထောပတ်ရနံံ့ဖြစ်ပြီး အနံ့ဆိုးလှသည်။

အမပင်တွေရှိနေလျှင် အသီးမှည့်တွေ၏ ဆိုးဝါးလှတဲ့အနံ့ နှင့် အစေ့အမှည့်က ထွက်သော အရေတွေက မြို့ပြကို ညစ်ပေစေသည်။ ဒါ့ကြောင့်လည်း အလှစိုက်သူတွေက အဖိုပင်ကိုမှ သီးသန့် ရွေးချယ်စိုက်ကြသည်၊ဥယျာဉ်စိုက်ပျိုးသူတွေက အစေ့တွေကိုသာ စိုက်ရင် အမပင်တွေပါလာမှာ စိုးလှသည၊် ဒါ့ကြောင့် male Ginkgo အပင်ကနေ ကိုင်းကူး ကိုင်းဆက်နည်းနဲ့ အဖိုပင်တွေခြည်း ပေါက်ဖွားလာအောင်ကြံဆောင်ခဲ့ကြသည်။

အမ ginkgo အပင်တွေအပေါ်မှာ ဘဲဥပုံ သို့မဟုတ် လုံးဝန်းသောပုံစံရှိသည့် အရည်ရွှမ်းသည့် အသီးပုံစံ အစေ့ တွေကို အကိုင်းတွေပေါ်မှာ အစုလိုက် သီးလေ့ရှိပါသည်၊ အရွယ်ကတော့small jujube (Chinese date) ဇီးသီး အရွယ်လောက်ဖြစ်ပါသည်၊ အစေ့ပုံစံ အသီးရဲ့ အပြင်ခွံ exocarp က ရနံ့ပြင်းသော အနှစ် pulp ရနံ့ရှိပြီး ရုက္ခဗေဒလို assarcotesta လို့ခေါ်ပါသည်၊ အခွံမာဖြင့်ဖုံးကာထားသော တခုတည်းသော အစေ့ထဲမှာ စားလို့ရ သည့် edible embryo (kernel) ကိုတွေ့ရမှာပါ၊အတွင်းက အဝါရောင် အစေ့ကိုဘဲ စားသုံးကြပါသည်။

တရုပ်ရိုးရာ ယဉ်ကျေးမှုမှာ ပဲကောစေ့တွေ စားရင် ကျမ်းမာရေးအတွက် အကျိုးရှိတယ်လို့ ယုံကြည်ထားကြသည်၊ Ginkgo nuts တွေကို congee မှာသုံးကြသည်၊ နောက်ပြီး တရုပ်ရိုးရာနှစ်သစ်ကူးပွဲတော် တွေမှာလည်း အမှတ်တရစားသုံးဖို့ ချက်ပြုတ်ကြပါသည်၊ အချို့ကလည်း သူ့မှာ aphrodisiac qualities ရှိတယ်လို့ သတ်မှတ်ထားကြပါသည်၊ ဂျပန် အစားအသောက်တွေမှာ ginkgo seeds တွေထည့်ချက်ထားကြပြီး အစေ့ကို ginnanလို့ ခေါ်ကြသည်၊ Ginkgo ပင်လေးတွေက လေထုညစ်ညမ်းမှု လျောနဲစေတယ် မြေဆီလွှာလည်း ခိုင်မြဲစေတယ်၊ Urasenke ကျောင်းရဲ့ Japanese tea seremony မှာ Ginkgo အရွက်လေးက symbol ဖြစ်နေပါတယ်၊ မြန်မာပြည်မှာ ပိတောက်က national flowers ဖြစ်သလို တရုပ်ပြည်မှာ Ginkgo က national tree ဖြစ်ပါတယ်။ တရုပ်ပြည်မှာတော့ လွန်ခဲ့သော လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ကတည်းက temples တွေမှာ စိုက်ခဲ့ကြတယ်၊ Korea နဲ့ Japan မှာလည်းစိုက်ခဲ့ကြတယ်။ Ginkgo leaves ရဲ့ extracts မှာ flavonoid, glycosides နဲ့ terpenoids တွေပါတယ်၊ အာရုံကြောနဲ့ဆိုင်သော ရောဂါတွေ ကုသရာမှာသက်ရောက်မှုရှိပါတယ်၊ အဓိကကတော့ memory and concentration ehancer, anti vertigo agent အနေနဲ့သုံးခဲကြတယ်။

အငြင်းပွားစရာ အချို့သုတေသနတွေမှာ Ginkgo extract က လူသားတွေရဲ့ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းစေတယ်၊ oxidative cell damage တွေကို ကာကွယ်ပေးတယ် cardiovascular, renal, respiratory နဲ့ central nervous system တွေနဲ့ဆက်နွယ်သော platelet activating factors အပေါ်သက်ရောက်တယ်၊အခြားသော ဆေးဝင်မှုတွေကအများကြီးပါ။ ရေးလို့မကုန်နိုင်အောင်ပါဘဲ။ အများစုက Ginkgo အပင်နဲ့ ပဲကောသီးကို ဆက်စပ် တွေးမိကြပုံမရပါ၊ သီးသန့်သာ တွေးမိကြပါသည်။ ယခုအခါ မြန်မာပြည်မှာ Ginkgo အပင်အငယ်လေးတွေကို ဝယ်ယူလို့ ရနေပါဘီ၊ အလှအပအနေနဲ့လည်း စိုက်ပျိုးနေကြပါဘီ၊ ကျနော်တို့ ကျောင်းသားဘဝက Ginkgo ပင်ကိုတွေ့ခြင်လျှင် မေမြို့ ရုက္ခဗေဒဥယျာဉ်ဆီ သွားရောက် လေ့လာရပါသည်။ တပင်ထဲသော Ginkgo ပင်ကိုကြည့်ရင်းအံသြခဲ့ဖူးသည်။ သူက အပင်ထက် သက်ရှိရုပ်ကြွင်း Living fossile တပင်လို့သာ တင်စားမိသည်အထိပါ၊ ထိုစဉ်က ဆရာကြီးပြောပြလို့ မှတ်ဉာဏ် ကောင်းတယ်ဆိုပြီး အရွက်လေးတွေ ကောက်ခဲ့ဖူးသည်၊ အခုအခါတွင်မူ Fame မှ အာရုံကြောအားကောင်းဆေးအဖြစ်အရွက်မှ ဆေးထုတ်ယူကာ ရောင်းချနေဘီဖြစ်သည်။

Credit – ကိုသက်နိုင်ဦး

Leave a Reply

Your email address will not be published. Required fields are marked *