ဗဟုတုသ

၀ဥ၏ က်န္းမာေရးအတြက္ အသံုးဝင္ပံု

(Zawgyi)

၀ဥ၏ က်န္းမာေရးအတြက္ အသုံးဝင္ပုံ

၁။ အစာေျခစနစ္ကို အက်ိဳးျပဳျခင္း

ဝဥရဲ႕ ေရမွာေပ်ာ္ဝင္တဲ့ အမွ်င္ဓါတ္ဟာအစာေျခစနစ္ကို အေထာက္အကူျပဳပါတယ္။ အူနဲ႔အစာအိမ္ကို အားေကာင္းေစတဲ့အတြက္ ဝမ္းခ်ဳပ္ျခင္းနဲ႔ လိပ္ေခါင္းေရာဂါတို႔အတြက္ သဘာဝ ကုထုံးအေနနဲ႔အသုံးျပဳရာမွာ ေက်ာ္ၾကားပါတယ္။

၂။ ဆီးခ်ိဳေရာဂါ ကာကြယ္ျခင္း

ဝဥမွာပါဝင္တဲ့ glucomannan ဟာ ကိုယ္တြင္းသၾကားဓါတ္ ပမာဏကိုထိမ္းညႇိရာမွာ ေကာင္းမြန္တဲ့ပစၥည္း ျဖစ္ပါတယ္။၎ဟာ ဆီးခ်ိဳ မျဖစ္ေအာင္ ကူညီကာကြယ္ေပးပါတယ္။

၃။ အဟာရဓါတ္မ်ား စုပ္ယူႏိုင္ရန္ ကူညီျခင္း

ဝဥဟာ အစာေျခစနစ္ကို အားေကာင္းေစတဲ့အတြက္ အစားအေသာက္ေတြထဲမွ အဟာရေတြ သတၳဳဓါတ္ေတြကို ေကာင္းစြာ စုပ္ယူႏိုင္ရန္ ကူညီေပးပါတယ္။

၄။ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးျခင္း

ဗက္တီးရီးယား တိုက္ဖ်က္ႏိုင္တဲ့ သတၱိနဲ႔ ဓါတ္တိုးဆန႔္က်င္ဂုဏ္သတၱိေတြ ဝဥမွာပါဝင္တာေၾကာင့္ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးႏိုင္တယ္လို႔ ယုံၾကည္ရပါတယ္။ အေအးမိတုပ္ေကြးကဲ့သို႔ သာမန္ဖ်ားနာ ေရာဂါမ်ိဳးကို တိုက္ထုတ္ရာမွာ ကူညီႏိုင္ပါတယ္။

၅။ ေသြးဖိအားကို ထိန္းညႇိေပးျခင္း

သင့္မွာ ေသြးတိုးျခင္း ေသြးေပါင္က်ျခင္း ျပသနာရွိပါက ဝဥ ကို သင့္ရဲ႕ ဓါတ္စာမွာ ထည့္သြင္းအသုံးျပဳႏိုင္ပါတယ္။ ဝဥဟာ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးၿပီး သင့္ႏွလုံးက်န္းမာေရးကို ကူညီမွာ ျဖစ္ပါတယ္။

၆။ မ်က္စိအားေကာင္းေစျခင္း

ဝဥရဲ႕ စိတ္ဝင္စားဖြယ္ရာ ေကာင္းက်ိဳးတစ္မ်ိဳးကေတာ့ မ်က္စိအားေကာင္းေစတာပါပဲ။ မ်က္စိနာျခင္းကဲ့သို႔ မ်က္စိနဲ႔ပတ္သက္တဲ့ျပသနာေတြကို တိုက္ထုတ္ႏိုင္ပါတယ္။ မ်က္စိ အာ႐ုံေၾကာ အားေကာင္းေစၿပီး အျမင္အာ႐ုံကို ေကာင္းေအာင္ ထိန္းေပးႏိုင္ပါတယ္။

၇။ ဇီဝျဖစ္စဥ္ကို ျမႇင့္တင္ေပးျခင္း

ဝဥဟာ ခြန္အားနဲ႔ ဇီဝျဖစ္စဥ္ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္းေတြ အျပင္းအထန္မလုပ္ဘဲ သာမန္မွ်လုပ္႐ုံနဲ႔ ဝိတ္က်ဖို႔ဆိုရင္ ဝဥစားသုံးျခင္းဟာ နည္းလမ္းတစ္ခုပါဘဲ။

၈။ ေရာင္ရမ္းျခင္းကို သက္သာေစျခင္း

ဝဥမွာ ေရာင္ရမ္းျခင္းကို သက္သာေစတဲ့ ပစၥည္းမ်ားပါဝင္တဲ့အတြက္ အ႐ိုးအဆစ္နဲ႔ပတ္သက္တဲ့ေရာဂါေတြအတြက္လည္းေကာင္းပါတယ္။ အဆစ္အျမစ္ေရာင္ ေဝဒနာခံစားေနရသူေတြအတြက္ တကယ္အသုံးဝင္ပါတယ္။

၉။ အဆီခ်ျဖည့္စြက္စာအျဖစ္ အသုံးျပဳျခင္း

ဝဥကို အဆီက်ေစဖို႔ ျဖည့္စြက္စာအေနနဲ႔ အသုံးျပဳရာမွာ သေဘာထားကြဲလြဲမႈေတြရွိေပမယ့္ အဆီက်ျမန္ေစဖို႔နဲ႔ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ရာမွာ ကူညီေပးႏိုင္တယ္ဆိုတဲ့ ရလဒ္ေကာင္းေတြကို ေတြ႕ရပါတယ္။

၁၀။ အဆီခ် အစားအစာအျဖစ္ အသုံးျပဳျခင္း

ဝဥကို အဓိကပါဝင္ပစၥည္းအျဖစ္ အစားအေသာက္မွာ ထည့္သြင္းအသုံးျပဳတာဟာ အဆီက်ေစဖို႔ အေကာင္းဆုံးနည္းလမ္းဆိုတာ ေတြ႕ရွိခဲ့ၾကပါတယ္။ ဝဥနဲ႔လုပ္တဲ့ ေခါက္ဆြဲနဲ႔ ထမင္းတို႔ဟာ ကစီဓါတ္နဲ႔ ကယ္လိုရီ ေလ်ာ့နည္းပါတယ္။ ဒီလို အစားအေသာက္ေတြကို ေျပာင္းလဲစားေသာက္ျခင္းျဖင့္ ဝိတ္က်ေစပါတယ္။ ဝဥဂ်ယ္လီကို ထမင္းမစားမီ စားေပးျခင္း၊ ဗိုက္ဆာခ်ိန္မွာ အဆာေျပစားေပးျခင္းျဖင့္လည္း ဝိတ္က်ေစပါတယ္။

လူေတြဟာက်န္းမာေရးအက်ိဳးေတြ ရရွိဖို႔အတြက္ ၎တို႔ရဲ႕အလွအပဆိုင္ရာ ဓါတ္စာေတြ အစားေသာက္စနစ္ေတြမွာ ဝဥကို ဘယ္လိုထည့္သြင္းအသုံးျပဳရမလဲဆိုတဲ့ နည္းလမ္းေတြကိုရွာေဖြေနၾကပါတယ္။ အဆီက်လွပဖို႔နဲ႔ အစဥ္က်န္းမာေစဖို႔ ကြၽန္ေတာ္တို႔ ႀကိဳက္ႏွစ္သက္တဲ့ အစားအစာေတြကို အခုေတာ့ အလြယ္တကူရ ရွိႏိုင္ၾကၿပီျဖစ္ပါတယ္။

Credit – Original Uploader

(Unicode)

၀ဥ၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံ

၁။ အစာခြေစနစ်ကို အကျိုးပြုခြင်း

ဝဥရဲ့ ရေမှာပျော်ဝင်တဲ့ အမျှင်ဓါတ်ဟာအစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ အူနဲ့အစာအိမ်ကို အားကောင်းစေတဲ့အတွက် ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်းရောဂါတို့အတွက် သဘာဝ ကုထုံးအနေနဲ့အသုံးပြုရာမှာ ကျော်ကြားပါတယ်။

၂။ ဆီးချိုရောဂါ ကာကွယ်ခြင်း

ဝဥမှာပါဝင်တဲ့ glucomannan ဟာ ကိုယ်တွင်းသကြားဓါတ် ပမာဏကိုထိမ်းညှိရာမှာ ကောင်းမွန်တဲ့ပစ္စည်း ဖြစ်ပါတယ်။၎င်းဟာ ဆီးချို မဖြစ်အောင် ကူညီကာကွယ်ပေးပါတယ်။

၃။ အဟာရဓါတ်များ စုပ်ယူနိုင်ရန် ကူညီခြင်း

ဝဥဟာ အစာခြေစနစ်ကို အားကောင်းစေတဲ့အတွက် အစားအသောက်တွေထဲမှ အဟာရတွေ သတ္ထုဓါတ်တွေကို ကောင်းစွာ စုပ်ယူနိုင်ရန် ကူညီပေးပါတယ်။

၄။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း

ဗက်တီးရီးယား တိုက်ဖျက်နိုင်တဲ့ သတ္တိနဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ဝဥမှာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ရပါတယ်။ အအေးမိတုပ်ကွေးကဲ့သို့ သာမန်ဖျားနာ ရောဂါမျိုးကို တိုက်ထုတ်ရာမှာ ကူညီနိုင်ပါတယ်။

၅။ သွေးဖိအားကို ထိန်းညှိပေးခြင်း

သင့်မှာ သွေးတိုးခြင်း သွေးပေါင်ကျခြင်း ပြသနာရှိပါက ဝဥ ကို သင့်ရဲ့ ဓါတ်စာမှာထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဝဥဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သင့်နှလုံးကျန်းမာရေးကို ကူညီမှာ ဖြစ်ပါတယ်။

၆။ မျက်စိအားကောင်းစေခြင်း

ဝဥရဲ့ စိတ်ဝင်စားဖွယ်ရာ ကောင်းကျိုးတစ်မျိုးကတော့ မျက်စိအားကောင်းစေတာပါပဲ။ မျက်စိနာခြင်းကဲ့သို့ မျက်စိနဲ့ပတ်သက်တဲ့ပြသနာတွေကို တိုက်ထုတ်နိုင်ပါတယ်။ မျက်စိ အာရုံကြော အားကောင်းစေပြီး အမြင်အာရုံကို ကောင်းအောင် ထိန်းပေးနိုင်ပါတယ်။

၇။ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးခြင်း

ဝဥဟာ ခွန်အားနဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတွေ အပြင်းအထန်မလုပ်ဘဲ သာမန် မျှလုပ်ရုံနဲ့ ဝိတ်ကျဖို့ဆိုရင် ဝဥစားသုံးခြင်းဟာ နည်းလမ်းတစ်ခုပါဘဲ။

၈။ ရောင်ရမ်းခြင်းကို သက်သာစေခြင်း

ဝဥမှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ပစ္စည်းများပါဝင်တဲ့အတွက် အရိုးအဆစ်နဲ့ပတ်သက်တဲ့ရောဂါတွေအတွက်လည်းကောင်းပါတယ်။ အဆစ်အမြစ်ရောင် ဝေဒနာခံစားနေရသူတွေအတွက် တကယ်အသုံးဝင်ပါတယ်။

၉။ အဆီချဖြည့်စွက်စာအဖြစ် အသုံးပြုခြင်း

ဝဥကို အဆီကျစေဖို့ ဖြည့်စွက်စာအနေနဲ့ အသုံးပြုရာမှာ သဘောထားကွဲလွဲမှုတွေရှိပေမယ့် အဆီကျမြန်စေဖို့နဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ရာမှာ ကူညီပေးနိုင်တယ်ဆိုတဲ့ ရလဒ်ကောင်းတွေကို တွေ့ရပါတယ်။

၁၀။ အဆီချ အစားအစာအဖြစ် အသုံးပြုခြင်း

ဝဥကို အဓိကပါဝင်ပစ္စည်းအဖြစ် အစားအသောက်မှာ ထည့်သွင်းအသုံးပြုတာဟာ အဆီကျစေဖို့ အကောင်းဆုံးနည်းလမ်း ဆိုတာတွေ့ရှိခဲ့ကြပါတယ်။ ဝဥနဲ့လုပ်တဲ့ ခေါက်ဆွဲနဲ့ ထမင်းတို့ဟာ ကစီဓါတ်နဲ့ ကယ်လိုရီ လျော့နည်းပါတယ်။ ဒီလို အစားအသောက်တွေကို ပြောင်းလဲစားသောက်ခြင်းဖြင့် ဝိတ်ကျစေပါတယ်။ ဝဥဂျယ်လီကို ထမင်းမစားမီ စားပေးခြင်း၊ဗိုက်ဆာချိန်မှာ အဆာပြေစားပေးခြင်းဖြင့်လည်း ဝိတ်ကျစေပါတယ်။

လူတွေဟာကျန်းမာရေးအကျိုးတွေ ရရှိဖို့အတွက် ၎င်းတို့ရဲ့အလှအပဆိုင်ရာ ဓါတ်စာတွေ အစားသောက်စနစ်တွေမှာဝဥကို ဘယ်လိုထည့်သွင်းအသုံးပြုရမလဲဆိုတဲ့ နည်းလမ်းတွေကိုရှာဖွေနေကြပါတယ်။ အဆီကျလှပဖို့နဲ့ အစဉ်ကျန်းမာစေဖို့ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ အစားအစာတွေကို အခုတော့ အလွယ်တကူရ ရှိနိုင်ကြပြီဖြစ်ပါတယ်။

Credit – Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *