ဗဟုတုသ

အခ်ိဳမႈန္႕၊ ၾကက္သားမႈန္႕ အစားထိုး ဟင္းခတ္မႈန္႕ေလး လုပ္ၾကည့္ရေအာင္

(Zawgyi)

“အခ်ိဳမႈန႔္၊ ၾကက္သားမႈန႔္အစားထိုး ဟင္းခတ္မႈန႔္ေလး လုပ္ၾကည့္ရေအာင္”

က်န္းမာေရးနဲ႔မညီၫြတ္လို႔ အခ်ိဳမႈန႔္ေရာ ၾကက္သားမႈန႔္ေရာ မစားခ်င္ပါဘူးဆိုတဲ့ အိမ္ရွင္မေတြအတြက္ က်န္းမာေရးနဲ႔လဲ ညီၫြတ္မယ္၊ လုပ္ရတာလဲ လြယ္ကူတဲ့ ဟင္းခတ္မႈန႔္ ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

ပါဝင္တဲ့ပစၥည္းေတြက

(၁) ကန္စြန္းဥ ၅၀ သား

(၂) ၾကက္သြန္နီ ၂၀ သား

(၃) ၾကက္သြန္ျဖဴ ၅ က်ပ္သား

(၄) ဆား ထမင္းစားဇြန္း ၁ ဇြန္း

(၅) သၾကား ထမင္းစားဇြန္း ၃ ဇြန္း

(၆) အုန္းထန္းလ်က္ ၅ လုံး

(၇) ျငဳပ္ေကာင္း ထမင္းစားဇြန္း ၁ ဇြန္း

ျပဳလုပ္နည္းကေတာ့ –

(၁) ကန္စြန္းဥ၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ တို႔ကို ျခစ္ႏွင့္ပါးပါးျခစ္ၿပီး ေနပူပူတြင္ေျခာက္ေအာင္လွန္းပါ။

(၂) ေျခာက္သြားၿပီဆိုရင္ေတာ့ မီးေအးေအးေလးနဲ႔ ေမႊးၿပီး ႂကြပ္႐ြေနေအာင္ ေလွာ္ပါ။

(၃) ကန္စြန္းဥ ၾကက္သြန္ေမႊးနံ႔ေလး ထြက္လာၿပီဆိုရင္ ဆား၊ သၾကား၊ ျငဳပ္ေကာင္းထည့္ ခဏေမႊၿပီး အေအးခံပါ။

(၄) ၿပီးရင္ ႀကိတ္စက္ (Blander)ထဲကို ထုေခ်ထားတဲ့ ထ်န္းလ်က္ခဲရယ္ ေလွာ္ၿပီးအေအးခံထားတဲ့ ကန္စြန္းဥ ေတြရယ္ထည့္ၿပီး ႀကိတ္ပါ။

(၅) ႀကိတ္ၿပီးရင္ေတာ့ အေအးခံၿပီး ေလလုံဗူးထဲ ထည့္သိမ္းလို႔ရပါၿပီ။

ခုဆိုရင္ေတာ့ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ သက္သက္လြတ္ ကန္စြန္းဥဟင္းခတ္မႈန႔္ ျပဳလုပ္နည္းေလးအတိုင္း ျပဳလုပ္စားသုံးၿပီး က်န္းမာေပ်ာ္႐ႊင္ေသာဘဝမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Credit – Shyun Lae Yi Hlaing

(Unicode)

“အချိုမှုန့်၊ ကြက်သားမှုန့်အစားထိုး ဟင်းခတ်မှုန့်လေး လုပ်ကြည့်ရအောင်”

ကျန်းမာရေးနဲ့မညီညွတ်လို့ အချိုမှုန့်ရော ကြက်သားမှုန့်ရော မစားချင်ပါဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ကျန်းမာရေးနဲ့လဲ ညီညွတ်မယ်၊ လုပ်ရတာလဲ လွယ်ကူတဲ့ ဟင်းခတ်မှုန့် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက

(၁) ကန်စွန်းဥ ၅၀ သား

(၂) ကြက်သွန်နီ ၂၀ သား

(၃) ကြက်သွန်ဖြူ ၅ ကျပ်သား

(၄) ဆား ထမင်းစားဇွန်း ၁ ဇွန်း

(၅) သကြား ထမင်းစားဇွန်း ၃ ဇွန်း

(၆) အုန်းထန်းလျက် ၅ လုံး

(၇) ငြုပ်ကောင်း ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်းကတော့ –

(၁) ကန်စွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ခြစ်နှင့်ပါးပါးခြစ်ပြီး နေပူပူတွင်ခြောက်အောင်လှန်းပါ။

(၂) ခြောက်သွားပြီဆိုရင်တော့ မီးအေးအေးလေးနဲ့ မွှေးပြီး ကြွပ်ရွနေအောင် လှော်ပါ။

(၃) ကန်စွန်းဥ ကြက်သွန်မွှေးနံ့လေး ထွက်လာပြီဆိုရင် ဆား၊ သကြား၊ ငြုပ်ကောင်းထည့် ခဏမွှေပြီး အအေးခံပါ။

(၄) ပြီးရင် ကြိတ်စက် (Blander)ထဲကို ထုချေထားတဲ့ ထျန်းလျက်ခဲရယ် လှော်ပြီးအအေးခံထားတဲ့ ကန်စွန်းဥ တွေရယ်ထည့်ပြီး ကြိတ်ပါ။

(၅) ကြိတ်ပြီးရင်တော့ အအေးခံပြီး လေလုံဗူးထဲ ထည့်သိမ်းလို့ရပါပြီ။

ခုဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သက်သက်လွတ် ကန်စွန်းဥဟင်းခတ်မှုန့် ပြုလုပ်နည်းလေးအတိုင်း ပြုလုပ်စားသုံးပြီး ကျန်းမာပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။

Credit – Shyun Lae Yi Hlaing

Leave a Reply

Your email address will not be published. Required fields are marked *