ဗဟုတုသ

နာနတ်သီးဖျော်ရည် ကြိုက်သူတွေအတွက် ကျန်းမာရေးသတင်းကောင်

နာနတ်သီးဖျော်ရည် ကြိုက်သူတွေအတွက် ကျန်းမာရေးသတင်းကောငး
အအေးဆိုင် ထိုင်လိုက်တိုင်း နာနတ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်လေးတစ်ခွက် မှာသောက်သင့်တဲ့ အကြောင်းပြချက် ကောင်းကောင်းတွေ ရှိပါတယ်။ နာနတ်သီးကြိုက်သူဆိုရင် ပျော်စရာပေါ့။အဆုတ်ရောဂါ ခံစားနေရတဲ့ လူတွေထဲမှာကိုယ်ပါနေပြီလား။ တကယ်လို့သာ တန်ဖိုးထားရတဲ့ အဆုတ်လေးနှစ်ခု မကျန်းမမာဖြစ်နေရင် ဂရုတစိုက် စားသင့်တဲ့ သစ်သီးဝလံတွေမှာ နာနတ်သီးက ထိပ်ဆုံးကပါနော်။

နာနတ်သီးဟာ တခြားအသီးတွေနဲ့ ယှဉ်လိုက်ရင် အန္တရာယ်ပေးနိုင်တဲ့ဓာတ် နည်းပါးပြီး အမျှင်ဓာတ် ဗီတာမင်ဘီစစ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်အပြင် ရောင်ရမ်းခြင်းကို လျော့စေတဲ့အင်ဇိုင်းတစ်မျိုး ပါဝင်ပါတယ်။

● ဓာတ်မတည့်တတ်သူတွေ ချောင်းဆိုး မကြာခဏဖြစ်သူတွေအတွက် နာနတ်သီးဖျော်ရည်က အကောင်းဆုံးပါတဲ့။ ဘာကြောင့်ပဲချောင်းဆိုးဆိုး နာနတ်သီးဖျော်ရည်လေးက ရောင်ရမ်းခြင်းတွေကို ကျဆင်းစေပြီး လေပြွန်လေးတွေကို ကောင်းလာစေပြီး ရင်ချောင်စေလို့ အစွမ်းထက်တဲ့ ဖျော်ရည်ပါတဲ့။

● ပန်းနာရင်ကြပ်သမားတွေအတွက်အထူးဆေးဝါးက နာနတ်ဖျော်ရည်ပါ။

နေ့စဉ် နာနတ်ဖျော်ရည်တစ်ဖန်ခွက်ကို ရက်ကိုးဆယ်တိတိ သောက်ပြီးတဲ့အခါ အသက်ရှူနှုန်းတွေ တိုးတက်ကောင်းမွန်လာပြီး ပန်းနာရင်ကြပ်ရောဂါကို သက်သာလာစေတာ တွေ့ရပါတယ်။

● ဆေးလိပ်သောက်လို့ဖြစ်တဲ့ အဆုတ်ပွတာတွေ၊ ချွဲကြပ်သလိပ်ကပ်တတ်သူတွေ အဆုတ်ရောင်အဆုတ်ပွ မကြာခဏဖြစ်တတ်သူတွေအတွက် သဘာဝဆေးဝါးပါတဲ့။ ချွဲသလိပ်တွေကို ကြေပျက်သွားစေပြီး ချွဲဟပ်ထုတ်ရ လွယ်စေပါတယ်။

● မကြာခဏ နှာစေးချောင်းဆိုးတတ်သူဆိုရင်၊ နှာခေါင်းပိတ်တတ်သူဆိုရင်တော့ နာနတ်သီးဖျော်ရည်က ကယ်တင်ရှင်ကြီး လုပ်လို့ရပြီလေ။ နှာခေါင်းနဲ့မျက်နှာက လေအခေါင်းပွတွေ ရောင်ရမ်းတာကို လျော့ကျစေပြီး ဓာတ်မတည့်တဲ့ရောဂါကို ကုသပေးတဲ့သဘာဝ ဆေးဝါးတစ်လက် ဖြစ်ပါတယ်။ ထိပ်ကပ်နာ ခံစားနေရသူတွေ နာနတ်ဖျော်ရည် သောက်ကြပါနော်။
Drmyanmar

Leave a Reply

Your email address will not be published. Required fields are marked *