ဗဟုတုသ

ပရိကၡရာ ၈-ပါး မွာ ပါတယ္ဆို႐ုံ စတိသေဘာနဲ႔ အတုေတြ မထည့္ရပါ။( အမွတ္လြဲေနၾကတဲ့ ပရိကၡရာ ၈-ပါး အေၾကာင္း အစုံအလင္)

(Zawgyi)

ပရိကၡရာ ၈-ပါး မွာ ပါတယ္ဆို႐ုံ စတိသေဘာနဲ႔ အတုေတြ မထည့္ရပါ။ (ပရိကၡရာ ၈-ပါး အေၾကာင္း အစုံအလင္ ဗဟုသုတ)

ပရိကၡရာ ဆိုသည္မွာ ရဟန္းေတာ္တို႔၏ အသုံးအေဆာင္ကို ေခၚသည္။

ပရိကၡရာ ၈-ပါး

၁။ ပတၱ= သပိတ္

၂။ အႏၲရဝါသက-သင္းပိုင္= ေအာက္ပိုင္းဝတ္ သဃၤန္း

၃။ ဥတၱရာသဂၤ -ဧကသီ= အေပၚပိုင္းဝတ္ သဃၤန္း

၄။ ဒုကုဋ္= ၂-ထပ္ သဃၤန္းႀကီး

၅။ ကာယ ဗႏၶန= ခါးပန္းႀကိဳး

၆။ ဝါသိက= ေခါင္းရိတ္ဓား

၇။ သူစိ= အပ္ အပ္ခ်ည္


၈။ ပရိသာဝန= ေရစစ္

သကၤန္းသုံးရပ္၊ သပိတ္၊ အပ္၊ ပဲခြပ္၊ ေရစစ္၊ ခါးပန္းတစ္။ သကၤန္းသုံးရပ္ ဆိုသည္မွာ ဧကသီ၊ သင္းပိုင္ႏွင့္ ဒုကုဋ္လို႔ေခၚေသာ ႏွစ္ထပ္သကၤန္းႀကီး။

သကၤန္း (၉) မ်ိဳး

၁. သင္းပိုင္ (ခါးဝတ္႐ုံ) ၂. ဧကသီ (အေပၚကိုယ္႐ုံ) ၃. ဒုကုဋ္ (ႏွစ္ထပ္ သဃၤန္းႀကီး) ၄. အိပ္ရာခင္း သဃၤန္း ၅. မ်က္ႏွာသုတ္ပုဝါ သဃၤန္း ၆. ပရိကၡရာေစာဠ သဃၤန္း (လက္သုတ္၊ ေရစစ္ပုဝါ) ၇. နိသီဒိုင္ (ေနကထိုင္ အခင္း) ၈. မိုးေရခံ သဃဃၤန္း (မိုးေရခ်ိဳးေသာအခါ ဝတ္ရေသာ သဃၤန္း) ၉. အမာလႊမ္း သကၤန္း (အနာေပါက္သည့္အခါအတြင္းခံ သဃၤန္း)

ဤသဃၤန္း (၉) မ်ိဳးတြင္ သင္းပိုင္ႏွင့္ ဧကသီကို ဒြိစုံ ဟုေခၚသည္။ သင္းပိုင္၊ ဧကသီ၊ ဒုကုဋ္ ဤသုံးမ်ိဳးကို တိစိဝရိတ္ (သဃၤန္း ၃ ထည္) ဟုေခၚသည္။

အျခားပရိကၡရာမ်ား –

၁။ ထီး ၂။ ဖိနပ္ ၃။ ယပ္ ၄။ ၿခဳံထည္ ၅။ ဆြမ္းဗူး ၆။ အတြင္း ကိုယ္ပတ္ ၇။ ေနကထိုင္ တို႔သည္ ပရိကၡရာ (၈) ပါးတြင္ မပါဝင္ပါ။ အပူဒဏ္၊ အေအးဒဏ္ စေသာ ရာသီဥတုႏွင့္ က်န္းမာေရးအတြက္ သုံးရေသာ အသုံးအေဆာင္ ပစၥည္းမ်ားျဖစ္ပါသည္။ ရဟန္းခံ သိကၡာထပ္ လုပ္ၾကတဲ့အခါ ပရိကၡရာ(၈)ပါး ဆိုတာ ျပည့္စုံဖို႔လိုပါတယ္။

ယေန႔ေခတ္မွာ ဒုကုဋ္သကၤန္းမပါ။ ထီး၊ ဖိနပ္၊ ယပ္တို႔ကို ပရိကၡရာရွစ္ပါးထဲ ပါတယ္ထင္။ သင္တုန္းဓါး၊ အပ္ အပ္ခ်ည္ ေရစစ္ တို႔ကို ပါတယ္ဆို႐ုံ စတိအျဖစ္ အတုေတြထည့္ၾကနဲ႔။ ဓါးသည္ ေခါင္းရိတ္ဖို႔နဲ႔ အပ္၊ အပ္ခ်ည္သည္ သကၤန္းခ်ဳပ္ဖို႔။ သပိတ္သည္ ဆြမ္းခံဖို႔။ ေရစစ္သည္ ေရသန႔္ရဖို႔၊ အမႈိက္အနယ္မ်ား စစ္ႏိုင္ဖို႔ပါ။

ဝိနည္းႏွင့္ မညီေသာ အတုမ်ားကို ထည့္သြင္း လႉဒါန္းျခင္းအား ေရွာင္ၾကဥ္ၾကပါရန္ႏွင့္ ပရိကၡရာရွစ္ပါး စုံလင္စြာလႉဒါန္းၾက၍ ဧဟိဘိကၡဴရဟန္း ျဖစ္ႏိုင္ၾကေစရန္ အေထာက္အပံ့ေကာင္း ျဖစ္ေအာင္ လႉဒါန္းႏိုင္ ၾကပါေစေၾကာင္း။

Credit – ရဟန္းလူထြက္ ငပိခ်က္

ဒီေန႔ ပရိကၡရာ ၈ ပါးကို သိသူအေတာ္နည္းသြားပါၿပီ။ အလြယ္မွတ္ အေနနဲ႔ ကိုယ္မွာ ဝတ္ဆင္အသုံးျပဳတာ ၄ ပါး၊ ကိုယ္ရဲ႕ျပင္ပ ၄ ပါးပါ။

ကိုယ္ခႏၶာမွာအသုံးျပဳတဲ့ ၄ ပါးကေတာ့ –

၁ – ဧကသီေခၚ ခႏၶာကိုယ္အေပၚ႐ုံ သကၤန္း၊ ၂ – သင္းပိုင္ေခၚ ခႏၶာကိုယ္ေအာက္ပိုင္းဝတ္သကၤန္း၊ ၃ – ဒုကုဋ္ ေခၚ မိုးေရခံသကၤန္း၊ ၄ – ခါးပန္းႀကိဳး ေတြပါ။

ကိုယ္ခႏၶာျပင္ပ အသုံးျပဳရတဲ့ ၄ ပါးကေတာ့ –

၁ – သပိတ္၊ ၂ – ပဲခြပ္၊ ၃ – ေရစစ္၊ ၄ – အပ္ အပ္ခ်ည္ေတြပါ။ ဒီေန႔ဗုဒၶဘာသာဝင္ေတြ အသိမွာ ထီး၊ ဖိနပ္ ေတြက ပရိကၡရာဝင္ ထင္ေနကုန္တယ္ဗ်။

႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ။

သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ၊

ေစတနာအရင္းခံျဖင့္ မွ်ေဝကုသိုလ္ျပဳပါသည္။

Credit – Win Soe

(Unicode)

ပရိက္ခရာ ၈-ပါး မှာ ပါတယ်ဆိုရုံ စတိသဘောနဲ့ အတုတွေ မထည့်ရပါ။ (ပရိက္ခရာ ၈-ပါး အကြောင်း အစုံအလင် ဗဟုသုတ)

ပရိက္ခရာ ဆိုသည်မှာ ရဟန်းတော်တို့၏ အသုံးအဆောင်ကို ခေါ်သည်။

ပရိက္ခရာ ၈-ပါး

၁။ ပတ္တ= သပိတ်

၂။ အန္တရဝါသက-သင်းပိုင်= အောက်ပိုင်းဝတ် သင်္ဃန်း

၃။ ဥတ္တရာသင်္ဂ -ဧကသီ= အပေါ်ပိုင်းဝတ် သင်္ဃန်း

၄။ ဒုကုဋ်= ၂-ထပ် သင်္ဃန်းကြီး

၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး

၆။ ဝါသိက= ခေါင်းရိတ်ဓား

၇။ သူစိ= အပ် အပ်ချည်

၈။ ပရိသာဝန= ရေစစ်

သင်္ကန်းသုံးရပ်၊ သပိတ်၊ အပ်၊ ပဲခွပ်၊ ရေစစ်၊ ခါးပန်းတစ်။ သင်္ကန်းသုံးရပ် ဆိုသည်မှာ ဧကသီ၊ သင်းပိုင်နှင့် ဒုကုဋ်လို့ခေါ်သော နှစ်ထပ်သင်္ကန်းကြီး။

သင်္ကန်း (၉) မျိုး

၁. သင်းပိုင် (ခါးဝတ်ရုံ) ၂. ဧကသီ (အပေါ်ကိုယ်ရုံ) ၃. ဒုကုဋ် (နှစ်ထပ် သင်္ဃန်းကြီး) ၄. အိပ်ရာခင်း သင်္ဃန်း ၅. မျက်နှာသုတ်ပုဝါ သင်္ဃန်း ၆. ပရိက္ခရာစောဠ သင်္ဃန်း (လက်သုတ်၊ ရေစစ်ပုဝါ) ၇. နိသီဒိုင် (နေကထိုင် အခင်း) ၈. မိုးရေခံ သဃင်္ဃန်း (မိုးရေချိုးသောအခါ ဝတ်ရသော သင်္ဃန်း) ၉. အမာလွှမ်း သင်္ကန်း (အနာပေါက်သည့်အခါအတွင်းခံ သင်္ဃန်း)

ဤသင်္ဃန်း (၉) မျိုးတွင် သင်းပိုင်နှင့် ဧကသီကို ဒွိစုံ ဟုခေါ်သည်။ သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် ဤသုံးမျိုးကို တိစိဝရိတ် (သင်္ဃန်း ၃ ထည်) ဟုခေါ်သည်။

အခြားပရိက္ခရာများ –

၁။ ထီး ၂။ ဖိနပ် ၃။ ယပ် ၄။ ခြုံထည် ၅။ ဆွမ်းဗူး ၆။ အတွင်း ကိုယ်ပတ် ၇။ နေကထိုင် တို့သည် ပရိက္ခရာ (၈) ပါးတွင် မပါဝင်ပါ။ အပူဒဏ်၊ အအေးဒဏ် စသော ရာသီဥတုနှင့် ကျန်းမာရေးအတွက် သုံးရသော အသုံးအဆောင် ပစ္စည်းများဖြစ်ပါသည်။ ရဟန်းခံ သိက္ခာထပ် လုပ်ကြတဲ့အခါ ပရိက္ခရာ(၈)ပါး ဆိုတာ ပြည့်စုံဖို့လိုပါတယ်။

ယနေ့ခေတ်မှာ ဒုကုဋ်သင်္ကန်းမပါ။ ထီး၊ ဖိနပ်၊ ယပ်တို့ကို ပရိက္ခရာရှစ်ပါးထဲ ပါတယ်ထင်။ သင်တုန်းဓါး၊ အပ် အပ်ချည် ရေစစ် တို့ကို ပါတယ်ဆိုရုံ စတိအဖြစ် အတုတွေထည့်ကြနဲ့။ ဓါးသည် ခေါင်းရိတ်ဖို့နဲ့ အပ်၊ အပ်ချည်သည် သင်္ကန်းချုပ်ဖို့။ သပိတ်သည် ဆွမ်းခံဖို့။ ရေစစ်သည် ရေသန့်ရဖို့၊ အမှိုက်အနယ်များ စစ်နိုင်ဖို့ပါ။

ဝိနည်းနှင့် မညီသော အတုများကို ထည့်သွင်း လှူဒါန်းခြင်းအား ရှောင်ကြဉ်ကြပါရန်နှင့် ပရိက္ခရာရှစ်ပါး စုံလင်စွာလှူဒါန်းကြ၍ ဧဟိဘိက္ခူရဟန်း ဖြစ်နိုင်ကြစေရန် အထောက်အပံ့ကောင်း ဖြစ်အောင် လှူဒါန်းနိုင် ကြပါစေကြောင်း။

Credit – ရဟန်းလူထွက် ငပိချက်

ဒီနေ့ ပရိက္ခရာ ၈ ပါးကို သိသူအတော်နည်းသွားပါပြီ။ အလွယ်မှတ် အနေနဲ့ ကိုယ်မှာ ဝတ်ဆင်အသုံးပြုတာ ၄ ပါး၊ ကိုယ်ရဲ့ပြင်ပ ၄ ပါးပါ။

ကိုယ်ခန္ဓာမှာအသုံးပြုတဲ့ ၄ ပါးကတော့ –

၁ – ဧကသီခေါ်ခန္ဓာကိုယ်အပေါ်ရုံ သင်္ကန်း၊ ၂ – သင်းပိုင်ခေါ်ခန္ဓာကိုယ်အောက်ပိုင်းဝတ်သင်္ကန်း၊ ၃ – ဒုကုဋ် ခေါ် မိုးရေခံသင်္ကန်း၊ ၄ – ခါးပန်းကြိုး တွေပါ။

ကိုယ်ခန္ဓာပြင်ပ အသုံးပြုရတဲ့ ၄ ပါးကတော့ –

၁ – သပိတ်၊ ၂ – ပဲခွပ်၊ ၃ – ရေစစ်၊ ၄ – အပ် အပ်ချည်တွေပါ။ ဒီနေ့ဗုဒ္ဓဘာသာဝင်တွေ အသိမှာ ထီး၊ ဖိနပ် တွေက ပရိက္ခရာဝင် ထင်နေကုန်တယ်ဗျ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊

စေတနာအရင်းခံဖြင့် မျှဝေကုသိုလ်ပြုပါသည်။

Credit – Win Soe

Leave a Reply

Your email address will not be published. Required fields are marked *