ဗဟုတုသ

ေ႐ႊဝယ္ၿပီး ျပန္ေရာင္းခဲ့ရင္ အရႈံးသက္သာေအာင္၊ အရင္းျပန္ရေအာင္၊ ျဖစ္ႏိုင္ရင္ အျမတ္ပါရေစဖို႕ ၀ယ္နည္း။

(Zawgyi)

ျပန္ေရာင္းလွ်င္ အရႈံးမေပၚေအာင္ ေ႐ႊဝယ္ယူမယ္ဆိုလွ်င္

ေ႐ႊဝယ္နည္းဆိုလို႔ ဝယ္ခ်င္တာမ်ား ပိုက္ဆံရွိ ဘယ္နားဝယ္ဝယ္ ရတယ္လို႔မ်ား အေတြးမေစာလိုက္ပါနဲ႔ဗ်ာ။ က်ေနာ္ေျပာျပမယ့္ ဝယ္နည္းဆိုတာ ေ႐ႊဝယ္ၿပီး ျပန္ေရာင္းခဲ့ရင္ အရႈံးသက္သာေအာင္ အရင္းျပန္ရေအာင္၊ ျဖစ္ႏိုင္ရင္ အျမတ္ပါရေစဖို႔ ရည္ၫႊန္းေျပာဆိုတာပါ။

ကိုင္း အဲ့ဒီေတာ့ ေျပာစရာရွိတာက ေ႐ႊဝယ္မယ္ဆိုရင္ ဝယ္လို႔ရတဲ့ပုံစံ ၂ မ်ိဳးကို အရင္ေျပာပါ့မယ္။ အတုံးအခဲလိုက္ ဝယ္တဲ့ပုံစံရယ္။ အထည္ခတ္ၿပီးသား ဝယ္တာရယ္ေပါ့ဗ်ာ။ အတုံးအခဲလိုက္ ဝယ္တာကေတာ့ ရွင္းတယ္ဗ်ာ ၁ က်ပ္သား ၈ သိန္းေဈးဆို ၈ သိန္းေပးလိုက္ရင္ ၁ က်ပ္သား ရတယ္ေပါ့ဗ်ာ။ ႁခြင္းခ်က္အေနနဲ႔ ဆိုင္ေပၚလိုက္လို႔ ၂၀၀၀၊ ၃၀၀၀ နည္းနည္းေတာ့ ကြာတတ္တာေပါ့ဗ်ာ။

အထည္မွာက်ေတာ့ လက္ရာဆန္းေလ၊ လက္ဝင္တဲ့ အထည္လုပ္ရတာၾကာတဲ့ ခက္တဲ့ ဂေဟဝင္တဲ့ အထည္ေတြ ျဖစ္ေလ၊လုပ္ခ ဆိုတဲ့ အေလ်ာ့တြက္ မ်ားမ်ားေပးရေလေပါ့ဗ်ာ။ အေလ်ာ့တြက္ ဆိုတာကိုလည္း နားလည္သူ ေတာ္ေတာ္နည္းတာကိုလည္း ေတြ႕ရသဗ်။ အေလ်ာ့တြက္ဆိုတာ အထည္မလုပ္ခင္က ၁ က်ပ္သားေ႐ႊတုံးတစ္တုံးကို ပန္းထိမ္ဆရာဆီ ဆိုင္ပိုင္ရွင္က ေပးၿပီး လုပ္ခိုင္းလိုက္တယ္။ အထည္ၿပီးသြားလို႔ ပန္းထိမ္ဆရာက ဆိုင္ရွင္ကိုျပန္အပ္တဲ့အခါ တက်ပ္သားအျပည့္ ျပန္မအပ္ႏိုင္ေတာ့ပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ အထည္လုပ္ဖို႔ ျဖတ္ရင္းေတာက္ရင္း နန္းဆြဲရင္း ထုရင္းႏွက္ရင္းနဲ႔ ေ႐ႊအမႈန္ေလးေတြ ထြက္ထြက္သြားၿပီး အေလးခ်ိန္ေလ်ာ့ကုန္လို႔ပါ။

အဲ့ဒီလို ကုန္တာေတြကိုလည္း ပန္းထိမ္ဖိုပိုင္ရွင္က ျပန္ရေအာင္ဆိုၿပီး ဖိုထဲမွာ အုတ္ခင္းတယ္၊ အဲ့ဒီေပၚမွာမွ ေျမနီခင္းၿပီးက်လာလြင့္လာတဲ့ ေ႐ႊမႈန္ေလးေတြကို ျပန္စုဖို႔ရန္ လုပ္ထားရပါတယ္။ အဲ့ဒီအတိုင္းလုပ္ၿပီး ၁ ႏွစ္တခါ သို႔မဟုတ္ ဖိုရဲ႕ အလုပ္အနည္းအမ်ားေပၚမူတည္ၿပီး ေျမနီထဲမွာ စုမိေနတဲ့ ေ႐ႊေတြကို ထုတ္ေရာင္းၾကပါတယ္။ အဲ့တာကို မိုက္ထုတ္တယ္လို႔ ေခၚပါတယ္ဗ်။ သို႔ေသာ္ ဘယ္လိုပဲစုစု အမႈန္ေလးေတြ အကုန္ျပန္မရေတာ့ပါဘူး။ အဲ့ေလကုန္တဲ့ အမႈန္ရယ္
လက္ခဖိုးရယ္ကို ဝယ္သူက ေပးရပါတယ္။ ကဲ ထားပါေတာ့၊ အဲ့ဒီေတာ့ ဝယ္တဲ့သူက ကိုယ္ဝယ္မယ့္ပစၥည္း ျပန္ေရာင္းတဲ့အခ်ိန္ အရႈံးသက္သာခ်င္တယ္ဆိုရင္

(၁) အခ်က္က အေလ်ာ့တြက္လက္ခ သက္သာတဲ့ အထည္မ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူဖို႔ လိုပါတယ္။ ဘယ္လို အထည္ေတြလဲဆိုေတာ့ ပုံသိပ္မဆန္းတဲ့ အထည္ေတြပါ။ ဥပမာ….စတိလက္ေကာက္၊ စတိလက္စြတ္၊ စာလုံးကြင္း၊ သံပြႀကိဳး စတဲ့ အထည္မ်ိဳးေတြပါ။

(၂) အခ်က္က လပိုင္းအတြင္း ျပန္ေရာင္းမယ့္ ျပန္လဲလွယ္မယ့္ အထည္ေတြဆိုရင္ မပ်က္စီးေအာင္ မပိန္ေအာင္ မေပါက္မက်ိဳးေအာင္ စည္းကမ္းရွိရွိ ဝတ္စားဖို႔လိုပါမယ္ဗ်။

(၃) အခ်က္က အေလးခ်ိန္မ်ားမ်ားနဲ႔ အထည္အေရအတြက္ နည္းနည္း ဝယ္ယူဖို႔လိုပါတယ္။

ဥပမာ – ကိုယ္က ၁၀ သိန္းဖိုး ေ႐ႊဝယ္မယ္။ လက္စြပ္ရယ္၊ ဆြဲႀကိဳးရယ္၊ နားကပ္ရယ္၊ လက္ေကာက္ ၁ ရံရယ္ဆို အထည္ ၅ခု ျဖစ္တဲ့အတြက္ လက္ခက ၅ ခုစာေပးရပါတယ္။ အဲ့သလို ဝယ္မယ့္အစား ၁၀ သိန္းဖိုးလက္ေကာက္ ၁ ရံျဖစ္ေစ၊ဆြဲႀကိဳး ၁ ကုံးျဖစ္ေစ လုပ္တာက ျပန္ေရာင္းတဲ့အခါ အရႈံးသက္သာေစသလို ေဈးတက္ရင္ ျမတ္ေစတတ္ပါတယ္။ ၅မူးသားေလာက္ လုပ္ထားရင္ တက်ပ္သားကို တသိန္းတက္ရင္ အရင္းေက်ႏိုင္ပါတယ္။

(၄) အခ်က္ကေတာ့ လုပ္ခနဲ႔ အေလ်ာ့တြက္ သက္သာတဲ့ဆိုင္ေတြမွာ ေ႐ြးခ်ယ္ဝယ္ယူျခင္း။

(၅) အခ်က္ကေတာ့ တခ်ိဳ႕တခ်ိဳ႕ေသာဆိုင္ေတြဟာ ဒုံးထည္လို႔ေခၚတဲ့ အေလ်ာ့တြက္လက္ခ မပါတဲ့အထည္ေတြ၊ တနည္းအားျဖင့္ ဝယ္ယူၿပီး ျပန္လည္ေရာင္းခ် လဲလွယ္သြားေသာ အထည္ေဟာင္းမ်ားထဲမွ ပ်က္စီးမႈ နည္းပါးေသာ အထည္ေတြကို ျပန္လည္ေရာင္းခ်ေပးပါတယ္။ အဲ့သလို အထည္ေတြဆိုလည္း အေလးခ်ိန္အတိုင္း ေပါက္ေဈးနဲ႔တြက္ၿပီး အျမတ္ ေထာင္ဂဏာန္း ေပးရင္ ဝယ္ယူလို႔ရတတ္ပါတယ္……ဆိုတဲ့အေၾကာင္း တင္ျပရင္း။

Credit – Original Writer

via – myitter.com

(Unicode)

ပြန်ရောင်းလျှင် အရှုံးမပေါ်အောင် ရွှေဝယ်ယူမယ်ဆိုလျှင်

ရွှေဝယ်နည်းဆိုလို့ ဝယ်ချင်တာများ ပိုက်ဆံရှိ ဘယ်နားဝယ်ဝယ် ရတယ်လို့များ အတွေးမစောလိုက်ပါနဲ့ဗျာ။ ကျနော်ပြောပြမယ့် ဝယ်နည်းဆိုတာ ရွှေဝယ်ပြီး ပြန်ရောင်းခဲ့ရင် အရှုံးသက်သာအောင် အရင်းပြန်ရအောင်၊ ဖြစ်နိုင်ရင် အမြတ်ပါရစေဖို့ ရည်ညွှန်းပြောဆိုတာပါ။

ကိုင်း အဲ့ဒီတော့ ပြောစရာရှိတာက ရွှေဝယ်မယ်ဆိုရင် ဝယ်လို့ရတဲ့ပုံစံ ၂ မျိုးကို အရင်ပြောပါ့မယ်။ အတုံးအခဲလိုက် ဝယ်တဲ့ပုံစံရယ်။ အထည်ခတ်ပြီးသား ဝယ်တာရယ်ပေါ့ဗျာ။ အတုံးအခဲလိုက် ဝယ်တာကတော့ ရှင်းတယ်ဗျာ ၁ ကျပ်သား ၈ သိန်းဈေးဆို ၈ သိန်းပေးလိုက်ရင် ၁ ကျပ်သား ရတယ်ပေါ့ဗျာ။ ခြွင်းချက်အနေနဲ့ ဆိုင်ပေါ်လိုက်လို့ ၂၀၀၀၊ ၃၀၀၀ နည်းနည်းတော့ ကွာတတ်တာပေါ့ဗျာ။

အထည်မှာကျတော့ လက်ရာဆန်းလေ၊ လက်ဝင်တဲ့ အထည်လုပ်ရတာကြာတဲ့ ခက်တဲ့ ဂဟေဝင်တဲ့ အထည်တွေ ဖြစ်လေ၊လုပ်ခ ဆိုတဲ့ အလျော့တွက် များများပေးရလေပေါ့ဗျာ။ အလျော့တွက် ဆိုတာကိုလည်း နားလည်သူ တော်တော်နည်းတာကိုလည်း တွေ့ရသဗျ။ အလျော့တွက်ဆိုတာ အထည်မလုပ်ခင်က ၁ ကျပ်သားရွှေတုံးတစ်တုံးကို ပန်းထိမ်ဆရာဆီ ဆိုင်ပိုင်ရှင်က ပေးပြီး လုပ်ခိုင်းလိုက်တယ်။ အထည်ပြီးသွားလို့ ပန်းထိမ်ဆရာက ဆိုင်ရှင်ကိုပြန်အပ်တဲ့အခါ တကျပ်သားအပြည့် ပြန်မအပ်နိုင်တော့ပါ။ ဘာ့ကြောင့်လဲဆိုတော့ အထည်လုပ်ဖို့ ဖြတ်ရင်းတောက်ရင်း နန်းဆွဲရင်း ထုရင်းနှက်ရင်းနဲ့ ရွှေအမှုန်လေးတွေ ထွက်ထွက်သွားပြီး အလေးချိန်လျော့ကုန်လို့ပါ။

အဲ့ဒီလို ကုန်တာတွေကိုလည်း ပန်းထိမ်ဖိုပိုင်ရှင်က ပြန်ရအောင်ဆိုပြီး ဖိုထဲမှာ အုတ်ခင်းတယ်၊ အဲ့ဒီပေါ်မှာမှ မြေနီခင်းပြီးကျလာလွင့်လာတဲ့ ရွှေမှုန်လေးတွေကို ပြန်စုဖို့ရန် လုပ်ထားရပါတယ်။ အဲ့ဒီအတိုင်းလုပ်ပြီး ၁ နှစ်တခါ သို့မဟုတ် ဖိုရဲ့ အလုပ်အနည်းအများပေါ်မူတည်ပြီး မြေနီထဲမှာ စုမိနေတဲ့ ရွှေတွေကို ထုတ်ရောင်းကြပါတယ်။ အဲ့တာကို မိုက်ထုတ်တယ်လို့ ခေါ်ပါတယ်ဗျ။ သို့သော် ဘယ်လိုပဲစုစု အမှုန်လေးတွေ အကုန်ပြန်မရတော့ပါဘူး။ အဲ့လေကုန်တဲ့ အမှုန်ရယ်
လက်ခဖိုးရယ်ကို ဝယ်သူက ပေးရပါတယ်။ ကဲ ထားပါတော့၊ အဲ့ဒီတော့ ဝယ်တဲ့သူက ကိုယ်ဝယ်မယ့်ပစ္စည်း ပြန်ရောင်းတဲ့အချိန် အရှုံးသက်သာချင်တယ်ဆိုရင်

(၁) အချက်က အလျော့တွက်လက်ခ သက်သာတဲ့ အထည်မျိုးကို ရွေးချယ်ဝယ်ယူဖို့ လိုပါတယ်။ ဘယ်လို အထည်တွေလဲဆိုတော့ ပုံသိပ်မဆန်းတဲ့ အထည်တွေပါ။ ဥပမာ….စတိလက်ကောက်၊ စတိလက်စွတ်၊ စာလုံးကွင်း၊ သံပွကြိုး စတဲ့ အထည်မျိုးတွေပါ။

(၂) အချက်က လပိုင်းအတွင်း ပြန်ရောင်းမယ့် ပြန်လဲလှယ်မယ့် အထည်တွေဆိုရင် မပျက်စီးအောင် မပိန်အောင် မပေါက်မကျိုးအောင် စည်းကမ်းရှိရှိ ဝတ်စားဖို့လိုပါမယ်ဗျ။

(၃) အချက်က အလေးချိန်များများနဲ့ အထည်အရေအတွက်နည်းနည်း ဝယ်ယူဖို့လိုပါတယ်။

ဥပမာ – ကိုယ်က ၁၀ သိန်းဖိုး ရွှေဝယ်မယ်။ လက်စွပ်ရယ်၊ ဆွဲကြိုးရယ်၊ နားကပ်ရယ်၊ လက်ကောက် ၁ ရံရယ်ဆို အထည် ၅ခု ဖြစ်တဲ့အတွက် လက်ခက ၅ ခုစာပေးရပါတယ်။ အဲ့သလို ဝယ်မယ့်အစား ၁၀ သိန်းဖိုးလက်ကောက် ၁ ရံဖြစ်စေ၊ဆွဲကြိုး ၁ ကုံးဖြစ်စေ လုပ်တာက ပြန်ရောင်းတဲ့အခါ အရှုံးသက်သာစေသလို ဈေးတက်ရင် မြတ်စေတတ်ပါတယ်။ ၅မူးသားလောက်လုပ်ထားရင် တကျပ်သားကို တသိန်းတက်ရင် အရင်းကျေနိုင်ပါတယ်။

(၄) အချက်ကတော့ လုပ်ခနဲ့ အလျော့တွက် သက်သာတဲ့ဆိုင်တွေမှာ ရွေးချယ်ဝယ်ယူခြင်း။

(၅) အချက်ကတော့ တချို့တချို့သောဆိုင်တွေဟာ ဒုံးထည်လို့ခေါ်တဲ့ အလျော့တွက်လက်ခ မပါတဲ့အထည်တွေ၊ တနည်းအားဖြင့် ဝယ်ယူပြီး ပြန်လည်ရောင်းချ လဲလှယ်သွားသော အထည်ဟောင်းများထဲမှ ပျက်စီးမှု နည်းပါးသော အထည်တွေကို ပြန်လည်ရောင်းချပေးပါတယ်။ အဲ့သလို အထည်တွေဆိုလည်း အလေးချိန်အတိုင်း ပေါက်ဈေးနဲ့တွက်ပြီး အမြတ် ထောင်ဂဏာန်း ပေးရင် ဝယ်ယူလို့ရတတ်ပါတယ်……ဆိုတဲ့အကြောင်း တင်ပြရင်း။

Credit – Original Writer

via – myitter

Leave a Reply

Your email address will not be published. Required fields are marked *