ဗဟုတုသ

နိုင်ငံခြားဖြစ်တွေ ဝယ်စားစရာမလို။ လတ်ဆတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခရမ်းချဉ်သီးဆော့စ် ကိုယ်တိုင်လုပ်နည်းပါ။

(Zawgyi)

က်န္းမာေရးနဲ႔ညီၫြတ္ၿပီး အဆင့္အတန္းရွိရွိ စားေစခ်င္တဲ့ရည္႐ြယ္ခ်က္ျဖင့္သာ။ အစစ္ေတြရွိေနတာကို။ အတုေတြ မစားၾကပါနဲ႔။

တစ္ေန႔က face book မွာ ေတြ႕လိုက္တယ္။ ” မုံ႐ြာမွာ ခရမ္းခ်ဥ္သီး ၁ ပိသာ ၂၀၀ က်ပ္တဲ့ ” ။ ျမန္မာျပည္မွာ ေတာင္လိုပုံ လို႔ ေပါမ်ားလွပါတယ္။ ” က်ေနာ္ေတြးမိတယ္ ” ” ေၾသာ္” ” ခရမ္းခ်ဥ္သီးေတြသာ ေပါမ်ားေနတာ ” ” အသုံးမခ်တတ္ၾက ” ” နည္းပညာ မသိၾကေတာ့ ” ” ႏိုင္ငံျခားက လာတဲ့ ခရမ္းခ်ဥ္သီးနဲ႔ ပတ္သက္တဲ့ Sauces ေတြကို ေဈး ႀကီးႀကီး ေပးၿပီး ဝယ္စားေနၾကပါလား ? ” လို႔။ ဝယ္မစားၾကပါနဲ႔။ သူမ်ားႏိုင္ငံမွာ သံဗူးေတြ ၂ ႏွစ္၊ ၃ ႏွစ္အထိ အထားခံပါတယ္။ လုပ္ရတာလြယ္ကူၿပီး လတ္ဆတ္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ လုပ္နည္းေလးေတြ က်ေနာ္ေျပာျပပါ့မယ္။

ခရမ္းခ်ဥ္သီးေဆာ့စ္ ( tomato sauce )

ခရမ္းခ်ဥ္သီးရဲရဲနီ အမွည့္ ( ripe tomatoes) ကို ေလးစိပ္ စိတ္ၿပီး၊ ေရနည္းနည္းထည့္ အဖုံးအုပ္ၿပီး အိနပ္ေနေအာင္ျပဳတ္ပါ။ ၿပီးရင္ ႀကိတ္စက္ blender နဲ႔ ေၾကေအာင္ႀကိတ္ပါ။ ႀကိတ္ၿပီးရင္ ဆန္ခါ အစိပ္နဲ႔ အႏွစ္တိုက္ခ်ပါ ( အေစ့နဲ႔ အခြံ မပါေစရ)။

ရလာတဲ့ အႏွစ္ကို ဆား / (သၾကား ၂ ဆ/ရွာလကာေရ ၁ ဆ) / အေရာင္တင္မႈန႔္( င႐ုတ္သီးမႈန႔္ ( အေရာင္အတြက္)/ေရအနည္းငယ္ထည့္ၿပီး မီးေအးေအးနဲ႔ အဆက္မျပတ္ ၄၅ မိနစ္ေလာက္ ေမႊေပးပါ။ အလိုလို နီရဲၿပီး ပ်စ္လာတာကို ေတြ႕ရပါမယ္။ (ဘယ္အေရာင္ဆိုးေဆး ( food colour) မွ ထည့္စရာ မလိုပါ )

ေရ က်န္ မက်န္ သိလိုပါက အနည္းငယ္ ယူၿပီး ပန္းကန္ ႏႈတ္ခမ္းမွာ တင္ၾကည့္ပါ (ေရစိမ့္ထြက္ မလာပါက ရပါၿပီ)။ ေရမက်န္ပါက ႏွစ္ခ်ီၿပီး အထားခံပါတယ္။ မိမိစားလိုတဲ့ အခ်ိန္မွာ စားလို႔ရေအာင္၊ အခန္းအပူခ်ိန္အတိုင္း အေအးခံၿပီး ဗူးသန႔္သန႔္နဲ႔ ေလလုံေအာင္ ထည့္ပိတ္ထားပါ။ စားတဲ့အခါ ဇြန္းအသန႔္နဲ႔ယူစားပါ။

Credit – Myanmar Oo Myanmaroo

Source – https://www.facebook.com/photo.php?fbid=545860485930132&set=pcb.545860632596784&type=3&theater

(Unicode)

ကျန်းမာရေးနဲ့ညီညွတ်ပြီး အဆင့်အတန်းရှိရှိ စားစေချင်တဲ့ရည်ရွယ်ချက်ဖြင့်သာ။ အစစ်တွေရှိနေတာကို။ အတုတွေ မစားကြပါနဲ့။

တစ်နေ့က face book မှာ တွေ့လိုက်တယ်။ ” မုံရွာမှာ ခရမ်းချဉ်သီး ၁ ပိသာ ၂၀၀ ကျပ်တဲ့ ” ။ မြန်မာပြည်မှာ တောင်လိုပုံ လို့ ပေါများလှပါတယ်။ ” ကျနော်တွေးမိတယ် ” ” သြော်” ” ခရမ်းချဉ်သီးတွေသာ ပေါများနေတာ ” ” အသုံးမချတတ်ကြ ” ” နည်းပညာ မသိကြတော့ ” ” နိုင်ငံခြားက လာတဲ့ ခရမ်းချဉ်သီးနဲ့ ပတ်သက်တဲ့ Sauces တွေကို ဈေး
ကြီးကြီး ပေးပြီး ဝယ်စားနေကြပါလား ? ” လို့။ ဝယ်မစားကြပါနဲ့။ သူများနိုင်ငံမှာ သံဗူးတွေ ၂ နှစ်၊ ၃ နှစ်အထိ အထားခံပါတယ်။ လုပ်ရတာလွယ်ကူပြီး လတ်ဆတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လုပ်နည်းလေးတွေ ကျနော်ပြောပြပါ့မယ်။

ခရမ်းချဉ်သီးဆော့စ် ( tomato sauce )

ခရမ်းချဉ်သီးရဲရဲနီ အမှည့် ( ripe tomatoes) ကို လေးစိပ် စိတ်ပြီး၊ ရေနည်းနည်းထည့် အဖုံးအုပ်ပြီး အိနပ်နေအောင်ပြုတ်ပါ။ ပြီးရင် ကြိတ်စက် blender နဲ့ ကြေအောင်ကြိတ်ပါ။ ကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ ( အစေ့နဲ့ အခွံ မပါစေရ)။

ရလာတဲ့ အနှစ်ကို ဆား / (သကြား ၂ ဆ/ရှာလကာရေ ၁ ဆ) / အရောင်တင်မှုန့်( ငရုတ်သီးမှုန့် ( အရောင်အတွက်)/ရေအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါ။ အလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ်။ (ဘယ်အရောင်ဆိုးဆေး ( food colour) မှ ထည့်စရာ မလိုပါ )

ရေ ကျန် မကျန် သိလိုပါက အနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ (ရေစိမ့်ထွက် မလာပါက ရပါပြီ)။ ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်။ မိမိစားလိုတဲ့ အချိန်မှာ စားလို့ရအောင်၊ အခန်းအပူချိန်အတိုင်း အအေးခံပြီး
ဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါ။ စားတဲ့အခါ ဇွန်းအသန့်နဲ့ယူစားပါ။

Credit – Myanmar Oo Myanmaroo

Source – https://www.facebook.com/photo.php?fbid=545860485930132&set=pcb.545860632596784&type=3&theater

Leave a Reply

Your email address will not be published. Required fields are marked *