ဗဟုတုသ

သင့္ယာဥ္ေမာင္းလိုင္စင္ သက္တမ္း(၁)ရက္ေလး လြန္တာနဲ႔ ဒဏ္ေငြ (၂၅၀၀၀)ေဆာင္ရမည္ဆိုတာ သိပါသလား?

(Zawgyi)

သင့္ယာဥ္ေမာင္းလိုင္စင္ သက္တမ္း(၁)ရက္ေလး လြန္တာနဲ႔ ဒဏ္ေငြ (၂၅၀၀၀)ေဆာင္ရမည္ဆိုတာ သင္သိပါသလား။ မွန္ပါတယ္။ သက္တမ္းတစ္ရက္ေလး ေက်ာ္သြားတာနဲ႔တင္ သင္ကိုင္တဲ့ ယာဥ္ေမာင္းလိုင္စင္ဟာ

“င”ဆိုရင္ ဒဏ္ေၾကး(၂၅၀၀၀)က်ပ္ပါ။

“ဃ”ဆိုရင္ဒဏ္ေၾကး(၂၀၀၀၀)က်ပ္ပါ။

“ခ”ဆိုရင္ (၁၀၀၀၀)က်ပ္။

“က”ဆို (၂၄၀၀)က်ပ္ပါ စသည္ျဖင့္ အသီးသီး ဒဏ္ေၾကးေတြ ေဆာင္ရမွာပါ။ တစ္ရက္ေလး သက္တမ္းလြန္တာနဲ႔ တင္ေနာ္။ ကြၽန္ေတာ္တို႔ ယာဥ္ေမာင္းလိုင္စင္ေတြ ေဈးႏႈန္းေျပာင္းစဥ္အခါက တစ္ခါတည္း ေဖာ္ျပထားတဲ့ စာေလးရွိပါတယ္။ အဲ့ဒါကေတာ့ ယာဥ္ေမာင္းလိုင္စင္ေတြ သက္တမ္းေက်ာ္လြန္ကာလ အခ်ိန္လြန္ဒဏ္ေၾကးကို မွတ္ပုံတင္ခ တစ္ႏွစ္စာရဲ႕ ၁၀၀% ေကာက္ခံရန္ ဆိုတာပါပဲ။

လိုင္စင္အမ်ိဳးအစားအလိုက္ ကုန္က်စရိတ္မ်ား

ဒီေတာ့ ဥပမာအေနနဲ႔ “င”လိုင္စင္တစ္ခု သက္တမ္းတိုးမယ္ ဆိုပါစို႔။ သက္တမ္းတိုး (ႏွစ္လဲ)ခက (၇၅၀၀၀) က်ပ္။ သက္တမ္း တစ္ရက္လြန္တယ္ ဆိုတာနဲ႔ တစ္ႏွစ္စာရဲ႕ ၁၀၀% ေကာက္ခံရန္ဆိုတဲ့အတြက္ (၇၅၀၀၀)ကို ၁၀၀% တြက္လိုက္ေတာ့ (၂၅၀၀၀)က်ပ္က်ေရာ။ တစ္ရက္လြန္လြန္၊ ႏွစ္ရက္လြန္လြန္ေနာ္။ တစ္ႏွစ္မျပည့္ခင္အထိ သက္တမ္းလြန္လဲ ၁၀၀% မို႔ (၂၅၀၀၀)က်ပ္ပဲ။ အဲ့ တစ္ႏွစ္နဲ႔ တစ္ရက္ လြန္သြားရင္ေတာ့ (၂)ႏွစ္စာ ျဖစ္သြားၿပီး (၅၀၀၀၀)က်ပ္ျဖစ္သြားမွာ။

ဒီေတာ့ ယာဥ္ေမာင္းလိုင္စင္ေတြဟာ (၃)လႀကိဳတင္ သက္တမ္းတိုးႏိုင္တာမို႔ ရက္အလြန္မခံပါနဲ႔ေတာ့။ ႀကိဳတင္သက္တမ္း တိုးၾကပါ။ ဒီအေၾကာင္းအရာေလးကို ဗဟုသုတရေစခ်င္ သိေစခ်င္လို႔ ကြၽန္ေတာ္သိထားတာကို ျပန္လည္မွ်ေဝေပးျခင္းျဖစ္ပါတယ္။

Credit – ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

(Unicode)

သင့်ယာဉ်မောင်းလိုင်စင် သက်တမ်း(၁)ရက်လေး လွန်တာနဲ့ ဒဏ်ငွေ (၂၅၀၀၀)ဆောင်ရမည်ဆိုတာသင်သိပါသလား

သင့်ယာဉ်မောင်းလိုင်စင် သက်တမ်း(၁)ရက်လေး လွန်တာနဲ့ ဒဏ်ငွေ (၂၅၀၀၀)ဆောင်ရမည်ဆိုတာသင်သိပါသလား။ မှန်ပါတယ်။ သက်တမ်းတစ်ရက်လေး ကျော်သွားတာနဲ့တင် သင်ကိုင်တဲ့ ယာဉ်မောင်းလိုင်စင်ဟာ

“င”ဆိုရင် ဒဏ်ကြေး(၂၅၀၀၀)ကျပ်ပါ။

“ဃ”ဆိုရင်ဒဏ်ကြေး(၂၀၀၀၀)ကျပ်ပါ။

“ခ”ဆိုရင် (၁၀၀၀၀)ကျပ်။

“က”ဆို (၂၄၀၀)ကျပ်ပါ စသည်ဖြင့် အသီးသီး ဒဏ်ကြေးတွေ ဆောင်ရမှာပါ။ တစ်ရက်လေး သက်တမ်းလွန်တာနဲ့ တင်နော်။ ကျွန်တော်တို့ ယာဉ်မောင်းလိုင်စင်တွေ ဈေးနှုန်းပြောင်းစဉ်အခါက တစ်ခါတည်း ဖော်ပြထားတဲ့ စာလေးရှိပါတယ်။ အဲ့ဒါကတော့ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းကျော်လွန်ကာလ အချိန်လွန်ဒဏ်ကြေးကို မှတ်ပုံတင်ခ တစ်နှစ်စာရဲ့ ၁၀၀% ကောက်ခံရန် ဆိုတာပါပဲ။

ဒီတော့ ဥပမာအနေနဲ့ “င”လိုင်စင်တစ်ခု သက်တမ်းတိုးမယ် ဆိုပါစို့။ သက်တမ်းတိုး (နှစ်လဲ)ခက (၇၅၀၀၀) ကျပ်။ သက်တမ်း တစ်ရက်လွန်တယ် ဆိုတာနဲ့ တစ်နှစ်စာရဲ့ ၁၀၀% ကောက်ခံရန်ဆိုတဲ့အတွက် (၇၅၀၀၀)ကို ၁၀၀% တွက်လိုက်တော့ (၂၅၀၀၀)ကျပ်ကျရော။ တစ်ရက်လွန်လွန်၊ နှစ်ရက်လွန်လွန်နော်။ တစ်နှစ်မပြည့်ခင်အထိ သက်တမ်းလွန်လဲ ၁၀၀% မို့ (၂၅၀၀၀)ကျပ်ပဲ။ အဲ့ တစ်နှစ်နဲ့ တစ်ရက် လွန်သွားရင်တော့ (၂)နှစ်စာ ဖြစ်သွားပြီး (၅၀၀၀၀)ကျပ်ဖြစ်သွားမှာ။

ဒီတော့ ယာဉ်မောင်းလိုင်စင်တွေဟာ (၃)လကြိုတင် သက်တမ်းတိုးနိုင်တာမို့ ရက်အလွန်မခံပါနဲ့တော့။ ကြိုတင်သက်တမ်း တိုးကြပါ။ ဒီအကြောင်းအရာလေးကို ဗဟုသုတရစေချင် သိစေချင်လို့ ကျွန်တော်သိထားတာကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။

Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply

Your email address will not be published. Required fields are marked *