ဗဟုတုသ

ဘဏ္မွေခ်းေငြ ရယူလိုပါလွ်င္ သိထားသင့္သည့္ အခ်က္မ်ား

(Zawgyi)

ဘဏ္မွေခ်းေငြ ရယူလိုပါလွ်င္ သိထားသင့္သည့္ အခ်က္မ်ား

ဘဏ္မွ ေငြေခ်းယူလိုပါက ဦးစြာေငြေခ်းယူမည့္ ဘဏ္တြင္ ဘဏ္ေခ်းေငြအတြက္ သတ္မွတ္ပုံစံျဖင့္ ေလွ်ာက္လႊာတင္ရမည္။ သက္ဆိုင္ရာ ဘဏ္ေခ်းေငြဌာန မန္ေနဂ်ာမွတစ္ဆင့္ အဆင့္ဆင့္ ေဆာင္႐ြက္သြားရမည္ ျဖစ္ပါသည္။ စာ႐ြက္စာတမ္း ျပည့္စုံမႈႏွင့္ လုပ္ငန္းအေပၚ မူတည္ၿပီး ဘဏ္ေခ်းေငြကို တစ္ပတ္ဆက္ရက္အတြင္း ထုတ္ယူႏိုင္သည္။ ဘဏ္ေခ်းေငြ ရယူလိုလွ်င္ ေယဘုယ်အားျဖင့္ ေအာက္ပါအခ်က္ႏွစ္ခ်က္ ျပည္စုံရမည္။

၁။ ရွင္သန္တိုးတက္မႈရွိေသာ စီးပြားေရးလုပ္ငန္း

၂။ ဘဏ္မွ အေပါင္းပစၥည္းအေနျဖင့္ ရယူထားရွိႏိုင္မည့္ အာမခံပစၥည္း

ဘဏ္မွ ေငြေခ်းမည္ဆိုပါက သင့္ေလ်ာ္ေကာင္းမြန္သည့္ အာမခံပစၥည္း တစ္ခုခု တင္ျပရပါမည္။ အာမခံပစၥည္းတန္ဖိုး၏ ၃၀% ခန႔္ကိုသာ ေခ်းေငြအျဖစ္ ထုတ္ေပးသည္။ ရာခိုင္ႏႈန္း သတ္မွတ္ျခင္းကို ဘဏ္၏ ရာျဖတ္ႏွင့္ ဘဏ္၏ သတ္မွတ္ျပဌာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္သည္။ ဘဏ္တြင္ ေတြ႕ရသည့္ အာမခံအမ်ိဳးအစားမ်ားမွာ –

  1. လူပုဂၢိဳလ္ဆိုင္ရာ အာမခံ
  2. မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအာမခံ
  3. ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းအာမခံ

ဥပမာ- စိန္ေ႐ႊရတနာ၊ ေမာ္ေတာ္ကား၊ စက္ပစၥည္းစသည္ အာမခံပစၥည္းသည္ ရန္ကုန္၊ စစ္ေတြ၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ မႏၲေလးၿမိဳ႕ႏွင့္ ႏိုင္ငံေတာ္သမၼတက ျပန္တမ္းမ်ား ေၾကာ္ျငာၿပီး သတ္မွတ္ထားသည့္ ၿမိဳ႕မ်ား၌ရွိလွ်င္ ေခ်းေငြစာခ်ဳပ္အတြက္ တံဆိပ္ေခါင္းခြန္ ကင္းလြတ္ခြင့္ရၿပီး၊ ေခ်းေငြစာခ်ဳပ္ကို ဘဏ္တြင္သာ ခ်ဳပ္ဆိုၾကရမည္ ျဖစ္ပါသည္။ အကယ္၍ အာမခံပစၥည္းသည္ အထက္ေဖၚျပပါ ၿမိဳ႕မ်ားတြင္ မပါဝင္ပါက အာမခံပစၥည္းတည္ေနရာ ၿမိဳ႕၏စာခ်ဳပ္စာတမ္း၊ မွတ္ပုံတင္႐ုံးသြား၍ မွတ္ပုံတင္အရာရွိ ေရွ႕ေမွာက္တြင္ ေငြေခ်းစာခ်ဳပ္ကို ျပဳလုပ္ခ်ဳပ္ဆိုရမည္။ ဤအတြက္ ေခ်းေငြ ၁၀၀ အေပၚ ၂% တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ရမည္ ျဖစ္သည္။

အာမခံပစၥည္းသည္ ရန္ကုန္ၿမိဳ.၌ တည္ရွိျခင္း မဟုတ္ပါက အာမခံပစၥည္း တည္ေနရာၿမိဳ႕သို႔ ဘဏ္ရာျဖတ္၊ ဘဏ္ေရွ႕ေနႏွင့္ မီးအာမခံတို႔ကို ေခၚရမည္ ျဖစ္သည္။ ၎အတြက္ အႀကိဳအပို႔တာဝန္ကို ေငြေခ်းသူမ်ားက တာဝန္ယူၾကရသည္။ ဘဏ္အေနအထားကို လိုက္၍ ဘဏ္ရာျဖတ္ကိုသာ ေခၚဆိုၾကျခင္းလည္း ရွိပါသည္။

ဘဏ္ေရွ႕ေနကိုေခၚ ျခင္းမွာ သက္ဆိုင္ရာ စာခ်ဳပ္စာတမ္း႐ုံးႏွင့္ ေျမစာရင္း႐ုံးတို႔တြင္ ၾကည့္ရႈစစ္ေဆးရန္ ျဖစ္သည္။ဘဏ္ရာျဖတ္မွာ အာမခံပစၥည္းမ်ားကို တန္ဖိုးသတ္မွတ္ေပးရန္ ျဖစ္သည္။ မီးအာမခံမွာ အာမခံအတြက္ လုပ္ေဆာင္ရန္ျဖစ္သည္။

ေျမႏွင့္အိမ္ အေပါင္ထား၍ ေငြေခ်းယူျခင္းအတြက္တင္ျပရန္ လိုအပ္ခ်က္မ်ား

  1. လႊဲေျပာင္းႏိုင္ေသာ ေျမအမ်ိဳးအစားျဖစ္ရမည္။
  2. ေျမစာရင္း႐ုံးပုံစံ ၁၀၅ ၊ ၁၀၆ ႏွင့္ ၁(က) ရွိရမည္။
  3. ေျမႏွင့္ ေျမေပၚအေဆာက္အအုံ ပိုင္ဆိုင္ေၾကာင္းမွတ္ပုံတင္စာခ်ဳပ္၊ ေျမပုံ၊ ေျမရာဇဝင္၊ ေျခာက္လအတြင္း ဆက္စပ္စာခ်ဳပ္မ်ား။
  4. တရားဝင္ လုပ္ကိုင္ေနေသာ သက္တမ္းရွိ လုပ္ငန္းလိုင္စင္၊ သက္ဆိုင္ရာ ဝန္ႀကီးဌာနတစ္ခုခုမွ ရယူထားေသာ လုပ္ငန္းလိုင္စင္၊ company မွတ္ပုံတင္လတ္မွတ္၊ သင္းဖြဲ႕မွတ္တမ္းႏွင့္ သင္းဖြဲ႕စည္းမ်ဥ္း၊ ပုံစံ ၆/၂၆/ အီး စည္ပင္သာယာတြင္ လုပ္ငန္းတစ္ခုခုအတြက္ အခြန္ေဆာင္ရပါက ၎တြင္ မိမိပိုင္ အိမ္အတြက္ လုပ္ငန္းအတြက္ အခြန္ေႂကြးက်န္မရွိေၾကာင္း ေထာက္ခံခ်က္ယူရန္ ၊ company ျဖစ္လွ်င္ ဒါ႐ိုက္တာ အဖြဲ.အစည္းအေဝး ဆုံးျဖတ္ခ်က္။
  5. လုပ္ငန္းႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္သို႔ ေပးေဆာင္ထားေသာ အျမတ္ခြန္ ေျပစာမ်ား၊ ျပည္တြင္းအခြန္မွ အခြန္ေႂကြးက်န္ ကင္းရွင္းေၾကာင္း ေထာက္ခံစာ။
  6. အာမခံ ေဆာက္အအုံႏွင့္ လုပ္ငန္းေဆာက္အအုံတို႕ကို မွတ္တမ္းတင္ဓာတ္ပုံ ( ေရွ.၊ ေနာက္၊ ဝဲယာ၊ အတြင္းပုံ)။
  7. လုပ္ငန္းႏွင့္ သက္ဆိုင္ေသာ အရႈံးအျမတ္စာရင္း။
  8. အာမခံပစၥည္းႏွင့္ သက္ဆိုင္ေသာ တျခား လိုအပ္ေသာ စာ႐ြက္စာတမ္းအျပည့္အစုံ (ေျမပုံ၊ ေျမရာဇဝင္)။
  9. ဘဏ္တြင္ အေပါင္ထားသည့္ ေျမႏွင့္အိမ္ကို မိမိအမွန္တကယ္ ပိုင္ဆိုင္ေၾကာင္း၊ လႊဲေျပာင္းေရာင္းခ်ေပါင္ႏွံထားျခင္း မရွိေၾကာင္း တရားသူႀကီးထံမွ က်မ္းက်ိန္လႊာ။
  10. တျခားလိုအပ္ေသာ စာ႐ြက္စာတမ္းမ်ား ( စည္ပင္ခြန္၊ ေျမခြန္၊ ေျပစာမ်ား၊ အိမ္ေထာင္စုစာရင္း မိတၱဴသုံးစုံ မွတ္ပုံတင္ ) ( company အစည္းအေဝး ဆုံးျဖတ္ခ်က္)၊ မွတ္ပုံတင္မိတၱဴ။
  11. အေဆာက္အအုံမွာ အသစ္ျဖစ္က ေဆာက္လုပ္ၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ B.C.C။

ထိုကဲ့သို႔ ေခ်းေငြေလွ်ာက္လႊာ အမႈတြဲတင္ရာတြင္ ဘဏ္ေရွ႕ေန ေထာက္ခံခ်က္ႏွင့္ ရာျဖတ္အစီရင္ခံစာတို႔ ပါရွိရမည္။ အဆိုပါ ဘဏ္ေခ်းေငြကို အတိုးေရာ အရင္းပါ တစ္ႏွစ္အတြင္းျပန္ဆပ္ရသည္။

ဘဏ္တြင္း ေငြသြင္းေငြထုတ္လုပ္ရန္ ႀကိဳတင္ျပဳလုပ္ထားရေသာ စာရင္းရွင္လက္မွတ္ မွတစ္ဆင့္ ( Current Account )ထုတ္ယူႏိုင္ပါသည္။ ဘဏ္မ်ားမွ ေငြေခ်းယူျခင္းႏွင့္ ပက္သက္၍လိုအပ္ခ်က္ႏွင့္ လုပ္ထုံးလုပ္နည္းမ်ားအား နမူနာဗဟုသုတအျဖစ္ အၾကမ္းဖ်င္းတင္ျပျခင္းသာ ျဖစ္ပါသည္။ ဘဏ္တစ္ခုႏွင့္တစ္ခုမွာ ေငြေခ်းယူရန္ လိုအပ္သည့္ အေထာက္အထား စာ႐ြက္စာတမ္း၊ ဘဏ္တိုး၊ အခ်ိန္ကာလႏွင့္ လုပ္နည္းလုပ္ဟန္မွာ အနည္းအက်ဥ္းစီ ကြဲလြဲမႈမ်ားရွိႏိုင္မည္ျဖစ္ပါသည္။

Credit : ေဇာ္ျမင့္ဦး (အိမ္ၿခံေျမ လမ္းၫႊန္)

via – imyanmarhouse

Source – https://www.imyanmarhouse.com/news/read/796993

(Unicode)

ဘဏ်မှချေးငွေ ရယူလိုပါလျှင် သိထားသင့်သည့် အချက်များ

ဘဏ်မှ ငွေချေးယူလိုပါက ဦးစွာငွေချေးယူမည့်ဘဏ်တွင် ဘဏ်ချေးငွေအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်လွှာတင်ရမည်။ သက်ဆိုင်ရာ ဘဏ်ချေးငွေဌာန မန်နေဂျာမှတစ်ဆင့် အဆင့်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။စာရွက်စာတမ်း ပြည့်စုံမှုနှင့် လုပ်ငန်းအပေါ် မူတည်ပြီး ဘဏ်ချေးငွေကို တစ်ပတ်ဆက်ရက်အတွင်း ထုတ်ယူနိုင်သည်။ဘဏ်ချေးငွေ ရယူလိုလျှင် ယေဘုယျအားဖြင့် အောက်ပါအချက်နှစ်ချက် ပြည်စုံရမည်။

၁။ ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်း

၂။ ဘဏ်မှ အပေါင်းပစ္စည်းအနေဖြင့် ရယူထားရှိနိုင်မည့် အာမခံပစ္စည်း

ဘဏ်မှ ငွေချေးမည်ဆိုပါက သင့်လျော်ကောင်းမွန်သည့် အာမခံပစ္စည်း တစ်ခုခု တင်ပြရပါမည်။ အာမခံပစ္စည်းတန်ဖိုး၏ ၃၀% ခန့်ကိုသာ ချေးငွေအဖြစ် ထုတ်ပေးသည်။ ရာခိုင်နှုန်း သတ်မှတ်ခြင်းကို ဘဏ်၏ ရာဖြတ်နှင့် ဘဏ်၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သည်။ ဘဏ်တွင် တွေ့ရသည့် အာမခံအမျိုးအစားများမှာ –

  1. လူပုဂ္ဂိုလ်ဆိုင်ရာ အာမခံ
  2. မရွှေ့မပြောင်းနိုင်သော ပစ္စည်းအာမခံ
  3. ရွှေ့ပြောင်းနိုင်သော ပစ္စည်းအာမခံ

ဥပမာ- စိန်ရွှေရတနာ၊ မော်တော်ကား၊ စက်ပစ္စည်းစသည် အာမခံပစ္စည်းသည် ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေးမြို့နှင့် နိုင်ငံတော်သမ္မတက ပြန်တမ်းများ ကြော်ငြာပြီး သတ်မှတ်ထားသည့် မြို့များ၌ရှိလျှင် ချေးငွေစာချုပ်အတွက် တံဆိပ်ခေါင်းခွန် ကင်းလွတ်ခွင့်ရပြီး၊ ချေးငွေစာချုပ်ကို ဘဏ်တွင်သာ ချုပ်ဆိုကြရမည် ဖြစ်ပါသည်။ အကယ်၍ အာမခံပစ္စည်းသည် အထက်ဖေါ်ပြပါ မြို့များတွင် မပါဝင်ပါက အာမခံပစ္စည်းတည်နေရာ မြို့၏စာချုပ်စာတမ်း၊ မှတ်ပုံတင်ရုံးသွား၍ မှတ်ပုံတင်အရာရှိ ရှေ့မှောက်တွင် ငွေချေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုရမည်။ ဤအတွက် ချေးငွေ ၁၀၀ အပေါ် ၂% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်သည်။

အာမခံပစ္စည်းသည် ရန်ကုန်မြို.၌ တည်ရှိခြင်း မဟုတ်ပါက အာမခံပစ္စည်း တည်နေရာမြို့သို့ ဘဏ်ရာဖြတ်၊ ဘဏ်ရှေ့နေနှင့် မီးအာမခံတို့ကို ခေါ်ရမည် ဖြစ်သည်။ ၎င်းအတွက် အကြိုအပို့တာဝန်ကို ငွေချေးသူများက တာဝန်ယူကြရသည်။ဘဏ်အနေအထားကို လိုက်၍ ဘဏ်ရာဖြတ်ကိုသာ ခေါ်ဆိုကြခြင်းလည်း ရှိပါသည်။

ဘဏ်ရှေ့နေကိုခေါ် ခြင်းမှာ သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးနှင့် မြေစာရင်းရုံးတို့တွင် ကြည့်ရှုစစ်ဆေးရန် ဖြစ်သည်။ဘဏ်ရာဖြတ်မှာ အာမခံပစ္စည်းများကို တန်ဖိုးသတ်မှတ်ပေးရန် ဖြစ်သည်။ မီးအာမခံမှာ အာမခံအတွက် လုပ်ဆောင်ရန်ဖြစ်သည်။

မြေနှင့်အိမ် အပေါင်ထား၍ ငွေချေးယူခြင်းအတွက်တင်ပြရန် လိုအပ်ချက်များ

  1. လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။
  2. မြေစာရင်းရုံးပုံစံ ၁၀၅ ၊ ၁၀၆ နှင့် ၁(က) ရှိရမည်။
  3. မြေနှင့် မြေပေါ်အဆောက်အအုံ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်၊ မြေပုံ၊ မြေရာဇဝင်၊ ခြောက်လအတွင်း ဆက်စပ်စာချုပ်များ။
  4. တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိ လုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှ ရယူထားသော လုပ်ငန်းလိုင်စင်၊ company မှတ်ပုံတင်လတ်မှတ်၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း၊ ပုံစံ ၆/၂၆/ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက ၎င်းတွင် မိမိပိုင် အိမ်အတွက် လုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်ယူရန် ၊ company ဖြစ်လျှင် ဒါရိုက်တာ အဖွဲ.အစည်းအဝေး ဆုံးဖြတ်ချက်။
  5. လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်သို့ ပေးဆောင်ထားသော အမြတ်ခွန် ပြေစာများ၊ ပြည်တွင်းအခွန်မှ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံစာ။
  6. အာမခံ ဆောက်အအုံနှင့် လုပ်ငန်းဆောက်အအုံတိုကို မှတ်တမ်းတင်ဓာတ်ပုံ ( ရှေ.၊ နောက်၊ ဝဲယာ၊ အတွင်းပုံ)။
  7. လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်း။
  8. အာမခံပစ္စည်းနှင့် သက်ဆိုင်သော တခြား လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံ (မြေပုံ၊ မြေရာဇဝင်)။
  9. ဘဏ်တွင် အပေါင်ထားသည့် မြေနှင့်အိမ်ကို မိမိအမှန်တကယ် ပိုင်ဆိုင်ကြောင်း၊ လွှဲပြောင်းရောင်းချပေါင်နှံထားခြင်း မရှိကြောင်း တရားသူကြီးထံမှ ကျမ်းကျိန်လွှာ။
  10. တခြားလိုအပ်သော စာရွက်စာတမ်းများ ( စည်ပင်ခွန်၊ မြေခွန်၊ ပြေစာများ၊ အိမ်ထောင်စုစာရင်း မိတ္တူသုံးစုံ မှတ်ပုံတင် ) ( company အစည်းအဝေး ဆုံးဖြတ်ချက်)၊ မှတ်ပုံတင်မိတ္တူ။
  11. အဆောက်အအုံမှာ အသစ်ဖြစ်က ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် B.C.C။

ထိုကဲ့သို့ချေးငွေလျှောက်လွှာ အမှုတွဲတင်ရာတွင် ဘဏ်ရှေ့နေ ထောက်ခံချက်နှင့် ရာဖြတ်အစီရင်ခံစာတို့ ပါရှိရမည်။အဆိုပါ ဘဏ်ချေးငွေကို အတိုးရော အရင်းပါ တစ်နှစ်အတွင်းပြန်ဆပ်ရသည်။

ဘဏ်တွင်း ငွေသွင်းငွေထုတ်လုပ်ရန် ကြိုတင်ပြုလုပ်ထားရသော စာရင်းရှင်လက်မှတ် မှတစ်ဆင့် ( Current Account )ထုတ်ယူနိုင်ပါသည်။ ဘဏ်များမှ ငွေချေးယူခြင်းနှင့် ပက်သက်၍လိုအပ်ချက်နှင့် လုပ်ထုံးလုပ်နည်းများအား နမူနာဗဟုသုတအဖြစ် အကြမ်းဖျင်းတင်ပြခြင်းသာ ဖြစ်ပါသည်။ ဘဏ်တစ်ခုနှင့်တစ်ခုမှာ ငွေချေးယူရန် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုး၊ အချိန်ကာလနှင့် လုပ်နည်းလုပ်ဟန်မှာ အနည်းအကျဉ်းစီ ကွဲလွဲမှုများရှိနိုင်မည်ဖြစ်ပါသည်။

Credit : ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်)

via – imyanmarhouse

Source – https://www.imyanmarhouse.com/news/read/796993

Leave a Reply

Your email address will not be published. Required fields are marked *