သီေပါမင္းရဲ႕ ေနာက္ဆုံးက်န္ခဲ့တဲ့ လက္ဝတ္ရတနာေတြထဲက ေၾကာက္စရာေကာင္းတဲ့ ေက်ာက္

(Zawgyi)

သီေပါမင္းရဲ႕ ေနာက္ဆုံးက်န္ခဲ့တဲ့ လက္ဝတ္ရတနာေတြထဲက ေၾကာက္စရာေကာင္းတဲ့ ေက်ာက္

သီေပါမင္းရဲ႕ ေနာက္ဆုံးက်န္ခဲ့တဲ့ လက္ဝတ္ရတနာေတြထဲက ေၾကာက္စရာေကာင္းတဲ့ ေက်ာက္ပုံစံ စီျခယ္ထားတဲ့ အဖိုးတန္ရတနာ၊ ျမန္မာပေဒသရာဇ္ေခတ္ရဲ႕ နန္းက်ဘုရင္ (သို႔) ကုန္းေဘာင္မင္းဆက္ရဲ႕ ေနဝင္နန္းက် ေနာက္ဆုံးမင္းျဖစ္တဲ့ သီေပါမင္းကို ျမန္မာတစ္ႏိုင္ငံလုံး အဂၤလိပ္က သိမ္းပိုက္ၿပီးခ်ိန္၊ အိႏၵိယႏိုင္ငံ ရတနာဂီရိမွာ အက်ယ္ခ်ဳပ္ခ်ၿပီး ထားရွိခ်ိန္မွာ သူမႏၲေလးမွာ ရွိစဥ္က ေ႐ႊကြမ္းအစ္နဲ႔ ထည့္ထားတဲ့နန္းစဥ္ ရတနာေတြကို အဲ့ဒီအခ်ိန္က အဂၤလိပ္သံအ
ရာရွိ ကာနယ္စေလဒင္”ကို ေပးအပ္ထားတာ ျပန္ရရွိဘို႔ ေရွ႕ေနေတြငွားၿပီး အဂၤလိပ္အစိုးရထံ ျပန္လည္ရွိေရး ႀကိဳးပမ္းခဲ့ေသးတယ္ဆိုဘဲ။ ရတနာဂီရိကို မပို႔ေဆာင္ခင္အခ်ိန္က အိႏၵိယႏိုင္ငံ၊ နယူးဒလီၿမိဳ႕မွာ ထားရွိစဥ္အခ်ိန္က သုံးစြဲဘို႔ ေငြေၾကးအၾကပ္အတည္း ႀကဳံလာတိုင္း အဂၤလန္ကလာတဲ့ ေက်ာက္ကုန္သည္ေတြထံ သူ႔ထံမွာ ဝတ္ဆင္ထားတဲ့ ေက်ာက္မ်က္ လက္ဝတ္ရတနာေတြကို ထုခြဲေရာင္းခ်ၿပီး ေျဖရွင္းေလ့ရွိတယ္ဆိုဘဲ။

ေနာက္ပိုင္း ကုန္သည္ေတြ ေျခရႈပ္လာလို႔ အိႏၵိယမွာရွိတဲ့ အဂၤလိပ္ဘုရင္ခံက ရတနာဂီရိကို ပို႔လိုက္ရတာမ်ိဳးဆိုေတာ့ ေနာက္ဆုံး ေသသည္အထိ ရတနာဂီရိမွာဘဲ ေနထိုင္သြားခဲ့ရတယ္လို႔ ဆိုတယ္ေလ။

ခုပုံမွာပါတဲ့ လက္ဝတ္ရတနာကေတာ့ သူေနာက္ဆုံးက်န္ရွိတဲ့ ရတနာ ေတြထဲကတစ္ခုေပါ့။ ထူးဆန္းတာက ျမေက်ာက္ကို ပတၱျမားေက်ာက္ေတြ ရံၿပီး စီခ်ယ္ထားတာပါ။ ဒီလို ေက်ာက္မ်က္ရတနာေတြကို စည္းကမ္းမရွိ လုပ္ခ်င္သလို လုပ္ၿပီး ဆင္ျမန္းခဲ့လို႔ ေနာက္ဆုံးမွာစြန႔္လႊတ္ရသည္အထိ ခိုက္ခဲ့ရတယ္လို႔ ေရွးလူႀကီးသူမေတြက ေျပာၾကတယ္ေလ။ပတၱျမားဆိုတဲ့ ေက်ာက္မ်က္ရတနာဟာ ေက်ာက္မ်ကရတနာေတြထဲမွာ အျမင့္ျမတ္ဆုံး ေက်ာက္လို႔ ေရွးပေဝသဏီ ကာလကတည္းက သတ္မွတ္ခဲ့ၾကတယ္ေလ။ ပတၱျမားကို အလယ္မွာဘဲထားၿပီး ဝတ္ဆင္ရမည္ဆိုတဲ့ အယူအဆဟာ ခုခ်ိန္ထိ မွန္ကန္ေနတဲ့အယူအဆ ျဖစ္သလို ေနာင္လက္ဝတ္ရတနာေတြကို ဆင္ျမန္းၾကမည္ဆိုပါက အျခားေက်ာက္ေတြကို အလယ္မွာထားၿပီး ပတၱျမားကို အရံ သေဘာထားကာ ဝတ္ဆင္တာမ်ိဳးေတြ ေရွာင္ရွားၾကေစလိုေၾကာင္း။

မိုးကုတ္ ႏွစ္ (800 ) ကို ဂုဏ္ျပဳ၍ ေရးသားေဖၚျပလိုက္ရပါေၾကာင္း။

Credit-Original Uploader

(Unicode)

သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်

သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်ပုံစံ စီခြယ်ထားတဲ့ အဖိုးတန်ရတနာ၊ မြန်မာပဒေသရာဇ်ခေတ်ရဲ့ နန်းကျဘုရင် (သို့) ကုန်းဘောင်မင်းဆက်ရဲ့ နေဝင်နန်းကျ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းကို မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်က သိမ်းပိုက်ပြီးချိန်၊ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ အကျယ်ချုပ်ချပြီး ထားရှိချိန်မှာ သူမန္တလေးမှာ ရှိစဉ်က ရွှေကွမ်းအစ်နဲ့ ထည့်ထားတဲ့နန်းစဉ် ရတနာတွေကို အဲ့ဒီအချိန်က အင်္ဂလိပ်သံအ
ရာရှိ ကာနယ်စလေဒင်”ကို ပေးအပ်ထားတာ ပြန်ရရှိဘို့ ရှေ့နေတွေငှားပြီး အင်္ဂလိပ်အစိုးရထံ ပြန်လည်ရှိရေး ကြိုးပမ်းခဲ့သေးတယ်ဆိုဘဲ။ ရတနာဂီရိကို မပို့ဆောင်ခင်အချိန်က အိန္ဒိယနိုင်ငံ၊ နယူးဒလီမြို့မှာ ထားရှိစဉ်အချိန်က သုံးစွဲဘို့ ငွေကြေးအကြပ်အတည်း ကြုံလာတိုင်း အင်္ဂလန်ကလာတဲ့ ကျောက်ကုန်သည်တွေထံ သူ့ထံမှာ ဝတ်ဆင်ထားတဲ့ ကျောက်မျက် လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချပြီး ဖြေရှင်းလေ့ရှိတယ်ဆိုဘဲ။

နောက်ပိုင်း ကုန်သည်တွေ ခြေရှုပ်လာလို့ အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်ဘုရင်ခံက ရတနာဂီရိကို ပို့လိုက်ရတာမျိုးဆိုတော့ နောက်ဆုံး သေသည်အထိ ရတနာဂီရိမှာဘဲ နေထိုင်သွားခဲ့ရတယ်လို့ ဆိုတယ်လေ။

ခုပုံမှာပါတဲ့ လက်ဝတ်ရတနာကတော့ သူနောက်ဆုံးကျန်ရှိတဲ့ ရတနာ တွေထဲကတစ်ခုပေါ့။ ထူးဆန်းတာက မြကျောက်ကို ပတ္တမြားကျောက်တွေ ရံပြီး စီချယ်ထားတာပါ။ ဒီလို ကျောက်မျက်ရတနာတွေကို စည်းကမ်းမရှိ လုပ်ချင်သလို လုပ်ပြီး ဆင်မြန်းခဲ့လို့ နောက်ဆုံးမှာစွန့်လွှတ်ရသည်အထိ ခိုက်ခဲ့ရတယ်လို့ ရှေးလူကြီးသူမတွေက ပြောကြတယ်လေ။ပတ္တမြားဆိုတဲ့ ကျောက်မျက်ရတနာဟာ ကျောက်မျကရတနာတွေထဲမှာ အမြင့်မြတ်ဆုံး ကျောက်လို့ ရှေးပဝေသဏီ ကာလကတည်းက သတ်မှတ်ခဲ့ကြတယ်လေ။ ပတ္တမြားကို အလယ်မှာဘဲထားပြီး ဝတ်ဆင်ရမည်ဆိုတဲ့ အယူအဆဟာ ခုချိန်ထိ မှန်ကန်နေတဲ့အယူအဆ ဖြစ်သလို နောင်လက်ဝတ်ရတနာတွေကို ဆင်မြန်းကြမည်ဆိုပါက အခြားကျောက်တွေကို အလယ်မှာထားပြီး ပတ္တမြားကို အရံ သဘောထားကာ ဝတ်ဆင်တာမျိုးတွေ ရှောင်ရှားကြစေလိုကြောင်း။

မိုးကုတ် နှစ် (800 ) ကို ဂုဏ်ပြု၍ ရေးသားဖေါ်ပြလိုက်ရပါကြောင်း။

Credit-Original Uploader

Comments

Leave a Reply

Your email address will not be published. Required fields are marked *