(Zawgyi)
တစ္ဧကကို ေျမပဲ တင္း ၁၀၀ ထြက္ေအာင္ စိုက္ပ်ိဳးနည္း
တ႐ုတ္ျပည္တြင္ ရာသီဥတုအေျခအေနေပးေသာ ႏွစ္မ်ားတြင္ ေျမပဲတစ္ဟက္တာ သုံးတန္ (တစ္ဧက ၁၀၉ တင္း) ထြက္ရွိေနသည္ကို ေတြ႕ရသည္။ ဤသို႔ ေျမပဲအထြက္တိုးေစရန္အတြက္ သင့္ေတာ္သည့္ စိုက္စနစ္မ်ား သုေတသနျပဳရွာေဖြၿပီး တစ္ျပည္လုံးနည္းပညာ ျပန႔္ႏွံ႔ေအာင္ ေဆာင္႐ြက္ေပးျခင္းျဖစ္သည္။
ေျမပဲအထြက္တိုး စိုက္ပ်ိဳးနည္းစနစ္ အသစ္မ်ား သုေတသနျပဳ ရွာေဖြစမ္းသပ္ၿပီး နည္းပညာေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့ သည္။ ေျမဆီလႊာ ႐ုပ္လကၡဏာမ်ား ျပဳျပင္ျခင္း၊ ထယ္ေရးနက္နက္ေဆာင္႐ြက္ ျခင္း၊ သဘာဝေျမၾသဇာႏွင့္ ဓာတ္ေျမၾသဇာမ်ား အခ်ိဳးက်သုံးစြဲျခင္း၊ စိပ္စိပ္စိုက္ပ်ိဳးျခင္း၊ ပိုးမႊားေရာဂါ ကာကြယ္ျခင္းတို႔ကို ေျပာင္းလဲခဲ့သည္။
တ႐ုတ္ျပည္တြင္ ေျမပဲစိုက္ အဓိက ေဒသမ်ားမွာ ေတာင္တန္းေဒသမ်ား (Hilly Regions) ၊ ျမစ္ဝကြၽန္းေပၚေဒသမ်ား၊ ကမ္း႐ိုးတန္းေဒသမ်ား ျဖစ္ပါသည္။ ေျမပဲစိုက္ပ်ိဳးသည့္ ေျမအမ်ိဳးအစားမ်ားမွာ ေတာင္ကုန္းေက်ာက္စရစ္ေျမ၊ သဲေျမ၊ သဲႏုန္းေျမ၊ ေတာင္ကုန္းေျမနီေျမဝါတို႔ ျဖစ္ပါသည္။ ယင္းေျမအမ်ိဳးအစားမ်ားမွာ ေျမသားတိမ္ ျခင္း၊ ေျမသားတည္ေဆာက္မႈညံ့ျခင္း၊ ေျမၾသဇာထက္သန္မႈနည္းျခင္း (Poor Texture)ေစးလြန္းျခင္း၊ ဖြယ္လြန္းျခင္းတို႔ျဖစ္ပါ သည္။
ေျမဆီလႊာ ႐ုပ္လကၡဏာမ်ား ျပဳျပင္ရာတြင္ ေစးလြန္းသည့္ ေျမကိုေဖာ့စဖရပ္ ပါဝင္မႈမ်ားသည့္ ေဆြးေျမ့ပစၥည္းႏွင့္ တစ္ဧက သဲ ၂၂ က်င္းမွ က်င္း ၃၀၀ ထိ ထည့္သြင္းျပဳျပင္ၿပီး ေျမပဲစိုက္ပ်ိဳးရာတြင္ ေျမသည္ ေျမေစးမွ သဲႏုန္းေျမအျဖစ္ ေျပာင္းလဲသြားျခင္း၊ ေလဝင္ေလထြက္ေကာင္းၿပီးေရထိန္းအားေကာင္းေစျခင္း၊ ေျမပဲဥသည္ ေျမလႊာဇုန္တြင္ အပူခ်ိန္တိုးလာေစျခင္းမ်ားေၾကာင့္ ေျမပဲအထြက္ ၁၈ ဒသမ ၈ ရာခိုင္ႏႈန္း တိုးလာသည္ကို ေတြ႕ရသည္။ ေတာင္သူ အကြက္မ်ားတြင္ ေဖာ့စဖရပ္ပါဝင္သည့္ ေျမေဆြး တစ္ဧက ၂၂ က်င္း ထည့္ေပးသ ျဖင့္ တစ္ဧကေျမပဲေတာင့္အထြက္ ၂၄ တင္းခန႔္ တိုးတက္ထြက္ရွိသည္။
ေျမပဲအထြက္တိုးေအာင္ ထယ္ေရးနက္ရေအာင္ ေဆာင္႐ြက္ျခင္းကို ျပဳျပင္ ေျပာင္းလဲေဆာင္႐ြက္ခဲ့သည္။ ထယ္ေရး နက္နက္ရရွိေအာင္ ေဆာင္႐ြက္ျခင္းသည္ မည္သည့္ ေျမအမ်ိဳးအစားတြင္မဆို ေျမပဲ အထြက္တိုးေၾကာင္း ေတြ႕ရသည္။ ေျမဆီ ေျမၾသဇာထက္သန္မႈ အသင့္အတင့္မွ အထက္ရွိေျမတြင္ ထယ္ေရးအနက္ ၂၅ စင္တီမီတာမွ စင္တီမီတာ ၃၀ ေရာက္ရွိေအာင္ ေဆာင္႐ြက္ေပးလွ်င္ ေျမပဲအထြက္သည္ ထယ္ေရးအနက္ ၁၀ စင္တီမီတာမွ ၁၂ စတင္တီမီတာထက္ ရာခိုင္ႏႈန္း ၂၀ အထြက္ပိုသည္ကို ေတြ႕ရွိရသည္။ ေျမၾသဇာ ညံ့သည့္ ေတာင္ကုန္းေဒသႏွင့္ ေျခာက္ေသြ႕သည့္ ယာေျမတို႔တြင္ ရာခိုင္ႏႈန္း ၃၀ အထြက္တိုးပါသည္။ ထယ္ေရးနက္နက္ ျပဳျပင္ျခင္းသည္ ေနာင္သီးထပ္စိုက္မည့္ အသီးအႏွံ အထြက္ ေကာင္းမြန္ေစမည့္အျပင္ ပိုးမႊား ေရာဂါက်ေရာက္မႈ ေလ်ာ့ပါးေစပါသည္။
ထယ္ေရးနက္နက္ရရွိေအာင္ ေဆာင္႐ြက္ျခင္းျဖင့္ အပင္ျဖစ္ထြန္းမႈကို အက်ိဳးျပဳေစမည့္ ေျမဆီလႊာကို တိုးလာေစသည္။ ေျမဆီလႊာတည္ေဆာက္မႈေၾကာင့္ ေျပာင္းလဲျခင္း၊ ေျမကိုမြေစျခင္းတို႔အတြက္ ေရစိမ့္အား၊ ေရထိန္းအားေကာင္းေစသည္။ အက်ိဳး ျပဳအဏုဇီဝမ်ား ပိုမိုပြားမ်ားေစသည္။ ထယ္ေရးအနက္ ၅၀ စင္တီမီတာအထိ ေဆာင္႐ြက္လွ်င္ သဲႏုန္းေျမ၏ အေပၚယံ ၂၀ စင္တီမီတာတြင္ ဘက္တီးရီးယား ၃ ဒသမ ၃ ရာခိုင္ႏႈန္းထိ တိုးလာၿပီး ေျမ အနက္ ၂၀ စင္တီမီတာမွ ၄၀ စင္တီမီတာ တြင္ ၈၂ ဒသမ ၂ ရာခိုင္ႏႈန္း တိုးလာေၾကာင္း ေတြ႕ရသည္။
ထြန္ေမႊျခင္းသည္ ေျမ၏ ေရထိန္းသိမ္းမႈ စြမ္းအားကို တိုးတက္ေစသည္။ ေဆာင္းရာသီ ထယ္ထိုးထြန္ေမႊျခင္းသည္ ေျမတြင္ ငါးစင္တီမီတာတြင္ အစိုဓာတ္ ၁၆ ဒသမ ၇ ရာခိုင္ႏႈန္းရွိသည္။ ထယ္သာထိုး ၿပီး ထြန္မေမႊသည့္ေျမတြင္ အစိုဓာတ္ ၁၅ ဒသမ ၉ ရာခိုင္ႏႈန္းရွိသည္။ ေလးရက္ ေနာက္ပိုင္းတြင္ ထြန္ေမႊသည့္ေျမတြင္ အစို ဓာတ္ ၁၁ ဒသမ ၉၃ ရာခိုင္ႏႈန္းရွိၿပီး ထြန္ မေမႊသည့္ေျမတြင္ အစိုဓာတ္ ၈ ဒသမ ၆၃ရာခိုင္ႏႈန္းသာရွိေတာ့ေၾကာင္း ေတြ႕ရသည္။
ထယ္ေရးနက္နက္ထိုးျခင္းျဖင့္ ေျမပဲပင္ အျမစ္ ႀကီးထြားပ်ံ႕ႏွံ႔မႈကို တိုးပြားေစသည္။ သဲႏႈန္းေျမတြင္ ထယ္ေရးနက္နက္ေဆာင္႐ြက္ပါက အျမစ္သည္ အနက္ ၃၀ စင္တီ မီတာ ဆင္းေၾကာင္း ေတြ႕ရသည္။ ထယ္ေရးနက္လွ်င္ အလ်င္အျမန္ စားသုံးႏိုင္သည့္ ႏိုက္ထ႐ိုဂ်င္၊ ေဖာ့စဖရပ္၊ ပိုတက္စီယမ္မ်ားေျမတြင္းတြင္ တိုးပြားလာေၾကာင္းေတြ႕ရွိရ သည္။
ထယ္ေရးနက္နက္ရရွိေအာင္ ေဆာင္ ႐ြက္ရာတြင္ ႏွစ္ေပါင္းမ်ားစြာ ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ပါက ထယ္ေရးအနက္ ၃၀ စင္တီ မီတာရရွိေအာင္ ေဆာင္႐ြက္ရန္ လိုအပ္ပါ သည္။ ထယ္ေရးနက္နက္ရရွိေအာင္ ေဆာင္႐ြက္ျခင္းကို မိုးေႏွာင္း၊ သို႔မဟုတ္ ေဆာင္း ဦးေပါက္ရာသီတြင္ ေဆာင္႐ြက္ပါက ႏွင္း ေရ၊ မိုးေရကို စုပ္ယူထားႏိုင္ၿပီး သီးႏွံမစိုက္ပ်ိဳးမီ ေဆြးေျမ့ေစမည္ျဖစ္သည္။ ေဒသအမ်ိဳးမ်ိဳးအလိုက္ ထယ္ေရးအနက္ အမ်ိဳးမ်ိဳးလို အပ္ပါသည္။ ေယဘုယ်အားျဖင့္ ထယ္ေရးအနက္ ၂၅ စင္တီမီတာမွ ၃၅ စင္တီမီတာသည္ လုံေလာက္ပါသည္။
ေတာင္တန္းေဒသ ေျမသားတိမ္သည့္သက္ရင့္ေျမလႊာ(Shallow Mature Soil Layers) မ်ားတြင္ မျဖစ္မေန ထယ္ေရးနက္နက္ရရွိေအာင္ ေဆာင္႐ြက္ရန္ လိုအပ္သည္။ စက္ကရိယာမ်ား အသုံးျပဳပါက Pan Baker ကို ထယ္သြားတြင္ တင္ဆင္အသုံးျပဳသင့္ပါသည္။ သို႔မွသာ ေျမဆီလႊာအထပ္မ်ား ဖြဲ႕စည္းမႈကို မထိခိုက္ေစဘဲ သက္ရင့္ေျမ(Mature Soil) သည္ အေပၚပိုင္းတြင္ ဆက္လက္တည္ရွိေနႏိုင္မည္ျဖစ္သည္။
ေျမသားတိမ္သည့္ ေတာင္တန္းစိုက္ခင္းမ်ားတြင္ ေျမဖြစက္မ်ား အသုံးျပဳႏိုင္သည့္ ထယ္မထိုးမီ ေျမေဆြးမ်ားမ်ားထည့္ ထားလွ်င္ ေျမပဲအထြက္ေကာင္းသည္ကို ေတြ႕ရွိရသည္။ ထယ္ေရးနက္ေအာင္ ေဆာင္႐ြက္ျခင္း၏ အက်ိဳးေက်းဇူးသည္ ေလးႏွစ္မွငါးႏွစ္ထိ ခံႏိုင္သည္။ ေဆာင္းထယ္ေရး သည္ ေႏြထယ္ေရးထက္ ပိုနက္သင့္ပါသည္။ တ႐ုတ္ေတာင္ပိုင္းသည္ မိုးမ်ားၿပီး အပူခ်ိန္ျမင့္သျဖင့္ ထယ္ထိုးၿပီးေျမကို ေနလွန္းျခင္းသည္ အေရးတႀကီး ေဆာင္႐ြက္ရသည့္အခ်က္ျဖစ္သည္။ အထူးသျဖင့္ စပါး၊ ေျမပဲသီးႏွံ ပုံစံစိုက္ပ်ိဳးသည့္ ေျမေစးမ်ားတြင္ပို၍ေဆာင္႐ြက္ၾကသည္။ ထယ္ထိုးၿပီး ရက္ ၃၀ ေနလွန္းသည့္အကြက္သည္ တစ္ဟက္တာ ၄ ဒသမ ၀၄ တန္ ထြက္ရွိၿပီး ေနမလွန္းဘဲ စိုက္ပ်ိဳးသည့္ အကြက္ထက္ ၁ ဒသမ ၃ တန္ ပိုထြက္ေၾကာင္း ေတြ႕ရွိရ သည္။
သဘာဝေျမၾသဇာႏွင့္ ဓာတ္ေျမၾသဇာမ်ား အသုံးျပဳရာတြင္ ျပဳျပင္ေျပာင္းလဲခဲ့ ေသာ အခ်က္မ်ားရွိပါသည္။ တစ္ဟက္တာတြင္ ေျမပဲ ငါးတန္မွ ၇ ဒသမ ၅ တန္ ထြက္ရွိရန္ ႏိုက္ထ႐ိုဂ်င္ ၅ ဒသမ ၁၈ ကီလိုဂရမ္၊ ေဖာ့စဖရပ္ ၁ ဒသမ ၉၅ ကီလိုဂရမ္၊ ကယ္လ္စီယမ္ ၁ ဒသမ ၉၅ ကီလိုဂရမ္၊မဂၢနီစီယမ္ ၁ ဒသမ ၅၈ ကီလိုဂရမ္၊ ဆာလ္ဖာ ၁ ဒသမ ၂၈ ကီလိုဂရမ္လိုအပ္သည္။ ေျမဆီထက္သန္မႈ ညံ့လွ်င္လည္းေကာင္း၊ ႐ိုင္ဇိုဘီယမ္မွ ႏိုက္ထ႐ိုဂ်င္စုပ္ယူမႈေကာင္း လွ်င္လည္းေကာင္း ေျမၾသဇာအသုံးျပဳရန္ လိုအပ္သည္။ ေျမပဲအထြက္တိုးရန္ သဘာဝေျမၾသဇာျဖစ္သည့္ ႏြားေခ်း၊ ေျမေဆြး၊ သစ္စိမ္းေျမၾသဇာတို႔တြင္ N,P,K,Ca,Mg,S ႏွင့္ အနည္းလိုအာဟာရဓာတ္မ်ားပါဝင္ၾက သည္။ သဘာဝေျမၾသဇာမ်ားသည္ အဏုဇီဝသက္ရွိမ်ား၏ အကူအညီႏွင့္ ေကာင္းစြာေဆြးေျမ့ၿပီးမွသာ ၎င္းတြင္ ပါဝင္ေသာ အာဟာရဓာတ္မ်ားကို အပင္က စားသုံးႏိုင္ သည္။ သဘာဝေျမၾသဇာသည္ ေဆြးေျမ့ေနစဥ္အတြင္း အပင္အတြက္ အာဟာရဓာတ္ ကို တျဖည္းျဖည္းခ်င္း ၾကာရွည္စြာ ထုတ္လႊတ္ေပးပါသည္။
သဘာဝေျမေဆြးကို ေျမတြင္းသို႔ ပုံမွန္ထည့္သြင္းေပးပါက ေျမေဆြးဓာတ္ (Organic Matter) မ်ားလာေစၿပီး အစိုဓာတ္ထိန္းမႈ အားေကာင္းလာေစသည္။ အာဟာရဓာတ္ ပါဝင္မႈ၊ ေျမဆီလႊာဖြဲ႕စည္းတည္ေဆာက္မႈ(Soil Sturcture) ေကာင္းေစသည္။ ႏြားေခ်းတြင္ ႏိုက္ထ႐ိုဂ်င္ သုည ဒသမ ၁၅ ရာခိုင္ႏႈန္းမွ သုည ဒသမ ၄၅ ရာခိုင္ႏႈန္း၊ PHO3 သုည ဒသမ ၁၅ ရာခိုင္ ႏႈန္းမွ သုည ဒသမ ၄၀ ရာခိုင္ႏႈန္း၊ K2O သုည ဒသမ ၃ ရာခိုင္ႏႈန္းမွ ၁ ဒသမ ၁ ရာခိုင္ႏႈန္းႏွင့္ ေျမေဆြးဓာတ္ ႏွစ္ရာခိုင္ႏႈန္းမွ ရာခိုင္ႏႈန္း ၂၀ ပါဝင္သည့္ ႏြားေခ်းတစ္ ဧက သုံးတန္ႏႈန္း ထည့္ေပးျခင္းျဖင့္ မထည့္သည့္အကြက္ထက္ တစ္ဧကလွ်င္ ေျမပဲ ၅ ဒသမ ၃ တင္းမွ ၁၃ ဒသမ ၄ တင္းထိ ပိုမိုထြက္ရွိပါသည္။
သီးႏွံပင္အႂကြင္းအက်န္ မ်ား မီးရႈိ႕၍ရရွိေသာ ျပာသည္ ေျမေဆြးဓာတ္မပါသျဖင့္ သဘာဝ ဓာတ္ေျမၾသဇာမဟုတ္ပါ။အပင္ျပာသည္ K,Ca,P ႏွင့္ အျခား အနည္းလို အာဟာရဓာတ္မ်ားသာ ပါဝင္ ပါသည္။ အပင္ျပာကို ပိုတက္စီယမ္ ရရွိရန္အဓိက အသုံးျပဳပါသည္။ အပင္ျပာ တစ္ဧကသုည ဒသမ ၆၃ တန္မွ ၁ ဒသမ ၁ တန္ထိထည့္ သြင္းအသုံးျပဳလွ်င္ ေျမပဲ ၈ ဒသမ ၁ ရာခိုင္ႏႈန္းမွ ၁၉ ဒသမ ၁ ရာခိုင္ႏႈန္းထိ အထြက္တိုးလာေၾကာင္း ေတြ႕ရွိရသည္။ အပင္ျပာကို ႏြားေခ်းႏွင့္အတူ ေရာပုံပါက ႏြားေခ်းတြင္ပါဝင္ေသာ ႏိုက္ထ႐ိုဂ်င္ႏွင့္ ပိုတက္စီယမ္မ်ား ေလလြင့္ဆုံးရႈံးႏိုင္ပါ သည္။ အထူးသတိျပဳရန္ လိုအပ္ပါသည္။
ေျမပဲအထြက္ႏႈန္း တိုးေစရန္အတြက္ ဓာတ္ေျမၾသဇာမ်ား အသုံးျပဳမႈကို ေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့ပါသည္။ ေျမခံတြင္ N2 ရာခိုင္ႏႈန္း ၂၀ ပါဝင္သည့္ ဓာတ္ေျမၾသဇာ တစ္ဧကလွ်င္ ၁၆၇ ေပါင္ထည့္ေပးျခင္းျဖင့္ေျမပဲအထြက္တိုး ၄ ဒသမ ၈ ရာခိုင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းထိ တိုးတက္ေစသည္။ အပင္ငယ္စဥ္ တစ္ဧကလွ်င္ အမိုနီယမ္ဆာလ္ ဖိတ္ ၇ ေပါင္မွ ၁၄ ေပါင္ႏႈန္း အပင္ေျခ ေဘးတြင္ ထည့္ေပးျခင္းျဖင့္ ေျမပဲအထြက္ ကိုးရာခိုင္ႏႈန္းမွ ၁၁ ရာခိုင္ႏႈန္း တိုးေစပါ သည္။ N2 ပါဝင္မႈ သုည ဒသမ ၀၄၅ ရာခိုင္ႏႈန္းထက္မ်ားေသာ ေျမတြင္ တစ္ဧက N2 ေပါင္ ၅၀ ႏႈန္း ေကြၽးသင့္သည္။ N2 ပါဝင္မႈ သုည ဒသမ ၀၆၅ ရာခိုင္ႏႈန္းထက္ နည္းေသာေျမတြင္ N2 ေကြၽးရန္ ခ်င့္ခ်ိန္သင့္ပါသည္။
ေျမပဲအထြက္ႏႈန္းတိုးရန္ တစ္ဧက လွ်င္ ေဖာ့စ္ဖရပ္ေျမၾသဇာ ၁၆၀ ေပါင္ (၁၈၀ ကီလိုဂရမ္/ဟတ္တာ) ထည့္ေပးပါ က အထြက္ ၁၆ တင္း ၁၈ ဒသမ ၇၅ ရာခိုင္ႏႈန္းတိုးလာေစသည္။ ေဖာ့စ္ပရပ္ကို ႏိုက္ထ႐ိုဂ်င္ႏွင့္တြဲဖက္၍ ၁ ဒသမ ၁၅ အသုံးျပဳပါက ပို၍အထြက္ေကာင္းေစသည္။
ပိုတက္စီယမ္ေျမၾသဇာသည္ ေျမတြင္း ေ႐ြလ်ားႏိုင္မႈညံ့သည့္အတြက္ ေျမခံေျမတြင္း နက္နက္ေရာက္ေအာင္ အသုံးျပဳ ရမည္။ ေျမပဲအထြက္ေကာင္းေစရန္ N,P,K အသုံးျပဳရန္ အေကာင္းဆုံးအခ်ိဳးမွာ ၁: ၁.၅: ၂ ျဖစ္ပါသည္။ ေျမပဲအထြက္တိုးေစရန္ အတြက္ ကယ္လ္စီယမ္ဓာတ္ရရွိေစရန္ အသုံးျပဳသည့္ ဓာတ္ေျမၾသဇာမွာ ထုံးႏွင့္ ဂ်စ္ပဆန္ေက်ာက္မႈန႔္၊ လေခ်းေက်ာက္မႈန႔္တို႔ျဖစ္သည္။ ေျမနီ၊ ေျမဝါမ်ားတြင္ တစ္ ဧက ထုံး ၃၃၃ ေပါင္ကို ေျမေဆြးႏွင့္ ေရာ စပ္ထည့္ေပးျခင္းျဖင့္ ေျမပဲအထြက္ ငါးရာ ခိုင္ႏႈန္း မွ ၂၀ ရာခိုင္ႏႈန္း တိုးေစပါသည္။
ေျမနီတြင္ တစ္ဧက ထုံး ၆၆၇ ေပါင္ထည့္ ေပးျခင္းျဖင့္ အထြက္ႏႈန္း ၁၄ တင္း တိုးေစပါသည္။ ေျမညိဳႏွင့္ ေျမငန္မ်ားတြင္ ဂ်စ္ပ ဆန္ေက်ာက္မႈန႔္ႏွင့္ လေခ်းေက်ာက္မႈန႔္ တစ္ဧကလွ်င္ ၃၃၃ ေပါင္ထည့္ေပးျခင္းျဖင့္ေျမပဲအထြက္ ၁၁ ဒသမ ၈ ရာခိုင္ႏႈန္းတိုး ေစပါသည္။
ဓာတ္ေျမၾသဇာႏွင့္ သဘာဝေျမၾသဇာမ်ားထည့္ရာတြင္ ေျမခံထည့္ျခင္း၊ အပင္ေျမစိုက္ေၾကာင္းအတြင္း ထည့္ျခင္း (Side Dressing) ႏွစ္မ်ိဳး အသုံးျပဳၾကသည္။ ေျမပဲ စြယ္ခ်ခ်ိန္၊ သီးေတာင့္ဝင္ခ်ိန္တြင္ တစ္ဧကလွ်င္ ယူရီးယား ၃၃ ဒသမ ၇၈ ေပါင္၊ တီစူပါ ၁၃၃ ဒသမ ၅ ေပါင္ကို အပင္ေျခ စိုက္ေၾကာင္းအတြင္းထည့္ေပးပါက တစ္ပင္ပါ သီးေတာင့္ ၇ ဒသမ ၇ ရာခိုင္ႏႈန္း တိုးေစပါ သည္။
ေျမပဲအထြက္တိုးေစရန္ ဓာတ္ေျမၾသဇာမ်ား အသုံးျပဳရာတြင္ ဓာတ္ေျမၾသဇာကို ေျမေဆြးႏွင့္ ေရာစပ္အသုံးျပဳရန္၊ ၾယဏယု တို႔ကို ၁: ၁.၅: ၂ အတိုင္း မွန္မွန္ကန္ကန္ အသုံးျပဳရန္၊ သဘာဝႏွင့္ ဓာတ္ေျမၾသဇာမ်ားကို ေျမခံႏွင့္ အပင္ေျခစိုက္ေၾကာင္း (Side Dressing) တြင္ မျဖစ္မေန အသုံးျပဳရန္ စသည့္အခ်က္မ်ားကို အထူးသတိျပဳ ေဆာင္႐ြက္ရန္လိုေၾကာင္း ေဖာ္ျပထားပါ သည္။
ေျမပဲအထြက္တိုးေစရန္ အဓိကအေရးပါေသာ အခ်က္ႏွစ္ခ်က္ျဖစ္သည့္ တစ္ဧက အပင္ဦးေရ (Plant/Unit Area) ႏွင့္ အပင္တစ္ပင္ခ်င္း၏ အထြက္ႏႈန္း (Productivity Per Plant) ကို ျပဳျပင္ေျပာင္းလဲေဆာင္႐ြက္ခဲ့သည္။ တစ္ဧက အပင္ ၇၂,၈၄၅ ပင္ စိုက္ပ်ိဳးပါက အထြက္ ၉၀ ဒသမ ၇ တင္းႏွင့္ တစ္ဧက အပင္ ၁၀၉,၂၆၈ ပင္ စိုက္ပ်ိဳးပါက အထြက္ ၁၁၂တင္းထြက္ရွိေစခဲ့ပါသည္။ ေႏြဦးရာသီစိုက္ပါက ေျမၾသဇာအသင့္အတင့္ ထက္သန္လွ်င္ တစ္ဧက ႏွစ္ေစ့ပါက်င္းေပါင္း ၄၄,၅၁၆ မွ ၅၄,၆၃၄ က်င္း စိုက္ပ်ိဳးသင့္ သည္။
ေျမဆီထက္သန္လွ်င္ တစ္ဧက က်င္းေပါင္း ၄၃,၃၀၂ မွ ၄၈,၅၆၃ က်င္းစိုက္ပ်ိဳး သင့္သည္။ ေႏြရာသီ ဂ်ဳံႏွင့္ သီးညႇပ္စိုက္ပ်ိဳးပါက ေျမပဲပင္ဦးေရကို ၁၀ ရာခိုင္ႏႈန္းထိ တိုးသင့္ပါသည္။ ျမစ္ဝွမ္းေဒသ ေႏြဦးတြင္ စိုက္ပ်ိဳးပါက တစ္ဧက အပင္ေရ ၁၂၁,၄၀၈ မွ ၁၃၃,၅၄၉ ပင္ ရရွိေအာင္ စိုက္ပ်ိဳးသင့္သည္။ ေတာင္တန္းေဒသ ေႏြဦးရာသီတြင္ စိုက္ပ်ိဳးပါက တစ္ဧကလွ်င္ အပင္ေရ ၁၀၉,၂၆၈ မွ ၁၃၃,၅၄၉ ပင္ရရွိေအာင္ စိုက္ပ်ိဳးသင့္ပါသည္။ မိုးနည္းၿပီး အပူခ်ိန္နိမ့္က်ပါက အပင္ေရ တိုးစိုက္ၿပီး မိုးမ်ားၿပီး အပူခ်ိန္မ်ားပါက အပင္ႀကဲႀကဲ စိုက္ပ်ိဳးရမည္ျဖစ္သည္။
ေအာင္ဆန္း (စိုက္ပ်ိဳးေရး)
Source : The Farmer Journal
Via – Wunyan
(Unicode)
တစ်ဧကကို မြေပဲ တင်း ၁၀၀ ထွက်အောင် စိုက်ပျိုးနည်း
တရုတ်ပြည်တွင် ရာသီဥတုအခြေအနေပေးသော နှစ်များတွင် မြေပဲတစ်ဟက်တာ သုံးတန် (တစ်ဧက ၁၀၉ တင်း) ထွက်ရှိနေသည်ကို တွေ့ရသည်။ ဤသို့ မြေပဲအထွက်တိုးစေရန်အတွက် သင့်တော်သည့် စိုက်စနစ်များ သုတေသနပြုရှာဖွေပြီး တစ်ပြည်လုံးနည်းပညာ ပြန့်နှံ့အောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
မြေပဲအထွက်တိုး စိုက်ပျိုးနည်းစနစ် အသစ်များ သုတေသနပြု ရှာဖွေစမ်းသပ်ပြီး နည်းပညာပြောင်းလဲမှုများ ပြုလုပ်ခဲ့ သည်။ မြေဆီလွှာ ရုပ်လက္ခဏာများ ပြုပြင်ခြင်း၊ ထယ်ရေးနက်နက်ဆောင်ရွက် ခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ အချိုးကျသုံးစွဲခြင်း၊ စိပ်စိပ်စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါ ကာကွယ်ခြင်းတို့ကို ပြောင်းလဲခဲ့သည်။
တရုတ်ပြည်တွင် မြေပဲစိုက် အဓိက ဒေသများမှာ တောင်တန်းဒေသများ (Hilly Regions) ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ကမ်းရိုးတန်းဒေသများ ဖြစ်ပါသည်။ မြေပဲစိုက်ပျိုးသည့် မြေအမျိုးအစားများမှာ တောင်ကုန်းကျောက်စရစ်မြေ၊ သဲမြေ၊ သဲနုန်းမြေ၊ တောင်ကုန်းမြေနီမြေဝါတို့ ဖြစ်ပါသည်။ ယင်းမြေအမျိုးအစားများမှာ မြေသားတိမ် ခြင်း၊ မြေသားတည်ဆောက်မှုညံ့ခြင်း၊ မြေသြဇာထက်သန်မှုနည်းခြင်း (Poor Texture)စေးလွန်းခြင်း၊ ဖွယ်လွန်းခြင်းတို့ဖြစ်ပါ သည်။
မြေဆီလွှာ ရုပ်လက္ခဏာများ ပြုပြင်ရာတွင် စေးလွန်းသည့် မြေကိုဖော့စဖရပ် ပါဝင်မှုများသည့် ဆွေးမြေ့ပစ္စည်းနှင့် တစ်ဧက သဲ ၂၂ ကျင်းမှ ကျင်း ၃၀၀ ထိ ထည့်သွင်းပြုပြင်ပြီး မြေပဲစိုက်ပျိုးရာတွင် မြေသည် မြေစေးမှ သဲနုန်းမြေအဖြစ် ပြောင်းလဲသွားခြင်း၊ လေဝင်လေထွက်ကောင်းပြီးရေထိန်းအားကောင်းစေခြင်း၊ မြေပဲဥသည် မြေလွှာဇုန်တွင် အပူချိန်တိုးလာစေခြင်းများကြောင့် မြေပဲအထွက် ၁၈ ဒသမ ၈ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရသည်။ တောင်သူ အကွက်များတွင် ဖော့စဖရပ်ပါဝင်သည့် မြေဆွေး တစ်ဧက ၂၂ ကျင်း ထည့်ပေးသ ဖြင့် တစ်ဧကမြေပဲတောင့်အထွက် ၂၄ တင်းခန့် တိုးတက်ထွက်ရှိသည်။
မြေပဲအထွက်တိုးအောင် ထယ်ရေးနက်ရအောင် ဆောင်ရွက်ခြင်းကို ပြုပြင် ပြောင်းလဲဆောင်ရွက်ခဲ့သည်။ ထယ်ရေး နက်နက်ရရှိအောင် ဆောင်ရွက်ခြင်းသည် မည်သည့် မြေအမျိုးအစားတွင်မဆို မြေပဲ အထွက်တိုးကြောင်း တွေ့ရသည်။ မြေဆီ မြေသြဇာထက်သန်မှု အသင့်အတင့်မှ အထက်ရှိမြေတွင် ထယ်ရေးအနက် ၂၅ စင်တီမီတာမှ စင်တီမီတာ ၃၀ ရောက်ရှိအောင် ဆောင်ရွက်ပေးလျှင် မြေပဲအထွက်သည် ထယ်ရေးအနက် ၁၀ စင်တီမီတာမှ ၁၂ စတင်တီမီတာထက် ရာခိုင်နှုန်း ၂၀ အထွက်ပိုသည်ကို တွေ့ရှိရသည်။ မြေသြဇာ ညံ့သည့် တောင်ကုန်းဒေသနှင့် ခြောက်သွေ့သည့် ယာမြေတို့တွင် ရာခိုင်နှုန်း ၃၀ အထွက်တိုးပါသည်။ ထယ်ရေးနက်နက် ပြုပြင်ခြင်းသည် နောင်သီးထပ်စိုက်မည့် အသီးအနှံ အထွက် ကောင်းမွန်စေမည့်အပြင် ပိုးမွှား ရောဂါကျရောက်မှု လျော့ပါးစေပါသည်။
ထယ်ရေးနက်နက်ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် အပင်ဖြစ်ထွန်းမှုကို အကျိုးပြုစေမည့် မြေဆီလွှာကို တိုးလာစေသည်။ မြေဆီလွှာတည်ဆောက်မှုကြောင့် ပြောင်းလဲခြင်း၊ မြေကိုမွစေခြင်းတို့အတွက် ရေစိမ့်အား၊ ရေထိန်းအားကောင်းစေသည်။ အကျိုး ပြုအဏုဇီဝများ ပိုမိုပွားများစေသည်။ ထယ်ရေးအနက် ၅၀ စင်တီမီတာအထိ ဆောင်ရွက်လျှင် သဲနုန်းမြေ၏ အပေါ်ယံ ၂၀ စင်တီမီတာတွင် ဘက်တီးရီးယား ၃ ဒသမ ၃ ရာခိုင်နှုန်းထိ တိုးလာပြီး မြေ အနက် ၂၀ စင်တီမီတာမှ ၄၀ စင်တီမီတာ တွင် ၈၂ ဒသမ ၂ ရာခိုင်နှုန်း တိုးလာကြောင်း တွေ့ရသည်။
ထွန်မွှေခြင်းသည် မြေ၏ ရေထိန်းသိမ်းမှု စွမ်းအားကို တိုးတက်စေသည်။ ဆောင်းရာသီ ထယ်ထိုးထွန်မွှေခြင်းသည် မြေတွင် ငါးစင်တီမီတာတွင် အစိုဓာတ် ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ ထယ်သာထိုး ပြီး ထွန်မမွှေသည့်မြေတွင် အစိုဓာတ် ၁၅ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ လေးရက် နောက်ပိုင်းတွင် ထွန်မွှေသည့်မြေတွင် အစို ဓာတ် ၁၁ ဒသမ ၉၃ ရာခိုင်နှုန်းရှိပြီး ထွန် မမွှေသည့်မြေတွင် အစိုဓာတ် ၈ ဒသမ ၆၃ရာခိုင်နှုန်းသာရှိတော့ကြောင်း တွေ့ရသည်။
ထယ်ရေးနက်နက်ထိုးခြင်းဖြင့် မြေပဲပင် အမြစ် ကြီးထွားပျံ့နှံ့မှုကို တိုးပွားစေသည်။ သဲနှုန်းမြေတွင် ထယ်ရေးနက်နက်ဆောင်ရွက်ပါက အမြစ်သည် အနက် ၃၀ စင်တီ မီတာ ဆင်းကြောင်း တွေ့ရသည်။ ထယ်ရေးနက်လျှင် အလျင်အမြန် စားသုံးနိုင်သည့် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်များမြေတွင်းတွင် တိုးပွားလာကြောင်းတွေ့ရှိရ သည်။
ထယ်ရေးနက်နက်ရရှိအောင် ဆောင် ရွက်ရာတွင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါက ထယ်ရေးအနက် ၃၀ စင်တီ မီတာရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါ သည်။ ထယ်ရေးနက်နက်ရရှိအောင် ဆောင်ရွက်ခြင်းကို မိုးနှောင်း၊ သို့မဟုတ် ဆောင်း ဦးပေါက်ရာသီတွင် ဆောင်ရွက်ပါက နှင်း ရေ၊ မိုးရေကို စုပ်ယူထားနိုင်ပြီး သီးနှံမစိုက်ပျိုးမီ ဆွေးမြေ့စေမည်ဖြစ်သည်။ ဒေသအမျိုးမျိုးအလိုက် ထယ်ရေးအနက် အမျိုးမျိုးလို အပ်ပါသည်။ ယေဘုယျအားဖြင့် ထယ်ရေးအနက် ၂၅ စင်တီမီတာမှ ၃၅ စင်တီမီတာသည် လုံလောက်ပါသည်။
တောင်တန်းဒေသ မြေသားတိမ်သည့်သက်ရင့်မြေလွှာ(Shallow Mature Soil Layers) များတွင် မဖြစ်မနေ ထယ်ရေးနက်နက်ရရှိအောင် ဆောင်ရွက်ရန် လိုအပ်သည်။ စက်ကရိယာများ အသုံးပြုပါက Pan Baker ကို ထယ်သွားတွင် တင်ဆင်အသုံးပြုသင့်ပါသည်။ သို့မှသာ မြေဆီလွှာအထပ်များ ဖွဲ့စည်းမှုကို မထိခိုက်စေဘဲ သက်ရင့်မြေ(Mature Soil) သည် အပေါ်ပိုင်းတွင် ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်သည်။
မြေသားတိမ်သည့် တောင်တန်းစိုက်ခင်းများတွင် မြေဖွစက်များ အသုံးပြုနိုင်သည့် ထယ်မထိုးမီ မြေဆွေးများများထည့် ထားလျှင် မြေပဲအထွက်ကောင်းသည်ကို တွေ့ရှိရသည်။ ထယ်ရေးနက်အောင် ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးသည် လေးနှစ်မှငါးနှစ်ထိ ခံနိုင်သည်။ ဆောင်းထယ်ရေး သည် နွေထယ်ရေးထက် ပိုနက်သင့်ပါသည်။ တရုတ်တောင်ပိုင်းသည် မိုးများပြီး အပူချိန်မြင့်သဖြင့် ထယ်ထိုးပြီးမြေကို နေလှန်းခြင်းသည် အရေးတကြီး ဆောင်ရွက်ရသည့်အချက်ဖြစ်သည်။ အထူးသဖြင့် စပါး၊ မြေပဲသီးနှံ ပုံစံစိုက်ပျိုးသည့် မြေစေးများတွင်ပို၍ဆောင်ရွက်ကြသည်။ ထယ်ထိုးပြီး ရက် ၃၀ နေလှန်းသည့်အကွက်သည် တစ်ဟက်တာ ၄ ဒသမ ၀၄ တန် ထွက်ရှိပြီး နေမလှန်းဘဲ စိုက်ပျိုးသည့် အကွက်ထက် ၁ ဒသမ ၃ တန် ပိုထွက်ကြောင်း တွေ့ရှိရ သည်။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ အသုံးပြုရာတွင် ပြုပြင်ပြောင်းလဲခဲ့ သော အချက်များရှိပါသည်။ တစ်ဟက်တာတွင် မြေပဲ ငါးတန်မှ ၇ ဒသမ ၅ တန် ထွက်ရှိရန် နိုက်ထရိုဂျင် ၅ ဒသမ ၁၈ ကီလိုဂရမ်၊ ဖော့စဖရပ် ၁ ဒသမ ၉၅ ကီလိုဂရမ်၊ ကယ်လ်စီယမ် ၁ ဒသမ ၉၅ ကီလိုဂရမ်၊မဂ္ဂနီစီယမ် ၁ ဒသမ ၅၈ ကီလိုဂရမ်၊ ဆာလ်ဖာ ၁ ဒသမ ၂၈ ကီလိုဂရမ်လိုအပ်သည်။ မြေဆီထက်သန်မှု ညံ့လျှင်လည်းကောင်း၊ ရိုင်ဇိုဘီယမ်မှ နိုက်ထရိုဂျင်စုပ်ယူမှုကောင်း လျှင်လည်းကောင်း မြေသြဇာအသုံးပြုရန် လိုအပ်သည်။ မြေပဲအထွက်တိုးရန် သဘာဝမြေသြဇာဖြစ်သည့် နွားချေး၊ မြေဆွေး၊ သစ်စိမ်းမြေသြဇာတို့တွင် N,P,K,Ca,Mg,S နှင့် အနည်းလိုအာဟာရဓာတ်များပါဝင်ကြ သည်။ သဘာဝမြေသြဇာများသည် အဏုဇီဝသက်ရှိများ၏ အကူအညီနှင့် ကောင်းစွာဆွေးမြေ့ပြီးမှသာ ၎င်းင်းတွင် ပါဝင်သော အာဟာရဓာတ်များကို အပင်က စားသုံးနိုင် သည်။ သဘာဝမြေသြဇာသည် ဆွေးမြေ့နေစဉ်အတွင်း အပင်အတွက် အာဟာရဓာတ် ကို တဖြည်းဖြည်းချင်း ကြာရှည်စွာ ထုတ်လွှတ်ပေးပါသည်။
သဘာဝမြေဆွေးကို မြေတွင်းသို့ ပုံမှန်ထည့်သွင်းပေးပါက မြေဆွေးဓာတ် (Organic Matter) များလာစေပြီး အစိုဓာတ်ထိန်းမှု အားကောင်းလာစေသည်။ အာဟာရဓာတ် ပါဝင်မှု၊ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု(Soil Sturcture) ကောင်းစေသည်။ နွားချေးတွင် နိုက်ထရိုဂျင် သုည ဒသမ ၁၅ ရာခိုင်နှုန်းမှ သုည ဒသမ ၄၅ ရာခိုင်နှုန်း၊ PHO3 သုည ဒသမ ၁၅ ရာခိုင် နှုန်းမှ သုည ဒသမ ၄၀ ရာခိုင်နှုန်း၊ K2O သုည ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် မြေဆွေးဓာတ် နှစ်ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ ပါဝင်သည့် နွားချေးတစ် ဧက သုံးတန်နှုန်း ထည့်ပေးခြင်းဖြင့် မထည့်သည့်အကွက်ထက် တစ်ဧကလျှင် မြေပဲ ၅ ဒသမ ၃ တင်းမှ ၁၃ ဒသမ ၄ တင်းထိ ပိုမိုထွက်ရှိပါသည်။
သီးနှံပင်အကြွင်းအကျန် များ မီးရှို့၍ရရှိသော ပြာသည် မြေဆွေးဓာတ်မပါသဖြင့် သဘာဝ ဓာတ်မြေသြဇာမဟုတ်ပါ။အပင်ပြာသည် K,Ca,P နှင့် အခြား အနည်းလို အာဟာရဓာတ်များသာ ပါဝင် ပါသည်။ အပင်ပြာကို ပိုတက်စီယမ် ရရှိရန်အဓိက အသုံးပြုပါသည်။ အပင်ပြာ တစ်ဧကသုည ဒသမ ၆၃ တန်မှ ၁ ဒသမ ၁ တန်ထိထည့် သွင်းအသုံးပြုလျှင် မြေပဲ ၈ ဒသမ ၁ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၁ ရာခိုင်နှုန်းထိ အထွက်တိုးလာကြောင်း တွေ့ရှိရသည်။ အပင်ပြာကို နွားချေးနှင့်အတူ ရောပုံပါက နွားချေးတွင်ပါဝင်သော နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်များ လေလွင့်ဆုံးရှုံးနိုင်ပါ သည်။ အထူးသတိပြုရန် လိုအပ်ပါသည်။
မြေပဲအထွက်နှုန်း တိုးစေရန်အတွက် ဓာတ်မြေသြဇာများ အသုံးပြုမှုကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ မြေခံတွင် N2 ရာခိုင်နှုန်း ၂၀ ပါဝင်သည့် ဓာတ်မြေသြဇာ တစ်ဧကလျှင် ၁၆၇ ပေါင်ထည့်ပေးခြင်းဖြင့်မြေပဲအထွက်တိုး ၄ ဒသမ ၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ တိုးတက်စေသည်။ အပင်ငယ်စဉ် တစ်ဧကလျှင် အမိုနီယမ်ဆာလ် ဖိတ် ၇ ပေါင်မှ ၁၄ ပေါင်နှုန်း အပင်ခြေ ဘေးတွင် ထည့်ပေးခြင်းဖြင့် မြေပဲအထွက် ကိုးရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်း တိုးစေပါ သည်။ N2 ပါဝင်မှု သုည ဒသမ ၀၄၅ ရာခိုင်နှုန်းထက်များသော မြေတွင် တစ်ဧက N2 ပေါင် ၅၀ နှုန်း ကျွေးသင့်သည်။ N2 ပါဝင်မှု သုည ဒသမ ၀၆၅ ရာခိုင်နှုန်းထက် နည်းသောမြေတွင် N2 ကျွေးရန် ချင့်ချိန်သင့်ပါသည်။
မြေပဲအထွက်နှုန်းတိုးရန် တစ်ဧက လျှင် ဖော့စ်ဖရပ်မြေသြဇာ ၁၆၀ ပေါင် (၁၈၀ ကီလိုဂရမ်/ဟတ်တာ) ထည့်ပေးပါ က အထွက် ၁၆ တင်း ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းတိုးလာစေသည်။ ဖော့စ်ပရပ်ကို နိုက်ထရိုဂျင်နှင့်တွဲဖက်၍ ၁ ဒသမ ၁၅ အသုံးပြုပါက ပို၍အထွက်ကောင်းစေသည်။
ပိုတက်စီယမ်မြေသြဇာသည် မြေတွင်း ရွေလျားနိုင်မှုညံ့သည့်အတွက် မြေခံမြေတွင်း နက်နက်ရောက်အောင် အသုံးပြု ရမည်။ မြေပဲအထွက်ကောင်းစေရန် N,P,K အသုံးပြုရန် အကောင်းဆုံးအချိုးမှာ ၁: ၁.၅: ၂ ဖြစ်ပါသည်။ မြေပဲအထွက်တိုးစေရန် အတွက် ကယ်လ်စီယမ်ဓာတ်ရရှိစေရန် အသုံးပြုသည့် ဓာတ်မြေသြဇာမှာ ထုံးနှင့် ဂျစ်ပဆန်ကျောက်မှုန့်၊ လချေးကျောက်မှုန့်တို့ဖြစ်သည်။ မြေနီ၊ မြေဝါများတွင် တစ် ဧက ထုံး ၃၃၃ ပေါင်ကို မြေဆွေးနှင့် ရော စပ်ထည့်ပေးခြင်းဖြင့် မြေပဲအထွက် ငါးရာ ခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း တိုးစေပါသည်။
မြေနီတွင် တစ်ဧက ထုံး ၆၆၇ ပေါင်ထည့် ပေးခြင်းဖြင့် အထွက်နှုန်း ၁၄ တင်း တိုးစေပါသည်။ မြေညိုနှင့် မြေငန်များတွင် ဂျစ်ပ ဆန်ကျောက်မှုန့်နှင့် လချေးကျောက်မှုန့် တစ်ဧကလျှင် ၃၃၃ ပေါင်ထည့်ပေးခြင်းဖြင့်မြေပဲအထွက် ၁၁ ဒသမ ၈ ရာခိုင်နှုန်းတိုး စေပါသည်။
ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများထည့်ရာတွင် မြေခံထည့်ခြင်း၊ အပင်မြေစိုက်ကြောင်းအတွင်း ထည့်ခြင်း (Side Dressing) နှစ်မျိုး အသုံးပြုကြသည်။ မြေပဲ စွယ်ချချိန်၊ သီးတောင့်ဝင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား ၃၃ ဒသမ ၇၈ ပေါင်၊ တီစူပါ ၁၃၃ ဒသမ ၅ ပေါင်ကို အပင်ခြေ စိုက်ကြောင်းအတွင်းထည့်ပေးပါက တစ်ပင်ပါ သီးတောင့် ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးစေပါ သည်။
မြေပဲအထွက်တိုးစေရန် ဓာတ်မြေသြဇာများ အသုံးပြုရာတွင် ဓာတ်မြေသြဇာကို မြေဆွေးနှင့် ရောစပ်အသုံးပြုရန်၊ ယြဏယု တို့ကို ၁: ၁.၅: ၂ အတိုင်း မှန်မှန်ကန်ကန် အသုံးပြုရန်၊ သဘာဝနှင့် ဓာတ်မြေသြဇာများကို မြေခံနှင့် အပင်ခြေစိုက်ကြောင်း (Side Dressing) တွင် မဖြစ်မနေ အသုံးပြုရန် စသည့်အချက်များကို အထူးသတိပြု ဆောင်ရွက်ရန်လိုကြောင်း ဖော်ပြထားပါ သည်။
မြေပဲအထွက်တိုးစေရန် အဓိကအရေးပါသော အချက်နှစ်ချက်ဖြစ်သည့် တစ်ဧက အပင်ဦးရေ (Plant/Unit Area) နှင့် အပင်တစ်ပင်ချင်း၏ အထွက်နှုန်း (Productivity Per Plant) ကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့သည်။ တစ်ဧက အပင် ၇၂,၈၄၅ ပင် စိုက်ပျိုးပါက အထွက် ၉၀ ဒသမ ၇ တင်းနှင့် တစ်ဧက အပင် ၁၀၉,၂၆၈ ပင် စိုက်ပျိုးပါက အထွက် ၁၁၂တင်းထွက်ရှိစေခဲ့ပါသည်။ နွေဦးရာသီစိုက်ပါက မြေသြဇာအသင့်အတင့် ထက်သန်လျှင် တစ်ဧက နှစ်စေ့ပါကျင်းပေါင်း ၄၄,၅၁၆ မှ ၅၄,၆၃၄ ကျင်း စိုက်ပျိုးသင့် သည်။
မြေဆီထက်သန်လျှင် တစ်ဧက ကျင်းပေါင်း ၄၃,၃၀၂ မှ ၄၈,၅၆၃ ကျင်းစိုက်ပျိုး သင့်သည်။ နွေရာသီ ဂျုံနှင့် သီးညှပ်စိုက်ပျိုးပါက မြေပဲပင်ဦးရေကို ၁၀ ရာခိုင်နှုန်းထိ တိုးသင့်ပါသည်။ မြစ်ဝှမ်းဒေသ နွေဦးတွင် စိုက်ပျိုးပါက တစ်ဧက အပင်ရေ ၁၂၁,၄၀၈ မှ ၁၃၃,၅၄၉ ပင် ရရှိအောင် စိုက်ပျိုးသင့်သည်။ တောင်တန်းဒေသ နွေဦးရာသီတွင် စိုက်ပျိုးပါက တစ်ဧကလျှင် အပင်ရေ ၁၀၉,၂၆၈ မှ ၁၃၃,၅၄၉ ပင်ရရှိအောင် စိုက်ပျိုးသင့်ပါသည်။ မိုးနည်းပြီး အပူချိန်နိမ့်ကျပါက အပင်ရေ တိုးစိုက်ပြီး မိုးများပြီး အပူချိန်များပါက အပင်ကြဲကြဲ စိုက်ပျိုးရမည်ဖြစ်သည်။
အောင်ဆန်း (စိုက်ပျိုးရေး)
Source : The Farmer Journal
Via – Wunyan