ဗဟုတုသ

ေဆးဖက္ဝင္ ျမန္မာ့ဂ်င္းသုပ္

(Zawgyi)

သတ္သတ္လြတ္သမားေတြလည္း စားသုံးႏိုင္မယ့္ ေဆးဖက္ဝင္ ျမန္မာ့ဂ်င္းသုပ္

အားလုံးပဲ မဂၤလာပါ။ ဂ်င္းဆိုတာက ဘယ္အိမ္မွာလိုက္ၾကည့္လိုက္ၾကည့္ မီးဖိုေခ်ာင္တိုင္းမွာ မရွိမျဖစ္ရွိတတ္တဲ့ အရာတစ္ခုပါ။ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးအလြန္မ်ားတဲ့ အစြမ္းသတၱိေတြ ပါဝင္ေနတဲ့ အစားအစာတစ္ခုဆိုလည္း မမွားပါဘူး။ ဒီလို ဘက္ေပါင္းစုံကေကာင္းမြန္တဲ့ ဂ်င္းကို ဟင္းေတြခ်က္တဲ့အခါ ထည့္သြင္းစားသုံးေလ့ရွိသလို အသုပ္အေနနဲ႔လည္း တစ္ခါတစ္ေလ သုပ္ၿပီးစားတတ္ၾကပါတယ္။

ပုံမွန္အခ်ိန္ေတြမွာဆိုရင္ သေရစာအေနနဲ႔ စားၾကသလို ဥပုသ္ေစာင့္တဲ့ရက္ေတြမွာဆိုရင္လည္း စားသုံးၾကပါတယ္။ ဒါဆိုရင္ေတာ့ ဒီလိုအရသာရွိတဲ့ ေဆးဖက္ဝင္ ဂ်င္းသုပ္ကို အိမ္မွာဘယ္လိုသုပ္စားၾကမလဲဆိုတာ အခုပဲဆက္ၾကည့္လိုက္ရေအာင္ပါ။

ပါဝင္ပစၥည္းမ်ား –

ဂ်င္း – ၁၂၅ ဂရမ္ (၄ ေအာင္စ)

သံပုရာရည္ – စားပြဲတင္ဇြန္း ၄-၆ ဇြန္း

ေျမပဲဆီ – စားပြဲတင္ဇြန္း ၂ ဇြန္း

ႏွမ္းဆီ – ၁ ဇြန္း

ၾကက္သြန္ျဖဴ (လွီးၿပီးသား) – ၁၂ ႁမႊာ

ႏွမ္းေစ့ – စားပြဲတင္ဇြန္း ၂-၃ ဇြန္း

ဆား

ျပင္ဆင္ပုံအဆင့္ဆင့္ –

၁။ ဂ်င္းအခြံခြာလိုက္ၿပီး ပါးပါးေတြျဖစ္ေအာင္ အရင္လွီးၿပီး အမွ်င္ေလးေတြျဖစ္ေအာင္ ထပ္လွီးေပးပါ။

၂။ ရလာတဲ့ဂ်င္းဖတ္ေတြကို သံပုရာရည္ထဲမွာ တစ္နာရီေလာက္စိမ္းထားေပးပါ။ ဂ်င္းဖတ္ေတြ ပန္းေရာင္သမ္းလာပါလိမ့္မယ္။

၃။ ေျမပဲဆီနဲ႔ ႏွမ္းဆီတို႔ကို ဒယ္အိုးတစ္ခုထဲထည့္ၿပီး အပူေပးကာ လွီးထားၿပီးသား ၾကက္သြန္ျဖဴေတြကို ေ႐ႊေရာင္သမ္းတဲ့အထိ ျဖည္းျဖည္းခ်င္းေၾကာ္ေပးပါ။

၄။ ေ႐ႊညိဳေရာင္သမ္းၿပီဆိုတာနဲ႔ မီးဖိုေပၚမွ ခ်က္ခ်င္းခ်လိုက္ကာ ဆီစစ္ၿပီး ႂကြပ္ႂကြပ္ေလးျဖစ္ေအာင္ အေအးခံထားလိုက္ပါ။

၅။ ေျခာက္တဲ့ဒယ္အိုးထဲမွာ ႏွမ္းေစ့ေတြကိုထည့္ၿပီး ေ႐ႊညိဳေရာင္သမ္းလာတဲ့အထိ မီးေအးေအးမွာ ေလွာ္ေပးပါ။ အေရာင္ေျပာင္းၿပီဆိုတာနဲ႔ ပန္းကန္ေပၚခ်က္ခ်င္းေျပာင္းထည့္လိုက္ကာ အေအးခံပါ။

၆။ အားလုံးအဆင္သင့္ျဖစ္ၿပီဆိုပါက ဂ်င္းဖတ္ေတြကို သံပုရာရည္ထဲမွ ဆယ္လိုက္ကာ ပန္းကန္လုံးတစ္ခုထဲထည့္လိုက္ပါ။ ဆားထည့္၊ ၾကက္သြန္ျဖဴေၾကာ္၊ ႏွမ္းေစ့တို႔ထည့္ကာ ဆီေလးနည္းနည္းဆမ္းေပးၿပီး အသာေလးနယ္ေပးပါ။ ၿပီးရင္ေတာ့ အရသာရွိရွိ သုံးေဆာင္ႏိုင္ပါၿပီ။

Credit – MyFood Myanmar

(Unicode)

သတ်သတ်လွတ်သမားတွေလည်း စားသုံးနိုင်မယ့် ဆေးဖက်ဝင် မြန်မာ့ဂျင်းသုပ်

အားလုံးပဲ မင်္ဂလာပါ။ ဂျင်းဆိုတာက ဘယ်အိမ်မှာလိုက်ကြည့်လိုက်ကြည့် မီးဖိုချောင်တိုင်းမှာ မရှိမဖြစ်ရှိတတ်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးအလွန်များတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေတဲ့ အစားအစာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီလို ဘက်ပေါင်းစုံကကောင်းမွန်တဲ့ ဂျင်းကို ဟင်းတွေချက်တဲ့အခါ ထည့်သွင်းစားသုံးလေ့ရှိသလို အသုပ်အနေနဲ့လည်း တစ်ခါတစ်လေ သုပ်ပြီးစားတတ်ကြပါတယ်။

ပုံမှန်အချိန်တွေမှာဆိုရင် သရေစာအနေနဲ့ စားကြသလို ဥပုသ်စောင့်တဲ့ရက်တွေမှာဆိုရင်လည်း စားသုံးကြပါတယ်။ ဒါဆိုရင်တော့ ဒီလိုအရသာရှိတဲ့ ဆေးဖက်ဝင် ဂျင်းသုပ်ကို အိမ်မှာဘယ်လိုသုပ်စားကြမလဲဆိုတာ အခုပဲဆက်ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ –

ဂျင်း – ၁၂၅ ဂရမ် (၄ အောင်စ)

သံပုရာရည် – စားပွဲတင်ဇွန်း ၄-၆ ဇွန်း

မြေပဲဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း

နှမ်းဆီ – ၁ ဇွန်း

ကြက်သွန်ဖြူ (လှီးပြီးသား) – ၁၂ မြွှာ

နှမ်းစေ့ – စားပွဲတင်ဇွန်း ၂-၃ ဇွန်း

ဆား

ပြင်ဆင်ပုံအဆင့်ဆင့် –

၁။ ဂျင်းအခွံခွာလိုက်ပြီး ပါးပါးတွေဖြစ်အောင် အရင်လှီးပြီး အမျှင်လေးတွေဖြစ်အောင် ထပ်လှီးပေးပါ။

၂။ ရလာတဲ့ဂျင်းဖတ်တွေကို သံပုရာရည်ထဲမှာ တစ်နာရီလောက်စိမ်းထားပေးပါ။ ဂျင်းဖတ်တွေ ပန်းရောင်သမ်းလာပါလိမ့်မယ်။

၃။ မြေပဲဆီနဲ့ နှမ်းဆီတို့ကို ဒယ်အိုးတစ်ခုထဲထည့်ပြီး အပူပေးကာ လှီးထားပြီးသား ကြက်သွန်ဖြူတွေကို ရွှေရောင်သမ်းတဲ့အထိ ဖြည်းဖြည်းချင်းကြော်ပေးပါ။

၄။ ရွှေညိုရောင်သမ်းပြီဆိုတာနဲ့ မီးဖိုပေါ်မှ ချက်ချင်းချလိုက်ကာ ဆီစစ်ပြီး ကြွပ်ကြွပ်လေးဖြစ်အောင် အအေးခံထားလိုက်ပါ။

၅။ ခြောက်တဲ့ဒယ်အိုးထဲမှာ နှမ်းစေ့တွေကိုထည့်ပြီး ရွှေညိုရောင်သမ်းလာတဲ့အထိ မီးအေးအေးမှာ လှော်ပေးပါ။ အရောင်ပြောင်းပြီဆိုတာနဲ့ ပန်းကန်ပေါ်ချက်ချင်းပြောင်းထည့်လိုက်ကာ အအေးခံပါ။

၆။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုပါက ဂျင်းဖတ်တွေကို သံပုရာရည်ထဲမှ ဆယ်လိုက်ကာ ပန်းကန်လုံးတစ်ခုထဲထည့်လိုက်ပါ။ ဆားထည့်၊ ကြက်သွန်ဖြူကြော်၊ နှမ်းစေ့တို့ထည့်ကာ ဆီလေးနည်းနည်းဆမ်းပေးပြီး အသာလေးနယ်ပေးပါ။ ပြီးရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Credit – MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *