ဗဟုတုသ

ဓာတုေဆးမပါ၊ ေဘးကင္းတဲ့ ေဆးဘဲဥ ကိုယ္တိုင္ျပဳလုပ္နည္း

(Zawgyi)

ေဆးဘဲဥႀကိဳက္သူမ်ားအတြက္ ေဘးကင္းတဲ့ ေဆးဘဲဥ ကိုယ္တိုင္ျပဳလုပ္နည္း

ေဆးဘဲဥကို”Century egg”ဟု အမည္ေပးထားၿပီး တနည္းအားျဖင့္ Thousand -year-egg”ဟူ၍လည္း ေခၚေဝၚၾကပါတယ္။ တ႐ုတ္႐ိုးရာအစားအစာျဖစ္ၿပီး ေရွးေခတ္တ႐ုတ္လူမ်ိဳးေတြဟာ ေဆးဘဲဥကို ေသခ်ာျပဳလုပ္ၿပီး ႏွစ္ေပါင္းရာခ်ီ ေထာင္ခ်ီၾကာမွ ခ်က္ျပဳပ္စားသုံးၾကပါတယ္။ ယေန႔ေခတ္ကာလမွာေတာ့ တစ္လခန႔္ ၾကာ႐ုံမွ် ထားရွိၿပီး ခ်က္ျပဳပ္ စားသုံးၾကပါတယ္။

ပါဝင္သည့္ ပစၥည္းမ်ားကေတာ့

(၁) ႐ြံေစး

(၂) ဆား

(၃) ထုံးမႈန႔္

(၄) ထင္းမီးျပာ

ဤ (၄)မ်ိဳးကို ေရာစပ္ၿပီး ေသခ်ာႏွံ႔စပ္ေအာင္ နယ္၍ ဘဲဥကိုယ္ေပၚသို႔ အနည္းငယ္ထူေအာင္ သုတ္လိမ္းၿပီးပါက ဖြဲၾကမ္းခြံ(သို႔) စပါးခြံျဖင့္ အေပၚယံမွ ထပ္ဆင့္ဖုံးအုပ္ေပးပါ။

အားလုံးၿပီးစီးသြားပါက ျခင္းေတာင္းထဲသို႔ ေသခ်ာစီထည့္ၿပီး ေျခာက္ေသြ႕သန႔္ရွင္းေသာေနရာ၌ (၄)ပတ္မွ (၅)ပတ္ေလာက္ၾကာေအာင္ ထားရွိၿပီးမွ ခ်က္ျပဳတ္စားသုံႏိုင္ပါသည္။

ေဆးဘဲဥဟာ vitamin A and B ,B12ဓာတ္ ပါရွိၿပီး စားသုံးေပးျခင္းျဖင့္ ေသြးေပါင္က်ဆင္းသူမ်ား ေသြးေပါင္ခ်ိန္မွန္ကန္မႈ႕ရရွိျခင္း၊ ေခ်ာင္းဆိုးေသြးပါ၊ ပန္းနာ ရင္ၾကပ္၊ အဆုတ္ေရာဂါႏွင့္ တီဘီေရာဂါေပ်ာက္ကင္းသက္သာေစျခင္း၊ အသည္း အားေကာင္းေစျခင္းႏွင့္ အစာစားခ်င္စိတ္ ပ်က္ျပားေနေသာ လူနာမ်ား အစား စားခ်င္စိတ္ ျဖစ္ေပၚလာေစၿပီး မ်ားစြာေသာအားအင္မ်ား တိုးတက္ေကာင္းမြန္လာေစမွာ ျဖစ္ပါတယ္။ ၾကက္ဥျဖင့္လည္း ဒီအတိုင္း ျပဳလုပ္လို႔ ရပါတယ္။

ေက်းဇူးတင္ပါတယ္။

Credit – Win Min Phyo(ဘဝခါးခါး)

(Unicode)

ဆေးဘဲဥကြိုက်သူများအတွက် ဘေးကင်းတဲ့ ဆေးဘဲဥ ကိုယ်တိုင်ပြုလုပ်နည်း

ဆေးဘဲဥကို”Century egg”ဟု အမည်ပေးထားပြီး တနည်းအားဖြင့် Thousand -year-egg”ဟူ၍လည်း ခေါ်ဝေါ်ကြပါတယ်။ တရုတ်ရိုးရာအစားအစာဖြစ်ပြီး ရှေးခေတ်တရုတ်လူမျိုးတွေဟာ ဆေးဘဲဥကို သေချာပြုလုပ်ပြီး နှစ်ပေါင်းရာချီ ထောင်ချီကြာမှ ချက်ပြုပ်စားသုံးကြပါတယ်။ ယနေ့ခေတ်ကာလမှာတော့ တစ်လခန့် ကြာရုံမျှ ထားရှိပြီး ချက်ပြုပ် စားသုံးကြပါတယ်။

ပါဝင်သည့် ပစ္စည်းများကတော့

(၁) ရွံစေး

(၂) ဆား

(၃) ထုံးမှုန့်

(၄) ထင်းမီးပြာ

ဤ (၄)မျိုးကို ရောစပ်ပြီး သေချာနှံ့စပ်အောင် နယ်၍ ဘဲဥကိုယ်ပေါ်သို့ အနည်းငယ်ထူအောင် သုတ်လိမ်းပြီးပါက ဖွဲကြမ်းခွံ(သို့) စပါးခွံဖြင့် အပေါ်ယံမှ ထပ်ဆင့်ဖုံးအုပ်ပေးပါ။

အားလုံးပြီးစီးသွားပါက ခြင်းတောင်းထဲသို့ သေချာစီထည့်ပြီး ခြောက်သွေ့သန့်ရှင်းသောနေရာ၌ (၄)ပတ်မှ (၅)ပတ်လောက်ကြာအောင် ထားရှိပြီးမှ ချက်ပြုတ်စားသုံနိုင်ပါသည်။

ဆေးဘဲဥဟာ vitamin A and B ,B12ဓာတ် ပါရှိပြီး စားသုံးပေးခြင်းဖြင့် သွေးပေါင်ကျဆင်းသူများ သွေးပေါင်ချိန်မှန်ကန်မှု့ရရှိခြင်း၊ ချောင်းဆိုးသွေးပါ၊ ပန်းနာ ရင်ကြပ်၊ အဆုတ်ရောဂါနှင့် တီဘီရောဂါပျောက်ကင်းသက်သာစေခြင်း၊ အသည်း အားကောင်းစေခြင်းနှင့် အစာစားချင်စိတ် ပျက်ပြားနေသော လူနာများ အစား စားချင်စိတ် ဖြစ်ပေါ်လာစေပြီး များစွာသောအားအင်များ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ကြက်ဥဖြင့်လည်း ဒီအတိုင်း ပြုလုပ်လို့ ရပါတယ်။

ကျေးဇူးတင်ပါတယ်။

Credit – Win Min Phyo(ဘဝခါးခါး)

Leave a Reply

Your email address will not be published. Required fields are marked *