ဗဟုတုသ

သင်၏ဆိုင်ကယ်သည် “ယ” မဟုတ်ဘဲ SHN, MDY,SGG, BGO စသော လိုင်စင်များဖြစ်ခဲ့သော်၊ သက်တမ်းတိုးရာတွင်

(Zawgyi)






(Unicode)

သင်၏ဆိုင်ကယ်သည် “ယ” မဟုတ်ဘဲ SHN, MDY,SGG, BGO စသော ဆိုင်ကယ်လိုင်စင်များဖြစ်ခဲ့သော်

သင်၏ဆိုင်ကယ်ဟာ “ယ”ဆိုခဲ့ရင်ဖြင့် ကြိုက်တဲ့မြို့မှာ တခြမ်းစစ်ပြီး သက်တမ်းတိုးနိုင်ပါတယ်။ ဆိုင်ကယ်ကို သယ်ဆောင်သွားစရာမလိုဘူးပေါ့။ ဥပမာအားဖြင့် သင်က ပဲခူးမှာ ဆိုင်ကယ်လေးနဲ့ သွားလာလို့ အလုပ်လုပ်နေတယ်။ အဲ့ဆိုင်ကယ်က မန္တလေးမှာ လိုင်စင်လုပ်ခဲ့တာ။ အခု သက်တမ်းတိုး ရတော့မယ် ဆိုပါစို့။ နံပါတ်က “ယ”နဲ့ဆိုရင် အဆင်ပြေတဲ့ မြို့ရဲ့ ကညနမှာ တခြမ်းစစ်ပြီး မူရင်းလိုင်စင် လုပ်ခဲ့တဲ့ နေရာကို စာရွက်စာတမ်းတွေ ပါဆယ်လိုက်ရုံဖြင့် သက်တမ်းတိုးခြင်းကိစ္စ ပြီးမြောက်သွားပါတယ်။ ဆိုင်ကယ်ကို မူရင်းလိုင်စင် လုပ်ခဲ့တဲ့ မြို့ထိ သယ်ဆောင်သွားစရာ မလိုတော့ဘူးပေါ့။

မဟုတ်ဘူး ကျွန်တော့်ဆိုင်ကယ်က “ယ”မဟုတ်ဘူး။ ပုံထဲကလို ရှမ်း၊ ပဲခူး၊ စစ်ကိုင်း စသည်ဖြင့် တိုင်း/ပြည်နယ်လိုင်စင် အနေနဲ့ လုပ်ထားတာ။ အခုသက်တမ်းတိုးရတော့မယ်။ ကိုရောက်နေတဲ့ မြို့ကတခြား၊ ဆိုင်ကယ်လိုင်စင်လုပ်ခဲ့တဲ့ မြို့ကတခြား။ ပြန်သွားလုပ်ရမှာအဝေးကြီးပေါ့။ အဲ့ဒီလို ဖြစ်နေခဲ့ရင် ပြောခဲ့ပီးသားပါ။ “ယ”မဟုတ်တာမှန်သမျှ မူရင်းလိုင်စင် လုပ်ခဲ့တဲ့နေရာအထိ ဆိုင်ကယ်ကိုသယ်ဆောင်သွားလို့ လိုင်စင်သက်တမ်းတိုးရမှာပါ။

(1.9.2017 ရက်မှစ၍ မော်တော်ဆိုင်ကယ်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် ယာဉ်၏ကြံခိုင်မှုကိုပါ စစ်ဆေးပီးမှ သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်မည်ဟု ကညနမှ ထုတ်ပြန်ထားရှိ)

Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply

Your email address will not be published. Required fields are marked *