ဗဟုတုသ

မ်က္စိတိမ္စြဲရတဲ့ အေၾကာင္းရင္းေတြနဲ႔ လကၡဏာမ်ား၊ ကာကြယ္နည္း၊ ကုသနည္းမ်ား

(Zawgyi)

မ်က္စိတိမ္စြဲရတဲ့ အေၾကာင္းရင္းေတြနဲ႔ လကၡဏာမ်ား၊ ကာကြယ္နည္း၊ ကုသနည္းမ်ား

မ်က္စိတိမ္စြဲရတဲ့ အေၾကာင္းရင္းေတြနဲ႔ လကၡဏာမ်ား

မ်က္စိတိမ္စြဲေရာဂါဆိုတာဘာလဲ ?

ပုံမွန္မ်က္လုံးရဲ႕ ၾကည့္ေနတဲ့မွန္ဘီလူးမွာတိမ္ေတြကာေနသလို ေဝေဝေဝါးဝါးျဖစ္လာတဲ့အခါ မ်က္စိတိမ္စြဲေရာဂါ ျဖစ္တယ္လို႔ေခၚပါတယ္။ ဂ်ီးအထပ္ထပ္နဲ႔မႈန္ဝါးေနတဲ့ အိမ္ျပတင္းေပါက္ မွန္ေတြကိုဖ်က္ၿပီး အိမ္အျပင္ကို ၾကည့္ဖူးၾကမယ္ထင္ပါတယ္။ အိမ္အျပင္ကိုေဝေဝဝါးဝါး၊ မၾကည္မလင္နဲ႔ ျမင္ေတြ႕ရပါလိမ့္မယ္။ မ်က္စိတိမ္စြဲေရာဂါျဖစ္တဲ့သူေတြရဲ႕ အျမင္အာ႐ုံဟာလည္း အဲဒီအတိုင္းပါပဲ။ ၾကည္ၾကည္လင္လင္ မျမင္ၾကရပါဘူး။

မ်က္စိတိမ္စြဲေရာဂါ ျဖစ္တဲ့သူေတြဟာ စာဖတ္ရတာ၊ ကားေမာင္းရတာ၊ စကားေျပာေနတဲ့သူရဲ႕ မ်က္ႏွာအမူအရာေတြကို ၾကည့္ရတာေတြမွာ အခက္အခဲျဖစ္ၾကရပါတယ္။ မ်က္စိတိမ္စြဲေရာဂါ အမ်ားစုဟာ ကနဦးမွာ အျမင္အာ႐ုံကိုအေႏွာင့္အယွက္ မျဖစ္ေစပါဘူး။ တျဖည္းျဖည္းခ်င္းမွ ေရာဂါရင့္လာတဲ့ သေဘာရွိပါတယ္။ အခ်ိန္ၾကာျမင့္မွ အျမင္အာ႐ုံကို ထိခိုက္ေစတာျဖစ္ပါတယ္။

မ်က္စိတိမ္စြဲျခင္းေၾကာင့္ အျမင္အာ႐ုံေဝဝါးမႈဟာ အစပထမပိုင္းမွာၾကည့္ေနတဲ့အရာဝတၳဳကို အလင္းေရာင္ပိုေပးတာမ်ိဳး၊ မ်က္မွန္တပ္တာမ်ိဳးေတြနဲ႔အျမင္ၾကည္လင္ေအာင္ဖန္တီးႏိုင္ပါတယ္။ အျမင္အာ႐ုံ တစ္စိတ္တစ္ပိုင္း ခ်ိဳ႕ယြင္းသြားတဲ့ အေျခအေနကို ေရာက္လာၿပီဆိုရင္ အဲဒါေတြကို လုပ္လို႔မရေတာ့ပါဘူး။ ခြဲစိတ္ကုသမႈ ခံယူရမွာျဖစ္ပါတယ္။ ကံေကာင္းတဲ့အခ်က္က မ်က္စိတိမ္ကို ခြဲစိတ္ကုသမႈဟာ ေယဘုယ်အားျဖင့္ အႏၲရာယ္ကင္းတဲ့ ခြဲစိတ္ကုသမႈတစ္ခု ျဖစ္ပါတယ္။ ထိေရာက္မႈလည္းရွိပါတယ္။

ဘယ္လိုျဖစ္တာလဲ ?

မ်က္လုံးမွန္ဘီလူးကိုျဖစ္ေစတဲ့ တစ္သွ်ဴးအသားစေတြမွာ အသက္အ႐ြယ္ အိုမင္းလာလို႔ပဲျဖစ္ျဖစ္၊ ထိခိုက္ဒဏ္ရာရမိလို႔ပဲျဖစ္ျဖစ္ ေျပာင္းလဲမႈေတြျဖစ္ေပၚလာတဲ့အခါ မ်က္စိတိမ္စြဲေရာဂါ အစျပဳလာပါတယ္။ မ်က္စိတိမ္စြဲသူ တခ်ိဳ႕ကေတာ့ မ်ိဳး႐ိုးဗီဇေၾကာင့္ ျဖစ္တာကိုေတြ႕ရပါတယ္။ မ်က္စိကို ခြဲစိတ္ကုသမႈ ခံယူဖူးတဲ့သူေတြ၊ ထိခိုက္ဒဏ္ရာ ရဖူးတဲ့သူေတြ၊ေသြးခ်ိဳ ဆီးခ်ိဳေရာဂါျဖစ္ေနတဲ့ သူေတြဟာလည္း မ်က္စိတိမ္စြဲေရာဂါ ရႏိုင္ပါတယ္။ စတီး႐ြိဳက္ေဆးေတြ၊ မ်က္စဥ္းေတြ ခဏခဏ ကာလရွည္ၾကာ သုံးစြဲတဲ့သူေတြဟာ မ်က္စိတိမ္စြဲေရာဂါ ျဖစ္ႏိုင္ပါတယ္။

အသက္အ႐ြယ္အိုမင္းလာတဲ့အခါ မ်က္လုံးမွန္ဘီလူးအျဖစ္ အလုပ္လုပ္ေနတဲ့အသားစတစ္သွ်ဴးဟာ ေပ်ာ့ေျပာင္းမႈ ေလ်ာ့နည္းလာပါတယ္။အလင္း ေဖာက္ဝင္ႏိုင္မႈေလ်ာ့နည္းလာၿပီး တျဖည္းျဖည္းထူလာပါတယ္။ အသားစတခ်ိဳ႕ပ်က္ဆီးသြားၿပီး တစ္ခုနဲ႔တစ္ခု ပူးကပ္ကုန္ပါတယ္။အဲဒီလို ပူးကပ္သြားတဲ့ ေနရာေတြကို တိမ္လို႔ေခၚတာျဖစ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် တိမ္ရွိတဲ့ ေနရာေတြက ပိုမိုသိပ္သည္းလာၿပီးပိုမိုႀကီးထြားလာပါတယ္။

မ်က္စိတိမ္စြဲေရာဂါဟာမ်က္စိတစ္ဖက္တည္းမွာပဲ ျဖစ္ႏိုင္သလိုမ်က္စိႏွစ္ဖက္လုံးမွာလည္း ျဖစ္ႏိုင္ပါတယ္။ ႏွစ္ဖက္လုံးမွာျဖစ္တာမ်ားပါတယ္။ ႏွစ္ဖက္လုံးမွာျဖစ္တယ္ဆိုေပမယ့္ တစ္ဖက္နဲ႔ တစ္ဖက္ ျပင္းထန္မႈမတူညီၾကပါဘူး။ တစ္ဖက္ကအျခားတစ္ဖက္ထက္ ပိုဆိုးေလ့ရွိပါတယ္။

ဘာေတြေၾကာင့္ျဖစ္ရတာလဲ?

(1) အသက္အ႐ြယ္အိုမင္းလာျခင္း

(2) ေသြးခ်ိဳဆီးခ်ိဳေရာဂါရွိျခင္း

(3) အရက္အလြန္အကြၽံေသာက္သုံးျခင္း

(4) ေနေရာင္ႏွင့္အလြန္အမင္းထိေတြ႕ျခင္း

(5) ဓာတ္မွန္ေရာင္ျခည္၊ ကင္ဆာဓာတ္ေရာင္ျခည္မ်ားႏွင့္ အလြန္အမင္းထိေတြ႕ျခင္း

(6) မ်က္စိတိမ္စြဲေရာဂါမ်ိဳး႐ိုးရွိျခင္း

(7) ေသြးတိုးေရာဂါရွိျခင္း

(8) အဝလြန္ျခင္း

(9) မ်က္လုံးထိခိုက္ဖူးျခင္း၊မ်က္လုံးေရာင္ရမ္းမႈျဖစ္ဖူးျခင္း

(10) မ်က္လုံးခြဲစိတ္ဖူးျခင္း

(11) စတီး႐ြိဳက္မ်က္စဥ္းမ်ားကိုကာလရွည္ၾကာသုံးစြဲျခင္း

(12) ေဆးလိပ္ေသာက္ျခင္း စတာေတြဟာ မ်က္စိတိမ္စြဲေရာဂါျဖစ္ေစတဲ့အေၾကာင္းမ်ားျဖစ္ပါတယ္။

အမ်ိဳးအစားဘယ္ႏွစ္မ်ိဳးရွိသလဲ?

မ်က္စိတိမ္စြဲေရာဂါအမ်ိဳးအစား (4)မ်ိဳးရွိပါတယ္။

(1) မ်က္လုံးမွန္ဘီလူးအလယ္ဗဟိုတြင္ တိမ္စြဲျခင္း (Nuclear Cataracts)

(2) မ်က္လုံးမွန္ဘီလူးအနားစြန္းမ်ားတြင္ တိမ္စြဲျခင္း (Cortical Cataracts)

(3) မ်က္လုံးမွန္ဘီလူးေနာက္ေက်ာတြင္ တိမ္စြဲျခင္း (Posterior SubcapsularCataracts)

(4) ေမြးရာပါ မ်က္စိတိမ္စြဲေရာဂါ (Congenital Cataracts) စတာေတြျဖစ္ပါတယ္။

ေရာဂါလကၡဏာေတြကဘာေတြလဲ ?

(1) အျမင္ေဝဝါးျခင္း

(2) ညဘက္တြင္ ေကာင္းစြာမျမင္ရျခင္း

(3) မီးေရာင္မခံႏိုင္ျခင္း

(4) မီးလုံးမ်ားကိုၾကည့္ေသာအခါ မီးလုံးေဘးတြင္ ေရာင္စုံအကြင္းမ်ားျမင္ရျခင္း

(5) မ်က္မွန္ပါဝါမၾကာခဏေျပာင္းလဲျခင္း

(6) မ်က္လုံးတစ္လုံးတည္းျဖင့္ ပုံရိပ္ႏွစ္ခုျမင္ျခင္း

ဘယ္လိုစမ္းသပ္စစ္ေဆးၾကမလဲ ?

(1) မ်က္စိအျမင္အာ႐ုံစမ္းသပ္စစ္ေဆးသည့္ကားခ်ပ္ (eye chart) ျဖင့္ စမ္းသပ္ျခင္း (visual acuity test)

႐ုပ္ပုံကားခ်ပ္ေပၚမွာ အ႐ြယ္အစား အမ်ိဳးမ်ိဳးရွိတဲ့ စာလုံးမ်ားကိုေရးသားထားပါတယ္။ ၎စာလုံးမ်ားကို ျမင္မျမင္ဖတ္ခိုင္းျခင္းျဖစ္ပါတယ္။

(2) မ်က္လုံး၏ အတြင္းပိုင္းအား မွန္ဘီလူးျဖင့္ ၾကည့္ျခင္း (Slit-lamp examination)

မ်က္လုံးအတြင္းကို အလင္းေရာင္ပါတဲ့ မွန္ဘီလူးနဲ႔ၾကည့္ၿပီးပုံမမွန္မႈမ်ားကို စစ္ေဆးေဖာ္ထုတ္ျခင္းျဖစ္ပါတယ္။

(3) ျမင္လႊာအားစမ္းသပ္စစ္ေဆးျခင္း (Retinal examination)

မ်က္စိသူငယ္အိမ္က်ယ္ေစတဲ့ ေဆးစက္ေတြကိုမ်က္လုံးထဲထည့္ၿပီး ျမင္လႊာအား စမ္းသပ္စစ္ေဆးျခင္းျဖစ္ပါတယ္။

ဘယ္လိုကုသၾကမလဲ?

မ်က္စိတိမ္စြဲျခင္းအတြက္ တစ္ခုတည္းေသာ ကုသမႈနည္းလမ္းကေတာ့ ခြဲစိတ္ကုသမႈပဲျဖစ္ပါတယ္။

မ်က္စိတိမ္ကို ခြဲစိတ္တဲ့အခါ တိမ္စြဲေနတဲ့ မ်က္လုံးမွန္ဘီလူးကို ခြဲစိတ္ဖယ္ထုတ္လိုက္ၿပီး မ်က္လုံးမွန္ဘီလူး အတုနဲ႔ အစားထိုးထည့္လိုက္ပါတယ္။ မ်က္လုံးအစစ္လိုပဲ မ်က္လုံးထဲမွာ တစ္သက္လုံးရွိသြားမွာျဖစ္ပါတယ္။

ျပင္ပလူနာဌာနမွာ မ်က္စိတိမ္ကို ခြဲစိတ္လို႔ရပါတယ္။ အေသးစားခြဲစိတ္မႈျဖစ္ပါတယ္။ ေဆး႐ုံတက္စရာ မလိုအပ္ပါဘူး။

ခြဲစိတ္ေနတုန္းမွာ ထုံေဆးေပးထားပါတယ္။ ေမ့ေဆးမေပးပါဘူး။ ခြဲစိတ္တဲ့ျဖစ္စဥ္တစ္ခုလုံးကို သိရွိေနမွာျဖစ္ပါတယ္။

မ်က္စိတိမ္စြဲျခင္းဟာ ေယဘုယ်အားျဖင့္ အႏၲရာယ္ကင္းတဲ့ ခြဲစိတ္မႈတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ပိုးဝင္ျခင္း၊ ေသြးထြက္ျခင္းတို႔မျဖစ္ေအာင္ ဂ႐ုစိုက္ရပါမယ္။ မ်က္စိတိမ္ခြဲထုတ္ထားတဲ့သူဟာ ေနာင္တစ္ခ်ိန္မွာျမင္လႊာကြာတဲ့ေရာဂါ (retina detachment)ျဖစ္ႏိုင္ပါတယ္။

ခြဲစိတ္ၿပီးစမွာေတာ့ မ်က္လုံးထဲမွာ မသက္မသာ ရွိတတ္ပါတယ္။ ရက္အနည္းငယ္ၾကာႏိုင္ပါတယ္။ အနာက်က္ဖို႔က ႏွစ္လဝန္းက်င္ၾကာပါတယ္။

မ်က္လုံးႏွစ္လုံးလုံးမွာ တိမ္စြဲေနၿပီး ႏွစ္လုံးလုံး ခြဲစိတ္ဖို႔လိုတယ္ဆိုရင္ ပထမမ်က္လုံး ခြဲစိတ္ၿပီးလို႔ တစ္လသို႔မဟုတ္ ႏွစ္လအၾကာမွာ ဒုတိယမ်က္လုံးကို ခြဲစိတ္ကုသမႈခံယူႏိုင္ပါတယ္။

ဘယ္လိုႀကိဳတင္ကာကြယ္မလဲ?

မ်က္စိတိမ္စြဲေရာဂါမျဖစ္ေအာင္ ကာကြယ္ဖို႔၊ ပိုမဆိုးေအာင္ကာကြယ္ဖို႔နည္းလမ္းေတြကို မေတြ႕ရွိေသးပါဘူး။ ဒါေပမယ့္ အေထာက္အကူျဖစ္ေစမယ့္ အခ်က္ေတြရွိပါတယ္။

(1) မ်က္လုံးကို ပုံမွန္စစ္ေဆးမႈျပဳလုပ္ေပးပါ။

(2) ေဆးလိပ္ျဖတ္ပါ။

(3) အရက္ျဖတ္ပါ။

(4) ေနကာမ်က္မွန္ဝတ္ပါ။

(5) ေသြးခ်ိဳဆီးခ်ိဳေရာဂါကဲ့သို႔ေသာ ေရာဂါမ်ားကို ဂ႐ုတစိုက္ကုသပါ။

(6) ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ပါ။

(7) ဟင္းသီးဟင္း႐ြက္ႏွင့္ သစ္သီးဝလံမ်ားကို မ်ားမ်ားစားပါ။

Credit – Dr. Thant Zaw (IM-2) www.drmyanmar.com

(Unicode)

မျက်စိတိမ်စွဲရတဲ့ အကြောင်းရင်းတွေနဲ့ လက္ခဏာများ၊ ကာကွယ်နည်း၊ ကုသနည်းများ

မျက်စိတိမ်စွဲရတဲ့ အကြောင်းရင်းတွေနဲ့ လက္ခဏာများ

မျက်စိတိမ်စွဲရောဂါဆိုတာဘာလဲ ?

ပုံမှန်မျက်လုံးရဲ့ ကြည့်နေတဲ့မှန်ဘီလူးမှာတိမ်တွေကာနေသလို ဝေဝေဝေါးဝါးဖြစ်လာတဲ့အခါ မျက်စိတိမ်စွဲရောဂါ ဖြစ်တယ်လို့ခေါ်ပါတယ်။ ဂျီးအထပ်ထပ်နဲ့မှုန်ဝါးနေတဲ့ အိမ်ပြတင်းပေါက် မှန်တွေကိုဖျက်ပြီး အိမ်အပြင်ကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ အိမ်အပြင်ကိုဝေဝေဝါးဝါး၊ မကြည်မလင်နဲ့ မြင်တွေ့ရပါလိမ့်မယ်။ မျက်စိတိမ်စွဲရောဂါဖြစ်တဲ့သူတွေရဲ့ အမြင်အာရုံဟာလည်း အဲဒီအတိုင်းပါပဲ။ ကြည်ကြည်လင်လင် မမြင်ကြရပါဘူး။

မျက်စိတိမ်စွဲရောဂါ ဖြစ်တဲ့သူတွေဟာ စာဖတ်ရတာ၊ ကားမောင်းရတာ၊ စကားပြောနေတဲ့သူရဲ့ မျက်နှာအမူအရာတွေကို ကြည့်ရတာတွေမှာ အခက်အခဲဖြစ်ကြရပါတယ်။ မျက်စိတိမ်စွဲရောဂါ အများစုဟာ ကနဦးမှာ အမြင်အာရုံကိုအနှောင့်အယှက် မဖြစ်စေပါဘူး။ တဖြည်းဖြည်းချင်းမှ ရောဂါရင့်လာတဲ့ သဘောရှိပါတယ်။ အချိန်ကြာမြင့်မှ အမြင်အာရုံကို ထိခိုက်စေတာဖြစ်ပါတယ်။

မျက်စိတိမ်စွဲခြင်းကြောင့် အမြင်အာရုံဝေဝါးမှုဟာ အစပထမပိုင်းမှာကြည့်နေတဲ့အရာဝတ္ထုကို အလင်းရောင်ပိုပေးတာမျိုး၊ မျက်မှန်တပ်တာမျိုးတွေနဲ့အမြင်ကြည်လင်အောင်ဖန်တီးနိုင်ပါတယ်။ အမြင်အာရုံ တစ်စိတ်တစ်ပိုင်း ချို့ယွင်းသွားတဲ့ အခြေအနေကို ရောက်လာပြီဆိုရင် အဲဒါတွေကို လုပ်လို့မရတော့ပါဘူး။ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပါတယ်။ ကံကောင်းတဲ့အချက်က မျက်စိတိမ်ကို ခွဲစိတ်ကုသမှုဟာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းတဲ့ ခွဲစိတ်ကုသမှုတစ်ခု ဖြစ်ပါတယ်။ ထိရောက်မှုလည်းရှိပါတယ်။

ဘယ်လိုဖြစ်တာလဲ ?

မျက်လုံးမှန်ဘီလူးကိုဖြစ်စေတဲ့ တစ်သျှူးအသားစတွေမှာ အသက်အရွယ် အိုမင်းလာလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရမိလို့ပဲဖြစ်ဖြစ် ပြောင်းလဲမှုတွေဖြစ်ပေါ်လာတဲ့အခါ မျက်စိတိမ်စွဲရောဂါ အစပြုလာပါတယ်။ မျက်စိတိမ်စွဲသူ တချို့ကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်တာကိုတွေ့ရပါတယ်။ မျက်စိကို ခွဲစိတ်ကုသမှု ခံယူဖူးတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာ ရဖူးတဲ့သူတွေ၊သွေးချို ဆီးချိုရောဂါဖြစ်နေတဲ့ သူတွေဟာလည်း မျက်စိတိမ်စွဲရောဂါ ရနိုင်ပါတယ်။ စတီးရွိုက်ဆေးတွေ၊ မျက်စဉ်းတွေ ခဏခဏ ကာလရှည်ကြာ သုံးစွဲတဲ့သူတွေဟာ မျက်စိတိမ်စွဲရောဂါ ဖြစ်နိုင်ပါတယ်။

အသက်အရွယ်အိုမင်းလာတဲ့အခါ မျက်လုံးမှန်ဘီလူးအဖြစ် အလုပ်လုပ်နေတဲ့အသားစတစ်သျှူးဟာ ပျော့ပြောင်းမှု လျော့နည်းလာပါတယ်။အလင်း ဖောက်ဝင်နိုင်မှုလျော့နည်းလာပြီး တဖြည်းဖြည်းထူလာပါတယ်။ အသားစတချို့ပျက်ဆီးသွားပြီး တစ်ခုနဲ့တစ်ခု ပူးကပ်ကုန်ပါတယ်။အဲဒီလို ပူးကပ်သွားတဲ့ နေရာတွေကို တိမ်လို့ခေါ်တာဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တိမ်ရှိတဲ့ နေရာတွေက ပိုမိုသိပ်သည်းလာပြီးပိုမိုကြီးထွားလာပါတယ်။

မျက်စိတိမ်စွဲရောဂါဟာမျက်စိတစ်ဖက်တည်းမှာပဲ ဖြစ်နိုင်သလိုမျက်စိနှစ်ဖက်လုံးမှာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဖက်လုံးမှာဖြစ်တာများပါတယ်။ နှစ်ဖက်လုံးမှာဖြစ်တယ်ဆိုပေမယ့် တစ်ဖက်နဲ့ တစ်ဖက် ပြင်းထန်မှုမတူညီကြပါဘူး။ တစ်ဖက်ကအခြားတစ်ဖက်ထက် ပိုဆိုးလေ့ရှိပါတယ်။

ဘာတွေကြောင့်ဖြစ်ရတာလဲ?

(1) အသက်အရွယ်အိုမင်းလာခြင်း

(2) သွေးချိုဆီးချိုရောဂါရှိခြင်း

(3) အရက်အလွန်အကျွံသောက်သုံးခြင်း

(4) နေရောင်နှင့်အလွန်အမင်းထိတွေ့ခြင်း

(5) ဓာတ်မှန်ရောင်ခြည်၊ ကင်ဆာဓာတ်ရောင်ခြည်များနှင့် အလွန်အမင်းထိတွေ့ခြင်း

(6) မျက်စိတိမ်စွဲရောဂါမျိုးရိုးရှိခြင်း

(7) သွေးတိုးရောဂါရှိခြင်း

(8) အဝလွန်ခြင်း

(9) မျက်လုံးထိခိုက်ဖူးခြင်း၊မျက်လုံးရောင်ရမ်းမှုဖြစ်ဖူးခြင်း

(10) မျက်လုံးခွဲစိတ်ဖူးခြင်း

(11) စတီးရွိုက်မျက်စဉ်းများကိုကာလရှည်ကြာသုံးစွဲခြင်း

(12) ဆေးလိပ်သောက်ခြင်း စတာတွေဟာ မျက်စိတိမ်စွဲရောဂါဖြစ်စေတဲ့အကြောင်းများဖြစ်ပါတယ်။

အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ?

မျက်စိတိမ်စွဲရောဂါအမျိုးအစား (4)မျိုးရှိပါတယ်။

(1) မျက်လုံးမှန်ဘီလူးအလယ်ဗဟိုတွင် တိမ်စွဲခြင်း (Nuclear Cataracts)

(2) မျက်လုံးမှန်ဘီလူးအနားစွန်းများတွင် တိမ်စွဲခြင်း (Cortical Cataracts)

(3) မျက်လုံးမှန်ဘီလူးနောက်ကျောတွင် တိမ်စွဲခြင်း (Posterior SubcapsularCataracts)

(4) မွေးရာပါ မျက်စိတိမ်စွဲရောဂါ (Congenital Cataracts) စတာတွေဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကဘာတွေလဲ ?

(1) အမြင်ဝေဝါးခြင်း

(2) ညဘက်တွင် ကောင်းစွာမမြင်ရခြင်း

(3) မီးရောင်မခံနိုင်ခြင်း

(4) မီးလုံးများကိုကြည့်သောအခါ မီးလုံးဘေးတွင် ရောင်စုံအကွင်းများမြင်ရခြင်း

(5) မျက်မှန်ပါဝါမကြာခဏပြောင်းလဲခြင်း

(6) မျက်လုံးတစ်လုံးတည်းဖြင့် ပုံရိပ်နှစ်ခုမြင်ခြင်း

ဘယ်လိုစမ်းသပ်စစ်ဆေးကြမလဲ ?

(1) မျက်စိအမြင်အာရုံစမ်းသပ်စစ်ဆေးသည့်ကားချပ် (eye chart) ဖြင့် စမ်းသပ်ခြင်း (visual acuity test)

ရုပ်ပုံကားချပ်ပေါ်မှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ စာလုံးများကိုရေးသားထားပါတယ်။ ၎င်းစာလုံးများကို မြင်မမြင်ဖတ်ခိုင်းခြင်းဖြစ်ပါတယ်။

(2) မျက်လုံး၏ အတွင်းပိုင်းအား မှန်ဘီလူးဖြင့် ကြည့်ခြင်း (Slit-lamp examination)

မျက်လုံးအတွင်းကို အလင်းရောင်ပါတဲ့ မှန်ဘီလူးနဲ့ကြည့်ပြီးပုံမမှန်မှုများကို စစ်ဆေးဖော်ထုတ်ခြင်းဖြစ်ပါတယ်။

(3) မြင်လွှာအားစမ်းသပ်စစ်ဆေးခြင်း (Retinal examination)

မျက်စိသူငယ်အိမ်ကျယ်စေတဲ့ ဆေးစက်တွေကိုမျက်လုံးထဲထည့်ပြီး မြင်လွှာအား စမ်းသပ်စစ်ဆေးခြင်းဖြစ်ပါတယ်။

ဘယ်လိုကုသကြမလဲ?

မျက်စိတိမ်စွဲခြင်းအတွက် တစ်ခုတည်းသော ကုသမှုနည်းလမ်းကတော့ ခွဲစိတ်ကုသမှုပဲဖြစ်ပါတယ်။

မျက်စိတိမ်ကို ခွဲစိတ်တဲ့အခါ တိမ်စွဲနေတဲ့ မျက်လုံးမှန်ဘီလူးကို ခွဲစိတ်ဖယ်ထုတ်လိုက်ပြီး မျက်လုံးမှန်ဘီလူး အတုနဲ့ အစားထိုးထည့်လိုက်ပါတယ်။ မျက်လုံးအစစ်လိုပဲ မျက်လုံးထဲမှာ တစ်သက်လုံးရှိသွားမှာဖြစ်ပါတယ်။

ပြင်ပလူနာဌာနမှာ မျက်စိတိမ်ကို ခွဲစိတ်လို့ရပါတယ်။ အသေးစားခွဲစိတ်မှုဖြစ်ပါတယ်။ ဆေးရုံတက်စရာ မလိုအပ်ပါဘူး။

ခွဲစိတ်နေတုန်းမှာ ထုံဆေးပေးထားပါတယ်။ မေ့ဆေးမပေးပါဘူး။ ခွဲစိတ်တဲ့ဖြစ်စဉ်တစ်ခုလုံးကို သိရှိနေမှာဖြစ်ပါတယ်။

မျက်စိတိမ်စွဲခြင်းဟာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်ပိုးဝင်ခြင်း၊ သွေးထွက်ခြင်းတို့မဖြစ်အောင် ဂရုစိုက်ရပါမယ်။ မျက်စိတိမ်ခွဲထုတ်ထားတဲ့သူဟာ နောင်တစ်ချိန်မှာမြင်လွှာကွာတဲ့ရောဂါ (retina detachment)ဖြစ်နိုင်ပါတယ်။

ခွဲစိတ်ပြီးစမှာတော့ မျက်လုံးထဲမှာ မသက်မသာ ရှိတတ်ပါတယ်။ ရက်အနည်းငယ်ကြာနိုင်ပါတယ်။ အနာကျက်ဖို့က နှစ်လဝန်းကျင်ကြာပါတယ်။

မျက်လုံးနှစ်လုံးလုံးမှာ တိမ်စွဲနေပြီး နှစ်လုံးလုံး ခွဲစိတ်ဖို့လိုတယ်ဆိုရင် ပထမမျက်လုံး ခွဲစိတ်ပြီးလို့ တစ်လသို့မဟုတ် နှစ်လအကြာမှာ ဒုတိယမျက်လုံးကို ခွဲစိတ်ကုသမှုခံယူနိုင်ပါတယ်။

ဘယ်လိုကြိုတင်ကာကွယ်မလဲ?

မျက်စိတိမ်စွဲရောဂါမဖြစ်အောင် ကာကွယ်ဖို့၊ ပိုမဆိုးအောင်ကာကွယ်ဖို့နည်းလမ်းတွေကို မတွေ့ရှိသေးပါဘူး။ ဒါပေမယ့် အထောက်အကူဖြစ်စေမယ့် အချက်တွေရှိပါတယ်။

(1) မျက်လုံးကို ပုံမှန်စစ်ဆေးမှုပြုလုပ်ပေးပါ။

(2) ဆေးလိပ်ဖြတ်ပါ။

(3) အရက်ဖြတ်ပါ။

(4) နေကာမျက်မှန်ဝတ်ပါ။

(5) သွေးချိုဆီးချိုရောဂါကဲ့သို့သော ရောဂါများကို ဂရုတစိုက်ကုသပါ။

(6) ကိုယ်အလေးချိန်လျှော့ချပါ။

(7) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားပါ။

Credit – Dr. Thant Zaw (IM-2) www.drmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *