ဗဟုတုသ

ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေၾကာင့္ အျဖတ္ခံလိုက္ရေသာ ခ်လန္စာ႐ြက္အား ဘယ္ေလာက္ၾကာၾကာထိ မေ႐ြးဘဲ ကိုင္ထားႏိုင္ပါသလဲ

(Zawgyi)

အျဖတ္ခံလိုက္ရေသာ ခ်လန္စာ႐ြက္အား ဘယ္ေလာက္ၾကာၾကာထိ မေ႐ြးဘဲ ကိုင္ထားႏိုင္ပါသလဲ

ယာဥ္စည္းကမ္း လမ္းစည္းကမ္း ခ်ိဳးေဖါက္မိလို႔ ခ်လန္အျဖတ္ခံလိုက္ရတယ္ဆိုရင္ အဲ့ဒီခ်လန္ကို သြားမေ႐ြးဘဲ ဘယ္ေလာက္ၾကာၾကာ ကိုင္ထားလို႔ရသလဲဆိုတာ သိပါသလား?

ခ်လန္စာ႐ြက္မွာ ဘယ္ႏွစ္ရက္အတြင္း ဘယ္အခ်ိန္မွာ ဘယ္႐ုံးကို လာေ႐ြးယူဖို႔ ရက္စြဲ အခ်ိန္ ေနရာေတြ ပါပါလိမ့္မယ္။အဲ့ဒီအခ်ိန္အတြင္းမွာဘဲ ေ႐ြးယူၾကတာ မ်ားၾကေပမဲ့ တခ်ိဳ႕ကေတာ့ မအားတာ ခရီးထြက္သြားတာ ေငြေၾကးအဆင္မေျပတာေၾကာင့္ သတ္မွတ္ရက္အတြင္း ျပန္လည္ေ႐ြးမယူႏိုင္ခဲ့ပါဘူး။ အဲ့ဒီလို သတ္မွတ္ရက္အတြင္း ျပန္လည္ေ႐ြးမယူႏိုင္လို႔ ဒဏ္ေၾကး ပိုမ်ားလာမလားလို႔ တခ်ိဳ႕က ေမးၾကတယ္။ မမ်ားပါဘူး ဒါပါပဲ။

ဒီေတာ့ ခ်လန္ျဖတ္ခံထားရတယ္ဆိုရင္ အဲ့ဒီခ်လန္နဲ႔ ယာဥ္ေမာင္းႏွင္ခြင့္ မရွိတာကလြဲလို႔ အဆင္ေျပတဲ့အခ်ိန္မွ သြားေရာက္ေ႐ြးယူႏိုင္ပါတယ္။ တစ္လ၊ တစ္ႏွစ္၊ ငါးႏွစ္ ဘယ္ေလာက္ၾကာမွေ႐ြးေ႐ြး ရပါတယ္။ အဲ့ေလာက္ၾကာမွ ေ႐ြးလဲ ဒဏ္ေၾကးက မတိုးသြားပါဘူး။ လာမေ႐ြးလို႔ ကညနမွာ ပိတ္သိမ္းခံထားရလည္း ေ႐ြးတဲ့အခ်ိန္မွာ ေျပာစာရတာမို႔ အဲ့ဒီေျပစာနဲ႔ ေျဖရွင္းလို႔ရပါတယ္။

အျဖတ္ခံထားရတဲ့ ခ်လန္ကို အၾကာႀကီး ကိုင္မထားလိုၾကေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်ိန္ကာလၾကာၾကာ မေ႐ြးျဖစ္ၾကသူတို႔အတြက္ ဗဟုသုတအလို႔ငွာ ေဖာ္ျပေပးလိုက္ျခင္း ျဖစ္ပါတယ္။

Credit – ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

(Unicode)

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကြောင့် အဖြတ်ခံလိုက်ရသော ချလန်စာရွက်အား ဘယ်လောက်ကြာကြာထိ မရွေးဘဲ ကိုင်ထားနိုင်ပါသလဲ

အဖြတ်ခံလိုက်ရသော ချလန်စာရွက်အား ဘယ်လောက်ကြာကြာထိ မရွေးဘဲ ကိုင်ထားနိုင်ပါသလဲ

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖေါက်မိလို့ ချလန်အဖြတ်ခံလိုက်ရတယ်ဆိုရင် အဲ့ဒီချလန်ကို သွားမရွေးဘဲ ဘယ်လောက်ကြာကြာ ကိုင်ထားလို့ရသလဲဆိုတာ သိပါသလား?

ချလန်စာရွက်မှာ ဘယ်နှစ်ရက်အတွင်း ဘယ်အချိန်မှာ ဘယ်ရုံးကို လာရွေးယူဖို့ ရက်စွဲ အချိန် နေရာတွေ ပါပါလိမ့်မယ်။အဲ့ဒီအချိန်အတွင်းမှာဘဲ ရွေးယူကြတာ များကြပေမဲ့ တချို့ကတော့ မအားတာ ခရီးထွက်သွားတာ ငွေကြေးအဆင်မပြေတာကြောင့် သတ်မှတ်ရက်အတွင်း ပြန်လည်ရွေးမယူနိုင်ခဲ့ပါဘူး။ အဲ့ဒီလို သတ်မှတ်ရက်အတွင်း ပြန်လည်ရွေးမယူနိုင်လို့ ဒဏ်ကြေး ပိုများလာမလားလို့ တချို့က မေးကြတယ်။ မများပါဘူး ဒါပါပဲ။

ဒီတော့ ချလန်ဖြတ်ခံထားရတယ်ဆိုရင် အဲ့ဒီချလန်နဲ့ ယာဉ်မောင်းနှင်ခွင့် မရှိတာကလွဲလို့ အဆင်ပြေတဲ့အချိန်မှ သွားရောက်ရွေးယူနိုင်ပါတယ်။ တစ်လ၊ တစ်နှစ်၊ ငါးနှစ် ဘယ်လောက်ကြာမှရွေးရွေး ရပါတယ်။ အဲ့လောက်ကြာမှ ရွေးလဲ ဒဏ်ကြေးက မတိုးသွားပါဘူး။ လာမရွေးလို့ ကညနမှာ ပိတ်သိမ်းခံထားရလည်း ရွေးတဲ့အချိန်မှာ ပြောစာရတာမို့ အဲ့ဒီပြေစာနဲ့ ဖြေရှင်းလို့ရပါတယ်။

အဖြတ်ခံထားရတဲ့ ချလန်ကို အကြာကြီး ကိုင်မထားလိုကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်ကာလကြာကြာ မရွေးဖြစ်ကြသူတို့အတွက် ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply

Your email address will not be published. Required fields are marked *