ဗဟုတုသ

ဆံပင္အတြက္ ေျဖာင့္၊ နက္၊ ရွည္၊ စင္းေဆး

(Zawgyi)

ဆံပင္အတြက္ ေျဖာင့္၊ နက္၊ ရွည္၊ စင္းေဆး

ဆံျဖဴသူတို႔ ဆံေကသာ ျပန္မနက္ေတာ့ဘူးဆိုရင္ စိတ္ေတြပဲ ထိုင္ညစ္မေနပါနဲ႔…နည္းလမ္းေလးရွိပါတယ္…ပင္ကိုယ္ဗီဇအနက္ေရာင္ရွိတဲ့ နတ္သစ္႐ြက္က ဦးေဆာင္သြားမွာပါ။ အဲ့ဒါက လက္ဖက္ေျခာက္ပါပဲ။

လက္ဖက္ေျခာက္ကို မီးနဲ႔ကြၽတ္ေအာင္ေလွာ္ပါ။ ေနာက္တစ္ခုက သိပ္အေရးႀကီးတဲ့ ႀကိတ္မွန္႐ြက္ကို သိဖို႔လိုပါတယ္။ ဆံပင္ျပန္နက္ဖို႔ သူ႔ရဲ႕အကူအညီကလည္း လိုတာကိုး။ ႀကိတ္မွန္႐ြက္က မသိလို႔သာ ရွားတာပါ။ အေလ့က်လမ္းေဘးေပါက္တာပဲ။ ႀကိတ္မွန္႐ြက္ကို ေနရိပ္မွာလွန္း။ ေျခာက္ရင္ လက္ဖက္ေျခာက္ အေလွာ္မႈန႔္(၃)ဆ၊ ႀကိတ္မွန္႐ြက္ အေျခာက္မႈန႔္ (၁)ဆကို အုန္းဆီစစ္စစ္နဲ႔ ေရာေဖ်ာ္ၿပီး ေနတိုင္းလိမ္းေပး။ (မပ်စ္မက်ဲ အုန္းဆီစစ္စစ္ႏွင့္ စပ္ပါရန္)
ဆံပင္ေတြ ျပန္နက္တာ ဟုတ္ပမလားေတာ့ မေမးနဲ႔။ လက္ဖက္ေျခာက္မႈန႔္ရယ္၊ ႀကိတ္မွန္မႈန႔္နဲ႔ ေရာစပ္ထားတဲ့ အုန္းဆီေဆးကိုက အမည္းေရာင္ လက္ကိုစြဲေတာ့တာ တစ္လ၊ ႏွစ္လ စြဲစြဲၿမဲၿမဲသာ လိမ္းၾကည့္လိုက္..။

အဲ့ဒီ ေဆးေခါင္းလိမ္းဆီ သုံးေနခ်ိန္ အာလူးစားရပါတယ္။ အာလူးကို သုပ္လိုက္၊ ခ်က္လိုက္ စားေပးရပါတယ္။ အဟာရကလည္းေကာင္း၊ ေဆးကလည္း ေကာင္းဆိုရင္ ဆံပင္ေတြ ျပန္နက္လာမွာ ေသခ်ာေနပါလိမ့္မယ္။ လုပ္သာလုပ္ၾကည့္လိုက္ပါ… အံံ့ၾသဖြယ္ဆံပင္နက္ေဆးပါ။

အသက္အ႐ြယ္ႏွင့္ ဆိုင္မည္ထင္ပါသည္။ အသက္အ႐ြယ္ႀကီးသူတို႔အတြက္ေတာ့ ဆံပင္ျပန္နက္မယ္ မထင္ပါ။ ေဆးဆရာႀကီး ဘိုးေတာ္သိန္းေပးေသာ ေဆးနည္းျဖစ္ပါသည္။ လူေလာကဝယ္ မည္းရာက ျဖဴသြားတတ္သလို ျဖဴရာကလည္း ျပန္ၿပီးမည္းနက္တတ္သည္မွာ ဆံေကသာလည္း ပါဝင္ေနပါသည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

ဆံပင်အတွက် ဖြောင့်၊ နက်၊ ရှည်၊ စင်းဆေး

ဆံဖြူသူတို့ ဆံကေသာ ပြန်မနက်တော့ဘူးဆိုရင် စိတ်တွေပဲ ထိုင်ညစ်မနေပါနဲ့…နည်းလမ်းလေးရှိပါတယ်…ပင်ကိုယ်ဗီဇအနက်ရောင်ရှိတဲ့ နတ်သစ်ရွက်က ဦးဆောင်သွားမှာပါ။ အဲ့ဒါက လက်ဖက်ခြောက်ပါပဲ။

လက်ဖက်ခြောက်ကို မီးနဲ့ကျွတ်အောင်လှော်ပါ။ နောက်တစ်ခုက သိပ်အရေးကြီးတဲ့ ကြိတ်မှန်ရွက်ကို သိဖို့လိုပါတယ်။ ဆံပင်ပြန်နက်ဖို့ သူ့ရဲ့အကူအညီကလည်း လိုတာကိုး။ ကြိတ်မှန်ရွက်က မသိလို့သာ ရှားတာပါ။ အလေ့ကျလမ်းဘေးပေါက်တာပဲ။ ကြိတ်မှန်ရွက်ကို နေရိပ်မှာလှန်း။ ခြောက်ရင် လက်ဖက်ခြောက် အလှော်မှုန့်(၃)ဆ၊ ကြိတ်မှန်ရွက် အခြောက်မှုန့် (၁)ဆကို အုန်းဆီစစ်စစ်နဲ့ ရောဖျော်ပြီး နေတိုင်းလိမ်းပေး။ (မပျစ်မကျဲ အုန်းဆီစစ်စစ်နှင့် စပ်ပါရန်)
ဆံပင်တွေ ပြန်နက်တာ ဟုတ်ပမလားတော့ မမေးနဲ့။ လက်ဖက်ခြောက်မှုန့်ရယ်၊ ကြိတ်မှန်မှုန့်နဲ့ ရောစပ်ထားတဲ့ အုန်းဆီဆေးကိုက အမည်းရောင် လက်ကိုစွဲတော့တာ တစ်လ၊ နှစ်လ စွဲစွဲမြဲမြဲသာ လိမ်းကြည့်လိုက်..။

အဲ့ဒီ ဆေးခေါင်းလိမ်းဆီ သုံးနေချိန် အာလူးစားရပါတယ်။ အာလူးကို သုပ်လိုက်၊ ချက်လိုက် စားပေးရပါတယ်။ အဟာရကလည်းကောင်း၊ ဆေးကလည်း ကောင်းဆိုရင် ဆံပင်တွေ ပြန်နက်လာမှာ သေချာနေပါလိမ့်မယ်။ လုပ်သာလုပ်ကြည့်လိုက်ပါ… အံံ့သြဖွယ်ဆံပင်နက်ဆေးပါ။

အသက်အရွယ်နှင့် ဆိုင်မည်ထင်ပါသည်။ အသက်အရွယ်ကြီးသူတို့အတွက်တော့ ဆံပင်ပြန်နက်မယ် မထင်ပါ။ ဆေးဆရာကြီး ဘိုးတော်သိန်းပေးသော ဆေးနည်းဖြစ်ပါသည်။ လူလောကဝယ် မည်းရာက ဖြူသွားတတ်သလို ဖြူရာကလည်း ပြန်ပြီးမည်းနက်တတ်သည်မှာ ဆံကေသာလည်း ပါဝင်နေပါသည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *