ဗဟုတုသ

ကုိယ္တိုင္လုပ္ ငွက္ေပ်ာေၾကာ္ ေကာင္းေကာင္းေလး လြယ္လြယ္နဲ႕ ေၾကာ္စားမယ္

(Zawgyi)

ခ်ိဳဆိမ့္ေလးနဲ႔ စားေကာင္းတဲ့ ငွက္ေပ်ာေၾကာ္ ႂကြပ္ႂကြပ္ေလး ေၾကာ္စားမယ္

ပိတ္ရက္မွာ ကေလးေတြေလးအႀကိဳက္၊ မိသားစုေတြလည္း အဆာေျပစားလို႔ရမယ့္ ႂကြပ္ႂကြပ္႐ြ႐ြနဲ႔ ခ်ိဳဆိမ့္အရသာ ငွက္ေပ်ာေၾကာ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။ ငွက္ေပ်ာသီးကို အလုံးလိုက္ ဆီပူထဲႏွစ္ေၾကာ္စားၾကသလို၊ အဝိုင္းေလးေတြလွီးၿပီး အေျခာက္လွန္းၿပီးလည္း ေၾကာ္စားၾကတာမ်ိဳး ရွိပါတယ္။ အခုနည္းကေတာ့ အေျခာက္ခံၿပီးမွ ျပန္ေၾကာ္မယ့္ပုံစံပါ။

ငွက္ေပ်ာေၾကာ္ဖို႔ လိုအပ္တဲ့ပစၥည္းေတြက –

ငွက္ေပ်ာသီး

ေထာပတ္

သၾကားအညိဳ

ဆား

ဆီ တို႔ပါဝင္ပါတယ္။

ငွက္ေပ်ာ မေၾကာ္ခင္ အရင္ဆုံး အေနေတာ္ မွည့္ေနတဲ့ ငွက္ေပ်ာသီးေတြကို ခပ္ပါးပါးအဝိုင္းေလးေတြလွီးၿပီး နာရီ ဝက္၊ ၁ နာရီေလာက္ အေျခာက္ခံထားပါ။ နာရီဝက္ေလာက္ရွိၿပီဆိုရင္ ငွက္ေပ်ာေၾကာ္ဖို႔ ျပင္ဆင္လို႔ရပါၿပီ။

ေၾကာ္မည့္ ဒယ္အိုးကို မီးဖိုးေပၚတင္ပါ။ ဆီကို ႏွစ္ေၾကာ္ရမွာမလို႔ အိုးထဲ ဆီမ်ားမ်ား ထည့္ထားဖို႔ လိုပါတယ္။ ဆီပူလာၿပီဆိုရင္ ေထာပတ္ထည့္ပါ။ ေထာပတ္ထည့္ေၾကာ္တဲ့အတြက္ ဆိမ့္ဆိမ့္ေလးနဲ႔ ပိုစားေကာင္းပါတယ္။ ဆီပူလာရင္ ေထာပတ္ထည့္ၿပီး ေလသလပ္ခံထားတဲ့ ငွက္ေပ်ာသီး အဝိုင္းေလးေတြကို ေ႐ႊအိုေရာင္ သန္းလာတဲ့ထိ ထည့္ေၾကာ္ပါ။

ေ႐ႊအိုေရာင္သန္းလာၿပီဆိုရင္ ဒယ္အိုးထဲက ဆယ္ၿပီး ဆီစစ္ပါ။ ဆီစစ္ၿပီးရင္ေတာ့ ေၾကာ္ထားတဲ့ ငွက္ေပ်ာေၾကာ္ကို သၾကားအညိဳ အနည္းငယ္၊ ဆားအနည္းငယ္နဲ႔ ေမႊလိုက္ရင္ ႂကြပ္ႂကြပ္႐ြ႐ြေလးနဲ႔ ခ်ိဳဆိမ့္ဆိမ့္ေလး စားေကာင္းတဲ့ ငွက္ေပ်ာေၾကာ္ ရပါၿပီ။ ေန႔လယ္ေန႔ခင္း အဆာေျပစာအတြက္ အထူးလိုက္ဖက္ေစမွာပါ။

အိမ္မွာ ငွက္ေပ်ာသီးေတြ မ်ားေနလို႔ တာရွည္ခံေအာင္ လုပ္ခ်င္ရင္ ငွက္ေပ်ာသီးေတြကို အေနေတာ္ အဝိုင္းျပားေလးေတြ လွီးၿပီး အေျခာက္ခံပါ။ ေနေရာင္နဲ႔ အေျခာက္ခံမယ္ဆိုရင္ အနည္းဆုံး ၂ ရက္ေလာက္ အေျခာက္ခံရပါတယ္။ အေျခာက္ခံထားတဲ့ ငွက္ေပ်ာသီးေျခာက္ေတြကို ၅ ႏွစ္ကေန ၁၀ ႏွစ္ေလာက္ထိ တာရွည္ သိမ္းထားႏိုင္ပါတယ္။

Ref: Yummy

Credit – Aurora, The Irrawaddy – Burmese Edition

Source – https://burma.irrawaddy.com/lifestyle/food/2019/01/19/180710.html

(Unicode)

ချိုဆိမ့်လေးနဲ့ စားကောင်းတဲ့ ငှက်ပျောကြော် ကြွပ်ကြွပ်လေး ကြော်စားမယ်

ပိတ်ရက်မှာ ကလေးတွေလေးအကြိုက်၊ မိသားစုတွေလည်း အဆာပြေစားလို့ရမယ့် ကြွပ်ကြွပ်ရွရွနဲ့ ချိုဆိမ့်အရသာ ငှက်ပျောကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ ငှက်ပျောသီးကို အလုံးလိုက် ဆီပူထဲနှစ်ကြော်စားကြသလို၊ အဝိုင်းလေးတွေလှီးပြီး အခြောက်လှန်းပြီးလည်း ကြော်စားကြတာမျိုး ရှိပါတယ်။ အခုနည်းကတော့ အခြောက်ခံပြီးမှ ပြန်ကြော်မယ့်ပုံစံပါ။

ငှက်ပျောကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက –

ငှက်ပျောသီး

ထောပတ်

သကြားအညို

ဆား

ဆီ တို့ပါဝင်ပါတယ်။

ငှက်ပျော မကြော်ခင် အရင်ဆုံး အနေတော် မှည့်နေတဲ့ ငှက်ပျောသီးတွေကို ခပ်ပါးပါးအဝိုင်းလေးတွေလှီးပြီး နာရီ ဝက်၊ ၁ နာရီလောက် အခြောက်ခံထားပါ။ နာရီဝက်လောက်ရှိပြီဆိုရင် ငှက်ပျောကြော်ဖို့ ပြင်ဆင်လို့ရပါပြီ။

ကြော်မည့် ဒယ်အိုးကို မီးဖိုးပေါ်တင်ပါ။ ဆီကို နှစ်ကြော်ရမှာမလို့ အိုးထဲ ဆီများများ ထည့်ထားဖို့ လိုပါတယ်။ ဆီပူလာပြီဆိုရင် ထောပတ်ထည့်ပါ။ ထောပတ်ထည့်ကြော်တဲ့အတွက် ဆိမ့်ဆိမ့်လေးနဲ့ ပိုစားကောင်းပါတယ်။ ဆီပူလာရင် ထောပတ်ထည့်ပြီး လေသလပ်ခံထားတဲ့ ငှက်ပျောသီး အဝိုင်းလေးတွေကို ရွှေအိုရောင် သန်းလာတဲ့ထိ ထည့်ကြော်ပါ။

ရွှေအိုရောင်သန်းလာပြီဆိုရင် ဒယ်အိုးထဲက ဆယ်ပြီး ဆီစစ်ပါ။ ဆီစစ်ပြီးရင်တော့ ကြော်ထားတဲ့ ငှက်ပျောကြော်ကို သကြားအညို အနည်းငယ်၊ ဆားအနည်းငယ်နဲ့ မွှေလိုက်ရင် ကြွပ်ကြွပ်ရွရွလေးနဲ့ ချိုဆိမ့်ဆိမ့်လေး စားကောင်းတဲ့ ငှက်ပျောကြော် ရပါပြီ။ နေ့လယ်နေ့ခင်း အဆာပြေစာအတွက် အထူးလိုက်ဖက်စေမှာပါ။

အိမ်မှာ ငှက်ပျောသီးတွေ များနေလို့ တာရှည်ခံအောင် လုပ်ချင်ရင် ငှက်ပျောသီးတွေကို အနေတော် အဝိုင်းပြားလေးတွေ လှီးပြီး အခြောက်ခံပါ။ နေရောင်နဲ့ အခြောက်ခံမယ်ဆိုရင် အနည်းဆုံး ၂ ရက်လောက် အခြောက်ခံရပါတယ်။ အခြောက်ခံထားတဲ့ ငှက်ပျောသီးခြောက်တွေကို ၅ နှစ်ကနေ ၁၀ နှစ်လောက်ထိ တာရှည် သိမ်းထားနိုင်ပါတယ်။

Ref: Yummy

Credit – Aurora, The Irrawaddy – Burmese Edition

Source – https://burma.irrawaddy.com/lifestyle/food/2019/01/19/180710.html

Leave a Reply

Your email address will not be published. Required fields are marked *