လုပ္ထုံးလုပ္နည္း အလြဲေၾကာင့္ ပင္ပန္းႀကီးစြာ ျဖစ္ေနရတဲ့ ပင္စင္စားမ်ာ

(Zawgyi)

လုပ္ထုံးလုပ္နည္း အလြဲေၾကာင့္ ပင္ပန္းႀကီးစြာ ျဖစ္ေနရတဲ့ ပင္စင္စားမ်ား

ဒီေန႔ အဖိုးကို ပင္စင္လိုက္ထုတ္ေပးတယ္။ ပင္စင္လစာေတြ တိုးတာကို သူတို႔ဆီမွာ ရွိၿပီးသား စာရင္းကို ေဘာမွာကပ္ထားၿပီး စာအုပ္ထပ္ရင္ လက္မခံပဲ နာမည္သြားရွာခိုင္းတယ္။ တိုးမတိုး သြားရွာလို႔သာ ေျပာလိုက္တာ ဘယ္လိုရွာရမယ္ဆိုတာ တခြန္းမေျပာဘူး။ ကိုယ္ကျပန္ေမးတယ္။ ဦးေလး ဘယ္လိုၾကည့္ၿပီ းရွာရမလဲေပါ့။ နာမည္ ရာထူးနဲ႔ ဌာန တိုက္ရွာတဲ့။

ကိုယ္စရွာတယ္။ နာမည္ကစၿပီး ဘုတ္ေတြက ဟိုဘက္ေကာဒီဘက္ေကာ မနည္းဘူး။ နာမည္ေတြက ေျဗာက္ေသာက္၊ ဌာနကလဲ ေျဗာက္ေသာက္ အရင္အမွတ္စဥ္နဲ႔ စီထားတာလဲမဟုတ္ ကိုယ္ရွာရတာအေၾကာင္းမဟုတ္ဘူး။

ေနကပူပူ အရိပ္မရွိဘာမရွိ တုန္တုန္ခ်ိခ်ိ မ်က္လုံးမေကာင္းတဲ့ အဖိုးေတြအဖြားေတြဆိုတာ မနည္းဘူး။ ဟိုနားေလးရပ္ရွာ ဒီနားေလးရပ္ရွာနဲ႔ သားရယ္ ဘယ္လိုရွာရမလဲ အဖြားမျမင္ရလို႔ အဖိုးမျမင္ရလို႔ ဆိုၿပီးေျပာလာသူေတြ မနည္း ကိုယ္လဲမွတ္မိႏိုင္သေလာက္နာမည္ေတြမွတ္ရွာေပး ဘယ္လိုမွ အဆင္မေျပ။ ေနာက္ဆုံး အဖိုးပင္စင္စာအုပ္တစ္အုပ္လုံး ပိုက္စိပ္တိုက္လိုက္ၾကည့္ၿပီး ဘယ္လိုရွာရင္ အလြယ္ဆုံးဆိုတာနည္းလမ္းေတြ႕တယ္။ ဒါနဲ႔ကိုယ့္အဖိုးနာမည္ေျပးရွာ ရၿပီဆိုတာနဲ႔ ဓာတ္ပုံ႐ိုက္ မွတ္ထား စာအုပ္ေျပးထပ္ ညီဝမ္းကြဲနဲ႔ အဖိုးကိုစာအုပ္ထပ္တဲ့နား နာမည္ေခၚတာေစာင့္ခိုင္းၿပီး မေနႏိုင္တဲ့ကိုယ္ ဘုတ္ေတြနားကိုျပန္ေျပး။

အဖိုးသားကို စာအုပ္ခဏျပ အဖြားသားကို စာအုပ္ခဏျပဆိုၿပီး အမိန႔္လႊာအမွတ္ကို ဓာတ္ပုံ႐ိုက္ယူ (စာအုပ္ယူထားရင္ေပ်ာက္မွာစိုးလို႔) ဟိုအရိပ္ထဲသြားေစာင့္ေနၾကဆိုၿပီး အဲ့ေနပူထဲမယ္တစ္ေယာက္ၿပီးတစ္ေယာက္ရွာေပး မွတ္ေရးေပးရ တယ္ တစ္ခ်ိဳ႕အဖိုးအဖြားေတြလဲ နာမည္မပါ (မတိုးဘူး) ေမွ်ာ္လင့္ခ်က္ေလးေတြနဲ႔ ေတြ႕မလားေတြ႕မလား ရွာေနၾကေသးတယ္။

ကိုယ့္မယ္ သနားလဲသနား ေဒါသေတြလဲထြက္ ပင္စင္လစာလာထုတ္ၾကသူေတြဟာ အဖိုးေတြအဖြားေတြမ်ားတယ္ အိမ္ကလူပါလာတယ္ဆိုတာ ေတာ္ေတာ္ကိုရွားတယ္ ဒါကိုမညႇာမတာ သူတို႔သက္သာဖို႔အေရး လစာတိုးပါမပါ နာမည္ အမွတ္စဥ္ရွာခိုင္းတာ ဟုတ္ကိုမဟုတ္ဘူး။

တကယ္ဆို Smart Card နဲ႔ ထုတ္တာပဲ သူတို႔္မွာ စာရင္းရွိၿပီးသား ရွာခိုင္းစရာလိုကိုမလိုတာ ရွာလို႔ေတြ႕လာတဲ့အမွတ္စဥ္ ကို ဘာလုပ္သလဲဆိုေတာ့ စာအုပ္အဖုံးမွာေရးလိုက္တယ္ သူတို႔မွာ ဘုတ္မွာကပ္ထားတဲ့ စာ႐ြက္ေတြကို သူ႔အတြဲလိုက္စီ ရွိေနၿပီးသားကို အဲ့အမွတ္စဥ္ကို ရွာၿပီး လယ္ခ်ာစာအုပ္ထဲ ျပန္ကူးေရးသတဲ့ အေမးဇင္း လုပ္ထုံးလုပ္နည္းႀကီး။ ဒါပဲ

ဒါေလးတစ္ခုအတြက္ ေနပူႀကီးထဲ နာမည္ရွာမရလို႔ စိတ္ပူ ပင္ပန္းေနၾကတဲ့အဖိုးေတြအဖြားေတြကိုၾကည့္ရင္း ေဒါသထြက္လိုက္တာ ဆိုတာ အသားေတာင္ တဆပ္ဆပ္တုန္တယ္ အဖိုးေငြထုတ္ၿပီးတဲ့အထိ ႏိုင္သေလာက္ရွာေပးခဲ့တယ္ ကိုယ္ျပန္ လာတဲ့အထိ ရွာေနၾကတဲ့အဖိုးေတြအဖြားေတြကို စိတ္မခ်မ္းမသာနဲ႔ပဲထားခဲ့ရတယ္

ပိုသမွ်အစြန္းတြက္ေတြကိုက် ေဝမွ်ယူၾက ကိုယ္က်အရိပ္ထဲေနၿပီး ကိုယ္ခ်င္းစာစိတ္ေလးေတာ့ ထားၾကဖို႔ေကာင္းပါတယ္ ကိုယ္ခ်င္းစာႏိုင္ၾကပါေစ။

PS: ေငြေပးအမိန႔္စာအမွတ္နဲ႔ ရွာတာ အလြယ္ဆုံးပါ တိုးတာေတြက GON, N(YGN),N(NPT),NA,NB တို႔ပဲျဖစ္ပါတယ္။ က်န္တဲ့ Fတို႔ ဘာတို႔ တိုးတဲ့ထဲမပါပါဘူးခင္ဗ်

ေရးသားသူ – Kyeyoung Lin

(Unicode)

လုပ်ထုံးလုပ်နည်း အလွဲကြောင့် ပင်ပန်းကြီးစွာ ဖြစ်နေရတဲ့ ပင်စင်စားများ

ဒီနေ့ အဖိုးကို ပင်စင်လိုက်ထုတ်ပေးတယ်။ ပင်စင်လစာတွေ တိုးတာကို သူတို့ဆီမှာ ရှိပြီးသား စာရင်းကို ဘောမှာကပ်ထားပြီး စာအုပ်ထပ်ရင် လက်မခံပဲ နာမည်သွားရှာခိုင်းတယ်။ တိုးမတိုး သွားရှာလို့သာ ပြောလိုက်တာ ဘယ်လိုရှာရမယ်ဆိုတာ တခွန်းမပြောဘူး။ ကိုယ်ကပြန်မေးတယ်။ ဦးလေး ဘယ်လိုကြည့်ပြီ းရှာရမလဲပေါ့။ နာမည် ရာထူးနဲ့ ဌာန တိုက်ရှာတဲ့။

ကိုယ်စရှာတယ်။ နာမည်ကစပြီး ဘုတ်တွေက ဟိုဘက်ကောဒီဘက်ကော မနည်းဘူး။ နာမည်တွေက ဗြောက်သောက်၊ ဌာနကလဲ ဗြောက်သောက် အရင်အမှတ်စဉ်နဲ့ စီထားတာလဲမဟုတ် ကိုယ်ရှာရတာအကြောင်းမဟုတ်ဘူး။

နေကပူပူ အရိပ်မရှိဘာမရှိ တုန်တုန်ချိချိ မျက်လုံးမကောင်းတဲ့ အဖိုးတွေအဖွားတွေဆိုတာ မနည်းဘူး။ ဟိုနားလေးရပ်ရှာ ဒီနားလေးရပ်ရှာနဲ့ သားရယ် ဘယ်လိုရှာရမလဲ အဖွားမမြင်ရလို့ အဖိုးမမြင်ရလို့ ဆိုပြီးပြောလာသူတွေ မနည်း ကိုယ်လဲမှတ်မိနိုင်သလောက်နာမည်တွေမှတ်ရှာပေး ဘယ်လိုမှ အဆင်မပြေ။ နောက်ဆုံး အဖိုးပင်စင်စာအုပ်တစ်အုပ်လုံး ပိုက်စိပ်တိုက်လိုက်ကြည့်ပြီး ဘယ်လိုရှာရင် အလွယ်ဆုံးဆိုတာနည်းလမ်းတွေ့တယ်။ ဒါနဲ့ကိုယ့်အဖိုးနာမည်ပြေးရှာ ရပြီဆိုတာနဲ့ ဓာတ်ပုံရိုက် မှတ်ထား စာအုပ်ပြေးထပ် ညီဝမ်းကွဲနဲ့ အဖိုးကိုစာအုပ်ထပ်တဲ့နား နာမည်ခေါ်တာစောင့်ခိုင်းပြီး မနေနိုင်တဲ့ကိုယ် ဘုတ်တွေနားကိုပြန်ပြေး။

အဖိုးသားကို စာအုပ်ခဏပြ အဖွားသားကို စာအုပ်ခဏပြဆိုပြီး အမိန့်လွှာအမှတ်ကို ဓာတ်ပုံရိုက်ယူ (စာအုပ်ယူထားရင်ပျောက်မှာစိုးလို့) ဟိုအရိပ်ထဲသွားစောင့်နေကြဆိုပြီး အဲ့နေပူထဲမယ်တစ်ယောက်ပြီးတစ်ယောက်ရှာပေး မှတ်ရေးပေးရ တယ် တစ်ချို့အဖိုးအဖွားတွေလဲ နာမည်မပါ (မတိုးဘူး) မျှော်လင့်ချက်လေးတွေနဲ့ တွေ့မလားတွေ့မလား ရှာနေကြသေးတယ်။

ကိုယ့်မယ် သနားလဲသနား ဒေါသတွေလဲထွက် ပင်စင်လစာလာထုတ်ကြသူတွေဟာ အဖိုးတွေအဖွားတွေများတယ် အိမ်ကလူပါလာတယ်ဆိုတာ တော်တော်ကိုရှားတယ် ဒါကိုမညှာမတာ သူတို့သက်သာဖို့အရေး လစာတိုးပါမပါ နာမည် အမှတ်စဉ်ရှာခိုင်းတာ ဟုတ်ကိုမဟုတ်ဘူး။

တကယ်ဆို Smart Card နဲ့ ထုတ်တာပဲ သူတို့်မှာ စာရင်းရှိပြီးသား ရှာခိုင်းစရာလိုကိုမလိုတာ ရှာလို့တွေ့လာတဲ့အမှတ်စဉ် ကို ဘာလုပ်သလဲဆိုတော့ စာအုပ်အဖုံးမှာရေးလိုက်တယ် သူတို့မှာ ဘုတ်မှာကပ်ထားတဲ့ စာရွက်တွေကို သူ့အတွဲလိုက်စီ ရှိနေပြီးသားကို အဲ့အမှတ်စဉ်ကို ရှာပြီး လယ်ချာစာအုပ်ထဲ ပြန်ကူးရေးသတဲ့ အမေးဇင်း လုပ်ထုံးလုပ်နည်းကြီး။ ဒါပဲ

ဒါလေးတစ်ခုအတွက် နေပူကြီးထဲ နာမည်ရှာမရလို့ စိတ်ပူ ပင်ပန်းနေကြတဲ့အဖိုးတွေအဖွားတွေကိုကြည့်ရင်း ဒေါသထွက်လိုက်တာ ဆိုတာ အသားတောင် တဆပ်ဆပ်တုန်တယ် အဖိုးငွေထုတ်ပြီးတဲ့အထိ နိုင်သလောက်ရှာပေးခဲ့တယ် ကိုယ်ပြန် လာတဲ့အထိ ရှာနေကြတဲ့အဖိုးတွေအဖွားတွေကို စိတ်မချမ်းမသာနဲ့ပဲထားခဲ့ရတယ်

ပိုသမျှအစွန်းတွက်တွေကိုကျ ဝေမျှယူကြ ကိုယ်ကျအရိပ်ထဲနေပြီး ကိုယ်ချင်းစာစိတ်လေးတော့ ထားကြဖို့ကောင်းပါတယ် ကိုယ်ချင်းစာနိုင်ကြပါစေ။

PS: ငွေပေးအမိန့်စာအမှတ်နဲ့ ရှာတာ အလွယ်ဆုံးပါ တိုးတာတွေက GON, N(YGN),N(NPT),NA,NB တို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ Fတို့ ဘာတို့ တိုးတဲ့ထဲမပါပါဘူးခင်ဗျ

ရေးသားသူ – Kyeyoung Lin

Comments

Leave a Reply

Your email address will not be published. Required fields are marked *