ဗဟုတုသ

အိမ္ထဲက ၾကြက္ေတြ ေ၀းေ၀းေျပးမယ့္ လက္ေတြ႕နည္းေကာင္းမ်ား

(Zawgyi)

ႂကြက္နဲ႔ ပင့္ကူေတြကို ႏွိမ္ႏွင္းႏိုင္မယ့္ နည္းလမ္းအခ်ိဳ႕

မိန္းကေလးအမ်ားစုက ႂကြက္ေတြ၊ ပင့္ကူေတြကို ေၾကာက္တတ္ၾကပါတယ္။ ဒါေပမဲ့ အိမ္မွာ မီးဖိုေခ်ာင္ ဝင္ရသူေတြအဖို႔ သည္အေကာင္ေလးေတြနဲ႔ မေတြ႕မိေအာင္ ေနဖို႔ဆိုတာက မလြယ္ကူလွပါဘူး။ ဒါေၾကာင့္ ေၾကာက္တတ္တဲ့ အေကာင္ေလးေတြနဲ႔ ပက္ပင္းတိုးမိတဲ့ အႏၲ ရာယ္ကေန ကာကြယ္ႏိုင္ဖို႔ နည္းလမ္းေကာင္းေလးေတြ ေျပာျပမယ္ေနာ္။

ႂကြက္ေတြက အိမ္ကို ညစ္ပတ္ေစႏိုင္သလို ေရာဂါပိုးေတြကိုလည္း သယ္ေဆာင္လာတတ္ပါတယ္။ သည္လိုမ်ိဳး သတၱဝါေလးေတြကို ေနအိမ္မွာ မရွိေစခ်င္ဘူးဆိုရင္ လုပ္ေဆာင္လို႔ရမယ့္ လြယ္ကူ ႐ိုးစင္းတဲ့ နည္းလမ္းအခ်ိဳ႕ ရွိေနပါတယ္။

ႂကြက္နဲ႔ ပင့္ကူေတြကို ေဝးေဝးေျပးေစမယ့္ နည္းလမ္းေတြက

လက္ဖက္ေျခာက္အိတ္ေလးေတြ – ေရေႏြးဆူဆူထဲမွာ လက္ဖက္ေျခာက္အိတ္ သုံး၊ ေလးထုပ္ေလာက္ ထည့္ပါ။ ၿပီးရင္ အေငြ႕လႈိင္လႈိင္ ထြက္ေနတဲ့အိုးကို ႂကြက္ေတြ လာႏိုင္တဲ့ေနရာ၊ ပင့္ကူအိမ္ေတြရွိေနတဲ့ ေနရာမွာထားလိုက္ပါ။လက္ဖက္ေျခာက္က အနံ႔ျပင္းေလေလ ပိုေကာင္းေလေလပါ။ ေရေႏြး ေအးသြားတဲ့အခါမွာလည္း လက္ဖက္ေျခာက္အိတ္ ေလးေတြကို ႂကြက္လာရာ လမ္းမွာ ခ်ထားလိုက္ပါ။ သည္နည္းနဲ႔ ႂကြက္နဲ႔ ပင့္ကူေတြကို ႏွိမ္ႏွင္းလို႔ ရပါတယ္။ ႏွစ္ရက္၊ သုံးရက္ ဆက္တိုက္ လုပ္ဖို႔ေတာ့ လိုပါမယ္။

ကရေဝး႐ြက္ – ဟင္းခတ္အေမႊးအႀကိဳင္တစ္ခုအျဖစ္ အမ်ားက သိထားၾကတာပါ။ သူ႔ရဲ႕ စူးရွတဲ့အနံ႔က ႂကြက္ေတြနဲ႔ ပင့္ကူေတြကို ေဝးေဝးေျပး ေစပါလိမ့္မယ္။ ကရေဝး႐ြက္ကို ခပ္ေသးေသးေလးေတြ ဖဲ့ၿပီး ႂကြက္ေတြ လာရာလမ္းေတြမွာ ႀကဲထားပါ။ ပင့္ကူအိမ္ေတြ ရွိတဲ့ေနရာမွာ ထားေပးပါ။ ေျခာက္သြားတိုင္း အသစ္လဲေပးႏိုင္ရင္ ပိုေကာင္းပါတယ္။

ပူရွိန္းသြားတိုက္ေဆး – ပ႐ုတ္ပါတဲ့ ပူရွိန္းရွိန္း သြားတိုက္ေဆးေတြကလည္း ႂကြက္နဲ႔ ပင့္ကူေတြကို ခပ္ေဝးေဝး ေမာင္းထုတ္ေပးႏိုင္ပါတယ္။ ႂကြက္တြင္းဝ ဒါမွမဟုတ္ ႂကြက္လာေနက် ေနရာေတြမွာ သြားတိုက္ေဆးေတြ သုတ္ထားပါ။ ဗီ႐ိုေတြ၊ ေၾကာင္အိမ္ေတြမွာ သြားတိုက္ေဆးေတြ သုပ္ေပးပါ။ ပင့္ကူအိမ္ေတြနားမွာ သြားတိုက္ေဆးေတြ ထားေပးပါ။ ေျခာက္သြားတိုင္း အနံ႔ျပယ္သြားတိုင္း အသစ္လဲေပးပါ။

မုန႔္ဖုတ္ေဆာ္ဒါ – အႏၲရာယ္အကင္းဆုံး နည္းလမ္းတစ္ခုပါ။ မလိုလားတဲ့ ဧည့္သည္ေတြကို အိမ္ကေန ဖယ္ရွားေပးဖို႔ ေတာ္ေတာ္ေလး အသုံးတည့္ပါတယ္။ေၾကာင္အိမ္ေတြ၊ ဗီ႐ိုေတြနားမွာ မုန႔္ဖုတ္ေဆာ္ဒါေတြ ျဖဴးထားလိုက္ပါ။ သူတို႔ ရွိႏိုင္ တဲ့ေနရာေတြမွာ မုန႔္ဖုတ္ေဆာ္ဒါေတြ ျဖဴးထားလိုက္ပါ။ ႏွစ္ရက္ကေန၊ သုံးရက္ေလာက္အထိ ဆက္တိုက္လုပ္ေပးပါ။ မလိုလားတဲ့ ဧည့္သည္ေတြ ကင္းေဝးသြားပါလိမ့္မယ္။

Author: မေအးသီမြန္

Credit – Kumudra

(Unicode)

ကြွက်နဲ့ ပင့်ကူတွေကို နှိမ်နှင်းနိုင်မယ့် နည်းလမ်းအချို့

မိန်းကလေးအများစုက ကြွက်တွေ၊ ပင့်ကူတွေကို ကြောက်တတ်ကြပါတယ်။ ဒါပေမဲ့ အိမ်မှာ မီးဖိုချောင် ဝင်ရသူတွေအဖို့ သည်အကောင်လေးတွေနဲ့ မတွေ့မိအောင် နေဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ဒါကြောင့် ကြောက်တတ်တဲ့ အကောင်လေးတွေနဲ့ ပက်ပင်းတိုးမိတဲ့ အန္တ ရာယ်ကနေ ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြမယ်နော်။

ကြွက်တွေက အိမ်ကို ညစ်ပတ်စေနိုင်သလို ရောဂါပိုးတွေကိုလည်း သယ်ဆောင်လာတတ်ပါတယ်။ သည်လိုမျိုး သတ္တဝါလေးတွေကို နေအိမ်မှာ မရှိစေချင်ဘူးဆိုရင် လုပ်ဆောင်လို့ရမယ့် လွယ်ကူ ရိုးစင်းတဲ့ နည်းလမ်းအချို့ ရှိနေပါတယ်။

ကြွက်နဲ့ ပင့်ကူတွေကို ဝေးဝေးပြေးစေမယ့် နည်းလမ်းတွေက

လက်ဖက်ခြောက်အိတ်လေးတွေ – ရေနွေးဆူဆူထဲမှာ လက်ဖက်ခြောက်အိတ် သုံး၊ လေးထုပ်လောက် ထည့်ပါ။ ပြီးရင် အငွေ့လှိုင်လှိုင် ထွက်နေတဲ့အိုးကို ကြွက်တွေ လာနိုင်တဲ့နေရာ၊ ပင့်ကူအိမ်တွေရှိနေတဲ့ နေရာမှာထားလိုက်ပါ။လက်ဖက်ခြောက်က အနံ့ပြင်းလေလေ ပိုကောင်းလေလေပါ။ ရေနွေး အေးသွားတဲ့အခါမှာလည်း လက်ဖက်ခြောက်အိတ် လေးတွေကို ကြွက်လာရာ လမ်းမှာ ချထားလိုက်ပါ။ သည်နည်းနဲ့ ကြွက်နဲ့ ပင့်ကူတွေကို နှိမ်နှင်းလို့ ရပါတယ်။ နှစ်ရက်၊ သုံးရက် ဆက်တိုက် လုပ်ဖို့တော့ လိုပါမယ်။

ကရဝေးရွက် – ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် အများက သိထားကြတာပါ။ သူ့ရဲ့ စူးရှတဲ့အနံ့က ကြွက်တွေနဲ့ ပင့်ကူတွေကို ဝေးဝေးပြေး စေပါလိမ့်မယ်။ ကရဝေးရွက်ကို ခပ်သေးသေးလေးတွေ ဖဲ့ပြီး ကြွက်တွေ လာရာလမ်းတွေမှာ ကြဲထားပါ။ ပင့်ကူအိမ်တွေ ရှိတဲ့နေရာမှာ ထားပေးပါ။ ခြောက်သွားတိုင်း အသစ်လဲပေးနိုင်ရင် ပိုကောင်းပါတယ်။

ပူရှိန်းသွားတိုက်ဆေး – ပရုတ်ပါတဲ့ ပူရှိန်းရှိန်း သွားတိုက်ဆေးတွေကလည်း ကြွက်နဲ့ ပင့်ကူတွေကို ခပ်ဝေးဝေး မောင်းထုတ်ပေးနိုင်ပါတယ်။ ကြွက်တွင်းဝ ဒါမှမဟုတ် ကြွက်လာနေကျ နေရာတွေမှာ သွားတိုက်ဆေးတွေ သုတ်ထားပါ။ ဗီရိုတွေ၊ ကြောင်အိမ်တွေမှာ သွားတိုက်ဆေးတွေ သုပ်ပေးပါ။ ပင့်ကူအိမ်တွေနားမှာ သွားတိုက်ဆေးတွေ ထားပေးပါ။ ခြောက်သွားတိုင်း အနံ့ပြယ်သွားတိုင်း အသစ်လဲပေးပါ။

မုန့်ဖုတ်ဆော်ဒါ – အန္တရာယ်အကင်းဆုံး နည်းလမ်းတစ်ခုပါ။ မလိုလားတဲ့ ဧည့်သည်တွေကို အိမ်ကနေ ဖယ်ရှားပေးဖို့ တော်တော်လေး အသုံးတည့်ပါတယ်။ကြောင်အိမ်တွေ၊ ဗီရိုတွေနားမှာ မုန့်ဖုတ်ဆော်ဒါတွေ ဖြူးထားလိုက်ပါ။ သူတို့ ရှိနိုင် တဲ့နေရာတွေမှာ မုန့်ဖုတ်ဆော်ဒါတွေ ဖြူးထားလိုက်ပါ။ နှစ်ရက်ကနေ၊ သုံးရက်လောက်အထိ ဆက်တိုက်လုပ်ပေးပါ။ မလိုလားတဲ့ ဧည့်သည်တွေ ကင်းဝေးသွားပါလိမ့်မယ်။

Author: မအေးသီမွန်

Credit – Kumudra

 

Leave a Reply

Your email address will not be published. Required fields are marked *