ဗဟုတုသ

သံပုရာခြံေတြကို အက်ိဳးရွိေအာင္ ဘယ္လိုသံုးမလဲ

(Zawgyi)

သံပုရာခြံေတြကို အက်ိဳးရွိေအာင္ ဘယ္လိုသုံးမလဲ

သံပုရာသီးကို အရည္ညႇစ္ၿပီးရင္ ရလာတဲ့ သံပုရာသီးခြံကို ကြၽန္ေတာ္တို႔ေတြ လႊင့္ပစ္တတ္ၾကပါတယ္။ ဒါေပယ့္ သံပုရာသီးခြံကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ ျပန္သုံးလို႔ရတယ္ဆိုတာကိုေကာ သိၾကပါသလား။ သံပုရာသီးခြံထဲမွာလည္း ဗိုက္တာမင္၊ အမွ်င္ဓာတ္၊ သတၱဳဓာတ္နဲ႔ ခႏၶာကိုယ္အတြက္ အာဟာရျဖစ္ေစတဲ့ အင္ဇိုင္းေတြနဲ႔လည္း ျပည့္ႏွက္ေနပါေသးတယ္။ ဒီေန႔မွာေတာ့ သံပုရာသီးေတြ အရည္ညႇစ္ၿပီးရင္ အခြံေတြကို အမႈိက္ပုံးထဲ လႊင့္ပစ္မယ့္အစား ျပန္သုံးလို႔ရမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဝက္ၿခံကုသရာမွာ သုံးမယ္

အလွအပေရးရာ ကြၽမ္းက်င္သူေတြကေတာ့ သံပုရာခြံနဲ႔ လုပ္ထားတဲ့ အႏွစ္ကို မ်က္ႏွာအလွကို ဖ်က္ေနတဲ့ ဝက္ၿခံေတြကို တိုက္ဖ်က္ရာမွာ သုံးဖို႔အတြက္ အႀကံျပဳခဲ့ၾကပါတယ္။ တကယ္တမ္းမွာလည္း သံပုရာသီးမွာ ပါဝင္တဲ့ ဘက္တီးရီးယားတိုက္ဖ်က္တဲ့ agent ဟာ ခႏၶာကိုယ္ေပၚက အညစ္အေၾကးေတြကို ဖယ္ရွားရာမွာ အသုံးဝင္ပါတယ္။

ဒါေၾကာင့္ တကယ္လို႔ မ်က္ႏွာေပၚမွာ ဝက္ၿခံေတြေပါက္ေနၿပီဆိုရင္ သံပုရာခြံေလးနဲ႔ ပြတ္ေပးတာပဲျဖစ္ျဖစ္၊ သံပုရာခြံနဲ႔ ျပဳလုပ္ထားတဲ့ အႏွစ္ေလးနဲ႔ သုတ္လိမ္းေပးတာပဲျဖစ္ျဖစ္ လုပ္ေပးမယ္ဆိုရင္ မ်က္ႏွာေပၚက အဆီပိုေတြ၊ ဖုန္မႈန႔္ေတြ၊ အညစ္အေၾကးေတြကို သန႔္ရွင္းေပးႏိုင္႐ုံသာမက မႈိေရာဂါေတြ၊ ဘက္တီးရီးယားပိုးေတြကိုပါ ဖယ္ရွားေပးႏိုင္မွာပါ။

၂။ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ရွင္းေပးႏိုင္တယ္

တကယ္လို႔ စားေနက် အစားအေသာက္ေတြကို ခဏေလာက္ရပ္နားထားၿပီး ခႏၶာကိုယ္ကို အဆိပ္အေတာက္ျပန္ရွင္းေပးဖို႔ လိုၿပီလို႔ ယူဆတဲ့အခ်ိန္မွာ သံပုရာသီးခြံကို သတိရလိုက္ပါ။ သံပုရာသီးခြံမွာ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြနဲ႔ free radical ေတြကို ဖယ္ရွားေပးႏိုင္တဲ့ အစြမ္းသတၱိေတြ ပါဝင္ပါတယ္။ ပုံမွန္ေသာက္ေနက် detox ေဖ်ာ္ရည္ထဲမွာ သံပုရာသီးခြံေလးေတြကိုသာ ေရာထည့္ေပးလိုက္ပါ။

၃။ ကင္ဆာနဲ႔ အျခားေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္

သံပုရာသီးမွာ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ ပါဝင္ပစၥည္းေတြ အမ်ားႀကီးပါဝင္ပါတယ္။ ကင္ဆာကို ဖယ္ထားဦးမယ္ ဆိုရင္ေတာင္ သံပုရာခြံမွာ အဆစ္အျမစ္ေရာင္ေရာဂါနဲ႔ ေဂါက္ေရာဂါတို႔လို အ႐ိုးအဆစ္နဲ႔ဆိုင္တဲ့ ေရာဂါေတြကို ထိန္းထားႏိုင္ပါတယ္။ ကိုလက္စထေရာနဲ႔ ေသြးဖိအားတိုးျခင္းကိုလည္း သံပုရာခြံရဲ႕ အကူအညီနဲ႔ ထိန္းထားေပးႏိုင္ပါတယ္။ ဒါ့အျပင္ ႏွလုံးေရာဂါ ပိုဆိုးမလာေအာင္လည္း တားဆီးေပးပါတယ္။

၄။ အင္းဆက္ပိုးမႊားေတြကိုလည္း ဖယ္ရွားေပးတယ္

မီးေခ်ာင္းေတြမွာ လာတြယ္ကပ္ေနတတ္တဲ့၊ အိမ္ ခန္းေတြထဲမွာ လာဝင္ေနတတ္တဲ့ အင္းဆက္ပိုးမႊားေတြကို ရင္ဆိုင္ရတာ သိပ္စိတ္ရႈပ္ဖို႔ေကာင္းပါတယ္။ အဲဒီလို စိတ္ရႈပ္စရာ အင္းဆက္ပိုးမႊားေတြကို ကိုင္တြယ္ႏိုင္မယ့္ အေကာင္းဆုံးနည္းလမ္းကေတာ့ သံပုရာသီးခြံကို အသုံးျပဳဖို႔ပါပဲ။ သံပုရာခြံအနည္းငယ္ကို ျပတင္းေပါက္ေဘာင္နားမွာ ခ်ထားေပးလိုက္ရင္ ပိုးဟပ္နဲ႔ တျခားအင္းဆက္ ပိုးမႊားေတြ အိမ္ထဲ ဝင္မလာႏိုင္ေတာ့ပါဘူး။

၅။ သြားက်န္းမာေရးအတြက္ ေကာင္းမြန္တယ္

အိမ္မွာ သြားတိုက္ေဆး ကုန္ေနပါသလား။ ဒါမွမဟုတ္ သြားေတြ ခဏခဏကိုက္ၿပီး က်ိဳးလြယ္ဆတ္လြယ္ေနပါသလား။ဒါဆိုရင္ေတာ့ သံပုရာခြံနဲ႔သာ သြားကို ပြတ္ေပးလိုက္ပါ။ သံပုရာခြံဟာ သြားနဲ႔ သြားဖုံးက်န္းမာေရးအတြက္ အေကာင္းဆုံး ဗိုက္တာမင္ေတြ ပါဝင္ပါတယ္။

Credit – Duwun

(Unicode)

သံပုရာခွံတွေကို အကျိုးရှိအောင် ဘယ်လိုသုံးမလဲ

သံပုရာသီးကို အရည်ညှစ်ပြီးရင် ရလာတဲ့ သံပုရာသီးခွံကို ကျွန်တော်တို့တွေ လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေယ့် သံပုရာသီးခွံကို နေရာတော်တော်များများမှာ ပြန်သုံးလို့ရတယ်ဆိုတာကိုကော သိကြပါသလား။ သံပုရာသီးခွံထဲမှာလည်း ဗိုက်တာမင်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ အင်ဇိုင်းတွေနဲ့လည်း ပြည့်နှက်နေပါသေးတယ်။ ဒီနေ့မှာတော့ သံပုရာသီးတွေ အရည်ညှစ်ပြီးရင် အခွံတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်မယ့်အစား ပြန်သုံးလို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဝက်ခြံကုသရာမှာ သုံးမယ်

အလှအပရေးရာ ကျွမ်းကျင်သူတွေကတော့ သံပုရာခွံနဲ့ လုပ်ထားတဲ့ အနှစ်ကို မျက်နှာအလှကို ဖျက်နေတဲ့ ဝက်ခြံတွေကို တိုက်ဖျက်ရာမှာ သုံးဖို့အတွက် အကြံပြုခဲ့ကြပါတယ်။ တကယ်တမ်းမှာလည်း သံပုရာသီးမှာ ပါဝင်တဲ့ ဘက်တီးရီးယားတိုက်ဖျက်တဲ့ agent ဟာ ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားရာမှာ အသုံးဝင်ပါတယ်။

ဒါကြောင့် တကယ်လို့ မျက်နှာပေါ်မှာ ဝက်ခြံတွေပေါက်နေပြီဆိုရင် သံပုရာခွံလေးနဲ့ ပွတ်ပေးတာပဲဖြစ်ဖြစ်၊ သံပုရာခွံနဲ့ ပြုလုပ်ထားတဲ့ အနှစ်လေးနဲ့ သုတ်လိမ်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် မျက်နှာပေါ်က အဆီပိုတွေ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်ရုံသာမက မှိုရောဂါတွေ၊ ဘက်တီးရီးယားပိုးတွေကိုပါ ဖယ်ရှားပေးနိုင်မှာပါ။

၂။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းပေးနိုင်တယ်

တကယ်လို့ စားနေကျ အစားအသောက်တွေကို ခဏလောက်ရပ်နားထားပြီး ခန္ဓာကိုယ်ကို အဆိပ်အတောက်ပြန်ရှင်းပေးဖို့ လိုပြီလို့ ယူဆတဲ့အချိန်မှာ သံပုရာသီးခွံကို သတိရလိုက်ပါ။ သံပုရာသီးခွံမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ free radical တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ပုံမှန်သောက်နေကျ detox ဖျော်ရည်ထဲမှာ သံပုရာသီးခွံလေးတွေကိုသာ ရောထည့်ပေးလိုက်ပါ။

၃။ ကင်ဆာနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်တယ်

သံပုရာသီးမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ ကင်ဆာကို ဖယ်ထားဦးမယ် ဆိုရင်တောင် သံပုရာခွံမှာ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဂေါက်ရောဂါတို့လို အရိုးအဆစ်နဲ့ဆိုင်တဲ့ ရောဂါတွေကို ထိန်းထားနိုင်ပါတယ်။ ကိုလက်စထရောနဲ့ သွေးဖိအားတိုးခြင်းကိုလည်း သံပုရာခွံရဲ့ အကူအညီနဲ့ ထိန်းထားပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ပိုဆိုးမလာအောင်လည်း တားဆီးပေးပါတယ်။

၄။ အင်းဆက်ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးတယ်

မီးချောင်းတွေမှာ လာတွယ်ကပ်နေတတ်တဲ့၊ အိမ် ခန်းတွေထဲမှာ လာဝင်နေတတ်တဲ့ အင်းဆက်ပိုးမွှားတွေကို ရင်ဆိုင်ရတာ သိပ်စိတ်ရှုပ်ဖို့ကောင်းပါတယ်။ အဲဒီလို စိတ်ရှုပ်စရာ အင်းဆက်ပိုးမွှားတွေကို ကိုင်တွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ သံပုရာသီးခွံကို အသုံးပြုဖို့ပါပဲ။ သံပုရာခွံအနည်းငယ်ကို ပြတင်းပေါက်ဘောင်နားမှာ ချထားပေးလိုက်ရင် ပိုးဟပ်နဲ့ တခြားအင်းဆက် ပိုးမွှားတွေ အိမ်ထဲ ဝင်မလာနိုင်တော့ပါဘူး။

၅။ သွားကျန်းမာရေးအတွက် ကောင်းမွန်တယ်

အိမ်မှာ သွားတိုက်ဆေး ကုန်နေပါသလား။ ဒါမှမဟုတ် သွားတွေ ခဏခဏကိုက်ပြီး ကျိုးလွယ်ဆတ်လွယ်နေပါသလား။ဒါဆိုရင်တော့ သံပုရာခွံနဲ့သာ သွားကို ပွတ်ပေးလိုက်ပါ။ သံပုရာခွံဟာ သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် အကောင်းဆုံး ဗိုက်တာမင်တွေ ပါဝင်ပါတယ်။

Credit – Duwun

Leave a Reply

Your email address will not be published. Required fields are marked *