ဗဟုတုသ

လျှပ်စစ်အသားပေါင်းအိုး အသုံးပြုမည့်သူများ သိထားရမည့် အချက် (၁၁)ချက်

(Zawgyi)

လွ်ပ္စစ္အသားေပါင္းအိုး အသုံးျပဳမည့္သူမ်ား သိထားရမည့္ အခ်က္ (၁၁)ခ်က္

( ၁) ပထမဦးစြာ ဘာမွ မခ်က္မကိုင္ ပလပ္မထိုးမွီ အိုးအဖုံး ဖြင့္နည္းေလးအရင္ေျပာခ်င္ပါတယ္… (လြယ္ေပမယ့္ ေသခ်ာေစခ်င္လို႔ပါ) အိုးအဖုံး ကိုင္းကိုကိုင္ၿပီး နာရီလက္တံသြားတဲ့ အတိုင္း (ညာဘက္ကို) အရစ္ဆုံးသြားတဲ့အထိလွည့္ပါ…ၿပီးရင္ ကိုင္းကေန “မ”လိုက္တာနဲ႔ ပြင့္သြားပါၿပီ။

(၂) ၿပီးမွ အိုးအတြင္းသားကိုအျပင္ထုတ္ၿပီး မိမိခ်က္ခ်င္တဲ့ အစားအစာ, အသားငါး အႏွစ္အစာပလာကို လိုအပ္သလို ထည့္ပါ

(၃) ထည့္ၿပီးလို႔ အိုးအတြင္းသားကို ျပန္ထည့္ေတာ့မယ္ဆိုရင္ အိုးရဲ႕ အတြင္းကြိဳင္ပတ္လည္ကို အဝတ္ေျခာက္နဲ႔ အမႈိက္မရွိရေလေအာင္ မညစ္ပတ္ေလေအာင္ေသခ်ာသုတ္ေပးပါ.. အဝတ္စေတြ မက်က်န္ေအာင္လည္း ဂ႐ုစိုက္ပါ (အမႈိက္ေျခာက္တို႔ အဝတ္စတို႔က ကြိဳင္ပူလာရင္ ေလာင္ကြၽမ္းႏိုင္လို႔ပါ အႏၲရာယ္ရယ္လို႔မရွိေပမယ့္ ၾကာရွည္ခံေအာင္ အသုံးျပဳႏိုင္ရန္ပါ)

(၄)ၿပီးတာနဲ႔ အိုးအတြင္းသားကို ျပန္ထည့္ပါ… ေနာက္တစ္ခုက အေရးႀကီးတဲ့ အဖုံးပိတ္ျခင္းပါ။

(၅)အဖုံးကို ဖြင့္တုန္းက အတိုင္း က်ေအာင္ဖိပိတ္ၿပီးနာရီလက္တံ ေျပာင္းျပန္ အတိုင္းလွည့္၍ အထစ္ကေလး အဆုံးထိ ေရာက္တဲ့အထိ (ကလစ္)လို႔ အသံမည္ေအာင္ပိတ္ပါ… အဖုံးက်မက်ေသခ်ာခ်င္ရင္ ကိုင္းကေနဆြဲၿပီး အိုးကိုမၾကည့္ပါ… (အိုးတစ္ခုနဲ႔ တစ္ခုေတာ့ ျမည္တဲ့ အသံမတူႏိုင္ဘူးေပါ့ေနာ္… ေယဘူယ်အားျဖင့္ အသုံးမ်ားတဲ့ Brandနဲ႔ ပစၥည္းကို ဦးစားေပးေျပာထားတာပါ)

(၆) အခုကေတာ့ ေလထြက္ဘုေလးထားရမယ့္ အေနအထားေလးေျပာျပပါ့မယ္…ေလထြက္ဘုေလးကို အျမင့္မတင္ထားပဲ(ဆြဲမထုတ္ထားပဲ) ပိတ္တဲ့ကလစ္ရွိတဲ့ဘက္ အိုးရဲ႕ဘယ္ဘက္ကို လွည့္ထားေပးရပါ့မယ္ အဓိကေျပာခ်င္တာက ေလမထြက္ေအာင္ပိတ္ရပါမယ္ (အိုးတစ္ခုနဲ႔ တစ္ခုဒီဇိုင္းမတူတဲ့အတြက္… ေယဘူယ်အားျဖင့္ အသုံးမ်ားတဲ့ Brandနဲ႔ ပစၥည္းကို ဦးစားေပးေျပာထားတာပါ)

(၇) အခုကေတာ့ မီးႀကိဳးကို အိုးအထိုင္မွာတစ္ဖက္ ေသခ်ာတပ္ၿပီး မီးပလပ္ကို မီးပလပ္ေပါက္မွာ ေသခ်ာတပ္ပါ။(ႏွစ္ဖက္စလုံး ေခ်ာင္မေန looseမျဖစ္ဖို႔ သတိထားပါ) မီးပလပ္တပ္လိုက္ၿပီး မီးဝင္သြားတာနဲ႔ Heatingဆိုတဲ့ အကြက္က မီးလင္းလာပါလိမ့္မယ္။

(၈) တစ္ခ်ိဳ႕အိုးေတြက ဒီဂ်စ္တယ္အကြက္ပါၿပီး တစ္ခ်ိဳ႕က ဘုလုံးလွည့္ရတာပါ(analogေပါ့) ဘာပဲျဖစ္ျဖစ္ ကိုယ္လိုခ်င္တဲ့ အခ်ိန္အတိုင္းအတာ ၁နာရီဆို ၁နာရီ၊ ၄၅မိနစ္ဆို ၄၅မိနစ္ လွည့္႐ုံ ႏွိပ္႐ုံခ်ိန္႐ုံပါပဲ

(၉) အခ်ိန္ေပးလိုက္တာနဲ႔ ဘုလုံးလွည့္လိုက္တာနဲ႔ Heatingဆိုတဲ့ ေနရာမွာ မီးဆက္ျပေနၿပီး ေနာက္အခ်ိန္ၾကာလာတာနဲ႔အမွ် အထဲမွာ လိုအပ္တဲ့ pressure ဖိအား ရလာၿပီဆိုရင္ Holding Pressure ဆိုတဲ့ မီးစိမ္းေလးကို ေျပာင္းလင္းလာပါလိမ့္မယ္…

(၁၀)အခ်ိန္ျပည့္လို႔ တက္သြားရင္ Keep Warmဆိုတဲ့ အကြက္ကမီးေလး လင္းလာပါလိမ့္မယ္…အိုးေတာ္ေတာ္မ်ားမ်ားမွာ (“ကလစ္” “ကလင္”) ဆိုတဲ့ အခ်က္ေပးအသံေလးေတြပါ ျမည္ၾကပါတယ္…(မခက္ပါဘူး ထမင္းေပါင္းအိုးတည္သလိုမ်ိဳးပါပဲ)

(၁၁) ဒါကအေရးႀကီးဆုံးအပိုင္းပါ။ Keep Warmမီး လင္းလာၿပီး တက္သြား အခ်ိန္ျပည့္သြားေၾကာင္း ျပတာနဲ႔ တန္းၿပီး ထမင္းေပါင္းအိုးလို က်က္ၿပီဆိုၿပီးလည္း မဖြင့္ပါနဲ႔ …က်က္လားမက်က္လား ေရလိုလား ခန္းလား ၾကည့္ခ်င္စိတ္နဲ႔ ခ်က္ခ်င္း ဖြင့္မၾကည့္ပါနဲ႔။ ဖြင့္ၾကည့္လည္း ဖြင့္လို႔မရပါဘူး အထဲမွာ ေလဖိအားအျပည့္ရွိလို႔ အဖုံးကို အိုးက စုပ္ယူထားသလိုျဖစ္ေနလို႔ပါ (အတင္းအဓမၼေတာ့ ေဆာက္နဲ႔ထြင္း ဖြင့္စရာမလိုအပ္ပါဘူး)။

ဒီလိုေလးလုပ္ပါ အခ်ိန္ျပည့္သြားၿပီဆိုတာနဲ႔ ကြၽန္ေတာ္တို႔ အေပၚမွာ လွည့္ခဲ့တဲ့ ဘုေလးကို အေပၚကိုဆြဲတင္ေပးတာပဲျဖစ္ျဖစ္ (ဆန႔္က်င္ဖက္ဘက္)တစ္ျခားဘက္ကို လွည့္ေပးလိုက္ရင္ “ရွဴး” ဆိုၿပီး အသံနဲ႔တကြ ေလမ်ားစြာ ထြက္လာပါလိမ့္မယ္။ ဒီေနရာမွ ာအဓိကေျပာခ်င္တာက ေလထုတ္ေပးတဲ့ဘုကို သြားလွည့္တဲ့အခါ ဘုကိုကိုင္တဲ့အခါ အေပၚကေန သြားမကိုင္ပါနဲ႔ အေငြ႕ထြက္ရင္ ပူမွာဆိုးလို႔ပါ… ျဖည္းျဖည္းေလး တို႔ကနဲ ဆိတ္ကနဲ မဝံ့မရဲလည္း မကိုင္ပါနဲ႔ (ဘာအႏၲရယ္မွ မရွိေပမယ့္ ကိုယ္က ေၾကာက္တတ္ လန႔္တတ္သူဆို ရွဴးဆိုတဲ့ အသံနဲ႔ အေငြ႕ေၾကာင့္ လန႔္သြားႏိုင္လို႔ပါ) ဒီလိုကိုင္ပါ ဘုေဘးနားကို ထိထိမိမိကိုင္ၿပီး ဆန႔္က်င္ဖက္ ဘက္ကိုလွည့္လိုက္ပါ.. လက္လည္းမပူ လန႔္လည္းလန႔္စရာ မလိုေတာ့ပါဘူး။အေငြ႕မ်ားကုန္တဲ့ အထိေစာင့္ၿပီးတဲ့ အခါက်မွ ခလုတ္ပိတ္ မီးပလပ္ျဖဳတ္ၿပီး ပုံမွန္ဖြင့္ေနက်အတိုင္း (နာရီလက္တံသြားတဲ့အတိုင္း) ဖြင့္ၿပီး က်က္မက်က္ ႏူးမႏူး ေရလိုမလို ေသခ်ာၾကည့္ၿပီး Readyဆိုစားဖို႔ျပင္ၿပီး လိုအပ္တာရွိရင္ ပုံမွန္အတိုင္း ပိတ္ ပလပ္ျပန္တပ္ အခ်ိန္ျပန္ေပးၿပီး keep warmျဖစ္တဲ့ အထိေစာင့္ပါ။ ကိုယ္ကႏူးေလာက္ၿပီ ထင္လို႔ offလိုက္လဲ ရပါတယ္။ အဓိကက ပိတ္ၿပီးခ်ိန္တိုင္း အဖုံးမဖြင့္ခင္ ေလထုတ္ဖို႔ပါပဲ။ ဒီေလာက္ဆို အိမ္ရွင္မ၊ အိမ္ရွင္ထီးမ်ား ေၾကာက္တယ္ဆိုတဲ့အရာနဲ႔ မျဖစ္သင့္ မလုပ္သင့္တာေတြအတြက္ ျပည့္စုံမယ္လို႔ ယုံၾကည္ပါတယ္။ ခုေရးသားထားတဲ့ အေၾကာင္းရာေတြက မိတ္ေဆြ သူငယ္ခ်င္းမ်ားအတြက္ အက်ိဳးေက်းဇူးတစ္ခု ရတယ္ဆိုရင္ပဲေက်နပ္ပါၿပီ။ ေက်းဇူးအထူး

New World Wholesale

Credit – New World Wholesale

(Unicode)

လျှပ်စစ်အသားပေါင်းအိုး အသုံးပြုမည့်သူများ သိထားရမည့် အချက် (၁၁)ချက်

( ၁) ပထမဦးစွာ ဘာမှ မချက်မကိုင် ပလပ်မထိုးမှီ အိုးအဖုံး ဖွင့်နည်းလေးအရင်ပြောချင်ပါတယ်… (လွယ်ပေမယ့် သေချာစေချင်လို့ပါ) အိုးအဖုံး ကိုင်းကိုကိုင်ပြီး နာရီလက်တံသွားတဲ့ အတိုင်း (ညာဘက်ကို) အရစ်ဆုံးသွားတဲ့အထိလှည့်ပါ…ပြီးရင် ကိုင်းကနေ “မ”လိုက်တာနဲ့ ပွင့်သွားပါပြီ။

(၂) ပြီးမှ အိုးအတွင်းသားကိုအပြင်ထုတ်ပြီး မိမိချက်ချင်တဲ့ အစားအစာ, အသားငါး အနှစ်အစာပလာကို လိုအပ်သလို ထည့်ပါ

(၃) ထည့်ပြီးလို့ အိုးအတွင်းသားကို ပြန်ထည့်တော့မယ်ဆိုရင် အိုးရဲ့ အတွင်းကွိုင်ပတ်လည်ကို အဝတ်ခြောက်နဲ့ အမှိုက်မရှိရလေအောင် မညစ်ပတ်လေအောင်သေချာသုတ်ပေးပါ.. အဝတ်စတွေ မကျကျန်အောင်လည်း ဂရုစိုက်ပါ (အမှိုက်ခြောက်တို့ အဝတ်စတို့က ကွိုင်ပူလာရင် လောင်ကျွမ်းနိုင်လို့ပါ အန္တရာယ်ရယ်လို့မရှိပေမယ့် ကြာရှည်ခံအောင် အသုံးပြုနိုင်ရန်ပါ)

(၄)ပြီးတာနဲ့ အိုးအတွင်းသားကို ပြန်ထည့်ပါ… နောက်တစ်ခုက အရေးကြီးတဲ့ အဖုံးပိတ်ခြင်းပါ။

(၅)အဖုံးကို ဖွင့်တုန်းက အတိုင်း ကျအောင်ဖိပိတ်ပြီးနာရီလက်တံ ပြောင်းပြန် အတိုင်းလှည့်၍ အထစ်ကလေး အဆုံးထိ ရောက်တဲ့အထိ (ကလစ်)လို့ အသံမည်အောင်ပိတ်ပါ… အဖုံးကျမကျသေချာချင်ရင် ကိုင်းကနေဆွဲပြီး အိုးကိုမကြည့်ပါ… (အိုးတစ်ခုနဲ့ တစ်ခုတော့ မြည်တဲ့ အသံမတူနိုင်ဘူးပေါ့နော်… ယေဘူယျအားဖြင့် အသုံးများတဲ့ Brandနဲ့ ပစ္စည်းကို ဦးစားပေးပြောထားတာပါ)

(၆) အခုကတော့ လေထွက်ဘုလေးထားရမယ့် အနေအထားလေးပြောပြပါ့မယ်…လေထွက်ဘုလေးကို အမြင့်မတင်ထားပဲ(ဆွဲမထုတ်ထားပဲ) ပိတ်တဲ့ကလစ်ရှိတဲ့ဘက် အိုးရဲ့ဘယ်ဘက်ကို လှည့်ထားပေးရပါ့မယ် အဓိကပြောချင်တာက လေမထွက်အောင်ပိတ်ရပါမယ် (အိုးတစ်ခုနဲ့ တစ်ခုဒီဇိုင်းမတူတဲ့အတွက်… ယေဘူယျအားဖြင့် အသုံးများတဲ့ Brandနဲ့ ပစ္စည်းကို ဦးစားပေးပြောထားတာပါ)

(၇) အခုကတော့ မီးကြိုးကို အိုးအထိုင်မှာတစ်ဖက် သေချာတပ်ပြီး မီးပလပ်ကို မီးပလပ်ပေါက်မှာ သေချာတပ်ပါ။(နှစ်ဖက်စလုံး ချောင်မနေ looseမဖြစ်ဖို့ သတိထားပါ) မီးပလပ်တပ်လိုက်ပြီး မီးဝင်သွားတာနဲ့ Heatingဆိုတဲ့ အကွက်က မီးလင်းလာပါလိမ့်မယ်။

(၈) တစ်ချို့အိုးတွေက ဒီဂျစ်တယ်အကွက်ပါပြီး တစ်ချို့က ဘုလုံးလှည့်ရတာပါ(analogပေါ့) ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ အချိန်အတိုင်းအတာ ၁နာရီဆို ၁နာရီ၊ ၄၅မိနစ်ဆို ၄၅မိနစ် လှည့်ရုံ နှိပ်ရုံချိန်ရုံပါပဲ

(၉) အချိန်ပေးလိုက်တာနဲ့ ဘုလုံးလှည့်လိုက်တာနဲ့ Heatingဆိုတဲ့ နေရာမှာ မီးဆက်ပြနေပြီး နောက်အချိန်ကြာလာတာနဲ့အမျှ အထဲမှာ လိုအပ်တဲ့ pressure ဖိအား ရလာပြီဆိုရင် Holding Pressure ဆိုတဲ့ မီးစိမ်းလေးကို ပြောင်းလင်းလာပါလိမ့်မယ်…

(၁၀)အချိန်ပြည့်လို့ တက်သွားရင် Keep Warmဆိုတဲ့ အကွက်ကမီးလေး လင်းလာပါလိမ့်မယ်…အိုးတော်တော်များများမှာ (“ကလစ်” “ကလင်”) ဆိုတဲ့ အချက်ပေးအသံလေးတွေပါ မြည်ကြပါတယ်…(မခက်ပါဘူး ထမင်းပေါင်းအိုးတည်သလိုမျိုးပါပဲ)

(၁၁) ဒါကအရေးကြီးဆုံးအပိုင်းပါ။ Keep Warmမီး လင်းလာပြီး တက်သွား အချိန်ပြည့်သွားကြောင်း ပြတာနဲ့ တန်းပြီး ထမင်းပေါင်းအိုးလို ကျက်ပြီဆိုပြီးလည်း မဖွင့်ပါနဲ့ …ကျက်လားမကျက်လား ရေလိုလား ခန်းလား ကြည့်ချင်စိတ်နဲ့ ချက်ချင်း ဖွင့်မကြည့်ပါနဲ့။ ဖွင့်ကြည့်လည်း ဖွင့်လို့မရပါဘူး အထဲမှာ လေဖိအားအပြည့်ရှိလို့ အဖုံးကို အိုးက စုပ်ယူထားသလိုဖြစ်နေလို့ပါ (အတင်းအဓမ္မတော့ ဆောက်နဲ့ထွင်း ဖွင့်စရာမလိုအပ်ပါဘူး)။

ဒီလိုလေးလုပ်ပါ အချိန်ပြည့်သွားပြီဆိုတာနဲ့ ကျွန်တော်တို့ အပေါ်မှာ လှည့်ခဲ့တဲ့ ဘုလေးကို အပေါ်ကိုဆွဲတင်ပေးတာပဲဖြစ်ဖြစ် (ဆန့်ကျင်ဖက်ဘက်)တစ်ခြားဘက်ကို လှည့်ပေးလိုက်ရင် “ရှူး” ဆိုပြီး အသံနဲ့တကွ လေများစွာ ထွက်လာပါလိမ့်မယ်။ ဒီနေရာမှ ာအဓိကပြောချင်တာက လေထုတ်ပေးတဲ့ဘုကို သွားလှည့်တဲ့အခါ ဘုကိုကိုင်တဲ့အခါ အပေါ်ကနေ သွားမကိုင်ပါနဲ့ အငွေ့ထွက်ရင် ပူမှာဆိုးလို့ပါ… ဖြည်းဖြည်းလေး တို့ကနဲ ဆိတ်ကနဲ မဝံ့မရဲလည်း မကိုင်ပါနဲ့ (ဘာအန္တရယ်မှ မရှိပေမယ့် ကိုယ်က ကြောက်တတ် လန့်တတ်သူဆို ရှူးဆိုတဲ့ အသံနဲ့ အငွေ့ကြောင့် လန့်သွားနိုင်လို့ပါ) ဒီလိုကိုင်ပါ ဘုဘေးနားကို ထိထိမိမိကိုင်ပြီး ဆန့်ကျင်ဖက် ဘက်ကိုလှည့်လိုက်ပါ.. လက်လည်းမပူ လန့်လည်းလန့်စရာ မလိုတော့ပါဘူး။အငွေ့များကုန်တဲ့ အထိစောင့်ပြီးတဲ့ အခါကျမှ ခလုတ်ပိတ် မီးပလပ်ဖြုတ်ပြီး ပုံမှန်ဖွင့်နေကျအတိုင်း (နာရီလက်တံသွားတဲ့အတိုင်း) ဖွင့်ပြီး ကျက်မကျက် နူးမနူး ရေလိုမလို သေချာကြည့်ပြီး Readyဆိုစားဖို့ပြင်ပြီး လိုအပ်တာရှိရင် ပုံမှန်အတိုင်း ပိတ် ပလပ်ပြန်တပ် အချိန်ပြန်ပေးပြီး keep warmဖြစ်တဲ့ အထိစောင့်ပါ။ ကိုယ်ကနူးလောက်ပြီ ထင်လို့ offလိုက်လဲ ရပါတယ်။ အဓိကက ပိတ်ပြီးချိန်တိုင်း အဖုံးမဖွင့်ခင် လေထုတ်ဖို့ပါပဲ။ ဒီလောက်ဆို အိမ်ရှင်မ၊ အိမ်ရှင်ထီးများ ကြောက်တယ်ဆိုတဲ့အရာနဲ့ မဖြစ်သင့် မလုပ်သင့်တာတွေအတွက် ပြည့်စုံမယ်လို့ ယုံကြည်ပါတယ်။ ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်းများအတွက် အကျိုးကျေးဇူးတစ်ခု ရတယ်ဆိုရင်ပဲကျေနပ်ပါပြီ။ ကျေးဇူးအထူး

New World Wholesale

Credit – New World Wholesale

Leave a Reply

Your email address will not be published. Required fields are marked *