ဗဟုတုသ

ယာဥ္လိုင္စင္ အေၾကာင္း စုံစုံလင္လင္ အေမး/ အေျဖမ်ား

(Zawgyi)

ယာဥ္လိုင္စင္ အေၾကာင္း စုံစုံလင္လင္ အေမး/ အေျဖမ်ား

ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမူဦးစီးဌာနခ႐ိုင္႐ုံး (ရန္ကုန္အေနာက္ပိုင္း )

ေမး – ယာဥ္လိုင္စင္သက္တမ္းတိုးျခင္းကို ဘယ္ေလာက္ႀကိဳၿပီး ေဆာင္႐ြက္ႏိုင္ပါသလဲ။

ေျဖ – ယာဥ္သက္တမ္းတိုးတာကို က်ေတာ္တို႔က ရက္ေပါင္းကိုးဆယ္ ႀကိဳၿပီးေတာ့ သက္တမ္းတိုးခြင့္ေပးထားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သက္တမ္းကုန္ဆုံးလမွာ ယာဥ္ပိုင္ရွင္အေနနဲ႔ ကိစၥႀကီးငယ္ေၾကာင့္ မအားမလပ္တာမ်ိဳးရွိခဲ့ရင္ သက္တမ္းကုန္ဆုံးလမွာ ခရီးထြက္ေနတာေၾကာင့္ အခ်ိန္မွီမေရာက္ႏိုင္တာမ်ိဳးရွိခဲ့ရင္ အဆင္ေျပေအာင္လို႔ ရက္ကိုးဆယ္ ႀကိဳတင္သက္တမ္းတိုးခြင့္ ေပးတာပဲျဖစ္ပါတယ္။ တိုးေပးထားတဲ့ အေၾကာင္းအရာကိုလည္း ယာဥ္ပိုင္ရွင္ေတြ အလြယ္တကူ သိရွိေစရန္ ယာဥ္မွတ္ပုံတင္စာအုပ္ျဖစ္တဲ့ ကမ-၃ စာအုပ္ရဲ႕ ေနာက္ဆုံးစာမ်က္ႏွာ စာပိုဒ္နံပါတ္ ၆ မွာ ေဖာ္ျပေပးထားပါတယ္။

ေမး – ယာဥ္လိုင္စင္ သက္တမ္းေက်ာ္သြားရင္ လိုင္စင္သက္တမ္းတိုးဖို႔ ဘယ္လိုေဆာင္႐ြက္ေပးပါသလဲ။

ေျဖ – ယာဥ္လိုင္စင္အေနနဲ႔ ကုန္ဆုံးသက္တမ္း တစ္ဆက္တည္း ငါးႏွစ္မေက်ာ္ေသးရင္ သက္တမ္းတိုးခအပါအဝင္ ဒဏ္ေၾကး ငါးဆယ္ရာခိုင္ႏႈန္း ေကာက္ခံၿပီး သက္တမ္းတိုးေပးပါတယ္။ ဆိုလိုတာက ကားတစ္စီးက တစ္ႏွစ္ကို သက္တမ္းတိုးေၾကး တစ္ေသာင္းခြဲဆိုရင္ သက္တမ္းေက်ာ္ပါက ဒဏ္ေၾကးငါးဆယ္ရာခိုင္ႏႈန္းျဖစ္တာေၾကာင့္ ခုႏွစ္ေထာင့္ငါးရာ ထပ္တိုးေပးေဆာင္ရမွာပဲျဖစ္ပါတယ္။

ေမး – ငါးႏွစ္ေက်ာ္သြားတဲ့ ယာဥ္လိုင္စင္ေတြကို ဘယ္လို ဆက္လက္ေဆာင္႐ြက္ပါသလဲ။

ေျဖ – ယာဥ္လိုင္စင္သက္တမ္း တစ္ဆက္တည္း ငါးႏွစ္ေက်ာ္လြန္သြားရင္ေတာ့ က်ေတာ္တို႔က အဲ့ကားကို မွတ္ပုံတင္ ဖ်က္သိမ္းစာရင္းထဲ ထည့္လိုက္ပါတယ္။ အဲ့တာနဲ႔ ပတ္သက္လို႔လည္း ကမ-၃ စာအုပ္ရဲ႕ စာပိုဒ္နံပါတ္ ၅မွာ မွတ္ပုံတင္ အသစ္လဲလွယ္ရန္ ပ်က္ကြက္ေနသည့္ တစ္ဆက္တည္း ၅ ႏွစ္ျဖစ္လွ်င္ အဆိုပါ ယာဥ္၏ မွတ္ပုံတင္ျခင္းသည္ အလိုေလ်ာက္ ပ်က္ျပယ္သည္ ဆိုၿပီး ေဖာ္ျပေပးထားပါတယ္။ ယာဥ္ပိုင္ရွင္ေတြ အေနနဲ႔ အလြယ္တကူ ၾကည့္ႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ ေမာ္ေတာ္ယာဥ္ ဥပေဒ ပုဒ္မ ၁၈ စာပိုဒ္ ဂ မွာလည္း ျပဌာန္းထားပါတယ္။

ေမး – ယာဥ္ေဖာင္းႂကြနံပါတ္ျပား ေပ်ာက္ဆုံးျပန္ေလွ်ာက္ရင္ ဘယ္လိုေဆာင္႐ြက္ရပါသလဲ ဆရာ။အေသးစိတ္ ရွင္းျပေပးပါဦး။

ေျဖ – ေမာ္ေတာ္ယာဥ္ ေဖာင္းႂကြနံပါတ္ျပား ေပ်ာက္တာ ႏွစ္မ်ိဳးရွိပါတယ္။ တစ္မ်ိဳးက တစ္ခ်ပ္ေပ်ာက္တာ၊ ေနာက္တစ္မ်ိဳးက ႏွစ္ခ်ပ္လုံးေပ်ာက္တာပါ။

  • အဂၤလိပ္ ေဖာင္းႂကြနံပါတ္ျပား တစ္ခ်ပ္ေပ်ာက္လို႔ ေလွ်ာက္ထားရင္ လာေရာက္ ေဆာင္႐ြက္သူရဲ႕ မွတ္ပုံတင္ေတာင္းပါတယ္။ ရဲစခန္းေထာက္ခံခ်က္ ေတာင္းပါတယ္။ ၿပီးေတာ့ ယာဥ္စစ္ေဆးခိုင္းပါတယ္။ ယာဥ္စစ္ၿပီးပါက သတင္းစာေၾကာ္ျငာထည့္ၿပီး နံပါတ္ျပား ထုတ္ေပးပါတယ္။
  • အဂၤလိပ္ ေဖာင္းႂကြနံပါတ္ျပား ႏွစ္ခ်ပ္ေပ်ာက္ခဲ့ရင္ က်ေတာ္တို႔က ယာဥ္မွတ္ပုံတင္ထားသူရဲ႕ မွတ္ပုံတင္မူရင္းကို ေတာင္းပါတယ္။ ယာဥ္ပိုင္ရွင္ မွတ္ပုံတင္မူရင္း မတင္ျပႏိုင္ရင္ က်ေတာ္တို႔က အဲ့နံပါတ္ျပားေလွ်ာက္ထားျခင္းကို ေဆာင္႐ြက္ေပးမွာ မဟုတ္ပါဘူး၊ ျငင္းပယ္မွာ ျဖစ္ပါတယ္။

လုပ္ငန္းစဥ္ကေတာ့ နံပါတ္ျပား တစ္ခ်ပ္ေပ်ာက္တာနဲ႔ အတူတူပါပဲ။ ရဲစခန္းေထာက္ခံစာလိုမယ္။ယာဥ္စစ္ရမယ္။ ယာဥ္ပိုင္ရွင္ မွတ္ပုံတင္မူရင္း ေတာင္းရတာကလည္း က်ေတာ္တို႔က မလိုအပ္ပဲ လာလာေလွ်ာက္ေနတာကို ထိန္းခ်ဳပ္ႏိုင္ေအာင္ရယ္ ေနာက္တစ္ခုက နံပါတ္ျပားေတြကို ပြားယူအသုံးျပဳေနမွာ စိုးတဲ့အတြက္ေၾကာင့္ အခုလို ကန႔္သတ္ရတာပဲျဖစ္ပါတယ္။

ေမး – ဝွီးတက္ ေပ်ာက္ဆုံးမႈအတြက္ ျပန္ေလွ်ာက္ဖို႔ ဘာေတြလိုအပ္မလဲ ဆရာ။

ေျဖ – ယာဥ္သက္ေသခံ လက္မွတ္(အရပ္ေခၚ ဝွီးတက္ေပါ့) အေပ်ာက္ေလွ်ာက္ရင္ က်ေတာ္တို႔က ယာဥ္မွတ္ပုံတင္ထားသူရဲ႕ မွတ္ပုံတင္မူရင္းကို ေတာင္းပါတယ္။ မွတ္ပုံတင္ မူရင္းတင္ ျပၿပီးေတာ့ေလွ်ာက္ထားရပါတယ္။ မိတၱဴနဲ႔ မရပါဘူး။ ယာဥ္မွတ္ပုံတင္ထားသူကိုယ္တိုင္ ဝွီးတက္(အဝိုင္း) ေပ်ာက္ပါတယ္ဆိုၿပီး ေလွ်ာက္တယ္ဆိုတဲ့ သေဘာသက္ေရာက္ေအာင္ မွတ္ပုံတင္ေတာင္းျခင္းပဲ ျဖစ္ပါတယ္။ ပိုင္ရွင္ကိုယ္တိုင္ လာေရာက္ရန္မလိုဘဲ ကိုယ္စားလွယ္နဲ႔လည္း ေဆာင္႐ြက္ႏိုင္ပါတယ္။ ယာဥ္စစ္ရပါတယ္။ ယာဥ္စစ္တဲ့အခါ မွတ္ပုံတင္ထားတဲ့ မွတ္တမ္း၊ အေၾကာင္းအရာ တူညီတယ္ဆိုရင္ ၿပီးေတာ့ ယာဥ္ထိန္းကေန ျပစ္မႈျဖင့္ သိမ္း ဆည္းထားျခင္း မရွိပါဆိုတဲ့ ေထာက္ခံခ်က္ပါမွ ဝွီးတက္ကို ျပန္ထုတ္ေပးမွာပဲ ျဖစ္ပါတယ္။

ေမး – ယာဥ္မွတ္ပုံတင္ စာအုပ္ ကမ-၃ ေပ်ာက္ရင္ ဘယ္လိုမ်ိဳးေဆာင္႐ြက္ၿပီး ျပန္လည္ ေလွ်ာက္ထား ႏိုင္မလဲ ခင္ဗ်ာ။

ေျဖ – ကမ-၃ ယာဥ္မွတ္ပုံတင္စာအုပ္ ေပ်ာက္တယ္ဆိုရင္ေတာ့ျဖင့္ ျပန္ေလွ်ာက္လိုသူေတြအေနနဲ႔ ေဆာင္႐ြက္တဲ့အခါ မွာ ႏွစ္ခါလာေရာက္ ေဆာင္႐ြက္ရပါတယ္။ ပထမတစ္ခါက ေပ်ာက္တာကို ျပန္ေလွ်ာက္တဲ့ အတြက္ရယ္၊ ဒုတိယ တစ္ေခါက္က စာအုပ္ထုတ္ယူဖို႔ အတြက္ရယ္ လာရပါတယ္။ အဲ့ထဲမွာမွ ယာဥ္အမည္ေပါက္ သူ(ယာဥ္ပိုင္ရွင္ေပါ့) ကိုယ္တိုင္ တစ္ႀကိမ္ေတာ့ အနည္ဆုံး လာေရာက္ ေဆာင္႐ြက္ရပါမယ္။ ဆိုလိုတာက ယာဥ္ပိုင္ရွင္အေနနဲ႔ လာေလွ်ာက္တဲ့အခ်ိန္ျဖစ္ျဖစ္၊ လာထုတ္တဲ့ အခ်ိန္ျဖစ္ျဖစ္ တစ္ႀကိမ္ေတာ့ လာေရာက္ ေဆာင္႐ြက္ရမွာပဲျဖစ္ပါတယ္။ ေဆာင္႐ြက္တဲ့ေနရာမွာလည္း ယာဥ္မွတ္ပုံတင္ထားတဲ့ မွတ္ပုံတင္မူရင္း လိုအပ္ပါတယ္။ တကယ္လို႔ ဇနီးေမာင္းႏွံဆိုေပမဲ့ လာလုပ္တဲ့သူက ယာဥ္ပိုင္ရွင္ရဲ႕ ခင္ပြန္းျဖစ္ေနရင္ေတာင္မွ ယာဥ္ပိုင္ရွင္ကိုယ္တိုင္ မလာတဲ့အတြက္ ေဆာင္႐ြက္ေပးမွာ မဟုတ္ပါဘူး။ ယာဥ္ပိုင္ရွင္ကိုယ္တိုင္ တစ္ႀကိမ္ လိုက္ပါေဆာင္႐ြက္မွပဲ ရမွာပါ။မွတ္ပုံတင္မူရင္းနဲ႔ ယာဥ္ပိုင္ရွင္ ကိုယ္တိုင္လာေရာက္ ေလွ်ာက္ထားရင္ အဲ့တာကို က်ေတာ္တို႔က တားစာရင္းရွိ၊ မရွိကို စိစစ္ပါတယ္။ မရွိဘူး ဆိုရင္ ယာဥ္စစ္ပါတယ္။ ယာဥ္စစ္ၿပီးေတာ့ သတင္းစာေၾကာ္ျငာဖို႔ ေဆာင္႐ြက္ေပးပါတယ္။ သတင္းစာမွာ ထည့္သြင္းေၾကာ္ျငာလို႔ ကန႔္ကြက္မယ့္သူမရွိရင္ က်ေတာ္တို႔က ရက္ေပါင္းသုံးဆယ္ျပည့္ရင္ ကမ-၃ ကို ထုတ္ေပးပါတယ္။ ဒါက ယာဥ္မွတ္ပုံတင္ထားသူကိုယ္တိုင္ လာေရာက္ေဆာင္႐ြက္တာပါ။ တကယ္လို႔ ယာဥ္မွတ္ပုံတင္ထားသူ မဟုတ္ရင္ေတာ့ က်ေတာ္တို႔က အမည္ေျပာင္းဖို႔ လိုအပ္ရင္ ရက္ေပါင္း သုံးဆယ္ျပည့္တဲ့အခါမွာ က်ေတာ္တို႔က ျပည္တြင္းအခြန္မွာ အခြန္ေဆာင္ဖို႔အတြက္ အခြန္စိမ္းရေအာင္ ယာဥ္နဲ႔ဆိုင္တဲ့ အခ်က္အလက္ေတြကို တရားဝင္စာနဲ႔ ေရးသားၿပီးေတာ့ ျပည္တြင္းအခြန္ကို ပို႔ေပးပါတယ္။ အခြန္စိမ္းပုံစံ ရလာတဲ့အခ်ိန္မွာ နာမည္ေျပာင္းၿပီး ေဆာင္႐ြက္ေပးပါတယ္။

ေမး – သက္တမ္းလြန္ယာဥ္ေမာင္းလိုင္စင္ ကိုင္ေဆာင္သူေတြ ယာဥ္ေမာင္းလိုင္စင္ရဖို႔ ဘယ္လို ေဆာင္႐ြက္ ႏိုင္ပါသလဲ။

ေျဖ – ယာဥ္ေမာင္းလိုင္စင္ သက္တမ္း ငါးႏွစ္တစ္ဆက္တည္း မျပတ္ဘူးဆိုရင္ေတာ့ က်ေတာ္တို႔က ဒဏ္ေၾကးေကာက္ခံၿပီး သက္တမ္းတိုး ေဆာင္႐ြက္ေပးပါတယ္။ ငါးႏွစ္ တစ္ဆက္တည္း သက္တမ္း ျပတ္သြားရင္ေတာ့ ယာဥ္ေမာင္းလိုင္စင္ ကိုင္ေဆာင္သူဟာ ယာဥ္စည္းကမ္း၊ ျပန္လည္ ေျဖဆိုၿပီးေတာ့ ေအာင္ျမင္မွ သက္တမ္းတိုးေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္။

ေမး – ယာဥ္မွန္၊ မမွန္စစ္ဖို႔ ဘာလို႔ေဆာင္႐ြက္သင့္ပါသလဲ။

ေျဖ – တစ္ခ်ိဳ႕ ယာဥ္ကိုဝယ္ၿပီးေတာ့မွ ယာဥ္မွန္၊ မမွန္ လာစစ္တတ္ၾကတယ္။ တကယ္ျဖစ္ရမွာကယာဥ္မဝယ္ခင္ တည္းက လာၿပီး မွန္၊ မမွန္ လာစစ္သင့္တာပါ။ ယာဥ္ မွန္၊ မမွန္စစ္ရင္ လာေရာက္ေဆာင္႐ြက္သူရဲ႕ မွတ္ပုံတင္၊ ယာဥ္မွတ္ပုံတင္ကမ-၃ စာအုပ္၊ အဝိုင္း(ဝွီးတက္) နဲ႔ ယာဥ္လိုအပ္ပါတယ္။ ဒီေနရာမွာ တစ္ခ်ိဳ႕က ယာဥ္မွန္၊ မမွန္စစ္တယ္ဆိုေပမဲ့ စာအုပ္နဲ႔ အဝိုင္းကိုပဲ လာစစ္တတ္ ၾကပါတယ္။ အမွန္တကယ္က စာအုပ္၊ ဝွီးတက္အျပင္ ယာဥ္ကိုပါ တစ္ပါတည္း စစ္မွ ယာဥ္မွန္၊ မမွန္ကို သိႏိုင္မွာပါ။ စာအုပ္နဲ႔ ဝွီးတက္မွန္ေပမဲ့၊ ကားမမွန္ဘူးဆိုရင္ မွန္တယ္လို႔ ေျပာလို႔ မရပါဘူး။ အဲ့အတြက္ ယာဥ္မွန္၊ မမွန္ စစ္မယ္ဆိုရင္ စာအုပ္ရယ္၊ ဝွီးတက္ရယ္၊ ကားရယ္ျပည့္စုံမွ လာေရာက္ စစ္ဖို႔ ေျပာခ်င္ပါတယ္။ စစ္တဲ့ေနရာမွာလည္း ယာဥ္မစစ္ခင္ ပိုင္ရွင္ကို ယာဥ္မမွန္ဘူးဆိုရင္ ယာဥ္မွတ္ပုံတင္စာအုပ္ရယ္၊ ကားရယ္ကို သိမ္းၿပီး တရားဆြဲဆိုျခင္းကို ခံရမည္ဆိုၿပီးေတာ့ သိရွိေၾကာင္း လက္မွတ္ေရးထိုးခိုင္းပါတယ္။ ၿပီးမွ ယာဥ္စစ္ေဆးခ ငါးေထာင္ ေကာက္ခံၿပီး ယာဥ္စစ္ပါတယ္။

ေမး – ယာဥ္ပိုင္ရွင္အေနနဲ႔ အႀကီးစားျပင္ဆင္မႈ ျပဳလုပ္ဖို႔ ဘယ္လို ေဆာင္႐ြက္ႏိုင္ပါသလဲ ဆရာ။

ေျဖ – ယာဥ္မေတာ္တဆမႈေၾကာင့္ေသာ္လည္းေကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေသာ္လည္းေကာင္း က်ေတာ္တို႔က ယာဥ္ကို အႀကီးစားျပဳျပင္မႈဆိုရင္ သက္ဆိုင္ရာခ႐ိုင္႐ုံးေတြမွာ ျပင္ဆင္ခြင့္ျပဳပါရန္ ဆိုၿပီး လာေရာက္ ေလွ်ာက္ထားရမွာပဲျဖစ္ပါတယ္။ လာေရာက္ ေလွ်ာက္ထားတဲ့ေနရာမွာလည္း ကားယူလာဖို႔လိုပါ တယ္။ အဲ့တာကေတာ့ ဘာကိုျပင္ဆင္မွာလည္းဆိုတာကို မွတ္တမ္းမွတ္ရာ ယူဖို႔ပဲျဖစ္ပါတယ္။ ၿပီးတဲ့အခါမွ ႀကိဳတင္ျပင္ဆင္ခြင့္ တစ္လအတြင္းမွာ ယာဥ္ကို ျပင္ဆင္ပါဆိုၿပီး ခြင့္ျပဳေပးပါတယ္။ တစ္လအတြင္း ျပင္ဆင္ၿပီး ေတာ့ သက္ဆိုင္ရာ ခ႐ိုင္႐ုံးကို လာေရာက္စစ္ေဆးခံရမွာပဲ ျဖစ္ပါတယ္။

ေမး – ယာဥ္သက္တမ္းတိုးတဲ့အခါမွာ ဘယ္လို ယာဥ္အစိတ္အပိုင္းေတြကို ခြၽင္းခ်က္အေနနဲ႔ ခြင့္ျပဳႏိုင္ပါသလဲ။

ေျဖ -ယာဥ္ထုတ္လုပ္တဲ့ ခုႏွစ္ ႏွစ္ (၂၀) ေက်ာ္တဲ့ ယာဥ္ေတြမွာ သက္တမ္းၾကာျမင့္၍ ေသာ္လည္းေကာင္း၊ ထိခိုက္မိ၍ေသာ္လည္းေကာင္း၊ ပ်က္စီးသြားတဲ့ Shell ၊ မီးႀကီး စတဲ့ ယာဥ္ရဲ႕ အစိတ္အပိုင္းေတြကို ရွာေဖြရခက္ခဲတဲ့အတြက္ ခုႏွစ္ပုံစံ ကြာဟလြန္းျခင္းမရွိတဲ့ အစိတ္အပိုင္ အစားထိုး တပ္ဆင္ျခင္းကို ယာဥ္စစ္ေဆးခ်က္ပုံစံမွာ မွတ္ခ်က္ျပဳၿပီး မွတ္တမ္းအျဖစ္ထားရွိကာ ခြင့္ျပဳေပးပါတယ္။ ထုတ္လုပ္တဲ့ ခုႏွစ္ အႏွစ္ (၂၀) အတြင္း ယာဥ္ေတြကိုေတာ့ အစားထိုးပစၥည္းရွာေဖြရန္ အခက္အခဲမရွိႏိုင္ပါ။ တန္ဖိုးျမႇင့္ ေရာင္းခ်လိုတဲ့ သေဘာနဲ႔ ေမာ္ဒယ္ျမင့္ Shell ၊ မီးႀကီးမ်ား ေျပာင္းလဲ တပ္ဆင္ျခင္းကိုေတာ့ ခြင့္မျပဳပါဘူး။

ေမး – ရန္ကုန္တိုင္းမွာရွိတဲ့ ေမာ္ေတာ္ယာဥ္ ပိုင္ရွင္ေတြကို အႀကံျပဳစကားေလး ေျပာေပးပါဦး ဆရာ။

ေျဖ – ရန္ကုန္တိုင္းေဒသႀကီးမွာ ယာဥ္အေရအတြက္ အရမ္းမ်ားတဲ့အတြက္ေၾကာင့္ လုပ္ငန္းပမာဏ မ်ားပါတယ္။ ကားမ်ားရင္ သက္တမ္းတိုးေဆာင္႐ြက္တဲ့ေနရမွာ အဆင္မေျပျဖစ္တာမ်ိဳးေတြ ရွိပါတယ္။ ကားကို လကုန္ခံနီးမွ မတိုးပဲနဲ႔ လဆန္းေလာက္ျဖစ္ျဖစ္၊ လလယ္ပိုင္းေလာက္ျဖစ္ျဖစ္သက္တမ္းတိုးျခင္းကို ေဆာင္႐ြက္ ရင္ ယာဥ္ပိုင္ရွင္ေတြအေနနဲ႔ ေစာင့္ရဆိုင္းရ သက္သာတာေပါ့။ တကယ္လို႔ လကုန္ပိုင္းဆိုရင္ေတာ့ ကားေတြ စုၿပဳံလာၾကတဲ့အတြက္ ေစာင့္ရတာမ်ိဳးက ႀကဳံႏိုင္ပါတယ္။ အခု က်ေတာ္တို႔ က.ည.နအေနနဲ႔က လုပ္ငန္းစဥ္ ေတာ္ေတာ္မ်ားမ်ားကိုလည္း ေျဖေလွ်ာ့ေပးထားၿပီးပါၿပီ။ မွတ္ပုံတင္ေတာင္းတာမွာလည္း ယာဥ္သက္ေသခံ မွတ္ပုံတင္စာအုပ္ ေပ်ာက္တာရယ္။ ကမ-၃ ေပ်ာက္တာရယ္။ ေဖာင္းႂကြနံပါတ္ျပား ႏွစ္ခ်ပ္ေပ်ာက္တာရယ္ကိုပဲ ေတာင္းပါတယ္။ က်န္တဲ့အခ်ိန္မွာ မည္သူမဆို လာေရာက္ ေဆာင္႐ြက္ခြင့္ေပးထားပါတယ္။ ဒါ့ေၾကာင့္မို႔ လာေရာက္ ေဆာင္႐ြက္တဲ့ အခ်ိန္မွာ အေနာက္ပိုင္းခ႐ိုင္႐ုံးကို ဝင္တဲ့အေပါက္မွာ ပြဲစားအားမကိုးဖို႔ရယ္။ ကိုယ္တိုင္ေဆာင္႐ြက္ႏိုင္ေအာင္ ကုန္က်စရိတ္ေတြနဲ႔ ေဆာင္႐ြက္ပုံအဆင့္ဆင့္ကို ႐ိုက္ႏွိပ္ထားတဲ့ စာ႐ြက္အဝါေလးေတြ ေဝေပးေနပါတယ္။ ေနာက္ၿပီးေတာ့လည္း ခ႐ိုင္႐ုံးတစ္ခုလုံးမွာလည္း ကုန္က်စရိတ္ေတြကို တြက္ေပးထားတဲ့ ဗီႏိုင္းေတြ ကပ္ေပးထားပါတယ္။ ရင္ဘတ္မွာ တံဆပ္ေတြ ကပ္ထားတဲ့ က.ည.နဝန္ထမ္းေတြရွိပါတယ္။ သူတို႔ကိုလည္း လုပ္ငန္းစဥ္နားမလည္ရင္ ေမးျမန္းစုံစမ္းႏိုင္ပါတယ္။ အဲ့လို ေဆာင္႐ြက္ေပးထားတဲ့ၾကားက ပြဲစားနဲ႔ လုပ္ကိုင္ေဆာင္႐ြက္မိလို႔ တစ္စုံတစ္ရာေသာ ျပႆနာမ်ား ျဖစ္ေပၚလာရင္ ဌာနအေနနဲ႔ ပါဝင္ပတ္သက္ေပးမွာ မဟုတ္ပါဘူး။ ဒီမွာက ပြဲစားမလာနဲ႔လို႔လည္း ေျပာလို႔ရတာမ်ိဳးမဟုတ္ပါဘူး။ ပြဲစားနဲ႔ လုပ္ကိုင္ေဆာင္႐ြက္ တာထက္ ကိုယ္တိုင္လုပ္ကိုင္ေဆာင္႐ြက္တာက ပိုၿပီးတိက်ျမန္ဆန္ပါတယ္။ က်ေတာ္တို႔မွာ ယာဥ္မွတ္ပုံတင္ထားသူ ကိုယ္တိုင္ လာေရာက္ ေဆာင္႐ြက္ရင္ ပိုၿပီး ျမန္ဆန္ေအာင္ လုပ္ေပးႏိုင္ဖို႔အတြက္ ပိုင္ရွင္ကိုယ္တိုင္ ဌာနစိတ္ဆိုၿပီး ရွိပါတယ္။ အဲ့ေနရာမွာ ယာဥ္ မွတ္ပုံတင္ လုပ္ငန္းကို တစ္ခါတည္း ၿပီးေအာင္ လုပ္ေပးပါတယ္။ ယာဥ္မွတ္ပုံတင္ထားသူ မဟုတ္တဲ့ ကိုယ္စားလွယ္ေတြ အေနနဲ႔ကေတာ့ ယာဥ္စစ္အေဆာက္အအုံမွာ ယာဥ္စစ္ေဆးရပါ့မယ္။ ယာဥ္စစ္ေဆးၿပီးပါက သက္ဆိုင္ရာ အကၡရာစိတ္မွာ ေငြတြက္ၿပီး ေငြသြင္းရပါ့မယ္။ဘီးခြန္ေဆာင္ရပါမယ္။ ၿပီးရင္ေတာ့ အဝိုင္းထုတ္ယူႏိုင္ပါၿပီ။

ယာဥ္လိုင္စင္ကို ရက္ေပါင္းကိုးဆယ္ ႀကိဳတိုးလို႔ ရတဲ့အတြက္ေၾကာင့္ သက္တမ္း ကုန္ရက္နီးမွ မဟုတ္ဘဲ အဆင္ေျပႏိုင္တဲ့ ရက္ေတြမွာ လာေရာက္ၿပီး သက္တမ္းတိုးေဆာင္႐ြက္ဖို႔ အႀကံျပဳလိုပါတယ္။

ေနာက္တစ္ခ်က္ အႀကံျပဳလိုတာက မိမိကိုယ္တိုင္ေဆာင္႐ြက္ပါက ခက္ခဲမႈ မရွိတဲ့အတြက္ေၾကာင့္ ပြဲစားျဖင့္ မလုပ္ဖို႔ တိုက္တြန္းေျပာၾကားခ်င္ပါတယ္။

Credit – iCar Team, iCar.com.mm

Via – ကားခ်စ္သူ

(Unicode)

ယာဉ်လိုင်စင် အကြောင်း စုံစုံလင်လင် အမေး/ အဖြေများ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း )

မေး – ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းကို ဘယ်လောက်ကြိုပြီး ဆောင်ရွက်နိုင်ပါသလဲ။

ဖြေ – ယာဉ်သက်တမ်းတိုးတာကို ကျတော်တို့က ရက်ပေါင်းကိုးဆယ် ကြိုပြီးတော့ သက်တမ်းတိုးခွင့်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် သက်တမ်းကုန်ဆုံးလမှာ ယာဉ်ပိုင်ရှင်အနေနဲ့ ကိစ္စကြီးငယ်ကြောင့် မအားမလပ်တာမျိုးရှိခဲ့ရင် သက်တမ်းကုန်ဆုံးလမှာ ခရီးထွက်နေတာကြောင့် အချိန်မှီမရောက်နိုင်တာမျိုးရှိခဲ့ရင် အဆင်ပြေအောင်လို့ ရက်ကိုးဆယ် ကြိုတင်သက်တမ်းတိုးခွင့် ပေးတာပဲဖြစ်ပါတယ်။ တိုးပေးထားတဲ့ အကြောင်းအရာကိုလည်း ယာဉ်ပိုင်ရှင်တွေ အလွယ်တကူ သိရှိစေရန် ယာဉ်မှတ်ပုံတင်စာအုပ်ဖြစ်တဲ့ ကမ-၃ စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာ စာပိုဒ်နံပါတ် ၆ မှာ ဖော်ပြပေးထားပါတယ်။

မေး – ယာဉ်လိုင်စင် သက်တမ်းကျော်သွားရင် လိုင်စင်သက်တမ်းတိုးဖို့ ဘယ်လိုဆောင်ရွက်ပေးပါသလဲ။

ဖြေ – ယာဉ်လိုင်စင်အနေနဲ့ ကုန်ဆုံးသက်တမ်း တစ်ဆက်တည်း ငါးနှစ်မကျော်သေးရင် သက်တမ်းတိုးခအပါအဝင် ဒဏ်ကြေး ငါးဆယ်ရာခိုင်နှုန်း ကောက်ခံပြီး သက်တမ်းတိုးပေးပါတယ်။ ဆိုလိုတာက ကားတစ်စီးက တစ်နှစ်ကို သက်တမ်းတိုးကြေး တစ်သောင်းခွဲဆိုရင် သက်တမ်းကျော်ပါက ဒဏ်ကြေးငါးဆယ်ရာခိုင်နှုန်းဖြစ်တာကြောင့် ခုနှစ်ထောင့်ငါးရာ ထပ်တိုးပေးဆောင်ရမှာပဲဖြစ်ပါတယ်။

မေး – ငါးနှစ်ကျော်သွားတဲ့ ယာဉ်လိုင်စင်တွေကို ဘယ်လို ဆက်လက်ဆောင်ရွက်ပါသလဲ။

ဖြေ – ယာဉ်လိုင်စင်သက်တမ်း တစ်ဆက်တည်း ငါးနှစ်ကျော်လွန်သွားရင်တော့ ကျတော်တို့က အဲ့ကားကို မှတ်ပုံတင် ဖျက်သိမ်းစာရင်းထဲ ထည့်လိုက်ပါတယ်။ အဲ့တာနဲ့ ပတ်သက်လို့လည်း ကမ-၃ စာအုပ်ရဲ့ စာပိုဒ်နံပါတ် ၅မှာ မှတ်ပုံတင် အသစ်လဲလှယ်ရန် ပျက်ကွက်နေသည့် တစ်ဆက်တည်း ၅ နှစ်ဖြစ်လျှင် အဆိုပါ ယာဉ်၏ မှတ်ပုံတင်ခြင်းသည် အလိုလျောက် ပျက်ပြယ်သည် ဆိုပြီး ဖော်ပြပေးထားပါတယ်။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ အလွယ်တကူ ကြည့်နိုင်ပါတယ်။ နောက်ပြီးတော့ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၁၈ စာပိုဒ် ဂ မှာလည်း ပြဌာန်းထားပါတယ်။

မေး – ယာဉ်ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံးပြန်လျှောက်ရင် ဘယ်လိုဆောင်ရွက်ရပါသလဲ ဆရာ။အသေးစိတ် ရှင်းပြပေးပါဦး။

ဖြေ – မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြား ပျောက်တာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက တစ်ချပ်ပျောက်တာ၊ နောက်တစ်မျိုးက နှစ်ချပ်လုံးပျောက်တာပါ။

  • အင်္ဂလိပ် ဖောင်းကြွနံပါတ်ပြား တစ်ချပ်ပျောက်လို့ လျှောက်ထားရင် လာရောက် ဆောင်ရွက်သူရဲ့ မှတ်ပုံတင်တောင်းပါတယ်။ ရဲစခန်းထောက်ခံချက် တောင်းပါတယ်။ ပြီးတော့ ယာဉ်စစ်ဆေးခိုင်းပါတယ်။ ယာဉ်စစ်ပြီးပါက သတင်းစာကြော်ငြာထည့်ပြီး နံပါတ်ပြား ထုတ်ပေးပါတယ်။
  • အင်္ဂလိပ် ဖောင်းကြွနံပါတ်ပြား နှစ်ချပ်ပျောက်ခဲ့ရင် ကျတော်တို့က ယာဉ်မှတ်ပုံတင်ထားသူရဲ့ မှတ်ပုံတင်မူရင်းကို တောင်းပါတယ်။ ယာဉ်ပိုင်ရှင် မှတ်ပုံတင်မူရင်း မတင်ပြနိုင်ရင် ကျတော်တို့က အဲ့နံပါတ်ပြားလျှောက်ထားခြင်းကို ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး၊ ငြင်းပယ်မှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်ကတော့ နံပါတ်ပြား တစ်ချပ်ပျောက်တာနဲ့ အတူတူပါပဲ။ ရဲစခန်းထောက်ခံစာလိုမယ်။ယာဉ်စစ်ရမယ်။ ယာဉ်ပိုင်ရှင် မှတ်ပုံတင်မူရင်း တောင်းရတာကလည်း ကျတော်တို့က မလိုအပ်ပဲ လာလာလျှောက်နေတာကို ထိန်းချုပ်နိုင်အောင်ရယ် နောက်တစ်ခုက နံပါတ်ပြားတွေကို ပွားယူအသုံးပြုနေမှာ စိုးတဲ့အတွက်ကြောင့် အခုလို ကန့်သတ်ရတာပဲဖြစ်ပါတယ်။

မေး – ဝှီးတက် ပျောက်ဆုံးမှုအတွက် ပြန်လျှောက်ဖို့ ဘာတွေလိုအပ်မလဲ ဆရာ။

ဖြေ – ယာဉ်သက်သေခံ လက်မှတ်(အရပ်ခေါ် ဝှီးတက်ပေါ့) အပျောက်လျှောက်ရင် ကျတော်တို့က ယာဉ်မှတ်ပုံတင်ထားသူရဲ့ မှတ်ပုံတင်မူရင်းကို တောင်းပါတယ်။ မှတ်ပုံတင် မူရင်းတင် ပြပြီးတော့လျှောက်ထားရပါတယ်။ မိတ္တူနဲ့ မရပါဘူး။ ယာဉ်မှတ်ပုံတင်ထားသူကိုယ်တိုင် ဝှီးတက်(အဝိုင်း) ပျောက်ပါတယ်ဆိုပြီး လျှောက်တယ်ဆိုတဲ့ သဘောသက်ရောက်အောင် မှတ်ပုံတင်တောင်းခြင်းပဲ ဖြစ်ပါတယ်။ ပိုင်ရှင်ကိုယ်တိုင် လာရောက်ရန်မလိုဘဲ ကိုယ်စားလှယ်နဲ့လည်း ဆောင်ရွက်နိုင်ပါတယ်။ ယာဉ်စစ်ရပါတယ်။ ယာဉ်စစ်တဲ့အခါ မှတ်ပုံတင်ထားတဲ့ မှတ်တမ်း၊ အကြောင်းအရာ တူညီတယ်ဆိုရင် ပြီးတော့ ယာဉ်ထိန်းကနေ ပြစ်မှုဖြင့် သိမ်း ဆည်းထားခြင်း မရှိပါဆိုတဲ့ ထောက်ခံချက်ပါမှ ဝှီးတက်ကို ပြန်ထုတ်ပေးမှာပဲ ဖြစ်ပါတယ်။

မေး – ယာဉ်မှတ်ပုံတင် စာအုပ် ကမ-၃ ပျောက်ရင် ဘယ်လိုမျိုးဆောင်ရွက်ပြီး ပြန်လည် လျှောက်ထား နိုင်မလဲ ခင်ဗျာ။

ဖြေ – ကမ-၃ ယာဉ်မှတ်ပုံတင်စာအုပ် ပျောက်တယ်ဆိုရင်တော့ဖြင့် ပြန်လျှောက်လိုသူတွေအနေနဲ့ ဆောင်ရွက်တဲ့အခါ မှာ နှစ်ခါလာရောက် ဆောင်ရွက်ရပါတယ်။ ပထမတစ်ခါက ပျောက်တာကို ပြန်လျှောက်တဲ့ အတွက်ရယ်၊ ဒုတိယ တစ်ခေါက်က စာအုပ်ထုတ်ယူဖို့ အတွက်ရယ် လာရပါတယ်။ အဲ့ထဲမှာမှ ယာဉ်အမည်ပေါက် သူ(ယာဉ်ပိုင်ရှင်ပေါ့) ကိုယ်တိုင် တစ်ကြိမ်တော့ အနည်ဆုံး လာရောက် ဆောင်ရွက်ရပါမယ်။ ဆိုလိုတာက ယာဉ်ပိုင်ရှင်အနေနဲ့ လာလျှောက်တဲ့အချိန်ဖြစ်ဖြစ်၊ လာထုတ်တဲ့ အချိန်ဖြစ်ဖြစ် တစ်ကြိမ်တော့ လာရောက် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း ယာဉ်မှတ်ပုံတင်ထားတဲ့ မှတ်ပုံတင်မူရင်း လိုအပ်ပါတယ်။ တကယ်လို့ ဇနီးမောင်းနှံဆိုပေမဲ့ လာလုပ်တဲ့သူက ယာဉ်ပိုင်ရှင်ရဲ့ ခင်ပွန်းဖြစ်နေရင်တောင်မှ ယာဉ်ပိုင်ရှင်ကိုယ်တိုင် မလာတဲ့အတွက် ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။ ယာဉ်ပိုင်ရှင်ကိုယ်တိုင် တစ်ကြိမ် လိုက်ပါဆောင်ရွက်မှပဲ ရမှာပါ။မှတ်ပုံတင်မူရင်းနဲ့ ယာဉ်ပိုင်ရှင် ကိုယ်တိုင်လာရောက် လျှောက်ထားရင် အဲ့တာကို ကျတော်တို့က တားစာရင်းရှိ၊ မရှိကို စိစစ်ပါတယ်။ မရှိဘူး ဆိုရင် ယာဉ်စစ်ပါတယ်။ ယာဉ်စစ်ပြီးတော့ သတင်းစာကြော်ငြာဖို့ ဆောင်ရွက်ပေးပါတယ်။ သတင်းစာမှာ ထည့်သွင်းကြော်ငြာလို့ ကန့်ကွက်မယ့်သူမရှိရင် ကျတော်တို့က ရက်ပေါင်းသုံးဆယ်ပြည့်ရင် ကမ-၃ ကို ထုတ်ပေးပါတယ်။ ဒါက ယာဉ်မှတ်ပုံတင်ထားသူကိုယ်တိုင် လာရောက်ဆောင်ရွက်တာပါ။ တကယ်လို့ ယာဉ်မှတ်ပုံတင်ထားသူ မဟုတ်ရင်တော့ ကျတော်တို့က အမည်ပြောင်းဖို့ လိုအပ်ရင် ရက်ပေါင်း သုံးဆယ်ပြည့်တဲ့အခါမှာ ကျတော်တို့က ပြည်တွင်းအခွန်မှာ အခွန်ဆောင်ဖို့အတွက် အခွန်စိမ်းရအောင် ယာဉ်နဲ့ဆိုင်တဲ့ အချက်အလက်တွေကို တရားဝင်စာနဲ့ ရေးသားပြီးတော့ ပြည်တွင်းအခွန်ကို ပို့ပေးပါတယ်။ အခွန်စိမ်းပုံစံ ရလာတဲ့အချိန်မှာ နာမည်ပြောင်းပြီး ဆောင်ရွက်ပေးပါတယ်။

မေး – သက်တမ်းလွန်ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူတွေ ယာဉ်မောင်းလိုင်စင်ရဖို့ ဘယ်လို ဆောင်ရွက် နိုင်ပါသလဲ။

ဖြေ – ယာဉ်မောင်းလိုင်စင် သက်တမ်း ငါးနှစ်တစ်ဆက်တည်း မပြတ်ဘူးဆိုရင်တော့ ကျတော်တို့က ဒဏ်ကြေးကောက်ခံပြီး သက်တမ်းတိုး ဆောင်ရွက်ပေးပါတယ်။ ငါးနှစ် တစ်ဆက်တည်း သက်တမ်း ပြတ်သွားရင်တော့ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူဟာ ယာဉ်စည်းကမ်း၊ ပြန်လည် ဖြေဆိုပြီးတော့ အောင်မြင်မှ သက်တမ်းတိုးဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

မေး – ယာဉ်မှန်၊ မမှန်စစ်ဖို့ ဘာလို့ဆောင်ရွက်သင့်ပါသလဲ။

ဖြေ – တစ်ချို့ ယာဉ်ကိုဝယ်ပြီးတော့မှ ယာဉ်မှန်၊ မမှန် လာစစ်တတ်ကြတယ်။ တကယ်ဖြစ်ရမှာကယာဉ်မဝယ်ခင် တည်းက လာပြီး မှန်၊ မမှန် လာစစ်သင့်တာပါ။ ယာဉ် မှန်၊ မမှန်စစ်ရင် လာရောက်ဆောင်ရွက်သူရဲ့ မှတ်ပုံတင်၊ ယာဉ်မှတ်ပုံတင်ကမ-၃ စာအုပ်၊ အဝိုင်း(ဝှီးတက်) နဲ့ ယာဉ်လိုအပ်ပါတယ်။ ဒီနေရာမှာ တစ်ချို့က ယာဉ်မှန်၊ မမှန်စစ်တယ်ဆိုပေမဲ့ စာအုပ်နဲ့ အဝိုင်းကိုပဲ လာစစ်တတ် ကြပါတယ်။ အမှန်တကယ်က စာအုပ်၊ ဝှီးတက်အပြင် ယာဉ်ကိုပါ တစ်ပါတည်း စစ်မှ ယာဉ်မှန်၊ မမှန်ကို သိနိုင်မှာပါ။ စာအုပ်နဲ့ ဝှီးတက်မှန်ပေမဲ့၊ ကားမမှန်ဘူးဆိုရင် မှန်တယ်လို့ ပြောလို့ မရပါဘူး။ အဲ့အတွက် ယာဉ်မှန်၊ မမှန် စစ်မယ်ဆိုရင် စာအုပ်ရယ်၊ ဝှီးတက်ရယ်၊ ကားရယ်ပြည့်စုံမှ လာရောက် စစ်ဖို့ ပြောချင်ပါတယ်။ စစ်တဲ့နေရာမှာလည်း ယာဉ်မစစ်ခင် ပိုင်ရှင်ကို ယာဉ်မမှန်ဘူးဆိုရင် ယာဉ်မှတ်ပုံတင်စာအုပ်ရယ်၊ ကားရယ်ကို သိမ်းပြီး တရားဆွဲဆိုခြင်းကို ခံရမည်ဆိုပြီးတော့ သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းပါတယ်။ ပြီးမှ ယာဉ်စစ်ဆေးခ ငါးထောင် ကောက်ခံပြီး ယာဉ်စစ်ပါတယ်။

မေး – ယာဉ်ပိုင်ရှင်အနေနဲ့ အကြီးစားပြင်ဆင်မှု ပြုလုပ်ဖို့ ဘယ်လို ဆောင်ရွက်နိုင်ပါသလဲ ဆရာ။

ဖြေ – ယာဉ်မတော်တဆမှုကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း ကျတော်တို့က ယာဉ်ကို အကြီးစားပြုပြင်မှုဆိုရင် သက်ဆိုင်ရာခရိုင်ရုံးတွေမှာ ပြင်ဆင်ခွင့်ပြုပါရန် ဆိုပြီး လာရောက် လျှောက်ထားရမှာပဲဖြစ်ပါတယ်။ လာရောက် လျှောက်ထားတဲ့နေရာမှာလည်း ကားယူလာဖို့လိုပါ တယ်။ အဲ့တာကတော့ ဘာကိုပြင်ဆင်မှာလည်းဆိုတာကို မှတ်တမ်းမှတ်ရာ ယူဖို့ပဲဖြစ်ပါတယ်။ ပြီးတဲ့အခါမှ ကြိုတင်ပြင်ဆင်ခွင့် တစ်လအတွင်းမှာ ယာဉ်ကို ပြင်ဆင်ပါဆိုပြီး ခွင့်ပြုပေးပါတယ်။ တစ်လအတွင်း ပြင်ဆင်ပြီး တော့ သက်ဆိုင်ရာ ခရိုင်ရုံးကို လာရောက်စစ်ဆေးခံရမှာပဲ ဖြစ်ပါတယ်။

မေး – ယာဉ်သက်တမ်းတိုးတဲ့အခါမှာ ဘယ်လို ယာဉ်အစိတ်အပိုင်းတွေကို ချွင်းချက်အနေနဲ့ ခွင့်ပြုနိုင်ပါသလဲ။

ဖြေ -ယာဉ်ထုတ်လုပ်တဲ့ ခုနှစ် နှစ် (၂၀) ကျော်တဲ့ ယာဉ်တွေမှာ သက်တမ်းကြာမြင့်၍ သော်လည်းကောင်း၊ ထိခိုက်မိ၍သော်လည်းကောင်း၊ ပျက်စီးသွားတဲ့ Shell ၊ မီးကြီး စတဲ့ ယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေရခက်ခဲတဲ့အတွက် ခုနှစ်ပုံစံ ကွာဟလွန်းခြင်းမရှိတဲ့ အစိတ်အပိုင် အစားထိုး တပ်ဆင်ခြင်းကို ယာဉ်စစ်ဆေးချက်ပုံစံမှာ မှတ်ချက်ပြုပြီး မှတ်တမ်းအဖြစ်ထားရှိကာ ခွင့်ပြုပေးပါတယ်။ ထုတ်လုပ်တဲ့ ခုနှစ် အနှစ် (၂၀) အတွင်း ယာဉ်တွေကိုတော့ အစားထိုးပစ္စည်းရှာဖွေရန် အခက်အခဲမရှိနိုင်ပါ။ တန်ဖိုးမြှင့် ရောင်းချလိုတဲ့ သဘောနဲ့ မော်ဒယ်မြင့် Shell ၊ မီးကြီးများ ပြောင်းလဲ တပ်ဆင်ခြင်းကိုတော့ ခွင့်မပြုပါဘူး။

မေး – ရန်ကုန်တိုင်းမှာရှိတဲ့ မော်တော်ယာဉ် ပိုင်ရှင်တွေကို အကြံပြုစကားလေး ပြောပေးပါဦး ဆရာ။

ဖြေ – ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်အရေအတွက် အရမ်းများတဲ့အတွက်ကြောင့် လုပ်ငန်းပမာဏ များပါတယ်။ ကားများရင် သက်တမ်းတိုးဆောင်ရွက်တဲ့နေရမှာ အဆင်မပြေဖြစ်တာမျိုးတွေ ရှိပါတယ်။ ကားကို လကုန်ခံနီးမှ မတိုးပဲနဲ့ လဆန်းလောက်ဖြစ်ဖြစ်၊ လလယ်ပိုင်းလောက်ဖြစ်ဖြစ်သက်တမ်းတိုးခြင်းကို ဆောင်ရွက် ရင် ယာဉ်ပိုင်ရှင်တွေအနေနဲ့ စောင့်ရဆိုင်းရ သက်သာတာပေါ့။
တကယ်လို့ လကုန်ပိုင်းဆိုရင်တော့ ကားတွေ စုပြုံလာကြတဲ့အတွက် စောင့်ရတာမျိုးက ကြုံနိုင်ပါတယ်။ အခု ကျတော်တို့ က.ည.နအနေနဲ့က လုပ်ငန်းစဉ် တော်တော်များများကိုလည်း ဖြေလျှော့ပေးထားပြီးပါပြီ။ မှတ်ပုံတင်တောင်းတာမှာလည်း ယာဉ်သက်သေခံ မှတ်ပုံတင်စာအုပ် ပျောက်တာရယ်။
ကမ-၃ ပျောက်တာရယ်။ ဖောင်းကြွနံပါတ်ပြား နှစ်ချပ်ပျောက်တာရယ်ကိုပဲ တောင်းပါတယ်။ ကျန်တဲ့အချိန်မှာ မည်သူမဆို လာရောက် ဆောင်ရွက်ခွင့်ပေးထားပါတယ်။ ဒါ့ကြောင့်မို့ လာရောက် ဆောင်ရွက်တဲ့ အချိန်မှာ အနောက်ပိုင်းခရိုင်ရုံးကို ဝင်တဲ့အပေါက်မှာ ပွဲစားအားမကိုးဖို့ရယ်။ ကိုယ်တိုင်ဆောင်ရွက်နိုင်အောင် ကုန်ကျစရိတ်တွေနဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရိုက်နှိပ်ထားတဲ့ စာရွက်အဝါလေးတွေ ဝေပေးနေပါတယ်။ နောက်ပြီးတော့လည်း ခရိုင်ရုံးတစ်ခုလုံးမှာလည်း ကုန်ကျစရိတ်တွေကို တွက်ပေးထားတဲ့ ဗီနိုင်းတွေ ကပ်ပေးထားပါတယ်။ ရင်ဘတ်မှာ တံဆပ်တွေ ကပ်ထားတဲ့ က.ည.နဝန်ထမ်းတွေရှိပါတယ်။ သူတို့ကိုလည်း လုပ်ငန်းစဉ်နားမလည်ရင် မေးမြန်းစုံစမ်းနိုင်ပါတယ်။ အဲ့လို ဆောင်ရွက်ပေးထားတဲ့ကြားက ပွဲစားနဲ့ လုပ်ကိုင်ဆောင်ရွက်မိလို့ တစ်စုံတစ်ရာသော ပြဿနာများ ဖြစ်ပေါ်လာရင် ဌာနအနေနဲ့ ပါဝင်ပတ်သက်ပေးမှာ မဟုတ်ပါဘူး။ ဒီမှာက ပွဲစားမလာနဲ့လို့လည်း ပြောလို့ရတာမျိုးမဟုတ်ပါဘူး။ ပွဲစားနဲ့ လုပ်ကိုင်ဆောင်ရွက် တာထက် ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်တာက ပိုပြီးတိကျမြန်ဆန်ပါတယ်။ ကျတော်တို့မှာ ယာဉ်မှတ်ပုံတင်ထားသူ ကိုယ်တိုင် လာရောက် ဆောင်ရွက်ရင် ပိုပြီး မြန်ဆန်အောင် လုပ်ပေးနိုင်ဖို့အတွက် ပိုင်ရှင်ကိုယ်တိုင် ဌာနစိတ်ဆိုပြီး ရှိပါတယ်။ အဲ့နေရာမှာ ယာဉ် မှတ်ပုံတင် လုပ်ငန်းကို တစ်ခါတည်း ပြီးအောင် လုပ်ပေးပါတယ်။ ယာဉ်မှတ်ပုံတင်ထားသူ မဟုတ်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ ယာဉ်စစ်အဆောက်အအုံမှာ ယာဉ်စစ်ဆေးရပါ့မယ်။ ယာဉ်စစ်ဆေးပြီးပါက သက်ဆိုင်ရာ အက္ခရာစိတ်မှာ ငွေတွက်ပြီး ငွေသွင်းရပါ့မယ်။ဘီးခွန်ဆောင်ရပါမယ်။ ပြီးရင်တော့ အဝိုင်းထုတ်ယူနိုင်ပါပြီ။

ယာဉ်လိုင်စင်ကို ရက်ပေါင်းကိုးဆယ် ကြိုတိုးလို့ ရတဲ့အတွက်ကြောင့် သက်တမ်း ကုန်ရက်နီးမှ မဟုတ်ဘဲ အဆင်ပြေနိုင်တဲ့ ရက်တွေမှာ လာရောက်ပြီး သက်တမ်းတိုးဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်။

နောက်တစ်ချက် အကြံပြုလိုတာက မိမိကိုယ်တိုင်ဆောင်ရွက်ပါက ခက်ခဲမှု မရှိတဲ့အတွက်ကြောင့် ပွဲစားဖြင့် မလုပ်ဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။

Credit – iCar Team, iCar.com.mm

Via – ကားချစ်သူ

Leave a Reply

Your email address will not be published. Required fields are marked *