ဗဟုတုသ

တရုတ္ျပည္မွ ေစ်းေကာင္းေပးလိုက္၀ယ္ေနတဲ့ ျမန္မာျပည္မွထြက္ကုန္ ေက်ာက္ဂ်ပိုး

(Zawgyi)

ေက်ာက္ဂ်ပိုးဆိုတာ ဘယ္လိုမ်ိဳးလည္းလို႔ သိခ်င္သူမ်ားအတြက္ အနည္းငယ္ ေျပာျပေပးပါမယ္။ ေက်ာက္ဂ်ပိုးဆိုတာက အင္းဆက္ေတြလို အေကာင္းေသးမ်ိဳးျဖစ္ၿပီး အနံ႔ဆူးရွတဲ့ အေကာင္မ်ိဳးျဖစ္ပါတယ္၊ ေက်ာက္ဂ်ပိုးေတြဟာ အမ်ိဳးအစား အမ်ားႀကီးရွိၿပီး အေရာင္မ်ိးစုံ ႏွင့္ အ႐ြယ္အစားေတြလည္း ကြာၾကပါတယ္။

အခု ပူတာအိုၿမိဳ႕မွာ ေဈးကြက္ဝင္လာတဲ့ ေက်ာက္ဂ်ပိုးဆိုတာက အမဲေရာင္ အေသးဆိုက္ျဖစ္ၿပီး အေအးပိုင္း ေခ်ာင္းကမ္းစပ္ ေက်ာက္တုန္း ေက်ာက္ခဲေတြေအာက္မွာ ရွိတက္တဲ့ အေကာင္မ်ိဳး ျဖစ္ပါတယ္။ အ႐ြယ္အစား လက္ၿငိဳး လက္သဲပြင့္ေလာက္သာရွိၿပီး ေက်ာက္ခဲေအာက္ေတြမွာ ခိုေအာင္း ေနထိုင္လွ်က္ ရွိၾကပါတယ္။ ေနဝင္ခ်ိန္ ညေနခင္းပိုင္းေတြမွာ ပ်ံသန္းသြားလာၿပီး အစာရွာထြက္ေလ့ရွိတက္ၾကပါတယ္။

ေက်ာက္ဂ်ပိုးေတြကို ရွာမယ္ဆိုရင္ ေခ်ာင္းကမ္းစပ္က ေက်ာက္တုန္း ေက်ာက္ခဲေတြကို လွန္ၿပီးရွာရပါတယ္။ ေက်ာက္တုန္းေတြေအာက္မွာ ေတြ႕ရင္ အုပ္စုလိုက္ ေလးငါးဆယ္ေကာင္ ေတြ႕ရသလို တစ္ေကာင္နစ္ေကာင္လည္း ေတြ႕ရတက္ပါတယ္။ ေက်ာက္ဂ်ပိုးေပါခ်ိန္ ႏိုဝင္ဘာ၊ ဒီဇင္ဘာလေတြမွာဆိုရင္ ညေနခင္းပိုင္း ေခ်ာင္းကမ္းစပ္ေတြမွာ ျခင္ေထာင္ (သို႔) တံမ်က္စည္း၊ ဝါးကက္ေတြနဲ႔ လိုက္ဖန္းၾကပါတယ္။ ေက်ာက္ဂ်ပိုးေတြဟာ အနံ႔ ဆူးရွတဲ့အတြက္ လူေတာေတာမ်ားမ်ားေတာ့ မႀကိဳက္ၾကပါဘူး။ ေက်ာက္ဂ်ပိုးရဲ႕ အနံ႔ဟာ ဘာနဲ႔တူလည္းဆိုရင္ အိမ္ေဟာင္းေတြ အဝတ္ေဟာင္းေတြမွာ ရွိၿပီး လူကိုကိုက္တက္တဲ့ ဂ်ပိုး အနံ႔နဲ႔ ခပ္ဆင္ဆင္ျဖစ္ပါတယ္။

တကယ္ေတာ့ အခုေဈးကြက္ထဲေရာက္လာတဲ့ ေက်ာက္ဂ်ပိုးဆိုတာက လူတိုင္းစားသင့္တဲ့ အစားအစာ တစ္ခုေတာ့ မဟုတ္ပါဘူး။ ေက်ာက္ဂ်ပိုး စားမယ္ဆိုရင္ အရွင္ကို သူ႔ဗိုက္ထဲက ေသးရည္စင္ေအာင္ညစ္ၿပီး ခ်က္စား ေၾကာ္စား ေထာင္းစားရပါတယ္။ ေသၿပီးထား အေကာင္ဆိုရင္ မစားရပါဘူး အႏၲရာယ္မ်ားပါတယ္။ အေသစားမိရင္ မူးတာ အံတာေတြျဖစ္တက္ၿပီး အဆိပ္အေသာက္ျဖစ္တက္ပါတယ္။ ေက်ာက္ဂ်ပိုးနဲ႔ ဆင္တူ႐ိုးမွား အေကာင္ေတြ စားလို႔မရတဲ့ အေကာင္မ်ိဳးေတြ စားမိရင္လည္း အဆိပ္ျဖစ္ၿပီး ေသတက္ပါတယ္။

ေက်ာက္ဂ်ပိုးေတြဟာ ေလဝင္ေလထြက္ရွိတဲ့ ဆာလာအိတ္ထဲမွာ ျပည့္ေအာင္ထည့္ထားရင္ေတာင္ အစာမစားပဲ ၂ ပတ္ေလာက္ အသက္ရွင္ေနနိင္ၾကပါတယ္။ စားမယ့္အခ်ိန္ဆိုရင္ေတာ့ အေသေတြဖယ္ၿပီးမွ စားသင့္ပါတယ္။ ေက်ာက္ဂ်ပိုးနဲ႔ မတည့္တဲ့ အစားအေသာက္ေတြလည္း ရွိပါတယ္။ ပီေလာပီနံနဲ႔လည္း တြဲမစားရပါဘူး။

ေက်ာက္ဂ်ပိုးကို ကြၽန္ေတာ္လည္း အရမ္းကို ႀကိဳက္ခဲ့ဖူးပါတယ္။ အခုေတာ့ မစားျဖစ္ေတာ့ပါဘူး။ ကြၽန္ေတာ့္အစ္ကို ေက်ာက္ဂ်ပိုး စားၿပီး ေဆး႐ုံေရာက္သြားတာရယ္၊ ေက်ာက္ဂ်ပိုးစားဖို႔ ေသးရည္ညစ္ေတာ့ ေသးရည္ မ်က္လုံးထဲဝင္တာ ငရဲျပည္ေရာက္သလို ခံစားခဲ့ရတာေတြေၾကာင့္ ကြၽန္ေတာ္လည္း မစားျဖစ္တာ နစ္ေပါင္းအေသာ္ၾကာခဲ့ပါၿပီ။

အခုေတာ့ ေက်ာက္ဂ်ပိုးေတြဟာ တ႐ုတ္ေဈးကြက္ထဲ ေရာက္သြားၿပီး ပူတာအိုၿမိဳ႕မွာ လုဝယ္ေနရတဲ့ အဆင့္ေတြေတာင္ ျဖစ္ကုန္ပါၿပီ။ အရင္ ၿပီးခဲ့တဲ့ လေလာက္ကေတာင္ ႏို႔ဆီဗူး ၂ ဗူးကို ၅၀၀ က်ပ္နဲ႔ေတာင္ ဘယ္သူမွ သိပ္မဝယ္စားၾကပါဘူး။ ေဒသခံေတြကေတာ့ စားခ်င္ရင္ ေခ်ာင္းေဘးေလးသြားၿပီး ေက်ာက္ခဲလန္ရွာရင္ တစ္နပ္စာက ခဏေလးရွာလို႔ ရပါတယ္။ အခုက တ႐ုတ္ေတြ ဟင္းေမြးမာစလာအျဖစ္ အသုံးျပဳဖို႔ လာဝယ္ၾကေတာ့ ႏို႔ဆီဗူး တစ္ဗူးကို ၂၅၀၀၊ ၃၀၀၀ ေပးၿပီး ဝယ္လာၾကပါတယ္။ ေက်ာက္ဂ်ပိုးအႀကီးဆိုက္ နက္ညိဳေရာင္ေတြကေတာ့ ေဈးေကာင္းမရေသးပါဘူး။ အေသးဆိုက္ အမဲေရာင္ေတြသာ ေဈးေကာင္းရၾကပါတယ္။

အခုခ်ိန္ မူလာေခ်ာင္း(ေခၚ) နမ့္လန္ေခ်ာင္း တစ္ေလွ်ာက္နဲ႔ မလိချမစ္ကမ္းေဘးေတြမွာ လူေတြ အျပည့္ရွာေနၾကတယ္။အခ်ိဳ႕ကလည္း တစ္ပတ္ကို သိန္းေငြရၾကသလို အခ်ိဳ႕က ေသာင္းေငြေလးေတြေတာ့ ရၾကတယ္။ ပူတာအိုၿမိဳ႕မွာအလုပ္အကိုင္နဲ႔ ဝင္ေငြ ရွားပါးေနခ်ိန္မွာ အခုလို ေက်ာက္ဂ်ပိုးေလး ေဈးကြက္ဝင္လာေတာ့ လူတိုင္း အမ်ားႀကီး မရရင္ေတာင္ အိမ္စရိတ္ေလးေတာ့ နည္းနည္းပါးပါး ရလာၾကတာကို ေတြ႕ရပါတယ္။ ေနာက္ထပ္ ဘာေတြမ်ား ေဈးကြက္ထဲ ေရာက္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရင္း ေနာက္ၾကရင္ ေျပာျပေပးပါမယ္ခင္ဗ်ား။

အားလုံးကို အထူးပင္ ေက်းဇူးတင္ရွိလွ်က္ Moe Min Thein ( Putao)

Credit – Moe Min Thein (Putao)

Source – https://www.facebook.com/moemin.theinputao.1/posts/571001593401132

(Unicode)

ကျောက်ဂျပိုးဆိုတာ ဘယ်လိုမျိုးလည်းလို့ သိချင်သူများအတွက် အနည်းငယ် ပြောပြပေးပါမယ်။ ကျောက်ဂျပိုးဆိုတာက အင်းဆက်တွေလို အကောင်းသေးမျိုးဖြစ်ပြီး အနံ့ဆူးရှတဲ့ အကောင်မျိုးဖြစ်ပါတယ်၊ ကျောက်ဂျပိုးတွေဟာ အမျိုးအစား အများကြီးရှိပြီး အရောင်မျိးစုံ နှင့် အရွယ်အစားတွေလည်း ကွာကြပါတယ်။

အခု ပူတာအိုမြို့မှာ ဈေးကွက်ဝင်လာတဲ့ ကျောက်ဂျပိုးဆိုတာက အမဲရောင် အသေးဆိုက်ဖြစ်ပြီး အအေးပိုင်း ချောင်းကမ်းစပ် ကျောက်တုန်း ကျောက်ခဲတွေအောက်မှာ ရှိတက်တဲ့ အကောင်မျိုး ဖြစ်ပါတယ်။ အရွယ်အစား လက်ငြိုး လက်သဲပွင့်လောက်သာရှိပြီး ကျောက်ခဲအောက်တွေမှာ ခိုအောင်း နေထိုင်လျှက် ရှိကြပါတယ်။ နေဝင်ချိန် ညနေခင်းပိုင်းတွေမှာ ပျံသန်းသွားလာပြီး အစာရှာထွက်လေ့ရှိတက်ကြပါတယ်။

ကျောက်ဂျပိုးတွေကို ရှာမယ်ဆိုရင် ချောင်းကမ်းစပ်က ကျောက်တုန်း ကျောက်ခဲတွေကို လှန်ပြီးရှာရပါတယ်။ ကျောက်တုန်းတွေအောက်မှာ တွေ့ရင် အုပ်စုလိုက် လေးငါးဆယ်ကောင် တွေ့ရသလို တစ်ကောင်နစ်ကောင်လည်း တွေ့ရတက်ပါတယ်။ ကျောက်ဂျပိုးပေါချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာဆိုရင် ညနေခင်းပိုင်း ချောင်းကမ်းစပ်တွေမှာ ခြင်ထောင် (သို့) တံမျက်စည်း၊ ဝါးကက်တွေနဲ့ လိုက်ဖန်းကြပါတယ်။ ကျောက်ဂျပိုးတွေဟာ အနံ့ ဆူးရှတဲ့အတွက် လူတောတောများများတော့ မကြိုက်ကြပါဘူး။ ကျောက်ဂျပိုးရဲ့ အနံ့ဟာ ဘာနဲ့တူလည်းဆိုရင် အိမ်ဟောင်းတွေ အဝတ်ဟောင်းတွေမှာ ရှိပြီး လူကိုကိုက်တက်တဲ့ ဂျပိုး အနံ့နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။

တကယ်တော့ အခုဈေးကွက်ထဲရောက်လာတဲ့ ကျောက်ဂျပိုးဆိုတာက လူတိုင်းစားသင့်တဲ့ အစားအစာ တစ်ခုတော့ မဟုတ်ပါဘူး။ ကျောက်ဂျပိုး စားမယ်ဆိုရင် အရှင်ကို သူ့ဗိုက်ထဲက သေးရည်စင်အောင်ညစ်ပြီး ချက်စား ကြော်စား ထောင်းစားရပါတယ်။ သေပြီးထား အကောင်ဆိုရင် မစားရပါဘူး အန္တရာယ်များပါတယ်။ အသေစားမိရင် မူးတာ အံတာတွေဖြစ်တက်ပြီး အဆိပ်အသောက်ဖြစ်တက်ပါတယ်။ ကျောက်ဂျပိုးနဲ့ ဆင်တူရိုးမှား အကောင်တွေ စားလို့မရတဲ့ အကောင်မျိုးတွေ စားမိရင်လည်း အဆိပ်ဖြစ်ပြီး သေတက်ပါတယ်။

ကျောက်ဂျပိုးတွေဟာ လေဝင်လေထွက်ရှိတဲ့ ဆာလာအိတ်ထဲမှာ ပြည့်အောင်ထည့်ထားရင်တောင် အစာမစားပဲ ၂ ပတ်လောက် အသက်ရှင်နေနိင်ကြပါတယ်။ စားမယ့်အချိန်ဆိုရင်တော့ အသေတွေဖယ်ပြီးမှ စားသင့်ပါတယ်။ ကျောက်ဂျပိုးနဲ့ မတည့်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။ ပီလောပီနံနဲ့လည်း တွဲမစားရပါဘူး။

ကျောက်ဂျပိုးကို ကျွန်တော်လည်း အရမ်းကို ကြိုက်ခဲ့ဖူးပါတယ်။ အခုတော့ မစားဖြစ်တော့ပါဘူး။ ကျွန်တော့်အစ်ကို ကျောက်ဂျပိုး စားပြီး ဆေးရုံရောက်သွားတာရယ်၊ ကျောက်ဂျပိုးစားဖို့ သေးရည်ညစ်တော့ သေးရည် မျက်လုံးထဲဝင်တာ ငရဲပြည်ရောက်သလို ခံစားခဲ့ရတာတွေကြောင့် ကျွန်တော်လည်း မစားဖြစ်တာ နစ်ပေါင်းအသော်ကြာခဲ့ပါပြီ။

အခုတော့ ကျောက်ဂျပိုးတွေဟာ တရုတ်ဈေးကွက်ထဲ ရောက်သွားပြီး ပူတာအိုမြို့မှာ လုဝယ်နေရတဲ့ အဆင့်တွေတောင် ဖြစ်ကုန်ပါပြီ။ အရင် ပြီးခဲ့တဲ့ လလောက်ကတောင် နို့ဆီဗူး ၂ ဗူးကို ၅၀၀ ကျပ်နဲ့တောင် ဘယ်သူမှ သိပ်မဝယ်စားကြပါဘူး။ ဒေသခံတွေကတော့ စားချင်ရင် ချောင်းဘေးလေးသွားပြီး ကျောက်ခဲလန်ရှာရင် တစ်နပ်စာက ခဏလေးရှာလို့ ရပါတယ်။ အခုက တရုတ်တွေ ဟင်းမွေးမာစလာအဖြစ် အသုံးပြုဖို့ လာဝယ်ကြတော့ နို့ဆီဗူး တစ်ဗူးကို ၂၅၀၀၊ ၃၀၀၀ ပေးပြီး ဝယ်လာကြပါတယ်။ ကျောက်ဂျပိုးအကြီးဆိုက် နက်ညိုရောင်တွေကတော့ ဈေးကောင်းမရသေးပါဘူး။ အသေးဆိုက် အမဲရောင်တွေသာ ဈေးကောင်းရကြပါတယ်။

အခုချိန် မူလာချောင်း(ခေါ်) နမ့်လန်ချောင်း တစ်လျှောက်နဲ့ မလိခမြစ်ကမ်းဘေးတွေမှာ လူတွေ အပြည့်ရှာနေကြတယ်။အချို့ကလည်း တစ်ပတ်ကို သိန်းငွေရကြသလို အချို့က သောင်းငွေလေးတွေတော့ ရကြတယ်။ ပူတာအိုမြို့မှာအလုပ်အကိုင်နဲ့ ဝင်ငွေ ရှားပါးနေချိန်မှာ အခုလို ကျောက်ဂျပိုးလေး ဈေးကွက်ဝင်လာတော့ လူတိုင်း အများကြီး မရရင်တောင် အိမ်စရိတ်လေးတော့ နည်းနည်းပါးပါး ရလာကြတာကို တွေ့ရပါတယ်။ နောက်ထပ် ဘာတွေများ ဈေးကွက်ထဲ ရောက်လာဦးမလဲဆိုတာ စောင့်ကြည့်ရင်း နောက်ကြရင် ပြောပြပေးပါမယ်ခင်ဗျား။

အားလုံးကို အထူးပင် ကျေးဇူးတင်ရှိလျှက် Moe Min Thein ( Putao)

Credit – Moe Min Thein (Putao)

Source – https://www.facebook.com/moemin.theinputao.1/posts/571001593401132

Leave a Reply

Your email address will not be published. Required fields are marked *