ဗဟုတုသ

ခရမ္းခ်ဥ္သီးနဲ႔မ်က္ႏွာေပၚကဝက္ျခံဖယ္႐ွားရေအာင္

(Zawgyi)

ခရမ္းခ်ဥ္သီးနဲ႔ မ်က္ႏွာေပၚကဝက္ၿခံ ဖယ္ရွားရေအာင္

မဂၤလာပါပ်ိဳေမတို႔ေရ…..

ခရမ္းခ်ဥ္သီးကေတာ့ ေနရာတိုင္းမွာ ရရွိႏိုင္ၿပီး အသားအေရအတြက္ေရာ က်န္းမာေရးအတြက္ပါ သင့္ေတာ္တာမို႔ခရမ္းခ်ဥ္သီးကို သုံးၿပီး သဘာဝနည္းလမ္းနဲ႔ အသားအေရ ထိန္းသိမ္းလို႔ရတဲ့ နည္းလမ္းေလးတစ္ခုကို မွ်ေဝေပးခ်င္ပါတယ္။

ခရမ္းခ်ဥ္သီးမွာ vitamin- A,C,K. တို႔ပါဝင္တာေၾကာင့္

-အဆီျပန္တဲ့ ျပသာနာကို ထိန္းညႇိေပးႏိုင္တယ္။

-ဝက္ၿခံေတြကိုဖယ္ရွားေပးတယ္။

-အသားရည္ကိုစိုေျပေစတယ္။

-ေခြၽးေပါက္ေတြကိုလည္း က်ည္းသြားေစတာေၾကာင့္ တစ္ပတ္တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ ျပဳလုပ္ေပးသင့္ပါတယ္။ခရမ္းခ်ဥ္သီးနဲ႔ ေပါင္းတင္တဲ့အခါ ေထြေထြထူးထူး ခက္ခက္ခဲခဲ လုပ္စရာမလိုပါဘူးေနာ္။ ႐ိုးရွင္းတဲ့ ျပဳလုပ္နည္းက အခ်ိန္ကုန္သက္သာၿပီး အက်ိဳးေက်းဇူးရွိတာမို႔ ဘယ္လိုလုပ္ရမလဲဆိုတာ အခုပဲၾကည့္လိုက္ရေအာင္ေနာ္။

ခရမ္းခ်ဥ္သီးနဲ႔ မ်က္ႏွာေပၚကဝက္ၿခံ ဖယ္ရွားရေအာင္

၁။ ခရမ္းခ်ဥ္သီးကို ႀကိတ္ၿပီးေတာ့ မ်က္ႏွာေပၚမွာ လိမ္းေပးလိုက္ပါ။ ၿပီးရင္ သင့္ရဲ႕ သန႔္ရွင္းတဲ့ လက္ေလးနဲ႔ ခပ္ဖြဖြေလး ႏွိပ္ေပးၿပီး ၁၅မိနစ္ / မိနစ္၂၀ ထားႏိုင္ပါတယ္။

၂။ ခရမ္းခ်ဥ္သီးကို scrab သုံးလို႔ ရပါေသးတယ္။ ဒီလို သုံးခ်င္ရင္ ခရမ္းခ်ဥ္သီးကို ထက္ျခမ္းျခမ္း သၾကားကိုအေပၚကေန တင္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာကို ခပ္ဖြဖြေလး ပြတ္ေပးလိုက္ပါ။ ဘက္တီးရီးေၾကာင့္ ယားယံတာေတြကို သက္သာေစသလို အသားအေရကို ႏူးညံ့ေခ်ာမြတ္ေစပါတယ္ေနာ္။

၃။ အလြယ္ကူဆုံး နည္းလမ္းကေတာ့ ခရမ္းခ်ဥ္သီးကို ခပ္ပါးပါးေလးေတြ လွီးလိုက္ၿပီး မ်က္ႏွာအႏွံ႔ ပြတ္ေပးလိုက္ပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါတာေနာ္။

အလြယ္ကူ အ႐ိုးရွင္းဆုံးနည္းလမ္းနဲ႔ ပ်ိဳေမတို႔ရဲ႕ အသားအေရ ဝင္းလက္စိုေျပၿပီး ဝက္ၿခံကင္း အမည္းစက္ကင္းတဲ့မ်က္ႏွာပိုင္ရွင္ေလးေတြ ျဖစ္ၾကပါေစေနာ္။

Credit – MyStyle Myanmar

(Unicode)

ခရမ်းချဉ်သီးနဲ့ မျက်နှာပေါ်ကဝက်ခြံ ဖယ်ရှားရအောင်

မင်္ဂလာပါပျိုမေတို့ရေ…..

ခရမ်းချဉ်သီးကတော့ နေရာတိုင်းမှာ ရရှိနိုင်ပြီး အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ သင့်တော်တာမို့ခရမ်းချဉ်သီးကို သုံးပြီး သဘာဝနည်းလမ်းနဲ့ အသားအရေ ထိန်းသိမ်းလို့ရတဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

ခရမ်းချဉ်သီးမှာ vitamin- A,C,K. တို့ပါဝင်တာကြောင့်

-အဆီပြန်တဲ့ ပြသာနာကို ထိန်းညှိပေးနိုင်တယ်။

-ဝက်ခြံတွေကိုဖယ်ရှားပေးတယ်။

-အသားရည်ကိုစိုပြေစေတယ်။

-ချွေးပေါက်တွေကိုလည်း ကျည်းသွားစေတာကြောင့် တစ်ပတ်တစ်ကြိမ် (သို့) နှစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ခရမ်းချဉ်သီးနဲ့ ပေါင်းတင်တဲ့အခါ ထွေထွေထူးထူး ခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူးနော်။ ရိုးရှင်းတဲ့ ပြုလုပ်နည်းက အချိန်ကုန်သက်သာပြီး အကျိုးကျေးဇူးရှိတာမို့ ဘယ်လိုလုပ်ရမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်နော်။

ခရမ်းချဉ်သီးနဲ့ မျက်နှာပေါ်ကဝက်ခြံ ဖယ်ရှားရအောင်

၁။ ခရမ်းချဉ်သီးကို ကြိတ်ပြီးတော့ မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် သင့်ရဲ့ သန့်ရှင်းတဲ့ လက်လေးနဲ့ ခပ်ဖွဖွလေး နှိပ်ပေးပြီး ၁၅မိနစ် / မိနစ်၂၀ ထားနိုင်ပါတယ်။

၂။ ခရမ်းချဉ်သီးကို scrab သုံးလို့ ရပါသေးတယ်။ ဒီလို သုံးချင်ရင် ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်း သကြားကိုအပေါ်ကနေ တင်ပေးလိုက်ပါ။ ပြီးရင်တော့ မျက်နှာကို ခပ်ဖွဖွလေး ပွတ်ပေးလိုက်ပါ။ ဘက်တီးရီးကြောင့် ယားယံတာတွေကို သက်သာစေသလို အသားအရေကို နူးညံ့ချောမွတ်စေပါတယ်နော်။

၃။ အလွယ်ကူဆုံး နည်းလမ်းကတော့ ခရမ်းချဉ်သီးကို ခပ်ပါးပါးလေးတွေ လှီးလိုက်ပြီး မျက်နှာအနှံ့ ပွတ်ပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါတာနော်။

အလွယ်ကူ အရိုးရှင်းဆုံးနည်းလမ်းနဲ့ ပျိုမေတို့ရဲ့ အသားအရေ ဝင်းလက်စိုပြေပြီး ဝက်ခြံကင်း အမည်းစက်ကင်းတဲ့မျက်နှာပိုင်ရှင်လေးတွေ ဖြစ်ကြပါစေနော်။

Credit – MyStyle Myanmar

Leave a Reply

Your email address will not be published. Required fields are marked *