ဗဟုတုသ

ဆိုဒါဘူး အချိုရည်ဘူးတွေ ဝယ်တဲ့အခါ မဖြစ်မနေ စစ်ဆေးသင့်တဲ့ အရာများ

ဆိုဒါဘူး အချိုရည်ဘူးတွေ ဝယ်တဲ့အခါ မဖြစ်မနေ စစ်ဆေးသင့်တဲ့ အရာများ

====================
====================

ဆိုဒါဘူးတွေဟာ ကုမ္ပဏ္ဍီကထုတ်လိုက်တဲ့အခါ ဖုံတွေ သဲတွေ တင်မနေအောင် ပလတ်စတစ်စတွေနဲ့ပတ်ပြီးဆိုင်တွေကိုပို့တာပါ။ ဒါပေမယ့်ဆိုင်ရောက်တဲ့အခါမှာတော့ ဒီပလတ်စတစ်စတွေကိုဖယ်ပြီး ဘူးတွေပဲတင်ထားတာဖြစ်တဲ့အတွက် ဘူးပေါ်မှာဖုံတွေတင်နေနိုင်ပါတယ်။ ဒီတော့ ဆိုင်ကနေ ဝယ်လာတဲ့ ဆိုဒါဘူးတွေကို မသောက်ခင်ဘာတွေလုပ်သင့်သလဲ ၊ ဘာတွေစစ်ဆေးရမလဲ။

၁။ ဆိုဒါဘူးကိုမဖွင့်ခင်မှာ ဘူးကို တစ်ရှုးစတစ်ခုနဲ့ သေချာသန့်ရှင်းပေးပါ။ ဒါဟာ ဖုံတွေ သဲတွေကို သန့်ရှင်းပေနိုင်ပေမယ့်လည်း ဘူးမှာကပ်နေတဲ့ ရောဂါပိုးတွေကိုတော့ သေစေနိုင်စွမ်းမရှိပါဘူး။

၂။ ဘူးက သံချေးတက်နေလား ၊ ပဲ့နေတာမျိုးရှိလားဆိုတာကိုစစ်ဆေးပါ။

၃။ တကယ်လို့ ဆိုဒါဘူးက ပိန်နေတယ်ဆိုရင်တော့ မသောက်သုံးသင့်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ပိန်နေတယ်ဆိုတာဟာ တစ်နေရာမှာ လေဝင်ပေါက်တစ်ခု ရှိနေလို့ပါပဲ။

၎။ ဘူးက ပဲ့ရွဲ့နေတယ်ဆိုရင်တော့ လုံးဝမသောက်တာအကောင်းဆုံးပါပဲ ။အတွင်းထဲမှာ ဆိုဒါ နဲ့ အလူမီနီယံ မထိအောင်ခံထားတဲ့ အလွှာတစ်ထပ်ဟာပျက်ဆီးသွားပြီဖြစ်တဲ့အတွက် ဆိုဒါတွေနဲ့ အလူမီနီယံတွေ ဓါတ်ပြုပြီး အလူမီနီယမ်အောက်ဆိုက်ဒြပ်ပေါင်းတွေ ဆိုဒါတွေ ပျော်ဝင်နေတဲ့အတွက်ကြောင့်ပါပဲ။

ဒီအချက်လေးတွေဟာ သေးငယ်တဲ့အချက်လေးတွေဖြစ်ပေမယ့် သင့်ကျန်းမာရေးကို ကြီးကြီးမားမားထိခိုက်သွားစေနိုင်တဲ့အတွက်ကြောင့် ဆိုဒါဘူးဝယ်တဲ့အခါဒီအချက်တွေကို အထူးဂရုပြုသင့်ပါတယ်။ ဆိုဒါဘူးတင်မကပါဘူး ။ ဘယ်ဘူးမဆို သေချာသန့်ရှင်းရေး မလုပ်ပဲနဲ့ သောက်တာမျိုးမပြုလုပ်သင့်ပါဘူး။

Source : Min Thu (Daily Hot News )

==========

WunYan

Leave a Reply

Your email address will not be published. Required fields are marked *