ဗဟုတုသ

ကလေးငယ် တွေ ဗိုက် ပြည့်တာနဲ့ အာဟာရ ပြည့်ပြီလား

ကလေးငယ် တွေ ဗိုက် ပြည့်တာနဲ့ အာဟာရ ပြည့်ပြီလား

မိဘ အများစု က ကလေးငယ်တွေ ကို ဖြည့်စွက်အစားအစာမုန့်တွေ ကျွေးတဲ့နေရာ မှာ ကလေး ဗိုက်ဝ စေမယ့် အစားအစာ တွေ ကို ရွေးကျွေးလေ့ ကျွေးထ ရှိကြပါတယ်။ တကယ်တော့ ကလေး ငယ် တွေ ကို အဆာပြေ မုန့်ကျွေးတဲ့နေရာ မှာ ဗိုက်ပြည့်ဖို့ အတွက် ထက် အာဟာရပြည့်ဖို့ ကို လည်း ရွေးချယ်တတ်ဖို့လိုပါသေးတယ်။

အခုခေတ်မှာ ကလေးတွေ ကို ဖြည့်စွက် အစားအစာ တွေ အနေနဲ့ သဘာဝ အစားအစာတွေ ကျွေးသလို အသင့်စား ဖြည့်စွက်အစားအစာတွေ လည်း တော်တော်များများ ထွက်လာတာ တွေ့ရပါတယ်။

ဒီရက်ပိုင်း မိဘတွေ ကို အကျွေးများတာတွေ့ရတာတော့ စီရီယယ် (Cereal) ပါ။ ဒါကြောင့် စီရီယယ် ဝယ်တဲ့နေရာမှာ သတိထားသင့်တဲ့ အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။

စီရီယယ် (Cereal) ဆိုတာဘာလဲ????

စီရီယယ် ဆိုတာ နှံစား တစ်ခုခု နှင့် နို့၊ ဟင်းသီးဟင်းရွက် တို့ ပေါင်းစပ်ထားတဲ့ ကလေးငယ်တွေ အတွက် အသင့်စား အစားအစာ တစ်ခုလို့ ဆိုနိုင်ပါတယ်။ တချို့ ကတော့ အာဟာရမှုန့်ဆိုပြီး ခေါ်ကြပါတယ်။

ဖြည့်စွက်အစားအစာ ကျွေးတဲ့ နေရာမှာ အရေးကြီးဆုံး က ကလေးငယ်တွေ မှာ လိုအပ်တဲ့ အာဟာရဓါတ်တွေ ပါ မပါ ကြည့်ဖို့ အရမ်းအရေးကြီးပါတယ်။

ဥပမာ-
1. ကျွန်တော်တို့ နိုင်ငံ မှာ ဆိုရင် ကလေး ငယ်တွေ မှာ သံဓါတ် ချို့တဲ့နေတာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဖြည့်စွက် အစားအစာ ကျွေးတဲ့နေရာ မှာ ဝယ်တဲ့နေရာ မှာ သံဓါတ်ပါဝင်တဲ့ ပစ္စည်း မျိုးကို ရွေးချယ်ကျွေးသင့်ပါတယ်။
2. နောက်တစ်ခု ကျွန်တော် တို့ ကလေးငယ်တွေ အတွက် လိုအပ်တဲ့ အာဟာရဓါတ် ကတော့ DHA (Docosahexaenoic Acid) ပါ။ ဒါကတော့ ကလေးငယ် ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ် တစ်မျိုး ဖြစ်ပါတယ်။ မိဘများ အနေနဲ့ မိမိ ကလေးငယ် အတွက် အဆာပြေ အသင့်စား အစားအစာ တစ်ခုခု ဝယ်ကျွေးတော့မယ်ဆိုရင် တော့ DHA (Docosahexaenoic Acid) ပါတဲ့ မုန့်လို မျိုးလေး ကို ဝယ်ကျွေးသင့်ပါတယ်။

3. တတိယ အချက်ကတော့ ကျွန်တော်တို့ နိုင်ငံ လို သန့်ရှင်းမှု့ အားနည်း တဲ့ နိုင်ငံ တွေ မှာ ဝမ်းပျက်ဝမ်းလျှော ခဏခဏ ဆိုသလို ကလေးတွေ မှာဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြည့်စွက်အစားအစာ ကျွေးတဲ့ နေရာမှာ လည်း ဒီပြဿနာ ကို တဖက်တလမ်း က ကာကွယ်လို့ရမယ့် နည်း ရှိပါတယ်။ အဲ့ဒါကတော့ Probiotic (ပရိုဘိုင်အိုတစ်) (အကျိုးပြု ဘတ်တီးရီးယား) တစ်မျိုးမျိုး ပါတဲ့ အစားအစာ မျိုးပါ။ ဥပမာ – lactobacillus (လက်တိုဘက်စလပ်), L Bifidus (အယ် ဘိုင်ဖစ်တပ်စ်) စတာတွေ ထပ်ဖြည့်ထားတဲ့ အစားအစာမျိုးရွေးကျွေးပေးခြင်း ဖြင့် မိမိ ကလေး ဝမ်းခဏခဏ ပျက်တာ၊ ဝမ်းဗိုက် မအီမသာ ဖြစ်တာကို တစ်ဖက်တစ်လမ်း က တွေ သက်သာ စေပါတယ်။


4. ဒီအပြင် အစားအစာ ရွေးတဲ့နေရာမှာ ဗီတာမင် A, D, C, E, B complex နှင့် သွပ်ဓါတ် (Zinc) ပါဝင်တဲ့ အစားအစာ တွေ ကို ရွေးချယ်သင့်ပါတယ်။ ဒါမှ ကလေး တစ်ယောက်မှာ လိုအပ်တဲ့ ဗိတာမင် သတ္တု ဓါတ်တွေ ပါ ရရှိမှာ ဖြစ်ပါတယ်။


5. နောက်ထပ် သတိထားပြီး ကြည့်သင့်တာကတော့ အမျှင်ဓါတ်ပါ မပါ သတိထားပြီး ကြည့်သင့်ပါတယ်။ အမျှင်ဓါတ် ပါတဲ့ အမျိုးအစားကို ရွေးကျွေးသင့်ပါတယ်။

ယခုဖော်ပြထားတဲ့ အာဟာရဓါတ် ကို မိမိ တို့ ဝယ်မည့် အစားအစာတွေရဲ့ အာဟာရတန်ဖိုးပြ ဇယား (Nutrition Label) မှာ ဖတ်ရှု့ နိုင်ပါတယ်။ ယခု ဆေရင်းပါးသည် နှစ်နှစ် အထက် ကလေးများ အတွက်ကိုသာ ရည်ရွယ်ပါသည်။

လေးစားစွာဖြင့် – ဒေါက်တာ ညီညီကျော်

Credit – ဒေါက်တာ ညီညီကျော်

Leave a Reply

Your email address will not be published. Required fields are marked *