ဗဟုတုသ

Gas မီးဖိုသုံးစြဲသူမ်ား ဂ႐ုျပဳသင့္ေသာအခ်က္မ်ား

(Zawgyi)

Gas မီးဖိုသုံးစြဲသူမ်ား ဂ႐ုျပဳသင့္ေသာအခ်က္မ်ား

ပ႐ိုပိန္း (Propane) နဲ႔ ဗ်ဴတိန္း (Butane) ေရာစပ္ပါဝင္ေနတဲ့ ေရနံဓါတ္ေငြ႕ရည္ (Liguid Petroleum Gas – LPG) ဟာ Gas မီးဖိုမွာ အသုံးျပဳတဲ့ ဓါတ္ေငြ႕ပဲျဖစ္ပါတယ္။ (LPG) ကိုစက္႐ုံမွာ compressors ေတြ ၊ condensers ေတြသုံးၿပီး အေအးခံသိပ္သည္းက်စ္လစ္ေစကာ ဖိအား (pressure) ျဖင့္ အိုးထဲမွာ သိုေလွာင္ေပးထားျခင္းျဖင့္ အလြယ္တကူ သုံးစြဲႏိုင္ေအာင္ျပဳလုပ္ထားပါတယ္။ အိုးအထြက္မွာ valve ရွိၿပီး ဖိအားထိန္း (pressure regulator valve) နဲ႔ pressure ေလ်ာ့ခ်ကာ မီးဖိုကိုေရာက္ရွိေစတဲ့အတြက (LPG) ဟာ သတၱဝါေတြ ပုံမွန္အသက္ရႈႏိုင္တဲ့ ျပင္ပေလထုဖိအား (atomosphic pressure – 1 ATM or 1.013 bar) ကဲ့သို႔ သာမန္အခန္းအပူခ်ိန္ (normal room temperature) နဲ႔ သာမန္ဖိအား (normal pressure) မွာ အလြယ္တကူအေငြ႕ျပန္ၿပီး မီးေလာင္ပါတယ္။ အိုး အထြက္ valve နဲ႔ pressure regulator valve ေတြကို တဖက္သြား Non-reture valve ပုံစံျပဳလုပ္ထားပါတယ။ (LPG) ရဲ႕ မီးေလာင္လြယ္တဲ့ flammable vapor ဟာ ဖိအားနဲ႔ အပူခ်ိန္ေပၚမူတည္ပါတယ္။

Gas မီးဖိုသုံးစြဲသူမ်ား ဂ႐ုျပဳသင့္တဲ့အခ်က္မ်ား –

(LPG) ကို အေအးခံၿပီး ဖိအား (pressure) နဲ႔ Gas အိုးေတြထဲကို ဖိညႇစ္သြင္းၿပီး သိုေလွာင္ထားတာျဖစ္လို႔ သေဘာတရားအရ (valve ဖြင့္လိုက္ရင္) Gas က ျပင္ပကို တြန္းထြက္ေနတာပဲ ျဖစ္တဲ့အတြက္ Gas အိုးေတြထဲကို မီးပြား (သို႔မဟုတ္) မီးစြယ္ ဝင္ေရာက္ဖို႔ အင္မတန္ခက္ပါတယ္။ မျဖစ္ႏိုင္တာေတာ့ မဟုတ္ပါဘူး။ အိုးမွာတပ္ဆင္ထားတဲ့ အထြက္ valve မေကာင္းရင္ ၊ pressure regulator valve မေကာင္းရင္ ျဖစ္ႏိုင္ပါတယ္။

အိုးအထြက္ valve ၊ pressure regulator valve ေတြမေကာင္းတဲ့အခါ Gas ပိုက္တေလ်ာက္ မီးစြယ္ျပန္ဝင္လာတာမ်ိဳး၊ Gas ပိုက္ပိတ္ေနတာမ်ိဳး၊ Gas ထဲမွာပါလာတဲ့ အလြန္ေသးငယ္တဲ့ အညစ္အေၾကးနဲ႔ အမႈိက္စေလးေတြ မီးေလာင္ရာက ပိုက္လိုင္းတေလ်ာက္ မီးစြယ္ျပန္ဝင္လာတာမ်ိဳးေတြကတဆင့္ Gas အိုးထဲကို မီးစြယ္ (သို႔မဟုတ္) မီးပြား (spark) ေရာက္ရွိသြားၿပီး Gas အိုးေပါက္ကြဲမႈ ျဖစ္တယ္ဆိုတာကေတာ့ ျဖစ္ေတာင့္ျဖစ္ခဲ ကိစၥရပ္ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္မို႔ ဂေဟေဆာ္ျဖင္း သံျဖတ္ျခင္း (Gas welding and Gas cutting) ကဲ့သို႔ ေအာက္စီဂ်င္ – အက္ဆီတိုင္လင္း (Oxygen – Acteylene) အိုးေတြမွာလို မီးစြယ္ေနာက္ျပန္တားကိရိယာ (flash back arrester) မ်ားကို ႐ိုး႐ိုးအိမ္သုံး Gas မီးဖိုနဲ႔ Gas အိုးေတြမွာ တပ္ဆင္စရာ မလိုျခင္းပဲ ျဖစ္ပါတယ္။

ဘယ္လိုအေျခအေနေတြေၾကာင့္ Gas အိုး မီးေလာင္ေပါက္ကြဲမႈျဖစ္ရပါသလဲ?

ေျပာခဲ့သလို အိုးအထြက္ valve နဲ႔ pressure regulator valve ေတြ မကာင္းတဲ့အတြက္ Gas က ပိုက္လိုင္းထဲမွာတခ်ိန္လုံး ရွိေနတဲ့အခ်ိန္ မီးဖိုနဲ႔ အနီးနားပါတ္ဝန္းက်င္မွာ (အျခားမီးဖိုေၾကာင့္ျဖစ္ေစ၊ မီးျခစ္လိုက္လို႔ျဖစ္ေစ၊ ေနအပူခ်ိန္တိုက္႐ိုက္ထိေတြ႕လို႔ျဖစ္ေစ) အပူခ်ိန္ျမင့္မားတဲ့ အေျခအေနကေန ဓါတ္ေငြ႕ယိုစိမ့္ (Gas leakage) ေနတဲ့ ပိုက္လိုင္းမွာမီးစြဲေလာင္ရာမွတဆင့္ မီးမသတ္ႏိုင္တဲ့အခါမွာ Gas အိုးကို မီးၿမိဳက္သလိုျဖစ္ၿပီး အထဲက Gas ေတြ ပူၿပီးပြလာရာကေန အိုးအတြင္းမွာ မီးေလာင္လြယ္တဲ့ အပူခ်ိန္ (flammable vapor temperature) ကိုေရာက္ရွိသြားၿပီး အလြယ္တကူမီးေလာင္ကာ ထြက္ေပါက္မရွိတဲ့ ဓါတ္ေငြ႕ေၾကာင့္ ေပါက္ကြဲၿပီး ေပါက္ကြဲအားေၾကာင့္ အျပင္ကိုထြက္လာတဲ့ Gas ေတြကေန ေနာက္တဆင့္ထပ္မံကူးဆက္ ေလာင္ကြၽမ္းသြားရျခင္းပဲျဖစ္ပါတယ္။

Gas မီးဖိုသုံးရင္ ဘာေတြသတိထားသင့္သလဲ?

(၁) အိုး အထြက္ valve ၊ pressure regulator valve ၊ မီးဖို spark and gas valve ေတြ ေကာင္း မေကာင္း အၿမဲစစ္ေဆးရပါမယ္။ အိုး အထြက္ valve ကိုပိတ္တဲ့အခါမွာ လက္တအားပဲ ပိတ္ရမွာျဖစ္ပါတယ္။ ထု႐ိုက္ၿပီးပိတ္မ်ိဳးေတြမလုပ္ရပါဘူး။ Gas အိုးကို ေ႐ြ႕တဲ့အခါ ေစာင့္ခ်တာ၊ ပစ္ခ်တာ၊ တလိမ့္တုံးလို လွိမ့္တာေတြ မလုပ္ရပါဘူး။ အိုး အထြက္ valve ကို pressure regulator valve နဲ႔ လွည့္တပ္တဲ့အခါ အိုး အထြက္ valve အမေခါင္းက အရစ္က ဘယ္ရစ္ျဖစ္သလို pressure regulator valve အဖိုေခါင္း ကလဲ ဘယ္ရစ္ပဲျဖစ္ပါတယ္။ pressure regulator valve အဖိုေခါင္းထိပ္မွာ rubber seal တပ္ထားပါတယ္။ အဲ့ဒိ့ rubber seal ျပတ္ေနရင္ ပဲ့ေနရင္ မေကာင္းရင္ pressure regulator valve ကိုဆက္မသုံးသင့္ပါဘူး။ အိုး အထြက္ valve နဲ႔ pressure regulator valve ေတြရဲ႕ အရစ္ေတြကို အမဲဆီ လုံးဝသုတ္လိမ္းျခင္း မျပဳလုပ္ရပါ။

(၂) Pressure regulator valveကို အတြင္းမွာ diaphragm ၊ spring တို႔နဲ႔ျပဳလုပ္ထားတဲ့အတြက္ pressure regulator valve ထိပ္က ဘုလုံး (knob) ေလးကို တြန္းလိုက္ရင္ valve ပြင့္ၿပီး မီးဖိုဆီ Gas ေရာက္ပါတယ္။ ဒါ့ေၾကာင့္ အဲ့ဒိ ဘုလုံး (knob) ေလးဟာ တြန္းလို႔ ဖိလို႔ရ ရပါမယ္။ ဘုလုံး (knob) ေလးကို တြန္းမွ Gas က မီးဖိုက ထြက္လာရမွာျဖစ္ပါတယ္။ ဒီလိုအလုပ္မလုပ္ရင္ pressure regulator valve အသစ္လဲဖို႔လိုပါတယ္။

၃) ပိုက္လိုင္း ေကာင္း / မေကာင္း အခါအားေလ်ာ္စြာ စစ္ေဆးရမွာျဖစ္ပါတယ္။ အလြယ္တကူ စစ္ေဆးႏိုင္တဲ့နည္းလမ္းကေတာ့ Gas အိုး အထြက္ valve နဲ႔ pressure regulator valve ဖြင့္ထားခ်ိန္ (ဘုလုံး (knob) ေလးကို ဖိၿပီးဖြင့္ထားၿပီးတဲ့အခါ) ဆပ္ျပာရည္ေဖ်ာ္ကို အျမဳပ္ထေအာင္ေမြၿပီး ဆပ္ျပာရည္ျမဳပ္ေတြကို ပိုက္လိုင္းတေလ်ာက္ျဖစ္ေစ၊ Gas ယိုစိမ့္ေနတယ္လို႔ သံသယ ရွိတဲ့ေနရာကိုျဖစ္ေစ၊ ပိုက္ဆက္ေတြကိုျဖစ္ေစ သုတ္ၾကည့္ရင္ ဘူစီေပါင္းေလးေတြ ထလာတဲ့ေနရာမွာ Gas ယိုစိမ့္ေနပါတယ္။ ပိုက္လိုင္းတေလ်ာက္ ပူစီေပါင္း (bubbles) ေလးေတြ မထဖူးဆိုရင္ေတာ့ ပိုက္လိုင္းေကာင္းတယ္လို႔ပဲ ယူဆရမွာျဖစ္ပါတယ္။ အေကာင္းဆုံးနည္းလမ္းကေတာ့ အိုးနဲ႔မီးဖိုက ပိုက္ဆက္ကိုျဖဳတ္ၿပီး တဖက္ကပိတ္၊ အျခားတဖက္ကေန စက္ဘီးေလထိုးတံနဲ႔ထိုး၊ ဆပ္ျပာရည္ (သို႔မဟုတ္) ေရဇလုံထဲႏွစ္ၾကည့္လို႔ ပူစီေပါင္း (bubbles) ေလးေတြ ထတာေတြ႕ရရင္ အဲ့ဒိေနရာဟာ Gas ယိုစိမ့္ေနပါတယ္။ ဒါဆိုရင္ေတာ့ ဒီပိုက္ကို အသစ္လဲဖို႔ လိုအပ္ပါတယ္။ ပိုက္ေတြဟာ ရာသီဥတုဒါဏ္ေၾကာင့္ မာသြားရင္ အသစ္လဲေပးဖို႔ လိုပါတယ္။

(၄) ထို႔အတူ မီးဖိုမွာကပ္ၿငိေနတဲ့ ဆီခိုးဆီေငြ႕မ်ားနဲ႔အညစ္အေၾကးမ်ား၊ အမႈိက္မ်ားဟာလဲ မီးေလာင္လြယ္တာမို႔ အခါအားေလ်ာ္စြာ သန႔္ရွင္းေပးဖို႔ လိုအပ္ပါတယ္။ မီးဖိုက ဓါတ္ေငြ႕ထြက္ေပါက္ေလးမ်ား (outlet nozzles) ကိုလဲ အခါအားေလ်ာ္စြာ သန႔္ရွင္းေပးဖို႔ လိုအပ္ပါတယ္။

(၅) Gas ယိုစိမ့္ရင္ အနံရပါတယ္။ Gas အနံ႔က အလြန္အနံ႔ျပင္းၿပီး သိသာထင္ရွားလွပါတယ္။ Gas ယိုစိမ့္ေနတယ္လို႔သံသယရွိေနရင္ လ်ပ္စစ္မီးခလုပ္ေတာင္ မဖြင့္သင့္ပါ။ Gas ယိုစိမ့္ေနေၾကာင္း သံသယရွိပါက မီးဖိုက switch valve ကိုအရင္ပိတ္ပါ။ ၿပီးရင္ အိုးအထြက္ valve ကိုပိတ္ၿပီး Gas ယိုစိမ့္မႈကို ေသခ်ာစြာ စစ္ေဆးရမွာျဖစ္ပါတယ္။ ထိုအခါ Gas ယိုစိမ့္ေနပါက ပိုက္လိုင္းလက္က်န္သာ ယိုစိမ့္ႏိုင္မွာျဖစ္သလို Gas ယိုစိမ့္မႈကိုလဲ (ပထမ Gas နံ႔ နံမယ္၊ valve ေတြပိတ္ထားတာေၾကာင့္ ေနာက္ေတာ့မနံေတာ့ဘူး) ရွာေဖြႏိုင္မွာျဖစ္ပါတယ္။ Gas ယိုစိမ့္မႈမစစ္ေဆးပဲ လုံးဝအသုံးမျပဳသင့္ပါဘူး။

(၆) ခ်က္ျပဳတ္တဲ့အခါ တံခါးမ်ားဖြင့္ထားျခင္း၊ ေလဝင္ေလထြက္ေကာင္းမြန္ေအာင္ ေလမႈတ္စက္ (blower) မ်ား၊ အပူေငြ႕ႏွင့္မီးခိုးထုတ္စက္ (exhaust fans) မ်ားဖြင့္ထားျခင္းေတြလဲ ျပဳလုပ္သင့္ပါတယ္။

(၇) (LPG) ဟာ ေလထက္ေလးတာေၾကာင့္ ေအာက္ေျခပိုင္းမွာပဲ (ၾကမ္းျပင္နား) ရွိေနတတ္ၿပီး ထိုေနရာေတြမွာ လွ်ပ္စစ္မီးခလုပ္ေတြ၊ extention wire ႀကိဳးေခြေတြ စတဲ့ မီးေလာင္ႏိုင္တဲ့ ပစၥည္းေတြနဲ႔ ရႈပ္ေထြးမေနသင့္ပါဘူး။

(၈) Gas အိုး နားမွာ အျခားမီးဖိုမ်ား ရွိမေနသင့္ပါ။ Gas အိုးကို ေနေရာင္တိုက္႐ိုက္ထိေတြ႕ျခင္းမ်ား၊ အပူခ်ိန္ျမင့္မားတဲ့ေနရာမ်ား၊ Gas အိုးအနီးသို႔ လြယ္လြယ္ကူကူ သြားလာလို႔ မရတဲ့ေနရာေတြမွာ မထားသင့္ပါ။ ေႏြရာသီလိုပူျပင္းတဲ့ကာလမ်ိဳးမွာ Gas အိုးကို ဂုံနီအိတ္ (သို႔မဟုတ္) ေစာင္ကဲ့သို႔ အဝတ္စထူထူကို ေရစြတ္ၿပီး အုပ္ထားသင့္ပါတယ္။

(၉) ခ်က္ျပဳတ္ၿပီးတဲ့အခါမွာ အိုး အထြက္ valve ကို ဦးစြာပိတ္ၿပီး မီးဖိုေပၚက မီးၿငိမ္းသြားေတာ့မွ မီးဖိုမွ switch valve ကိုပိတ္ပါ။ သို႔မွသာ ပိုက္လိုင္းထဲမွာ Gas မ်ား က်န္ရွိေနမွာမဟုတ္ပါ။

(၁၀) Gas အိုးနဲ႔ မီးဖိုရွိတဲ့ေနရာဟာ ေလဝင္ေလထြက္ေကာင္းဖို႔ အလြန္အေရးႀကီးပါတယ္။ (အကယ္၍ Gas ယိုစိမ့္သည္ရွိေသာ္) စုပ္ထုတ္ႏိုင္ရန္ exhaust fans မ်ားလဲ တပ္ဆင္ထားသင့္ပါတယ္။ Gas အိုးနဲ႔ မီးဖိုကို ကေလးမ်ားလက္လွမ္းမွီႏိုင္တဲ့ေနရာမွာ မထားဖို႔လဲ ဂ႐ုျပဳသင့္ပါတယ္။

(၁၁) ပိန္ရႈံေနတဲ့ အိုးမ်ား၊ သံေခ်းကိုက္ေနတဲ့အိုးမ်ား၊ အထြက္ valve မေကာင္းတဲ့ အိုးမ်ားကို မသုံးသင့္ပါ။

(၁၂) မီးဖို အနီးနားမွာ အလြယ္တကူအသုံးျပဳႏိုင္တဲ့ ေပါင္ဒါ (သို႔မဟုတ္) အျမဳပ္မီးသတ္ေဆးဗူး (Dry powder type or Foam type fire extinguisher) ေဆာင္ထားသင့္ပါတယ္။ အကယ္၍ ပိုက္လိုင္းအနီး အနားမွာမီးေလာင္ပါက ေစာင္ကဲ့သို႔ ခပ္ထူထူအဝတ္စ (fire blanket) မ်ိဳးကို ေရစြတ္ၿပီး မီးေလာင္တဲ့ ေနရာေပၚကို ပစ္တင္ျခင္းျဖင့္ မီးၿငိမ္းသတ္ႏိုင္ပါတယ္။

(၁၃) မီးဖိုနဲ႔ပါတ္သက္ၿပီး သံသယတခုခုရွိရင္ နားလည္တတ္ကြၽမ္းသူမ်ားနဲ႔သာ ေခၚယူေဆြးေႏြးပါ။

ယေန႔အခ်ိန္အခါမွာ ျမန္မာျပည္အရပ္ရပ္ရွိ ေနအိမ္မ်ား၊ တိုက္ခန္းမ်ား၊ စားေသာက္ဆိုင္မ်ားမွာ Gas မီးဖိုကို တြင္က်ယ္စြာ အသုံးျပဳေနၾကၿပီ ျဖစ္ပါတယ္။ Gas မီးဖိုဟာ သုံးတတ္ရင္ေတာ့ ခ်က္ျပဳတ္ ေၾကာ္ေလွာ္တဲ့ေနရာမွာ လြယ္ကူ လွ်င္ျမန္စြာခ်က္ျပဳတ္ႏိုင္ျခင္း ၊ ခ်က္ျပဳတ္သုံးစြဲတဲ့ အိုးမ်ား ညစ္ပါတ္မႈမရွိျခင္း၊ ပါတ္ဝန္းက်င္ေလထု ညစ္ညမ္းမႈ မရွိျခင္း၊ အလြယ္တကူ သယ္ေဆာင္သြားႏိုင္ျခင္းစတဲ့ အင္မတန္ေကာင္းတဲ့ အက်ိဳးေက်းဇူးမ်ားကို ရရွိမွာျဖစ္ပါတယ္။ သို႔ေသာ္ ဂ႐ုမျပဳ မသုံးစြဲတတ္လွ်င္ေတာ့ အလြန္ေၾကာက္စရာေကာင္းတဲ့ ေဘးဒုကၡဆိုးမ်ားကို သုံးစြဲသူသာမက သုံးစြဲသူ၏ အနီးနားပါတ္ဝန္းက်င္ကိုပါ ထိခိုက္ေစမွာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ Gas မီးဖိုဟာ ေၾကာက္စရာေကာင္းေပမဲ့ ဂ႐ုစိုက္သုံးစြဲပါက အလြန္အသုံးဝင္ေသာ အိမ္သုံး လုပ္ငန္းသုံးအေရးႀကီးပစၥည္းျဖစ္လို႔ လုံၿခဳံစိတ္ခ်စြာ အႏၲရယ္ကင္းစြာ အသုံးျပဳႏိုင္ဖို႔အတြက္ မွ်ေဝျခင္းျဖစ္ပါတယ္။

ေရးသူ – ဒဗလ်ဴ ရွယ္လင္ဘတ္တ္

Credit : Walter Schellenberg

(Unicode)

Gas မီးဖိုသုံးစွဲသူများ ဂရုပြုသင့်သောအချက်များ

ပရိုပိန်း (Propane) နဲ့ ဗျူတိန်း (Butane) ရောစပ်ပါဝင်နေတဲ့ ရေနံဓါတ်ငွေ့ရည် (Liguid Petroleum Gas – LPG) ဟာ Gas မီးဖိုမှာ အသုံးပြုတဲ့ ဓါတ်ငွေ့ပဲဖြစ်ပါတယ်။ (LPG) ကိုစက်ရုံမှာ compressors တွေ ၊ condensers တွေသုံးပြီး အအေးခံသိပ်သည်းကျစ်လစ်စေကာ ဖိအား (pressure) ဖြင့် အိုးထဲမှာ သိုလှောင်ပေးထားခြင်းဖြင့် အလွယ်တကူ သုံးစွဲနိုင်အောင်ပြုလုပ်ထားပါတယ်။ အိုးအထွက်မှာ valve ရှိပြီး ဖိအားထိန်း (pressure regulator valve) နဲ့ pressure လျော့ချကာ မီးဖိုကိုရောက်ရှိစေတဲ့အတွက (LPG) ဟာ သတ္တဝါတွေ ပုံမှန်အသက်ရှုနိုင်တဲ့ ပြင်ပလေထုဖိအား (atomosphic pressure – 1 ATM or 1.013 bar) ကဲ့သို့ သာမန်အခန်းအပူချိန် (normal room temperature) နဲ့ သာမန်ဖိအား (normal pressure) မှာ အလွယ်တကူအငွေ့ပြန်ပြီး မီးလောင်ပါတယ်။ အိုး အထွက် valve နဲ့ pressure regulator valve တွေကို တဖက်သွား Non-reture valve ပုံစံပြုလုပ်ထားပါတယ။ (LPG) ရဲ့ မီးလောင်လွယ်တဲ့ flammable vapor ဟာ ဖိအားနဲ့ အပူချိန်ပေါ်မူတည်ပါတယ်။

Gas မီးဖိုသုံးစွဲသူများ ဂရုပြုသင့်တဲ့အချက်များ –

(LPG) ကို အအေးခံပြီး ဖိအား (pressure) နဲ့ Gas အိုးတွေထဲကို ဖိညှစ်သွင်းပြီး သိုလှောင်ထားတာဖြစ်လို့ သဘောတရားအရ (valve ဖွင့်လိုက်ရင်) Gas က ပြင်ပကို တွန်းထွက်နေတာပဲ ဖြစ်တဲ့အတွက် Gas အိုးတွေထဲကို မီးပွား (သို့မဟုတ်) မီးစွယ် ဝင်ရောက်ဖို့ အင်မတန်ခက်ပါတယ်။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အိုးမှာတပ်ဆင်ထားတဲ့ အထွက် valve မကောင်းရင် ၊ pressure regulator valve မကောင်းရင် ဖြစ်နိုင်ပါတယ်။

အိုးအထွက် valve ၊ pressure regulator valve တွေမကောင်းတဲ့အခါ Gas ပိုက်တလျောက် မီးစွယ်ပြန်ဝင်လာတာမျိုး၊ Gas ပိုက်ပိတ်နေတာမျိုး၊ Gas ထဲမှာပါလာတဲ့ အလွန်သေးငယ်တဲ့ အညစ်အကြေးနဲ့ အမှိုက်စလေးတွေ မီးလောင်ရာက ပိုက်လိုင်းတလျောက် မီးစွယ်ပြန်ဝင်လာတာမျိုးတွေကတဆင့် Gas အိုးထဲကို မီးစွယ် (သို့မဟုတ်) မီးပွား (spark) ရောက်ရှိသွားပြီး Gas အိုးပေါက်ကွဲမှု ဖြစ်တယ်ဆိုတာကတော့ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဂဟေဆော်ဖြင်း သံဖြတ်ခြင်း (Gas welding and Gas cutting) ကဲ့သို့ အောက်စီဂျင် – အက်ဆီတိုင်လင်း (Oxygen – Acteylene) အိုးတွေမှာလို မီးစွယ်နောက်ပြန်တားကိရိယာ (flash back arrester) များကို ရိုးရိုးအိမ်သုံး Gas မီးဖိုနဲ့ Gas အိုးတွေမှာ တပ်ဆင်စရာ မလိုခြင်းပဲ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေတွေကြောင့် Gas အိုး မီးလောင်ပေါက်ကွဲမှုဖြစ်ရပါသလဲ?

ပြောခဲ့သလို အိုးအထွက် valve နဲ့ pressure regulator valve တွေ မကာင်းတဲ့အတွက် Gas က ပိုက်လိုင်းထဲမှာတချိန်လုံး ရှိနေတဲ့အချိန် မီးဖိုနဲ့ အနီးနားပါတ်ဝန်းကျင်မှာ (အခြားမီးဖိုကြောင့်ဖြစ်စေ၊ မီးခြစ်လိုက်လို့ဖြစ်စေ၊ နေအပူချိန်တိုက်ရိုက်ထိတွေ့လို့ဖြစ်စေ) အပူချိန်မြင့်မားတဲ့ အခြေအနေကနေ ဓါတ်ငွေ့ယိုစိမ့် (Gas leakage) နေတဲ့ ပိုက်လိုင်းမှာမီးစွဲလောင်ရာမှတဆင့် မီးမသတ်နိုင်တဲ့အခါမှာ Gas အိုးကို မီးမြိုက်သလိုဖြစ်ပြီး အထဲက Gas တွေ ပူပြီးပွလာရာကနေ အိုးအတွင်းမှာ မီးလောင်လွယ်တဲ့ အပူချိန် (flammable vapor temperature) ကိုရောက်ရှိသွားပြီး အလွယ်တကူမီးလောင်ကာ ထွက်ပေါက်မရှိတဲ့ ဓါတ်ငွေ့ကြောင့် ပေါက်ကွဲပြီး ပေါက်ကွဲအားကြောင့် အပြင်ကိုထွက်လာတဲ့ Gas တွေကနေ နောက်တဆင့်ထပ်မံကူးဆက် လောင်ကျွမ်းသွားရခြင်းပဲဖြစ်ပါတယ်။

Gas မီးဖိုသုံးရင် ဘာတွေသတိထားသင့်သလဲ?

(၁) အိုး အထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း မကောင်း အမြဲစစ်ဆေးရပါမယ်။ အိုး အထွက် valve ကိုပိတ်တဲ့အခါမှာ လက်တအားပဲ ပိတ်ရမှာဖြစ်ပါတယ်။ ထုရိုက်ပြီးပိတ်မျိုးတွေမလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ၊ ပစ်ချတာ၊ တလိမ့်တုံးလို လှိမ့်တာတွေ မလုပ်ရပါဘူး။ အိုး အထွက် valve ကို pressure regulator valve နဲ့ လှည့်တပ်တဲ့အခါ အိုး အထွက် valve အမခေါင်းက အရစ်က ဘယ်ရစ်ဖြစ်သလို pressure regulator valve အဖိုခေါင်း ကလဲ ဘယ်ရစ်ပဲဖြစ်ပါတယ်။ pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။ အဲ့ဒိ့ rubber seal ပြတ်နေရင် ပဲ့နေရင် မကောင်းရင် pressure regulator valve ကိုဆက်မသုံးသင့်ပါဘူး။ အိုး အထွက် valve နဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲဆီ လုံးဝသုတ်လိမ်းခြင်း မပြုလုပ်ရပါ။

(၂) Pressure regulator valveကို အတွင်းမှာ diaphragm ၊ spring တို့နဲ့ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်က ဘုလုံး (knob) လေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။ ဒါ့ကြောင့် အဲ့ဒိ ဘုလုံး (knob) လေးဟာ တွန်းလို့ ဖိလို့ရ ရပါမယ်။ ဘုလုံး (knob) လေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာဖြစ်ပါတယ်။ ဒီလိုအလုပ်မလုပ်ရင် pressure regulator valve အသစ်လဲဖို့လိုပါတယ်။

၃) ပိုက်လိုင်း ကောင်း / မကောင်း အခါအားလျော်စွာ စစ်ဆေးရမှာဖြစ်ပါတယ်။ အလွယ်တကူ စစ်ဆေးနိုင်တဲ့နည်းလမ်းကတော့ Gas အိုး အထွက် valve နဲ့ pressure regulator valve ဖွင့်ထားချိန် (ဘုလုံး (knob) လေးကို ဖိပြီးဖွင့်ထားပြီးတဲ့အခါ) ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင်မွေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက်ဖြစ်စေ၊ Gas ယိုစိမ့်နေတယ်လို့ သံသယ ရှိတဲ့နေရာကိုဖြစ်စေ၊ ပိုက်ဆက်တွေကိုဖြစ်စေ သုတ်ကြည့်ရင် ဘူစီပေါင်းလေးတွေ ထလာတဲ့နေရာမှာ Gas ယိုစိမ့်နေပါတယ်။ ပိုက်လိုင်းတလျောက် ပူစီပေါင်း (bubbles) လေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်းကောင်းတယ်လို့ပဲ ယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အိုးနဲ့မီးဖိုက ပိုက်ဆက်ကိုဖြုတ်ပြီး တဖက်ကပိတ်၊ အခြားတဖက်ကနေ စက်ဘီးလေထိုးတံနဲ့ထိုး၊ ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲနှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာတွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။ ဒါဆိုရင်တော့ ဒီပိုက်ကို အသစ်လဲဖို့ လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့် မာသွားရင် အသစ်လဲပေးဖို့ လိုပါတယ်။

(၄) ထို့အတူ မီးဖိုမှာကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့အညစ်အကြေးများ၊ အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ မီးဖိုက ဓါတ်ငွေ့ထွက်ပေါက်လေးများ (outlet nozzles) ကိုလဲ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

(၅) Gas ယိုစိမ့်ရင် အနံရပါတယ်။ Gas အနံ့က အလွန်အနံ့ပြင်းပြီး သိသာထင်ရှားလှပါတယ်။ Gas ယိုစိမ့်နေတယ်လို့သံသယရှိနေရင် လျပ်စစ်မီးခလုပ်တောင် မဖွင့်သင့်ပါ။ Gas ယိုစိမ့်နေကြောင်း သံသယရှိပါက မီးဖိုက switch valve ကိုအရင်ပိတ်ပါ။ ပြီးရင် အိုးအထွက် valve ကိုပိတ်ပြီး Gas ယိုစိမ့်မှုကို သေချာစွာ စစ်ဆေးရမှာဖြစ်ပါတယ်။ ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်းလက်ကျန်သာ ယိုစိမ့်နိုင်မှာဖြစ်သလို Gas ယိုစိမ့်မှုကိုလဲ (ပထမ Gas နံ့ နံမယ်၊ valve တွေပိတ်ထားတာကြောင့် နောက်တော့မနံတော့ဘူး) ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Gas ယိုစိမ့်မှုမစစ်ဆေးပဲ လုံးဝအသုံးမပြုသင့်ပါဘူး။

(၆) ချက်ပြုတ်တဲ့အခါ တံခါးများဖွင့်ထားခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင် လေမှုတ်စက် (blower) များ၊ အပူငွေ့နှင့်မီးခိုးထုတ်စက် (exhaust fans) များဖွင့်ထားခြင်းတွေလဲ ပြုလုပ်သင့်ပါတယ်။

(၇) (LPG) ဟာ လေထက်လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ (ကြမ်းပြင်နား) ရှိနေတတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ်မီးခလုပ်တွေ၊ extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ရှုပ်ထွေးမနေသင့်ပါဘူး။

(၈) Gas အိုး နားမှာ အခြားမီးဖိုများ ရှိမနေသင့်ပါ။ Gas အိုးကို နေရောင်တိုက်ရိုက်ထိတွေ့ခြင်းများ၊ အပူချိန်မြင့်မားတဲ့နေရာများ၊ Gas အိုးအနီးသို့ လွယ်လွယ်ကူကူ သွားလာလို့ မရတဲ့နေရာတွေမှာ မထားသင့်ပါ။ နွေရာသီလိုပူပြင်းတဲ့ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မဟုတ်) စောင်ကဲ့သို့ အဝတ်စထူထူကို ရေစွတ်ပြီး အုပ်ထားသင့်ပါတယ်။

(၉) ချက်ပြုတ်ပြီးတဲ့အခါမှာ အိုး အထွက် valve ကို ဦးစွာပိတ်ပြီး မီးဖိုပေါ်က မီးငြိမ်းသွားတော့မှ မီးဖိုမှ switch valve ကိုပိတ်ပါ။ သို့မှသာ ပိုက်လိုင်းထဲမှာ Gas များ ကျန်ရှိနေမှာမဟုတ်ပါ။

(၁၀) Gas အိုးနဲ့ မီးဖိုရှိတဲ့နေရာဟာ လေဝင်လေထွက်ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ (အကယ်၍ Gas ယိုစိမ့်သည်ရှိသော်) စုပ်ထုတ်နိုင်ရန် exhaust fans များလဲ တပ်ဆင်ထားသင့်ပါတယ်။ Gas အိုးနဲ့ မီးဖိုကို ကလေးများလက်လှမ်းမှီနိုင်တဲ့နေရာမှာ မထားဖို့လဲ ဂရုပြုသင့်ပါတယ်။

(၁၁) ပိန်ရှုံနေတဲ့ အိုးများ၊ သံချေးကိုက်နေတဲ့အိုးများ၊ အထွက် valve မကောင်းတဲ့ အိုးများကို မသုံးသင့်ပါ။

(၁၂) မီးဖို အနီးနားမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်) အမြုပ်မီးသတ်ဆေးဗူး (Dry powder type or Foam type fire extinguisher) ဆောင်ထားသင့်ပါတယ်။ အကယ်၍ ပိုက်လိုင်းအနီး အနားမှာမီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူအဝတ်စ (fire blanket) မျိုးကို ရေစွတ်ပြီး မီးလောင်တဲ့ နေရာပေါ်ကို ပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။

(၁၃) မီးဖိုနဲ့ပါတ်သက်ပြီး သံသယတခုခုရှိရင် နားလည်တတ်ကျွမ်းသူများနဲ့သာ ခေါ်ယူဆွေးနွေးပါ။

ယနေ့အချိန်အခါမှာ မြန်မာပြည်အရပ်ရပ်ရှိ နေအိမ်များ၊ တိုက်ခန်းများ၊ စားသောက်ဆိုင်များမှာ Gas မီးဖိုကို တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ Gas မီးဖိုဟာ သုံးတတ်ရင်တော့ ချက်ပြုတ် ကြော်လှော်တဲ့နေရာမှာ လွယ်ကူ လျှင်မြန်စွာချက်ပြုတ်နိုင်ခြင်း ၊ ချက်ပြုတ်သုံးစွဲတဲ့ အိုးများ ညစ်ပါတ်မှုမရှိခြင်း၊ ပါတ်ဝန်းကျင်လေထု ညစ်ညမ်းမှု မရှိခြင်း၊ အလွယ်တကူ သယ်ဆောင်သွားနိုင်ခြင်းစတဲ့ အင်မတန်ကောင်းတဲ့ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။ သို့သော် ဂရုမပြု မသုံးစွဲတတ်လျှင်တော့ အလွန်ကြောက်စရာကောင်းတဲ့ ဘေးဒုက္ခဆိုးများကို သုံးစွဲသူသာမက သုံးစွဲသူ၏ အနီးနားပါတ်ဝန်းကျင်ကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Gas မီးဖိုဟာ ကြောက်စရာကောင်းပေမဲ့ ဂရုစိုက်သုံးစွဲပါက အလွန်အသုံးဝင်သော အိမ်သုံး လုပ်ငန်းသုံးအရေးကြီးပစ္စည်းဖြစ်လို့ လုံခြုံစိတ်ချစွာ အန္တရယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် မျှဝေခြင်းဖြစ်ပါတယ်။

ရေးသူ – ဒဗလျူ ရှယ်လင်ဘတ်တ်

Credit : Walter Schellenberg

Leave a Reply

Your email address will not be published. Required fields are marked *