ဗဟုတုသ

ပြန်နွှေးပြီးစားရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အစားအသောက်များ

ပြန်နွှေးပြီးစားရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အစားအသောက်များ

အေးစက်နေတဲ့ အစားအစာတွေထက် ပူပူနွေးနွေးအစားအစာတွေကို လူအများစုက တောင့်တတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း အရသာပိုရှိရှိစားသုံးနိုင်ဖို့ အတွက် အေးသွားတဲ့ အစားအစာတွေကို ပြန်နွှေးပြီး စားသုံးကြပါတယ်။ တချို့ကျတော့ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး ပြန်နွှေးစားတာမျိုးလည်း ရှိသလို၊ မီးဖိုပေါ်တင်ပြီး အစားအစာတွေကို ပြန်နွှေးကြတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ပြန်နွှေးစားတာက အရသာပိုရှိတယ် ဆိုပေမယ့် ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာကို သတိပြုဖို့လိုပါတယ်။ ဒါ့ကြောင့်မို့လို့ ပြန်နွှေးပြီး စားသုံးမိမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အစားအသောက်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆီကြော်မုန့်များ

ဆီမြှုပ်ကြော်ထားတဲ့ ဆီကြော်မုန့်အစားအစာတွေကို ပြန်နွှေးပြီးစားသုံးတာကလည်း သင့်ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဆီကြော်မုန့်ကို ပြန်လည်အပူပေးလိုက်တဲ့အခါမှာ မုန့်ကထွက်လာတဲ့ အဆီဓာတ်များက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ Fatty Acids ထွက်ပေါ်လာ စေတဲ့အတွက်ကြောင့် သတိထားသင့်တဲ့ အချက်ပါပဲ။

(၂) အာလူး

အာလူးပြုတ်၊ အာလူးကြော် စတာတွေကို ပြန်ပြီး အပူပေးမစားသုံးသင့်တဲ့ အကြောင်းအရင်းကတော့ အာလူးကို ပြန်နွှေးလိုက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ ဘတ်တီးရီးယား ပိုးမွှားများနဲ့ အဆိပ်အတောက် များက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒီလို ပြန်အပူပေးထားတဲ့ အာလူးကို စားသုံးမိတဲ့အခါ အစာအဆိပ်သင့်တာမျိုး ဖြစ်တတ်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

(၃) အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

အသီးအရွက်ကြော်ဆိုတော့ ပူပူနွေးနွေးလေး စားတာက ပိုပြီး အရသာရှိစေပါတယ်။ ဒါပေမယ့် အရသာကောင်းဖို့ အတွက်ပဲ တွေးနေလို့ မရပါဘူး။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ သဘာဝဓာတ်များနဲ့ အာဟာရဓာတ်များက အပူပြန်ပေးလိုက်တဲ့အခါ ပျက်ပြယ်သွားနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါ့အပြင် ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ Compounds တွေထွက်ပေါ် လာနိုင်တာကြောင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ပြန်နွှေးပြီး မစားသုံးသင့်ပါဘူး။

(၄) ကြက်ဥ

ကြက်ဥက ပရိုတင်းဓာတ်ပြည့်ဝစွာ ပါဝင်တဲ့ အစားအစာဖြစ်တဲ့အတွက် ပြန်နွှေးပြီးစားသုံးမိမယ်ဆိုရင် ပရိုတင်းဓာတ်များက အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီအဆိပ်အတောက်များက အစာချေဖျက်မှု စနစ်ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကျန်းမာရေးနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဒါ့ကြောင့် ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ကြက်ဥကိုလည်း ပြန်နွှေးပြီး မစားသုံးသင့်ပါဘူး။

(၅) မိခင်နို့ရည်

မိခင်နို့ရည်ကို အပူပေးပြီး၊ ပြန်နွှေးပြီးတော့ ကိုယ့်ရဲ့ ရင်သွေးငယ်ကို မတိုက်ကျွေးသင့်တဲ့ အကြောင်းအရင်း နှစ်ရပ်ရှိပါတယ်။ အပူပေးထားတဲ့အတွက် ရင်သွေးငယ်ရဲ့လျှာကို အပူလောင်သွားစေနိုင်ပါတယ်။ ဒါ့အပြင် မိခင်နို့ရည်မှာပါဝင်တဲ့ အာဟာရဓာတ်များက အပူပေးလိုက်တဲ့အခါမှာ ပျက်ပြယ်သွားနိုင်တဲ့ အတွက် ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို ဘာမှအထောက်အကူ မပြုနိုင်တော့ပါဘူး။ ဒါ့ကြောင့် မိခင်နို့ရည်ကို နို့ဗူးထဲထည့်ထားတာမျိုး မပြုလုပ်တော့ဘဲ ကိုယ်တိုင်တိုက်ကျွေးတာက အကောင်းဆုံးပါပဲ။

(၆) ကြက်သား

ကြက်သားကို ပြန်လည်နွှေးစားတဲ့သူတွေ သတိထားသင့်တဲ့ အချက်ပါပဲ။ ကြက်သားကို အပူပေးလိုက်တဲ့အခါမှာ ပိုးမွှားများကို နိုးဆွပေးလိုက်သလို ဖြစ်သွားတာမို့လို့ စားသုံးမိမယ် ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် ကြက်သားကိုလည်း ဘယ်တော့မှ ပြန်နွှေးပြီး မစားသုံးသင့်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *