ဗဟုတုသ

သင်မသိသေးတဲ့ ဘီယာရဲ့ အထွေထွေအသုံးဝင်ပုံများ

(Zawgyi)

သင္မသိေသးတဲ့ ဘီယာရဲ႕ အေထြေထြအသုံးဝင္ပုံမ်ား

(၁) ဆံပင္ကို အရွည္ျမန္ေစတယ္

ဘီယာမွာ ဗီတာမင္ဘီနဲ႔ ဆီလီကြန္ပါဝင္တာေၾကာင့္ ဆံသားကိုအားျပည့္ေစၿပီး ဆံသားလွပ က်န္းမာေစပါတယ္။ ဆံပင္ေပၚသို႔ ဘီယာတစ္ခြက္ကို ေလာင္းၿပီး ဦးေရျပားကို ႏွိပ္နယ္ေပးပါ။ ၅မိနစ္ခန႔္ၾကာမွ ေခၚင္းျပန္ေလွ်ာ္ေပးပါ။ ဆံသားမ်ားေတာက္ပတာကို ေတြ႕ျမင္ရပါမယ္။

(၂) အသားအေရတင္းရင္းေစတယ္

ဘီယာမွာ အသားအေရႏုပ်ိဴေစေသာ ဓာတ္တိုးဆန႔္က်င္ အာနိသင္ရွိတာမို႔ အေရျပား အိုမင္းရင့္ေရာ္ျခင္းမွ ကာကြယ္ေပးပါတယ္။ ထို႔ျပင္ အေရျပားဆဲလ္ေတြကို အားေကာင္းေစၿပီး အေရးအေၾကာင္း ျဖစ္ျခင္းမွလဲ ကာကြယ္ေပးပါေသးတယ္။ဘီယာ ထမင္းစားဇြန္း၁ဇြန္းကို ၾကက္ဥအကာနဲ႔ သံလြင္ဆီ ၃စက္ခန႔္ ေရာပါ။ ထို႔ေနာက္ မ်က္နာကို လိမ္းေပးၿပီး ၁၀မိနစ္ထားပါ။

(၃) အိပ္ေပ်ာ္ေစတယ္

ဘီယာမွာပါဝင္ေသာ hop flower ကို ညအိပ္မေပ်ာ္ေသာ ေရာဂါမ်ားတြင္ သဘာ၀ အိပ္ေပ်ာ္ေဆးအျဖစ္ ထည့္သြင္းအသုံးျပဳပါတယ္။ သင့္ေခါင္းအုံးေတြကို ဘီယာနဲ႔ ေရ ဆတူ ေရာထားေသာ အရည္ျဖင့္ ေလွ်ာ္ေပးပါ။ ထိုေခါင္းအုံးျဖင့္ အိပ္ပါက ျမန္ျမန္အိပ္ေပ်ာ္ပါလိမ့္မယ္။

(၄) ေျခေထာက္ေညာင္းျခင္းကို ေျပေလ်ာ့ေစတယ္

ဇလုံတစ္ခုမွာ ဘီယာေအးေအးကို ျဖည့္ပါ။ ထို႔ထဲသို႔ ေျခေထာက္ကို မိနစ္အနည္းငယ္ ႏွစ္ပါ။ သင့္ေျခေထာက္ကိုအေညာင္းေျပေစပါတယ္။

(၅) အသားမ်ား ႏွပ္ရာတြင္ အသုံးဝင္ျခင္း

အသားမ်ားကို ဘီယာႏွင့္ ႏွပ္ျခင္းျဖင့္ အရသာမပ်က္ေစပဲ ပိုမိုႏူးအိေစပါလိမ့္မယ္။ သင္အသုံးျပဳလိုေသာ အသားကို ဗူးတစ္ခုတြင္ ထည့္ပါ။ ထိုထဲသို႔ ဘီယာနည္းနည္းထည့္ၿပီး ေရခဲေသတာထဲတြင္ တစ္ညအိပ္ထားပါ။ ေနာက္တစ္ေန႔မွာ အရသာေကာင္းမြန္ၿပီး ႏူးအိတဲ့ အသားေတြကို ရရွိမွာပါ။

(၆) ပရိေဘာဂမ်ား အေရာင္လက္ေစျခင္း

ဘီယာခပ္ေႏြးေႏြးကို အဝတ္စတစ္ခုတြင္ သုတ္ပါ။ ထိုအဝတ္ျဖင့္ သစ္သားပရိေဘာဂမ်ားကို ပြတ္တိုက္ေပးပါ။

(၇) ယင္ေကာင္ေတြကို ေျပးေစတယ္

ဘီယာကို ခြက္တစ္လုံးတြင္ ထည့္ပါ။ ထိုခြက္ကို အလူမီနီယမ္ျပားျဖင့္ ဖုံးပါ။ ထိုအလူမီနီယမ္ျပားကို အေပါက္ငယ္ေလးေတြေဖာက္ထားဖို႔ လိုပါတယ္။ ထိုအေပါက္ကေနတဆင့္ ယင္ေကာင္ေတြ ခြက္ထဲသို႔ က်သြားမွာ ျဖစ္ပါတယ္။

(၈) သတၱဳမ်ားကို အေရာင္ေတာက္ပေစျခင္း

ဘီယာတြင္ အက္စစ္ပါဝင္မႈ နည္းပါးတာမို႔ သင့္ လက္ဝတ္ရတနာမ်ားနဲ႔ စတီးအိုးမ်ားကို ေျပာင္လက္ေအာင္ အသုံးျပဳႏိုင္ပါတယ္။ အဝတ္စတစ္ခုကို ဘီယာျဖင့္စိမ္ၿပီး ပြတ္တိုက္ေပး႐ုံပဲ ျဖစ္ပါတယ္။

(၉) သံေၾကးမ်ားကိုဖယ္ရွားေပးျခင္း

ဘီယာတြင္ပါေသာ အက္စစ္မ်ားက သံေၾကးမ်ားကို ၿဖိဳခြဲေပးပါတယ္။ သံေၾကးတက္ေသာ အရာေပၚသို႔ ဘီယာကိုေလာင္းၿပီး မိနစ္အနည္းငယ္ထားပါ။

Writer – Dr Jue ( Daily Hot News )

Credit – Dr Jue ( Daily Hot News )

Source – https://www.xyznews.co/archives/32102?fbclid=IwAR1JEbyjV2d5n2IEqFum9WgGqUp_LrWCLTj_fQeEbzoP3wBLllBDAbfcghw

(Unicode)

သင်မသိသေးတဲ့ ဘီယာရဲ့ အထွေထွေအသုံးဝင်ပုံများ

(၁) ဆံပင်ကို အရှည်မြန်စေတယ်

ဘီယာမှာ ဗီတာမင်ဘီနဲ့ ဆီလီကွန်ပါဝင်တာကြောင့် ဆံသားကိုအားပြည့်စေပြီး ဆံသားလှပ ကျန်းမာစေပါတယ်။ ဆံပင်ပေါ်သို့ ဘီယာတစ်ခွက်ကို လောင်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ၅မိနစ်ခန့်ကြာမှ ခေါ်င်းပြန်လျှော်ပေးပါ။ ဆံသားများတောက်ပတာကို တွေ့မြင်ရပါမယ်။

(၂) အသားအရေတင်းရင်းစေတယ်

ဘီယာမှာ အသားအရေနုပျိူစေသော ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတာမို့ အရေပြား အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။ ထို့ပြင် အရေပြားဆဲလ်တွေကို အားကောင်းစေပြီး အရေးအကြောင်း ဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါသေးတယ်။ဘီယာ ထမင်းစားဇွန်း၁ဇွန်းကို ကြက်ဥအကာနဲ့ သံလွင်ဆီ ၃စက်ခန့် ရောပါ။ ထို့နောက် မျက်နာကို လိမ်းပေးပြီး ၁၀မိနစ်ထားပါ။

(၃) အိပ်ပျော်စေတယ်

ဘီယာမှာပါဝင်သော hop flower ကို ညအိပ်မပျော်သော ရောဂါများတွင် သဘာ၀ အိပ်ပျော်ဆေးအဖြစ် ထည့်သွင်းအသုံးပြုပါတယ်။ သင့်ခေါင်းအုံးတွေကို ဘီယာနဲ့ ရေ ဆတူ ရောထားသော အရည်ဖြင့် လျှော်ပေးပါ။ ထိုခေါင်းအုံးဖြင့် အိပ်ပါက မြန်မြန်အိပ်ပျော်ပါလိမ့်မယ်။

(၄) ခြေထောက်ညောင်းခြင်းကို ပြေလျော့စေတယ်

ဇလုံတစ်ခုမှာ ဘီယာအေးအေးကို ဖြည့်ပါ။ ထို့ထဲသို့ ခြေထောက်ကို မိနစ်အနည်းငယ် နှစ်ပါ။ သင့်ခြေထောက်ကိုအညောင်းပြေစေပါတယ်။

(၅) အသားများ နှပ်ရာတွင် အသုံးဝင်ခြင်း

အသားများကို ဘီယာနှင့် နှပ်ခြင်းဖြင့် အရသာမပျက်စေပဲ ပိုမိုနူးအိစေပါလိမ့်မယ်။ သင်အသုံးပြုလိုသော အသားကို ဗူးတစ်ခုတွင် ထည့်ပါ။ ထိုထဲသို့ ဘီယာနည်းနည်းထည့်ပြီး ရေခဲသေတာထဲတွင် တစ်ညအိပ်ထားပါ။ နောက်တစ်နေ့မှာ အရသာကောင်းမွန်ပြီး နူးအိတဲ့ အသားတွေကို ရရှိမှာပါ။

(၆) ပရိဘောဂများ အရောင်လက်စေခြင်း

ဘီယာခပ်နွေးနွေးကို အဝတ်စတစ်ခုတွင် သုတ်ပါ။ ထိုအဝတ်ဖြင့် သစ်သားပရိဘောဂများကို ပွတ်တိုက်ပေးပါ။

(၇) ယင်ကောင်တွေကို ပြေးစေတယ်

ဘီယာကို ခွက်တစ်လုံးတွင် ထည့်ပါ။ ထိုခွက်ကို အလူမီနီယမ်ပြားဖြင့် ဖုံးပါ။ ထိုအလူမီနီယမ်ပြားကို အပေါက်ငယ်လေးတွေဖောက်ထားဖို့ လိုပါတယ်။ ထိုအပေါက်ကနေတဆင့် ယင်ကောင်တွေ ခွက်ထဲသို့ ကျသွားမှာ ဖြစ်ပါတယ်။

(၈) သတ္တုများကို အရောင်တောက်ပစေခြင်း

ဘီယာတွင် အက်စစ်ပါဝင်မှု နည်းပါးတာမို့ သင့် လက်ဝတ်ရတနာများနဲ့ စတီးအိုးများကို ပြောင်လက်အောင် အသုံးပြုနိုင်ပါတယ်။ အဝတ်စတစ်ခုကို ဘီယာဖြင့်စိမ်ပြီး ပွတ်တိုက်ပေးရုံပဲ ဖြစ်ပါတယ်။

(၉) သံကြေးများကိုဖယ်ရှားပေးခြင်း

ဘီယာတွင်ပါသော အက်စစ်များက သံကြေးများကို ဖြိုခွဲပေးပါတယ်။ သံကြေးတက်သော အရာပေါ်သို့ ဘီယာကိုလောင်းပြီး မိနစ်အနည်းငယ်ထားပါ။

Writer – Dr Jue ( Daily Hot News )

Credit – Dr Jue ( Daily Hot News )

Source – https://www.xyznews.co/archives/32102?fbclid=IwAR1JEbyjV2d5n2IEqFum9WgGqUp_LrWCLTj_fQeEbzoP3wBLllBDAbfcghw

Leave a Reply

Your email address will not be published. Required fields are marked *