ဗဟုတုသ

ၾကက္ဆီထမင္း (အလြယ္ခ်က္နည္း)

(Zawgyi)

ၾကက္ဆီထမင္း (အလြယ္ခ်က္နည္း)

ပါဝင္ေသာပစၥည္းမ်ား

၁။ ၅၀ သားရွိေသာ ၾကက္ – ၁ ေကာင္

၂။ ဆန္ – ေပါင္းအိုးမွာပါေသာ ဆန္ခ်ိန္ေသာခြက္ျဖင့္ ၃ ခြက္

၃။ ဆား – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

၄။ သၾကား – လက္ဖက္ရည္ဇြန္း ၃ ဇြန္း

၅။ ၾကက္သြန္ျဖဴ – ၃ တက္

၆။ ခ႐ုဆီ – ထမင္းစားဇြန္း ၁ ဇြန္း

၇။ ပဲငံျပာရည္အက်ဲ – ထမင္းစားဇြန္း ၁ ဇြန္း

၈။ ဂ်င္း – လက္တဆစ္

၉။ ၾကက္သြန္နီ – ဥ အေသး ၂ ဥ

၁၀။ ဆီ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

၁။ ဆန္ကိုေရေဆးထားပါ။ ၾကက္အေရခြံမ်ားကို ခြာထားၿပီး ၾကက္သားကို အတုံးႀကီးႀကီးေတြတုံးထားပါ။ ၾကက္သြန္ျဖဴကို ေထာင္းထားပါ။ ဂ်င္းကို အျပားလိုက္လွီးထားပါ။

၂။ အတုံးတုံးထားေသာ ၾကက္သားမ်ားႏွင့္ ဂ်င္းအျပားမ်ား၊ ၾကက္သြန္နီ ၂ ဥ တို႔ကို အိုးထဲထည့္၊ ေရကို ၾကက္သားမ်ား ျမဳပ္ေအာင္ထည့္ၿပီး ၾကက္ျပဳတ္ရည္လုပ္ပါ။ အနည္းဆုံး မိနစ္ ၃၀ ခန္႔တည္ပါ။ ေရကိုထပ္ထပ္ျဖည့္ေပးပါ။ (ၾကက္ဆီထမင္းထဲထည့္မည့္ ၾကက္ျပဳတ္ရည္ယူၿပီးမွ ဆားအေပါ့အငံထည့္မွာပါ။)

၃။ ၾကက္အေရခြံမ်ားကို ဒယ္အိုးတခုထဲ ထည့္၍ ဆီထြက္လာသည္အထိ လွိမ့္ပါ။ ဆီထြက္လာလွ်င္ အေရခြံမ်ား ညိဳလာပါလိမ့္မည္။ အေရခြံမ်ားကို ဖယ္လိုက္ၿပီး ေထာင္းထားေသာ ၾကက္သြန္ျဖဴကို ထည့္ရ်္ ဆီသတ္ပါ။ ၾကက္ဆီထမင္းအတြက္ဆီရပါၿပီ။ (ၾကက္ဆီထမင္းအတြက္ ဆီမွာ ၾကက္သြန္ျဖဴ အပါအဝင္ ထမင္းစားဇြန္း ၃ ဇြန္းခန္႔ရွိရပါမည္။ ၃ ဇြန္း မရွိလွ်င္ ႐ိုး႐ိုးဆီကို ၾကက္သြန္ျဖဴ ဆီခ်က္ေနတုံး ထပ္ထည့္ထားပါ။)

၄။ ေရေဆးထားေသာ ဆန္ကို ထမင္းေပါင္းအိုးထဲထည့္၊ ၾကက္ျပဳတ္ရည္ကို ထမင္းခ်က္ရင္ ေရထည့္သေလာက္ထည့္၊ ခ်က္ထားေသာ ၾကက္ဆီ ထမင္းစားဇြန္း ၃ ဇြန္းထည့္၊ သၾကား လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္၊ ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ထည့္ပါ။ ၿပီးလွ်င္ ထမင္းခ်က္သလိုခ်က္ပါ။

၅။ ျပဳတ္ထားေသာ ၾကက္သားမ်ားကို ဆယ္ပါ။ ၿပီးလွ်င္ ၾကက္သားမ်ားကို ပဲငံျပာရည္အက်ဲ
ထမင္းစားဇြန္း ၁ ဇြန္း၊ ခ႐ုဆီ ထမင္းစားဇြန္း ၁ ဇြန္း၊ သၾကား လက္ဖက္ရည္ဇြန္း ၁ ဇြန္း တို႔ျဖင့္ နယ္ပါ။ ထို႔ေနာက္ ဒယ္အိုးတခုထဲမွာ ဆီ လက္ဖက္ရည္ ဇြန္း ၁ ဇြန္း ကိုထည့္၍ နယ္ထားေသာ ၾကက္သားမ်ားကို ထည့္ၿပီး အရည္ေျခာက္ၿပီး ညိဳလာသည္အထိ အိုးပူတိုက္ပါ။ (ၾကက္သားမ်ားကို အိုးပူတိုက္လွ်င္ ဟိုဘက္ဒီဘက္ကိုပဲ အသာေလးလွန္ေပးပါ။)

၆။ ျပဳတ္ထားေသာ ၾကက္သားမ်ားကို ဒီအတိုင္းစားမည္ဆိုလွ်င္ ၾကက္ျပဳတ္ရည္ထဲကို ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ သၾကား လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ၾကက္သားမႈန္႔ လက္ဖက္ရည္ဇြန္း တ ဝက္တို႔ကိုထည့္ၿပီး ၁၅ မိနစ္ေလာက္ တည္ၿပီးမွ ၾကက္သားမ်ားကို ဆယ္ပါ။ (အိုးပူတိုက္ၾကက္သားမ်ားကို သုံးမည္ဆိုလွ်င္လဲ က်န္ေသာ ၾကက္ျပဳတ္ရည္ကို အထက္ပါအတိုင္း ထည့္ၿပီး ဟင္းရည္ ရရန္အတြက္ ခဏတည္ပါ။)

၇။ ၾကက္ဆီထမင္း ျပင္ဆင္ရန္အတြက္ ထမင္းကိုအရင္ထည့္၊ ၿပီးလွ်င္ က္သားမ်ားကိုခုတ္ၿပီးထည့္၊ သခြားသီး၊ အခ်ဥ္ရည္တို႔ျဖင့္ျပဳလုပ္ပါ။

၈။ ၾကက္ဆီထမင္း အတြက္ေဆာ့ကို ကိုယ္တိုင္ျပဳလုပ္မည္ဆိုလွ်င္ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ နံနံပင္၊ နံနံပင္အ႐ိုး၊ င႐ုတ္သီးစိမ္း၊ သံပုရာရည္၊ ၾကက္ျပဳတ္ရည္ အနည္းငယ္၊ ပဲငပိအခ်ိဳ အနည္းငယ္တို႔ကို ႀကိတ္စက္ထဲ ထည့္ႀကိတ္၍ ျပဳလုပ္ႏိုင္ပါသည္။

Credit – Ma Ei san

(Unicode)

ကြက်ဆီထမင်း (အလွယ်ချက်နည်း) ပါဝင်သောပစ္စည်းများ

၁။ ၅၀ သားရှိသော ကြက် – ၁ ကောင်

၂။ ဆန် – ပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့် ၃ ခွက်

၃။ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၄။ သကြား – လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၅။ ကြက်သွန်ဖြူ – ၃ တက်

၆။ ခရုဆီ – ထမင်းစားဇွန်း ၁ ဇွန်း

၇။ ပဲငံပြာရည်အကျဲ – ထမင်းစားဇွန်း ၁ ဇွန်း

၈။ ဂျင်း – လက်တဆစ်

၉။ ကြက်သွန်နီ – ဥ အသေး ၂ ဥ

၁၀။ ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။ ဆန်ကိုရေဆေးထားပါ။ ကြက်အရေခွံများကို ခွာထားပြီး ကြက်သားကို အတုံးကြီးကြီးတွေတုံးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ဂျင်းကို အပြားလိုက်လှီးထားပါ။

၂။ အတုံးတုံးထားသော ကြက်သားများနှင့် ဂျင်းအပြားများ၊ ကြက်သွန်နီ ၂ ဥ တို့ကို အိုးထဲထည့်၊ ရေကို ကြက်သားများ မြုပ်အောင်ထည့်ပြီး ကြက်ပြုတ်ရည်လုပ်ပါ။ အနည်းဆုံး မိနစ် ၃၀ ခန့်တည်ပါ။ ရေကိုထပ်ထပ်ဖြည့်ပေးပါ။ (ကြက်ဆီထမင်းထဲထည့်မည့် ကြက်ပြုတ်ရည်ယူပြီးမှ ဆားအပေါ့အငံထည့်မှာပါ။)

၃။ ကြက်အရေခွံများကို ဒယ်အိုးတခုထဲ ထည့်၍ ဆီထွက်လာသည်အထိ လှိမ့်ပါ။ ဆီထွက်လာလျှင် အရေခွံများ ညိုလာပါလိမ့်မည်။ အရေခွံများကို ဖယ်လိုက်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ရျ် ဆီသတ်ပါ။ ကြက်ဆီထမင်းအတွက်ဆီရပါပြီ။ (ကြက်ဆီထမင်းအတွက် ဆီမှာ ကြက်သွန်ဖြူ အပါအဝင် ထမင်းစားဇွန်း ၃ ဇွန်းခန့်ရှိရပါမည်။ ၃ ဇွန်း မရှိလျှင် ရိုးရိုးဆီကို ကြက်သွန်ဖြူ ဆီချက်နေတုံး ထပ်ထည့်ထားပါ။)

၄။ ရေဆေးထားသော ဆန်ကို ထမင်းပေါင်းအိုးထဲထည့်၊ ကြက်ပြုတ်ရည်ကို ထမင်းချက်ရင် ရေထည့်သလောက်ထည့်၊ ချက်ထားသော ကြက်ဆီ ထမင်းစားဇွန်း ၃ ဇွန်းထည့်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပါ။ ပြီးလျှင် ထမင်းချက်သလိုချက်ပါ။

၅။ ပြုတ်ထားသော ကြက်သားများကို ဆယ်ပါ။ ပြီးလျှင် ကြက်သားများကို ပဲငံပြာရည်အကျဲ
ထမင်းစားဇွန်း ၁ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ဖြင့် နယ်ပါ။ ထို့နောက် ဒယ်အိုးတခုထဲမှာ ဆီ လက်ဖက်ရည် ဇွန်း ၁ ဇွန်း ကိုထည့်၍ နယ်ထားသော ကြက်သားများကို ထည့်ပြီး အရည်ခြောက်ပြီး ညိုလာသည်အထိ အိုးပူတိုက်ပါ။ (ကြက်သားများကို အိုးပူတိုက်လျှင် ဟိုဘက်ဒီဘက်ကိုပဲ အသာလေးလှန်ပေးပါ။)

၆။ ပြုတ်ထားသော ကြက်သားများကို ဒီအတိုင်းစားမည်ဆိုလျှင် ကြက်ပြုတ်ရည်ထဲကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ ဝက်တို့ကိုထည့်ပြီး ၁၅ မိနစ်လောက် တည်ပြီးမှ ကြက်သားများကို ဆယ်ပါ။ (အိုးပူတိုက်ကြက်သားများကို သုံးမည်ဆိုလျှင်လဲ ကျန်သော ကြက်ပြုတ်ရည်ကို အထက်ပါအတိုင်း ထည့်ပြီး ဟင်းရည် ရရန်အတွက် ခဏတည်ပါ။)

၇။ ကြက်ဆီထမင်း ပြင်ဆင်ရန်အတွက် ထမင်းကိုအရင်ထည့်၊ ပြီးလျှင် က်သားများကိုခုတ်ပြီးထည့်၊ သခွားသီး၊ အချဉ်ရည်တို့ဖြင့်ပြုလုပ်ပါ။

၈။ ကြက်ဆီထမင်း အတွက်ဆော့ကို ကိုယ်တိုင်ပြုလုပ်မည်ဆိုလျှင် ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ နံနံပင်အရိုး၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ကြက်ပြုတ်ရည် အနည်းငယ်၊ ပဲငပိအချို အနည်းငယ်တို့ကို ကြိတ်စက်ထဲ ထည့်ကြိတ်၍ ပြုလုပ်နိုင်ပါသည်။

Credit – Ma Ei san

Leave a Reply

Your email address will not be published. Required fields are marked *