ဗဟုတုသ

ေထာပတ္သီး အ႐ြက္ရဲ႕ ေဆးဖက္ဝင္ အက်ိဳးေက်းဇူးမ်ား

(Zawgyi)

ေထာပတ္သီး အ႐ြက္ရဲ႕ ေဆးဖက္ဝင္ အက်ိဳးေက်းဇူးမ်ား

ေထာပတ္သီးကိုေတာ့ စားသံုးၾကၿပီး ေထာပတ္သီး အရြက္ရဲ့ အက်ိဳးေက်းဇူးကိုေကာ သတိထားမိၾကလား။ ေထာပတ္သီးလိုပဲ ေထာပတ္ရြက္မွာ ဘယ္လို အက်ိဳးေက်းဇူးေတြရွိလဲဆိုတာ မွ်ေ၀ေပးခ်င္ပါတယ္။

ေထာပတ္သီးအရြက္မွာ က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အဟာရဓါတ္ေတြ အမ်ားအျပား ပါ၀င္ေနပါတယ္။ အေအးမိတာနဲ႔ ရာသီအကူးအေျပာင္း ကာလမွာ ျဖစ္တတ္တဲ့ ေရာဂါေတြကို ကုသႏိုင္ပါတယ္။ ဒါ့အျပင္ အစာအိမ္နာတာ ၊ အဆစ္အျမစ္နာတာနဲ႔ ေက်ာက္ကပ္ေက်ာက္တည္တာ စတဲ့ေရာဂါေတြျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ေထာပတ္သီးအရြက္ကို ေရေႏြးနဲ႔က်ိဳၿပီး ေရေႏြးၾကမ္းေသာက္သလို ေသာက္ေပးသင့္ပါတယ္။

ေထာပတ္ရြက္လက္ဖက္ရည္ကို ျပဳလုပ္နည္း

– ေထာပတ္ရြက္ ခြက္ ၄ ပံု ၃ ပံု

– ေရ ၁ လီတာ

ျပင္ဆင္ျခင္း

အိုးတစ္လံုးထဲမွာ ေရထည့္ၿပီး ဆူေအာင္သည္ပါ။ ပြက္ပြက္မဆူလာခင္ နည္းနည္းေလး စဆူလာၿပီဆိုတာနဲ႔ ေထာပတ္ရြက္ကိုထည့္ပါ။ ၿပီးရင္ ၅ မိနစ္ေလာက္ ဆက္သည္ထားပါ။ ၿပီးရင္ မီးဖိုေပၚကခ်ၿပီး ဇြန္းနဲ႔ ေမႊေပးကာ ၁၅ မိနစ္ေလာက္ အေအးခံထားပါ။ တစ္ေန႔ကို တစ္ခြက္ ပံုမွန္ေသာက္ေပးပါ။

Credit – MyFood Myanmar

(Unicode)

ထောပတ်သီး အရွက်ရဲ့ ဆေးဖက်ဝင် အကျိုးကျေးဇူးများ

ထောပတ်သီးကိုတော့ စားသုံးကြပြီး ထောပတ်သီး အရွက်ရဲ့ အကျိုးကျေးဇူးကိုကော သတိထားမိကြလား။ ထောပတ်သီးလိုပဲ ထောပတ်ရွက်မှာ ဘယ်လို အကျိုးကျေးဇူးတွေရှိလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ထောပတ်သီးအရွက်မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဟာရဓါတ်တွေ အများအပြား ပါဝင်နေပါတယ်။ အအေးမိတာနဲ့ ရာသီအကူးအပြောင်း ကာလမှာ ဖြစ်တတ်တဲ့ ရောဂါတွေကို ကုသနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်နာတာ ၊ အဆစ်အမြစ်နာတာနဲ့ ကျောက်ကပ်ကျောက်တည်တာ စတဲ့ရောဂါတွေဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ထောပတ်သီးအရွက်ကို ရေနွေးနဲ့ကျိုပြီး ရေနွေးကြမ်းသောက်သလို သောက်ပေးသင့်ပါတယ်။

ထောပတ်ရွက်လက်ဖက်ရည်ကို ပြုလုပ်နည်း

– ထောပတ်ရွက် ခွက် ၄ ပုံ ၃ ပုံ

– ရေ ၁ လီတာ

ပြင်ဆင်ခြင်း

အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်သည်ပါ။ ပွက်ပွက်မဆူလာခင် နည်းနည်းလေး စဆူလာပြီဆိုတာနဲ့ ထောပတ်ရွက်ကိုထည့်ပါ။ ပြီးရင် ၅ မိနစ်လောက် ဆက်သည်ထားပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး ဇွန်းနဲ့ မွှေပေးကာ ၁၅ မိနစ်လောက် အအေးခံထားပါ။ တစ်နေ့ကို တစ်ခွက် ပုံမှန်သောက်ပေးပါ။

Credit – MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *