ဗဟုတုသ

ျခစား၊ ျခကိုက္၊ ေငြစုတ္ ေငြေဆြးေတြကို လႊင့္မပစ္ၾကပါနဲ႔။

(Zawgyi)

ျခစား၊ ျခကိုက္၊ ေငြစုတ္ ေငြေဆြးေတြကို လႊင့္မပစ္ၾကပါနဲ႔

တစ္ခုေလာက္ေျပာျပခ်င္တယ္။ အက်ိဳးရွိမွာမို႔ ဖတ္ၾကည့္ေစလိုပါတယ္။ ၿမိဳ႕နယ္အဆင့္ ဘဏ္ေတြမွာ အဲ့ပုံပါအတိုင္း ျခစား(ျခကိုက္)ေငြေတြကို သြားလဲရင္ မရပါဘူး။ ဒါကို ဘဏ္က လဲမေပးလို႔ သုံးမရဘူးထင္ၿပီး ဖ်က္စီး မျပစ္ၾကပါနဲ႔။

ရန္ကုန္ ဆူးေလအနီး လမ္း၃၀ ေအာက္ဘေလာက္မွာရွိတဲ့ ဗဟိုဘဏ္ ေငြစုတ္ေငြေဆြး လုပ္ငန္းခြဲမွာ တရားဝင္ လဲလွယ္လို႔ရပါတယ္။ ေသြးစြန္း၊ မွင္စြန္း၊ မီးေလာင္၊ ျခစား၊ ဆီစြန္း၊ အပိုင္းပိုင္းျပတ္တဲ့ ေငြေတြကို သတ္မွတ္ထားတဲ့ စံၫႊန္းနဲ႔ကိုက္ညီရင္ ျပန္လဲေပးပါတယ္။ ဒါကို မသိပဲ မီးရႈိ႕ဖ်က္စီးျပစ္လိုက္မယ္ဆိုရင္ ႏွေျမာဖို႔ ေကာင္းပါတယ္။

က်ေနာ္ကိုယ္တိုင္ ဗဟိုဘဏ္ ေငြစုတ္ေငြေဆြး လုပ္ငန္းခြဲမွာ ၃ႀကိမ္ သြားလဲဖူးပါတယ္။ အားလုံးနီးပါး ျပန္ၿပီရတာမို႔ က်ေနာ္ေျပာတဲ့ ေငြအစုတ္အေဆြးေတြကို မဖ်က္စီး ျပစ္ၾကဖို႔ပါ။ မိမိပါတ္ဝန္းက်င္မွာ ေတြ႕ခဲ့ ဆုံခဲ့မယ္ဆိုရင္ျဖင့္ ေငြဆုံးရႈံးမႈ မျဖစ္ရေလေအာင္ ကူညီေျပာျပေပးႏိုင္ပါတယ္။

အစိုးရဘဏ္ေတြမွာ သာမာန္ ေငြအစုတ္ အေဆြးေတြ ဗုဒၶဟူးေန႔တိုင္း လဲလွယ္ေပးေနတာမို႔ ေငြေဆြး ေငြစုတ္ ရွိသူတိုင္း သြားလဲလို႔ ရပါတယ္။

ေလးစားစြာျဖင့္…

Credit – ကိုထိုက္၊ ေကာ့ကရိတ္ၿမိဳ႕

(Unicode)

ခြစား၊ ခြကိုက်၊ ငွေစုတ် ငွေဆွေးတွေကို လွှင့်မပစ်ကြပါနဲ့

တစ်ခုလောက်ပြောပြချင်တယ်။ အကျိုးရှိမှာမို့ ဖတ်ကြည့်စေလိုပါတယ်။ မြို့နယ်အဆင့် ဘဏ်တွေမှာ အဲ့ပုံပါအတိုင်း ခြစား(ခြကိုက်)ငွေတွေကို သွားလဲရင် မရပါဘူး။ ဒါကို ဘဏ်က လဲမပေးလို့ သုံးမရဘူးထင်ပြီး ဖျက်စီး မပြစ်ကြပါနဲ့။

ရန်ကုန် ဆူးလေအနီး လမ်း၃၀ အောက်ဘလောက်မှာရှိတဲ့ ဗဟိုဘဏ် ငွေစုတ်ငွေဆွေး လုပ်ငန်းခွဲမှာ တရားဝင် လဲလှယ်လို့ရပါတယ်။ သွေးစွန်း၊ မှင်စွန်း၊ မီးလောင်၊ ခြစား၊ ဆီစွန်း၊ အပိုင်းပိုင်းပြတ်တဲ့ ငွေတွေကို သတ်မှတ်ထားတဲ့ စံညွှန်းနဲ့ကိုက်ညီရင် ပြန်လဲပေးပါတယ်။ ဒါကို မသိပဲ မီးရှို့ဖျက်စီးပြစ်လိုက်မယ်ဆိုရင် နှမြောဖို့ ကောင်းပါတယ်။

ကျနော်ကိုယ်တိုင် ဗဟိုဘဏ် ငွေစုတ်ငွေဆွေး လုပ်ငန်းခွဲမှာ ၃ကြိမ် သွားလဲဖူးပါတယ်။ အားလုံးနီးပါး ပြန်ပြီရတာမို့ ကျနော်ပြောတဲ့ ငွေအစုတ်အဆွေးတွေကို မဖျက်စီး ပြစ်ကြဖို့ပါ။ မိမိပါတ်ဝန်းကျင်မှာ တွေ့ခဲ့ ဆုံခဲ့မယ်ဆိုရင်ဖြင့် ငွေဆုံးရှုံးမှု မဖြစ်ရလေအောင် ကူညီပြောပြပေးနိုင်ပါတယ်။

အစိုးရဘဏ်တွေမှာ သာမာန် ငွေအစုတ် အဆွေးတွေ ဗုဒ္ဓဟူးနေ့တိုင်း လဲလှယ်ပေးနေတာမို့ ငွေဆွေး ငွေစုတ် ရှိသူတိုင်း သွားလဲလို့ ရပါတယ်။

လေးစားစွာဖြင့်…

Credit – ကိုထိုက်၊ ကော့ကရိတ်မြို့

Leave a Reply

Your email address will not be published. Required fields are marked *