ဗဟုတုသ

ေယာက္်ားေလး အေပါ့သြားတဲ့ အိမ္သာခြက္ထဲမွာ ဘာလို႔ ယင္ေကာင္ပုံစတစ္ကာေလး ကပ္ထားတာလဲ? စဥ္းစားေျဖၾကည့္ပါ။

(Zawgyi)

ေယာက္်ားေလး အေပါ့သြားတဲ့ အိမ္သာခြက္ထဲမွာ ဘာလို႔ ယင္ေကာင္ပုံစတစ္ကာေလး ကပ္ထားတာလဲ ဆိုတာ ေမးခဲ့ပါတယ္။

ဝိုင္းေျဖၾကတဲ့ အေျဖေတြ ဖတ္ၾကည့္ေတာ့ ေပ်ာ္စရာႀကီး။ Target ကို ထိေအာင္။ တည့္တည့္ပန္းေစခ်င္လို႔။ ေရဆြဲခ်ေအာင္ စသျဖင့္ေပါ့။

မွန္ပါတယ္။ ရွဴရွဴးေပါက္ရင္ ေဘးမထြက္ပဲ အိမ္သာခြက္ထဲ တည့္တည့္ဝင္ေအာင္၊ အိမ္သာသန႔္ရွင္းေအာင္၊ ေဘးမထြက္ေအာင္ပါ။ ယင္ေကာင္ေလးကပ္ထားေတာ့ အေပါ့သြားတဲ့ သူရဲ႕ အာ႐ုံက အဲ့ခြက္ထဲ ခနေရာက္သြားတယ္။ ရွဴရွဴးေပါက္တယ္။ တစ္ခ်ိန္ထဲ စဥ္းစားတယ္။ ဘာေလးလဲဟ။ ေရေလးဆြဲၾကည့္တယ္။ မက်သြားဘူးဟ။ ဘာပဲေျပာေျပာ တည့္တည့္ပန္းျဖစ္တယ္။ ေရဆြဲျဖစ္တယ္။

ကိုယ္ျဖစ္ခ်င္တာက ဘာလဲ?

ရွဴရွဴးေတြ အျပင္မပန္းေစခ်င္တာ။ တည့္တည့္ ပန္းေစခ်င္တာ။ ေရဆြဲခ်င္တာ။ ဒါကို ေရဆြဲပါ၊ တည့္တည့္ပန္းပါ စာေတြကပ္ထား႐ုံနဲ႔ မရဘူး။ တကယ့္လက္ေတြ႕မွာ လူေတြ ရွဴရွဴးေပါက္ရင္ အဆင့္ဆင့္ ဘာေတြလုပ္လဲ။ ဘယ္လိုေတြးလဲ စတာေတြကို လိုက္စဥ္းစားၿပီး လိုခ်င္တာ ျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ။ ဒီလိုမ်ိဳးစဥ္းစားၿပီး လူေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြ၊ လုပ္ေဆာင္ခ်က္ေတြကို ကိုယ္ျဖစ္ေစခ်င္တဲ့ ပုံစံအတိုင္း ျဖစ္လာေအာင္ လူေတြဘယ္လိုေတြးလဲ၊ အဆင့္ဆင့္ ဘာေတြလုပ္လည္းဆိုတာကို လိုက္စဥ္းစားၿပီး စီစဥ္တာကို Nudge Theory လို႔ ေခၚတယ္။

တိုက္႐ိုက္ ခိုင္းတာမဟုတ္ဖူးေနာ္။ တည့္တည့္ပန္းပါ။ ေရဆြဲပါ ေျပာမေနဘူး။ ေျပာေနလည္း လက္ေတြ႕မွာ လုပ္ခ်င္မွ လုပ္တာ။ ျဖစ္ေစခ်င္တဲ့အတိုင္း လုပ္ေအာင္ တိုက္႐ိုက္ေျပာမေနဘဲ သူတို႔ ဘယ္လိုေတြးလဲ၊ ဘယ္လို အဆင့္ဆင့္ လုပ္ေဆာင္လဲဆိုတာေတြ စဥ္းစားၿပီး သြယ္ဝိုက္ေသာနည္းေတြကေန ကိုယ္ျဖစ္ေစခ်င္တာ ျဖစ္လာေအာင္၊ လုပ္လာေအာင္ ဖန္တီးယူတာကို Nudge Theory လို႔ ေခၚပါတယ္။

Marketing မွာ သိပ္အသုံးဝင္တဲ့ နည္းတစ္နည္းေပါ့။ ဒါေလးဖတ္ၿပီး တစ္ေနရာရာမွာ ျပန္အသုံးခ်ဖို႔ အေတြးတစ္ခုခုရရင္ ေက်နပ္ပါတယ္။

Credit to – Dr. Htet Zan Linn

(Unicode)

ယောက်ျားလေး အပေါ့သွားတဲ့ အိမ်သာခွက်ထဲမှာ ဘာလို့ ယင်ကောင်ပုံစတစ်ကာလေး ကပ်ထားတာလဲ ဆိုတာ မေးခဲ့ပါတယ်။

ဝိုင်းဖြေကြတဲ့ အဖြေတွေ ဖတ်ကြည့်တော့ ပျော်စရာကြီး။ Target ကို ထိအောင်။ တည့်တည့်ပန်းစေချင်လို့။ ရေဆွဲချအောင် စသဖြင့်ပေါ့။

မှန်ပါတယ်။ ရှူရှူးပေါက်ရင် ဘေးမထွက်ပဲ အိမ်သာခွက်ထဲ တည့်တည့်ဝင်အောင်၊ အိမ်သာသန့်ရှင်းအောင်၊ ဘေးမထွက်အောင်ပါ။ ယင်ကောင်လေးကပ်ထားတော့ အပေါ့သွားတဲ့ သူရဲ့ အာရုံက အဲ့ခွက်ထဲ ခနရောက်သွားတယ်။ ရှူရှူးပေါက်တယ်။ တစ်ချိန်ထဲ စဉ်းစားတယ်။ ဘာလေးလဲဟ။ ရေလေးဆွဲကြည့်တယ်။ မကျသွားဘူးဟ။ ဘာပဲပြောပြော တည့်တည့်ပန်းဖြစ်တယ်။ ရေဆွဲဖြစ်တယ်။

ကိုယ်ဖြစ်ချင်တာက ဘာလဲ?

ရှူရှူးတွေ အပြင်မပန်းစေချင်တာ။ တည့်တည့် ပန်းစေချင်တာ။ ရေဆွဲချင်တာ။ ဒါကို ရေဆွဲပါ၊ တည့်တည့်ပန်းပါ စာတွေကပ်ထားရုံနဲ့ မရဘူး။ တကယ့်လက်တွေ့မှာ လူတွေ ရှူရှူးပေါက်ရင် အဆင့်ဆင့် ဘာတွေလုပ်လဲ။ ဘယ်လိုတွေးလဲ စတာတွေကို လိုက်စဉ်းစားပြီး လိုချင်တာ ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒီလိုမျိုးစဉ်းစားပြီး လူတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်လာအောင် လူတွေဘယ်လိုတွေးလဲ၊ အဆင့်ဆင့် ဘာတွေလုပ်လည်းဆိုတာကို လိုက်စဉ်းစားပြီး စီစဉ်တာကို Nudge Theory လို့ ခေါ်တယ်။

တိုက်ရိုက် ခိုင်းတာမဟုတ်ဖူးနော်။ တည့်တည့်ပန်းပါ။ ရေဆွဲပါ ပြောမနေဘူး။ ပြောနေလည်း လက်တွေ့မှာ လုပ်ချင်မှ လုပ်တာ။ ဖြစ်စေချင်တဲ့အတိုင်း လုပ်အောင် တိုက်ရိုက်ပြောမနေဘဲ သူတို့ ဘယ်လိုတွေးလဲ၊ ဘယ်လို အဆင့်ဆင့် လုပ်ဆောင်လဲဆိုတာတွေ စဉ်းစားပြီး သွယ်ဝိုက်သောနည်းတွေကနေ ကိုယ်ဖြစ်စေချင်တာ ဖြစ်လာအောင်၊ လုပ်လာအောင် ဖန်တီးယူတာကို Nudge Theory လို့ ခေါ်ပါတယ်။

Marketing မှာ သိပ်အသုံးဝင်တဲ့ နည်းတစ်နည်းပေါ့။ ဒါလေးဖတ်ပြီး တစ်နေရာရာမှာ ပြန်အသုံးချဖို့ အတွေးတစ်ခုခုရရင် ကျေနပ်ပါတယ်။

Credit to – Dr. Htet Zan Linn

Leave a Reply

Your email address will not be published. Required fields are marked *