ဗဟုတုသ

ကားအရစ္က် ဘယ္လိုဝယ္မလဲနဲ႔ အရစ္က်ဝယ္မယ္ဆို ဘာေတြကို သတိထားရမလဲ။

(Zawgyi)

ကားအရစ္က် ဘယ္လိုဝယ္မလဲနဲ႔ အရစ္က်ဝယ္မယ္ဆို ဘာေတြကို သတိထားရမလဲ

ကားတစ္စီးကို ဘယ္လို အရစ္က်ဝယ္ၾကမလဲ။ ဒီလိုအရစ္က်ဝယ္မယ္ဆိုရင္ ဘာေတြကို သတိထားရမလဲ။ လြယ္လြယ္ကူကူအရစ္က် ဝယ္သင့္လား။ အရစ္က်လို႔ဆိုတဲ့ေနရာမွာ တန္ဖိုးႀကီးပစၥည္းေတြျဖစ္တဲ့ အိမ္၊ ကားနဲ႔ မိုဘိုင္းလ္ဖုန္းေတြကို ေရာင္းခ်ၾကတာပါ။ ဒီအထဲမွာမွ ကားတစ္စီးကို အရစ္က်ဝယ္ယူလိုတယ္ဆိုရင္ ဘယ္လိုဝယ္ရမလဲဆိုတာနဲ႔ ဘာေတြကို သတိထားရမလဲဆိုတာကို တင္ဆက္ေပးမွာပဲ ျဖစ္ပါတယ္။

တစ္စီးကို ဘယ္လို အရစ္က်ဝယ္ၾကမလဲ။ ဒီလိုအရစ္က်ဝယ္မယ္ဆိုရင္ ဘာေတြကို သတိထားရမလဲ။ လြယ္လြယ္ကူကူအရစ္က် ဝယ္သင့္လား။ အရစ္က်လို႔ဆိုတဲ့ေနရာမွာ တန္ဖိုးႀကီးပစၥည္းေတြျဖစ္တဲ့ အိမ္၊ ကားနဲ႔ မိုဘိုင္းလ္ဖုန္းေတြကို ေရာင္းခ်ၾကတာပါ။ ဒီအထဲမွာမွ ကားတစ္စီးကို အရစ္က်ဝယ္ယူလိုတယ္ဆိုရင္ ဘယ္လိုဝယ္ရမလဲဆိုတာနဲ႔ ဘာေတြကို သတိထားရမလဲဆိုတာကို တင္ဆက္ေပးမွာပဲ ျဖစ္ပါတယ္။

ေထာက္ခံစာေတြ

ဒါက အရစ္က်ကား ဝယ္မယ္ဆိုတာနဲ႔ အရင္ဆံုး ေတာင္းမယ့္အခ်က္အလက္ေတြျဖစ္ပါတယ္။ အရင္တုန္းကေတာ့ ကိုယ့္ကုမၸဏီက အထက္အရာရွိကပဲျဖစ္ျဖစ္၊ သူေဌးကပဲျဖစ္ျဖစ္ တစ္ေယာက္ေယာက္ရဲ႕ ေထာက္ခံခ်က္ကို ေပးရပါတယ္။ အခုေနာက္ပိုင္းေတာ့ ကိုယ္ဘယ္ကုမၸဏီမွာ အလုပ္လုပ္လဲဆိုတာ အပါအဝင္ ဝယ္ယူမယ့္သူရဲ႕ မွတ္ပံုတင္မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴ၊ စရန္ေငြတို႔နဲ႔အတူ ဝယ္ယူႏိုင္ပါတယ္။

ကားအရစ္က် ဝယ္မယ္ဆိုရင္

ပထမဆံုးေျပာခ်င္တဲ့အခ်က္က ကားအရစ္က် ဝယ္မယ့္သူေတြအေနနဲ႔ အရင္ဆံုးလုပ္ရမွာက ကိုယ္ ဘယ္ကားအမ်ိဳးအစားကို ဝယ္မွာလဲဆိုတာပါပဲ။ ကိုယ္ဝယ္ခ်င္တဲ့ ကားအမ်ိဳးအစားကိုသိမွ ကိုယ္က်သင့္ႏိုင္တဲ့ေဈးကို တြက္ခ်က္လို႔ရမွာျဖစ္ပါတယ္။ ဒီမွာ တခ်ိဳ႕ကလည္း ရွိတတ္ပါတယ္။ ကားအေရာင္းျပခန္းသြားၿပီးေတာ့ အဲဒီေရာက္မွ ကိုယ္လိုခ်င္တဲ့ကားကို ဆံုးျဖတ္ခ်က္ခ်တတ္တာလည္း ရွိပါတယ္။ ဒါေပမဲ့ အေကာင္းဆံုးက အေရာင္းျပခန္းမသြားခင္ကတည္းက ကိုယ္ဝယ္မယ့္ကားအေၾကာင္းကို နည္းနည္း သိထားဖို႔ပါ။ ဒီေခတ္မွာက ဖုန္းေတြေပါပါတယ္။ ဖုန္းေတြနဲ႔ အရင္ေမးျမန္းထားလို႔ရပါတယ္။

ေနာက္တစ္ခ်က္က ဘယ္ဘဏ္ကေန အရစ္က်စနစ္နဲ႔ ေလွ်ာက္ထားဝယ္ယူမွာလဲဆိုတာပါ။ ပုဂၢလိက ဘဏ္ေတြမွာဆိုရင္ ကားအရစ္က်နဲ႔ ခ်ိတ္ဆက္ဝယ္ယူလို႔ရတာ ကေမၻာဇ၊ ဧရာဝတီ၊ ႐ိုးမ၊ CB၊ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ (MAB) နဲ႔ တျခားဘဏ္ အခ်ိဳ႕လည္း ရွိပါတယ္။ ဘဏ္ေတြအားလံုးကေတာ့ အတိုးႏႈန္းေတြ၊ ကနဦး ေပးသြင္းေငြေတြ၊ ေငြေပးသြင္း ခြင့္ကာလေတြ သိပ္မကြာၾကပါဘူး။ ျခြင္းခ်က္အေနနဲ႔ ျမန္မာႏိုင္မွာ ထုတ္တဲ့ ဆူဇူကီးကားေတြကို MAB ဘဏ္နဲ႔ ခ်ိတ္ဆက္ဝယ္ယူမယ္ဆိုရင္ေတာ့ ကနဦး ေပးသြင္းေငြကို ကားတန္ဖိုးရဲ႕ ၂၅ ရာခိုင္ႏႈန္းပဲ အရင္ ေပးသြင္းခြင့္ျပဳထားပါတယ္။

ပံုမွန္အရစ္က်စနစ္နဲ႔ ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္ ဝယ္ယူမယ္ဆိုရင္ေတာ့ ၃၀ ရာခိုင္ႏႈန္းအနည္းဆံုး ေပးသြင္းရမွာပါ။ ကနဦးေပးသြင္းေငြကို ၅၀ ရာခိုင္ႏႈန္းအထိ ေပးသြင္းလို႔ရေပမယ့္ ဘဏ္ေတြက သတ္မွတ္ထားတဲ့ ၃၀ ရာခိုင္ႏႈန္းေအာက္ေတာ့ေပးၿပီး ဝယ္လို႔ မရပါဘူး။ အခုေနာက္ပိုင္း တခ်ိဳ႕ကားကုမၸဏီေတြက ပ႐ိုမိုးရွင္းကာလလို ကာလတစ္ခုသတ္မွတ္ၿပီး အနိမ့္ဆံုး ကနဦးေပးသြင္းေငြအေနနဲ႔ ၂၀ ရာခိုင္ႏႈန္းပဲ ေပးၿပီး ဝယ္ယူခြင့္ေတြ ျပဳလုပ္ေပးလာတာကို ေတြ႔လာရပါတယ္။

ေပးသြင္းရမယ့္ ဝန္ေဆာင္ခေတြ

အရစ္က်ဝယ္ယူမယ္ဆိုရင္ ကားတန္ဖိုးရဲ႕ ကနဦး ေပးသြင္းေငြအျပင္ ေပးသြင္းရမယ့္ ဝန္ေဆာင္ခေတြ ရွိပါေသးတယ္။ အဲဒါေတြကေတာ့ ဘဏ္ဝန္ေဆာင္ခ၊ ဘဏ္အေကာင့္ဖြင့္ခ၊ အခြန္တံဆိပ္ေခါင္းဖိုး၊ အေရာင္းေကာ္မရွင္၊ ကားအာမခံေၾကးနဲ႔ က.ည.န ေၾကးေတြကို ထပ္ေပါင္းေပးသြင္းရပါမယ္။ ေငြလက္ငင္း ဝယ္ယူမယ္ဆိုရင္ေတာ့ ဝန္ေဆာင္မႈငါးခုစာေလာက္ေလ်ာ့သြားမွာျဖစ္ၿပီး ကားတန္ဖိုးနဲ႔ က.ည.နေၾကးကိုသာ ေပးသြင္းရမွာျဖစ္ပါတယ္။ ဥပမာ GAC က ကားတစ္စီးကို အခုသူတို႔ရဲ႕ပ႐ိုမိုးရွင္းကာလျဖစ္တဲ့ ဇန္နဝါရီ လ ၁၉ ရက္ကေန ၂၁ ရက္အတြင္း ဝယ္မယ္ဆိုရင္ ကားတန္ဖိုးရဲ႕ ၂၀ ရာခိုင္ႏႈန္းကိုသာသြင္းဖို႔လိုမွာျဖစ္သလို ဝင္ေငြခြန္၊ Bank Service Charges ေတြထပ္ ေပးစရာမလိုဘဲ ၅ ႏွစ္အရစ္က်စနစ္နဲ႔ ဝယ္ယူႏိုင္မွာပါ။

ဝင္ေငြခြန္

ဒါကေတာ့ ကားဝယ္မယ္ဆိုရင္ မျဖစ္မေနေပးသြင္းရတဲ့ အခြန္ပါ။ အရင္က လူပုဂၢိဳလ္တစ္ဦးခ်င္းစီကဝယ္တဲ့ ကားေတြအေပၚကသာ ေကာက္ခံခဲ့ေပမယ့္ ေနာက္ပိုင္းေတာ့ ယာဥ္အို၊ ယာဥ္ေဟာင္းအစားထိုး ယာဥ္အျဖစ္နဲ႔ တင္သြင္းတဲ့ ကားေတြအေပၚကိုလည္း ေကာက္ခံလာခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဘယ္ကားပဲဝယ္ဝယ္ အခြန္႐ံုးကသတ္မွတ္ထားတဲ့ ႏႈန္းထားအလိုက္ ဝင္ေငြခြန္ေပးရမွာျဖစ္ပါတယ္။ ဒီႏႈန္းထားကို ၂၀၁၈ အခြန္အေကာက္ဥပေဒမွာ ေလွ်ာ့ခ်ဖို႔ လုပ္ခဲ့ေပမယ့္ လႊတ္ေတာ္က မေလွ်ာ့ဘဲ အရင္ႏႈန္းထားအတိုင္း သတ္မွတ္ခဲ့ပါတယ္။

ဒီမွာအရစ္က်ဝယ္မယ္ဆိုရင္ အထက္က ေျပာခဲ့တဲ့ ကားတန္ဖိုးရဲ႕ ကနဦးေပးသြင္းေငြ၊ ဘဏ္နဲ႔ပတ္သက္တဲ့ ဝန္ေဆာင္ခေတြနဲ႔ က.ည.န ေၾကးေတြနဲ႔အတူ ဝင္ေငြခြန္ကိုပါ တစ္ခါတည္းေပးသြင္းရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ကားဝယ္ယူမယ့္သူက ဝင္ေငြခြန္ ေဆာင္ထားတာ၊ ေငြျဖဴျပႏိုင္တာေတြ ရွိမယ္ဆိုရင္ေတာ့ အဲဒီအခြန္ေပးစရာမလိုပါဘူး။

ကားဘယ္အခ်ိန္ ဝယ္ယူသူလက္ထဲေရာက္မလဲ

အထက္ကေဖာ္ျပခဲ့တဲ့ ကနဦးေပးသြင္းေငြေတြ၊ ဝန္ေဆာင္ခေတြ၊ ဝင္ေငြခြန္ေတြေပးသြင္းၿပီးၿပီဆိုရင္ေတာ့ ကားကို ႏွစ္ပတ္အတြင္း ရရွိမွာျဖစ္ပါတယ္။ ႏွစ္ပတ္ေစာင့္ရတာကေတာ့ ဘဏ္လုပ္ငန္းစဥ္ေတြ ေၾကာင့္ပါ။ က်န္ေငြ ၇၀ ရာခိုင္ႏႈန္းကိုေတာ့ ကိုယ္ရယူထားတဲ့ဘဏ္မွာ လစဥ္ေပးသြင္းသြား႐ံုပါပဲ။

အရစ္က် ဝယ္တာနဲ႔ လက္ငင္းဝယ္တာ ဘာကြာလဲ

ဒါကေတာ့ ေမးရမယ့္ အေကာင္းဆံုးေမးခြန္းလို႔ပဲဆိုပါရေစ။ အလြယ္ကူဆံုးေျပာရမယ္ဆိုရင္ေတာ့ လက္ငင္းေငြေခ်တာကေတာ့ က်သင့္ေငြေပး၊ ပစၥည္းယူေပါ့။ ဒါေပမဲ့ အမ်ားစုက လံုးခနဲ၊ ရင္းခနဲ ေပးလိုက္ရတဲ့ လက္ငင္းေငြေပးေခ်မႈထက္ အရစ္က်ဝယ္ယူမႈကို ပိုစိတ္ဝင္စားတတ္ၾကပါတယ္။ ဘာပစၥည္းပဲ ဝယ္ဝယ္၊ ဥပမာ အိမ္ပဲျဖစ္ျဖစ္၊ ကားပဲျဖစ္ျဖစ္ တစ္ခုခုဝယ္မယ္ဆိုတာနဲ႔ လက္ငင္းေငြေခ်တာကေတာ့ တတ္ႏိုင္တဲ့သူေတြ လုပ္ၾကတာမ်ားတာပါ။ ျခြင္းခ်က္အေနနဲ႔ လူလတ္တန္းစားေတြမွာဆိုရင္ စုေဆာင္းထားတာရွိတဲ့သူေတြလည္း လက္ငင္းေငြေခ် ဝယ္ယူၾကပါတယ္။

လက္ငင္းေငြေခ်ၿပီး ဝယ္တာနဲ႔ အရစ္က် ဝယ္တာမွာ ဘာကြာလဲဆိုေတာ့ ေငြလံုး၊ ေငြရင္းမရွိတဲ့သူေတြအတြက္ ကားတန္ဖိုးရဲ႕ ကုမၸဏီကသတ္မွတ္ထားတဲ့ ၂၀၊ ၃၀ ရာခိုင္ႏႈန္းေပးသြင္း႐ံုနဲ႔ ကားက ကိုယ့္လက္ထဲကို ေရာက္လာေစမွာပါ။ ဒါက အရစ္က်ဝယ္ယူျခင္းရဲ႕ အားသာခ်က္ပါ။ ေငြေပးသြင္းခြင့္ ကာလကေတာ့ ကားအမ်ိဳးအစားအလိုက္ ကြာျခားေလ့ရွိပါတယ္။ အရင္တုန္းကေတာ့ ဂ်ပန္အသံုးျပဳၿပီးကားေတြေရာင္းတဲ့ အေရာင္းစင္တာေတြကေတာ့ အနည္းဆံုး ၁၂ လကေန ၂၄ လအထိေပးေခ်ခြင့္ျပဳခဲ့ၿပီးေတာ့ အခုေနာက္ပိုင္း ကားသစ္ (Brand New) ေတြမွာဆိုရင္ သံုးႏွစ္ကေန ငါးႏွစ္အထိ အရစ္က်ဝယ္ခြင့္ေပးတာေတြလည္း ရွိလာပါၿပီ။

ဒီလိုအရစ္က်ဝယ္တဲ့ေနရာမွာ အမ်ားစုေသာ ကားအေရာင္းျပခန္းေတြက ျပည္တြင္းက ပုဂၢလိက ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္ဝယ္ယူခြင့္ျပဳၾကၿပီးေတာ့ တခ်ိဳ႕ကေတာ့ ကိုယ္တိုင္အေရာင္းျပခန္းကပဲ အတိုးသက္သက္ယူၿပီး ဝယ္ယူခြင့္ျပဳၾကပါတယ္။ အရစ္က်ဝယ္မယ္ဆိုရင္ေတာ့ ဘဏ္ကိုေပးရမယ့္ အတိုးႏႈန္းက ၁၃ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ ဒါက လတိုင္းေပးသြင္းရမယ့္ အတိုးႏႈန္းပါ။ ကိုယ္အရစ္က်ဝယ္တဲ့ ကားတန္ဖိုးနည္းရင္ နည္းသလို၊ မ်ားရင္မ်ားသလို ေပးသြင္းရမွာျဖစ္ပါတယ္။

အရစ္က်ဝယ္မယ္ဆို ဘာေတြကို သတိထားရမလဲ

အတိုးႏႈန္းနဲ႔ ဝန္ေဆာင္ခေတြ

အဓိကသတိထားရမွာက အတိုးႏႈန္းေတြနဲ႔ ဝန္ေဆာင္ခေတြပါ။ လက္ငင္းဝယ္မယ္ဆိုရင္ ဒါေတြ ေၾကာင့္ၾကစရာမရွိေပမယ့္ အရစ္က်ဆိုရင္ ပူစရာပါ။ ဘဏ္တိုး ၁၃ ရာခိုင္ႏႈန္းက လစဥ္ေပးရမယ့္ အတိုးပါ။ ၿပီးေတာ့ ေမာ္ေတာ္ယာဥ္အလံုးစံုအာမခံ၊ ဝန္ေဆာင္ခ၊ အခြန္ေတြကို အားလံုးစုၿပီး ဘဏ္ကို တစ္လ ၁၃ ရာခိုင္ႏႈန္းေပးေနရမွာျဖစ္တဲ့အတြက္ ကားတစ္စီးကို လက္ငင္းထက္ ေငြအမ်ားႀကီး ပိုေပးရမယ့္အခ်က္ပါ။ ၿပီးေတာ့ ဘဏ္ဝန္ေဆာင္ခကိုလည္း တစ္ႏွစ္ကို ကားတန္ဖိုးရဲ႕ ၁ ရာခိုင္ႏႈန္းေပးသြင္းေနရမွာပါ။ တခ်ိဳ႕ဘဏ္ေတြဆို ပထမႏွစ္ ၁ ရာခိုင္ႏႈန္း၊ ဒုတိယ ႏွစ္မွာ ၂ ရာခိုင္ႏႈန္းဆိုၿပီး ႏွစ္အလိုက္တျဖည္းျဖည္း တိုးေကာက္တာရွိပါေသးတယ္။

အနီးစပ္ဆံုး အခုလူေတြအေျပာမ်ားေနတဲ့ ဆူဇူကီးလို ကားမ်ိဳးေတြကို အရစ္က်ဝယ္မယ္ဆိုရင္ အဲဒီကားတစ္စီးကို မူလကားတန္ဖိုး က်ပ္သိန္း ၂၀၀ ေက်ာ္ေလာက္ကေန အရစ္က်နဲ႔ဆို ၃၀၀ ေက်ာ္ ျဖစ္သြားပါ။ ဒီကားကို မစီးလိုေတာ့လိုပဲျဖစ္ျဖစ္၊ ေငြလို လို႔ပဲျဖစ္ျဖစ္ ျပန္ေရာင္းမယ္ဆို အ႐ံႈးပိုမ်ားမွာပါ။ ဝယ္တုန္းကလည္း ႐ံႈး၊ ျပန္ေရာင္းေတာ့လည္း ႐ံႈး ျဖစ္မွာျဖစ္တဲ့အတြက္ မိေအးႏွစ္ခါနာ ျဖစ္ေစမွာပါ။

အထက္က ေဖာ္ျပေပးခဲ့တာေတြကေတာ့ အရစ္က်ဝယ္မယ္ဆိုရင္ လိုအပ္မယ့္အရာေတြအေၾကာင္းနဲ႔ အရစ္က်ဝယ္မယ္ဆိုရင္ ရမယ့္ အားသာခ်က္၊ အားနည္းခ်က္နဲ႔ ဘာေတြကို သတိထားသင့္လဲဆိုတာေတြပဲျဖစ္ ပါတယ္။ ဒီက ကားအေရာင္းျပခန္းေတြ၊ အေရာင္းစင္တာေတြမွာ အဲဒီပံုစံမ်ိဳးနဲ႔ပဲ အရစ္က်ေရာင္းခ်ေနၾကတာပါ။ အေရာင္းျပခန္းနဲ႔ တစ္ခုနဲ႔တစ္ခုက အခ်က္အလက္အနည္းငယ္ ကြဲျပားတာပဲရွိပါတယ္။ ေတာ္ေတာ္မ်ားမ်ားက အထက္က အခ်က္အလက္ေတြအတိုင္း ဝယ္ယူလို႔ရႏိုင္ပါတယ္။

ဟိန္းျမတ္စိုး

Credit – The Voice

http://thevoicemyanmar.com/auto-mobile/30796-car

(Unicode)

ကားအရစ်ကျ ဘယ်လိုဝယ်မလဲနဲ့ အရစ်ကျဝယ်မယ်ဆို ဘာတွေကို သတိထားရမလဲ

ကားတစ်စီးကို ဘယ်လို အရစ်ကျဝယ်ကြမလဲ။ ဒီလိုအရစ်ကျဝယ်မယ်ဆိုရင် ဘာတွေကို သတိထားရမလဲ။ လွယ်လွယ်ကူကူအရစ်ကျ ဝယ်သင့်လား။ အရစ်ကျလို့ဆိုတဲ့နေရာမှာ တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ အိမ်၊ ကားနဲ့ မိုဘိုင်းလ်ဖုန်းတွေကို ရောင်းချကြတာပါ။ ဒီအထဲမှာမှ ကားတစ်စီးကို အရစ်ကျဝယ်ယူလိုတယ်ဆိုရင် ဘယ်လိုဝယ်ရမလဲဆိုတာနဲ့ ဘာတွေကို သတိထားရမလဲဆိုတာကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

တစ်စီးကို ဘယ်လို အရစ်ကျဝယ်ကြမလဲ။ ဒီလိုအရစ်ကျဝယ်မယ်ဆိုရင် ဘာတွေကို သတိထားရမလဲ။ လွယ်လွယ်ကူကူအရစ်ကျ ဝယ်သင့်လား။ အရစ်ကျလို့ဆိုတဲ့နေရာမှာ တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ အိမ်၊ ကားနဲ့ မိုဘိုင်းလ်ဖုန်းတွေကို ရောင်းချကြတာပါ။ ဒီအထဲမှာမှ ကားတစ်စီးကို အရစ်ကျဝယ်ယူလိုတယ်ဆိုရင် ဘယ်လိုဝယ်ရမလဲဆိုတာနဲ့ ဘာတွေကို သတိထားရမလဲဆိုတာကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

ထောက်ခံစာတွေ

ဒါက အရစ်ကျကား ဝယ်မယ်ဆိုတာနဲ့ အရင်ဆုံး တောင်းမယ့်အချက်အလက်တွေဖြစ်ပါတယ်။ အရင်တုန်းကတော့ ကိုယ့်ကုမ္ပဏီက အထက်အရာရှိကပဲဖြစ်ဖြစ်၊ သူဌေးကပဲဖြစ်ဖြစ် တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်ကို ပေးရပါတယ်။ အခုနောက်ပိုင်းတော့ ကိုယ်ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်လဲဆိုတာ အပါအဝင် ဝယ်ယူမယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ စရန်ငွေတို့နဲ့အတူ ဝယ်ယူနိုင်ပါတယ်။

ကားအရစ်ကျ ဝယ်မယ်ဆိုရင်

ပထမဆုံးပြောချင်တဲ့အချက်က ကားအရစ်ကျ ဝယ်မယ့်သူတွေအနေနဲ့ အရင်ဆုံးလုပ်ရမှာက ကိုယ် ဘယ်ကားအမျိုးအစားကို ဝယ်မှာလဲဆိုတာပါပဲ။ ကိုယ်ဝယ်ချင်တဲ့ ကားအမျိုးအစားကိုသိမှ ကိုယ်ကျသင့်နိုင်တဲ့ဈေးကို တွက်ချက်လို့ရမှာဖြစ်ပါတယ်။ ဒီမှာ တချို့ကလည်း ရှိတတ်ပါတယ်။ ကားအရောင်းပြခန်းသွားပြီးတော့ အဲဒီရောက်မှ ကိုယ်လိုချင်တဲ့ကားကို ဆုံးဖြတ်ချက်ချတတ်တာလည်း ရှိပါတယ်။ ဒါပေမဲ့ အကောင်းဆုံးက အရောင်းပြခန်းမသွားခင်ကတည်းက ကိုယ်ဝယ်မယ့်ကားအကြောင်းကို နည်းနည်း သိထားဖို့ပါ။ ဒီခေတ်မှာက ဖုန်းတွေပေါပါတယ်။ ဖုန်းတွေနဲ့ အရင်မေးမြန်းထားလို့ရပါတယ်။

နောက်တစ်ချက်က ဘယ်ဘဏ်ကနေ အရစ်ကျစနစ်နဲ့ လျှောက်ထားဝယ်ယူမှာလဲဆိုတာပါ။ ပုဂ္ဂလိက ဘဏ်တွေမှာဆိုရင် ကားအရစ်ကျနဲ့ ချိတ်ဆက်ဝယ်ယူလို့ရတာ ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမ၊ CB၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နဲ့ တခြားဘဏ် အချို့လည်း ရှိပါတယ်။ ဘဏ်တွေအားလုံးကတော့ အတိုးနှုန်းတွေ၊ ကနဦး ပေးသွင်းငွေတွေ၊ ငွေပေးသွင်း ခွင့်ကာလတွေ သိပ်မကွာကြပါဘူး။ ခြွင်းချက်အနေနဲ့ မြန်မာနိုင်မှာ ထုတ်တဲ့ ဆူဇူကီးကားတွေကို MAB ဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူမယ်ဆိုရင်တော့ ကနဦး ပေးသွင်းငွေကို ကားတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းပဲ အရင် ပေးသွင်းခွင့်ပြုထားပါတယ်။

ပုံမှန်အရစ်ကျစနစ်နဲ့ ဘဏ်တွေနဲ့ ချိတ်ဆက် ဝယ်ယူမယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းအနည်းဆုံး ပေးသွင်းရမှာပါ။ ကနဦးပေးသွင်းငွေကို ၅၀ ရာခိုင်နှုန်းအထိ ပေးသွင်းလို့ရပေမယ့် ဘဏ်တွေက သတ်မှတ်ထားတဲ့ ၃၀ ရာခိုင်နှုန်းအောက်တော့ပေးပြီး ဝယ်လို့ မရပါဘူး။ အခုနောက်ပိုင်း တချို့ကားကုမ္ပဏီတွေက ပရိုမိုးရှင်းကာလလို ကာလတစ်ခုသတ်မှတ်ပြီး အနိမ့်ဆုံး ကနဦးပေးသွင်းငွေအနေနဲ့ ၂၀ ရာခိုင်နှုန်းပဲ ပေးပြီး ဝယ်ယူခွင့်တွေ ပြုလုပ်ပေးလာတာကို တွေ့လာရပါတယ်။

ပေးသွင်းရမယ့် ဝန်ဆောင်ခတွေ

အရစ်ကျဝယ်ယူမယ်ဆိုရင် ကားတန်ဖိုးရဲ့ ကနဦး ပေးသွင်းငွေအပြင် ပေးသွင်းရမယ့် ဝန်ဆောင်ခတွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ ဘဏ်ဝန်ဆောင်ခ၊ ဘဏ်အကောင့်ဖွင့်ခ၊ အခွန်တံဆိပ်ခေါင်းဖိုး၊ အရောင်းကော်မရှင်၊ ကားအာမခံကြေးနဲ့ က.ည.န ကြေးတွေကို ထပ်ပေါင်းပေးသွင်းရပါမယ်။ ငွေလက်ငင်း ဝယ်ယူမယ်ဆိုရင်တော့ ဝန်ဆောင်မှုငါးခုစာလောက်လျော့သွားမှာဖြစ်ပြီး ကားတန်ဖိုးနဲ့ က.ည.နကြေးကိုသာ ပေးသွင်းရမှာဖြစ်ပါတယ်။ ဥပမာ GAC က ကားတစ်စီးကို အခုသူတို့ရဲ့ပရိုမိုးရှင်းကာလဖြစ်တဲ့ ဇန်နဝါရီ လ ၁၉ ရက်ကနေ ၂၁ ရက်အတွင်း ဝယ်မယ်ဆိုရင် ကားတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကိုသာသွင်းဖို့လိုမှာဖြစ်သလို ဝင်ငွေခွန်၊ Bank Service Charges တွေထပ် ပေးစရာမလိုဘဲ ၅ နှစ်အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာပါ။

ဝင်ငွေခွန်

ဒါကတော့ ကားဝယ်မယ်ဆိုရင် မဖြစ်မနေပေးသွင်းရတဲ့ အခွန်ပါ။ အရင်က လူပုဂ္ဂိုလ်တစ်ဦးချင်းစီကဝယ်တဲ့ ကားတွေအပေါ်ကသာ ကောက်ခံခဲ့ပေမယ့် နောက်ပိုင်းတော့ ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး ယာဉ်အဖြစ်နဲ့ တင်သွင်းတဲ့ ကားတွေအပေါ်ကိုလည်း ကောက်ခံလာခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်ကားပဲဝယ်ဝယ် အခွန်ရုံးကသတ်မှတ်ထားတဲ့ နှုန်းထားအလိုက် ဝင်ငွေခွန်ပေးရမှာဖြစ်ပါတယ်။ ဒီနှုန်းထားကို ၂၀၁၈ အခွန်အကောက်ဥပဒေမှာ လျှော့ချဖို့ လုပ်ခဲ့ပေမယ့် လွှတ်တော်က မလျှော့ဘဲ အရင်နှုန်းထားအတိုင်း သတ်မှတ်ခဲ့ပါတယ်။

ဒီမှာအရစ်ကျဝယ်မယ်ဆိုရင် အထက်က ပြောခဲ့တဲ့ ကားတန်ဖိုးရဲ့ ကနဦးပေးသွင်းငွေ၊ ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်ခတွေနဲ့ က.ည.န ကြေးတွေနဲ့အတူ ဝင်ငွေခွန်ကိုပါ တစ်ခါတည်းပေးသွင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကားဝယ်ယူမယ့်သူက ဝင်ငွေခွန် ဆောင်ထားတာ၊ ငွေဖြူပြနိုင်တာတွေ ရှိမယ်ဆိုရင်တော့ အဲဒီအခွန်ပေးစရာမလိုပါဘူး။

ကားဘယ်အချိန် ဝယ်ယူသူလက်ထဲရောက်မလဲ

အထက်ကဖော်ပြခဲ့တဲ့ ကနဦးပေးသွင်းငွေတွေ၊ ဝန်ဆောင်ခတွေ၊ ဝင်ငွေခွန်တွေပေးသွင်းပြီးပြီဆိုရင်တော့ ကားကို နှစ်ပတ်အတွင်း ရရှိမှာဖြစ်ပါတယ်။ နှစ်ပတ်စောင့်ရတာကတော့ ဘဏ်လုပ်ငန်းစဉ်တွေ ကြောင့်ပါ။ ကျန်ငွေ ၇၀ ရာခိုင်နှုန်းကိုတော့ ကိုယ်ရယူထားတဲ့ဘဏ်မှာ လစဉ်ပေးသွင်းသွားရုံပါပဲ။

အရစ်ကျ ဝယ်တာနဲ့ လက်ငင်းဝယ်တာ ဘာကွာလဲ

ဒါကတော့ မေးရမယ့် အကောင်းဆုံးမေးခွန်းလို့ပဲဆိုပါရစေ။ အလွယ်ကူဆုံးပြောရမယ်ဆိုရင်တော့ လက်ငင်းငွေချေတာကတော့ ကျသင့်ငွေပေး၊ ပစ္စည်းယူပေါ့။ ဒါပေမဲ့ အများစုက လုံးခနဲ၊ ရင်းခနဲ ပေးလိုက်ရတဲ့ လက်ငင်းငွေပေးချေမှုထက် အရစ်ကျဝယ်ယူမှုကို ပိုစိတ်ဝင်စားတတ်ကြပါတယ်။ ဘာပစ္စည်းပဲ ဝယ်ဝယ်၊ ဥပမာ အိမ်ပဲဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ် တစ်ခုခုဝယ်မယ်ဆိုတာနဲ့ လက်ငင်းငွေချေတာကတော့ တတ်နိုင်တဲ့သူတွေ လုပ်ကြတာများတာပါ။ ခြွင်းချက်အနေနဲ့ လူလတ်တန်းစားတွေမှာဆိုရင် စုဆောင်းထားတာရှိတဲ့သူတွေလည်း လက်ငင်းငွေချေ ဝယ်ယူကြပါတယ်။

လက်ငင်းငွေချေပြီး ဝယ်တာနဲ့ အရစ်ကျ ဝယ်တာမှာ ဘာကွာလဲဆိုတော့ ငွေလုံး၊ ငွေရင်းမရှိတဲ့သူတွေအတွက် ကားတန်ဖိုးရဲ့ ကုမ္ပဏီကသတ်မှတ်ထားတဲ့ ၂၀၊ ၃၀ ရာခိုင်နှုန်းပေးသွင်းရုံနဲ့ ကားက ကိုယ့်လက်ထဲကို ရောက်လာစေမှာပါ။ ဒါက အရစ်ကျဝယ်ယူခြင်းရဲ့ အားသာချက်ပါ။ ငွေပေးသွင်းခွင့် ကာလကတော့ ကားအမျိုးအစားအလိုက် ကွာခြားလေ့ရှိပါတယ်။ အရင်တုန်းကတော့ ဂျပန်အသုံးပြုပြီးကားတွေရောင်းတဲ့ အရောင်းစင်တာတွေကတော့ အနည်းဆုံး ၁၂ လကနေ ၂၄ လအထိပေးချေခွင့်ပြုခဲ့ပြီးတော့ အခုနောက်ပိုင်း ကားသစ် (Brand New) တွေမှာဆိုရင် သုံးနှစ်ကနေ ငါးနှစ်အထိ အရစ်ကျဝယ်ခွင့်ပေးတာတွေလည်း ရှိလာပါပြီ။

ဒီလိုအရစ်ကျဝယ်တဲ့နေရာမှာ အများစုသော ကားအရောင်းပြခန်းတွေက ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ယူခွင့်ပြုကြပြီးတော့ တချို့ကတော့ ကိုယ်တိုင်အရောင်းပြခန်းကပဲ အတိုးသက်သက်ယူပြီး ဝယ်ယူခွင့်ပြုကြပါတယ်။ အရစ်ကျဝယ်မယ်ဆိုရင်တော့ ဘဏ်ကိုပေးရမယ့် အတိုးနှုန်းက ၁၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါက လတိုင်းပေးသွင်းရမယ့် အတိုးနှုန်းပါ။ ကိုယ်အရစ်ကျဝယ်တဲ့ ကားတန်ဖိုးနည်းရင် နည်းသလို၊ များရင်များသလို ပေးသွင်းရမှာဖြစ်ပါတယ်။

အရစ်ကျဝယ်မယ်ဆို ဘာတွေကို သတိထားရမလဲ

အတိုးနှုန်းနဲ့ ဝန်ဆောင်ခတွေ

အဓိကသတိထားရမှာက အတိုးနှုန်းတွေနဲ့ ဝန်ဆောင်ခတွေပါ။ လက်ငင်းဝယ်မယ်ဆိုရင် ဒါတွေ ကြောင့်ကြစရာမရှိပေမယ့် အရစ်ကျဆိုရင် ပူစရာပါ။ ဘဏ်တိုး ၁၃ ရာခိုင်နှုန်းက လစဉ်ပေးရမယ့် အတိုးပါ။ ပြီးတော့ မော်တော်ယာဉ်အလုံးစုံအာမခံ၊ ဝန်ဆောင်ခ၊ အခွန်တွေကို အားလုံးစုပြီး ဘဏ်ကို တစ်လ ၁၃ ရာခိုင်နှုန်းပေးနေရမှာဖြစ်တဲ့အတွက် ကားတစ်စီးကို လက်ငင်းထက် ငွေအများကြီး ပိုပေးရမယ့်အချက်ပါ။ ပြီးတော့ ဘဏ်ဝန်ဆောင်ခကိုလည်း တစ်နှစ်ကို ကားတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းပေးသွင်းနေရမှာပါ။ တချို့ဘဏ်တွေဆို ပထမနှစ် ၁ ရာခိုင်နှုန်း၊ ဒုတိယ နှစ်မှာ ၂ ရာခိုင်နှုန်းဆိုပြီး နှစ်အလိုက်တဖြည်းဖြည်း တိုးကောက်တာရှိပါသေးတယ်။

အနီးစပ်ဆုံး အခုလူတွေအပြောများနေတဲ့ ဆူဇူကီးလို ကားမျိုးတွေကို အရစ်ကျဝယ်မယ်ဆိုရင် အဲဒီကားတစ်စီးကို မူလကားတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်လောက်ကနေ အရစ်ကျနဲ့ဆို ၃၀၀ ကျော် ဖြစ်သွားပါ။ ဒီကားကို မစီးလိုတော့လိုပဲဖြစ်ဖြစ်၊ ငွေလို လို့ပဲဖြစ်ဖြစ် ပြန်ရောင်းမယ်ဆို အရှုံးပိုများမှာပါ။ ဝယ်တုန်းကလည်း ရှုံး၊ ပြန်ရောင်းတော့လည်း ရှုံး ဖြစ်မှာဖြစ်တဲ့အတွက် မိအေးနှစ်ခါနာ ဖြစ်စေမှာပါ။

အထက်က ဖော်ပြပေးခဲ့တာတွေကတော့ အရစ်ကျဝယ်မယ်ဆိုရင် လိုအပ်မယ့်အရာတွေအကြောင်းနဲ့ အရစ်ကျဝယ်မယ်ဆိုရင် ရမယ့် အားသာချက်၊ အားနည်းချက်နဲ့ ဘာတွေကို သတိထားသင့်လဲဆိုတာတွေပဲဖြစ် ပါတယ်။ ဒီက ကားအရောင်းပြခန်းတွေ၊ အရောင်းစင်တာတွေမှာ အဲဒီပုံစံမျိုးနဲ့ပဲ အရစ်ကျရောင်းချနေကြတာပါ။ အရောင်းပြခန်းနဲ့ တစ်ခုနဲ့တစ်ခုက အချက်အလက်အနည်းငယ် ကွဲပြားတာပဲရှိပါတယ်။ တော်တော်များများက အထက်က အချက်အလက်တွေအတိုင်း ဝယ်ယူလို့ရနိုင်ပါတယ်။

ဟိန်းမြတ်စိုး

Credit – The Voice

http://thevoicemyanmar.com/auto-mobile/30796-car

Leave a Reply

Your email address will not be published. Required fields are marked *