ဗဟုတုသ

ၾကာစြယ္၏ အံ့ၾသဖြယ္ က်န္းမာေရး ေကာင္းက်ိဳးမ်ား

(Zawgyi)

အိုမင္းရင့္ေရာ္ျခင္းကို တားဆီးေပးၿပီး ကိုယ္ခံအားစနစ္ ျမင့္တက္ေစတဲ့ ၾကာစြယ္

ေဟာ့ေပါ့တို႔၊ မာလာရွမ္းေကာတို႔မွာ မပါမျဖစ္ စားေလ့ရွိၾကတဲ့ ၾကာစြယ္မွာ အာဟာရဓာတ္ တန္ဖိုးေတြ အမ်ားႀကီး ရွိပါတယ္။ အစာေျခစနစ္ ေကာင္းေစတာ၊ ေသြးတိုးက်တာ၊ ကိုလက္စထေရာ က်ေစတာ၊ ကင္ဆာေရာဂါကို ကာကြယ္ေပးတာကေန စိတ္က်ေရာဂါ သက္သာေစတဲ့ အစြမ္းသတၱိေတြရွိေနပါတယ္။

ၾကာစြယ္ဆိုတာ ေရွးယခင္ကတည္းက အာရွတိုက္မွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာတဲ့ အစားအစာတမ်ိဳး ျဖစ္ၿပီး အဓိကအားျဖင့္ အာရွတိုက္ေတာင္ပိုင္းနဲ႔ အေရွ႕အာရွမွာ အမ်ားဆုံး ေပါက္ေရာက္ပါတယ္။ ၾကာစြယ္ေၾကာ္၊ ၾကာစြယ္ ဟင္းခ်ိဳ၊ အသားဟင္းထဲ ထည့္ခ်က္ၾကတာ စသျဖင့္ ပုံစံမ်ိဳးစုံနဲ႔ ခ်က္ေလ့ ရွိၾကတဲ့အျပင္ တိုင္းရင္းေဆးေတြထဲမွာလည္း အေျခာက္လွန္း၊ အမႈန႔္ ႀကိတ္ၿပီး သုံးေလ့ရွိပါတယ္။

ၾကာစြယ္မွာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ဗီတာမင္၊ သတၱဳဓာတ္ေတြအျပင္ ပိုတက္စီယမ္၊ ေကာ့ပါး၊ အိုင္းယြန္း၊ မဂၢနီဆီယမ္၊ ဇင့္ဓာတ္တို႔အျပင္ အမွ်င္ဓာတ္ေပါႂကြယ္ဝၿပီး ပ႐ိုတိန္းဓာတ္လည္း ပါရွိပါတယ္။ ၾကာစြယ္မွာ ဗီတာမင္စီ ၇၃ ရာခိုင္ႏႈန္းေတာင္ျဖည့္စြမ္းေပးတာမို႔ ျပင္ပက ေရာဂါပိုးမႊားေတြ မဝင္ႏိုင္ေအာင္ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးၿပီး အ႐ြယ္မတိုင္ခင္ အိုးမင္းရင့္ေရာ္မႈ မျဖစ္ေအာင္ တားဆီးေပးပါတယ္။ ဒါ့အျပင္ ဗီတာမင္စီက ႏွလုံးက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ၿပီး လူကို အႏၲရာယ္ျဖစ္ေစတဲ့ မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့က်ေစျပန္ပါတယ္။ ဗီတာမင္စီက ထိခိုက္ရွနာေၾကာင့္ ပ်က္စီးသြားတဲ့ အေရျပားေပၚက တစ္ရွဴးေတြကို ျပန္လည္ကုစားႏိုင္တာေၾကာင့္ အသားေရျပန္လည္ ၾကည္လင္လွပေစျပန္ပါတယ္။

ၾကာစြယ္မွာ မ်က္လုံးက်န္းမာေရးကို အေထာက္အကူျပဳတဲ့ ဗီတာမင္ေအေၾကာင့္ အျမင္အာ႐ုံ အားနည္းျခင္းကို သက္သာေပ်ာက္ကင္း ေစပါတယ္။ ဒါေၾကာင့္ မ်က္လုံးအားနည္းသူေတြဆို ၾကာစြယ္ကို ပုံမွန္စားေပး သင့္ပါတယ္။ အာဟာရတန္ဖိုးေတြထဲမွာ ထူးထူျခားျခားအေနနဲ႔ ၾကာစြယ္မွာပါဝင္တဲ့ ဗီတာမင္ဘီ ပါရီဒိုဇိုင္းက စိတ္တည္ၿငိမ္ေစၿပီး စိတ္က်န္းမာေရးေကာင္းေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္တဲ့။ စိတ္ဖိစီးမႈေတြ မ်ားလာၿပီး စိတ္ပိုင္းဆိုင္ရာ ဆိုး႐ြားလာတဲ့ အေျခအေနကို ေျဖေလ်ာ့ေပးႏိုင္လို႔ပါ။

ဘယ္အရာမဆို ေကာင္းက်ိဳး၊ ဆိုးက်ိဳး ဒြန္တြဲေနသလိုပဲ ၾကာစြယ္မွာလည္း က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိသလို သတိထားရမယ့္ အခ်က္ေတြလည္း ရွိပါတယ္။ တိုင္းရင္းေဆးေတြမွာ ၾကာစြယ္ေတြ ထည့္သုံးၾကလို႔ မတည့္တဲ့သူဆို သတိထားသင့္ပါတယ္။ ေနာက္ၿပီး ၾကာစြယ္ကို အိမ္မွာ၊ ဆိုင္မွာ မခ်က္ျပဳတ္ခင္ စနစ္တက် ေသခ်ာသန႔္စင္ဖို႔ လိုပါတယ္။

ၾကာစြယ္မွာ အမွတ္တမဲ့ မျမင္ႏိုင္တဲ့ ကပ္ပါးေကာင္ေလးေတြ တြယ္ကပ္ေနတတ္လို႔ ေသခ်ာ မသန႔္စင္ထားတဲ့ ၾကာစြယ္ကို စားမိရင္ ေအာ့အန္မယ္၊ ဗိုက္နာမယ္၊ ဝမ္းေလွ်ာၿပီး အူနာတဲ့အထိ ျဖစ္ႏိုင္လို႔ အထူး ဂ႐ုစိုက္သင့္ပါတယ္။

Ref: Healthy Focus

Credit – Aurora, The Irrawaddy – Burmese Edition

(Unicode)

အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး ကိုယ်ခံအားစနစ် မြှင့်တက်စေတဲ့ ကြာစွယ်

ဟော့ပေါ့တို့၊ မာလာရှမ်းကောတို့မှာ မပါမဖြစ် စားလေ့ရှိကြတဲ့ ကြာစွယ်မှာ အာဟာရဓာတ် တန်ဖိုးတွေ အများကြီး ရှိပါတယ်။ အစာခြေစနစ် ကောင်းစေတာ၊ သွေးတိုးကျတာ၊ ကိုလက်စထရော ကျစေတာ၊ ကင်ဆာရောဂါကို ကာကွယ်ပေးတာကနေ စိတ်ကျရောဂါ သက်သာစေတဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။

ကြာစွယ်ဆိုတာ ရှေးယခင်ကတည်းက အာရှတိုက်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ အစားအစာတမျိုး ဖြစ်ပြီး အဓိကအားဖြင့် အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့အာရှမှာ အများဆုံး ပေါက်ရောက်ပါတယ်။ ကြာစွယ်ကြော်၊ ကြာစွယ် ဟင်းချို၊ အသားဟင်းထဲ ထည့်ချက်ကြတာ စသဖြင့် ပုံစံမျိုးစုံနဲ့ ချက်လေ့ ရှိကြတဲ့အပြင် တိုင်းရင်းဆေးတွေထဲမှာလည်း အခြောက်လှန်း၊ အမှုန့် ကြိတ်ပြီး သုံးလေ့ရှိပါတယ်။

ကြာစွယ်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေအပြင် ပိုတက်စီယမ်၊ ကော့ပါး၊ အိုင်းယွန်း၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်တို့အပြင် အမျှင်ဓာတ်ပေါကြွယ်ဝပြီး ပရိုတိန်းဓာတ်လည်း ပါရှိပါတယ်။ ကြာစွယ်မှာ ဗီတာမင်စီ ၇၃ ရာခိုင်နှုန်းတောင်ဖြည့်စွမ်းပေးတာမို့ ပြင်ပက ရောဂါပိုးမွှားတွေ မဝင်နိုင်အောင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အရွယ်မတိုင်ခင် အိုးမင်းရင့်ရော်မှု မဖြစ်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် ဗီတာမင်စီက နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး လူကို အန္တရာယ်ဖြစ်စေတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြန်ပါတယ်။ ဗီတာမင်စီက ထိခိုက်ရှနာကြောင့် ပျက်စီးသွားတဲ့ အရေပြားပေါ်က တစ်ရှူးတွေကို ပြန်လည်ကုစားနိုင်တာကြောင့် အသားရေပြန်လည် ကြည်လင်လှပစေပြန်ပါတယ်။

ကြာစွယ်မှာ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင်အေကြောင့် အမြင်အာရုံ အားနည်းခြင်းကို သက်သာပျောက်ကင်း စေပါတယ်။ ဒါကြောင့် မျက်လုံးအားနည်းသူတွေဆို ကြာစွယ်ကို ပုံမှန်စားပေး သင့်ပါတယ်။ အာဟာရတန်ဖိုးတွေထဲမှာ ထူးထူခြားခြားအနေနဲ့ ကြာစွယ်မှာပါဝင်တဲ့ ဗီတာမင်ဘီ ပါရီဒိုဇိုင်းက စိတ်တည်ငြိမ်စေပြီး စိတ်ကျန်းမာရေးကောင်းအောင် စွမ်းဆောင်နိုင်ပါတယ်တဲ့။ စိတ်ဖိစီးမှုတွေ များလာပြီး စိတ်ပိုင်းဆိုင်ရာ ဆိုးရွားလာတဲ့ အခြေအနေကို ဖြေလျော့ပေးနိုင်လို့ပါ။

ဘယ်အရာမဆို ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေသလိုပဲ ကြာစွယ်မှာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိသလို သတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။ တိုင်းရင်းဆေးတွေမှာ ကြာစွယ်တွေ ထည့်သုံးကြလို့ မတည့်တဲ့သူဆို သတိထားသင့်ပါတယ်။ နောက်ပြီး ကြာစွယ်ကို အိမ်မှာ၊ ဆိုင်မှာ မချက်ပြုတ်ခင် စနစ်တကျ သေချာသန့်စင်ဖို့ လိုပါတယ်။

ကြာစွယ်မှာ အမှတ်တမဲ့ မမြင်နိုင်တဲ့ ကပ်ပါးကောင်လေးတွေ တွယ်ကပ်နေတတ်လို့ သေချာ မသန့်စင်ထားတဲ့ ကြာစွယ်ကို စားမိရင် အော့အန်မယ်၊ ဗိုက်နာမယ်၊ ဝမ်းလျှောပြီး အူနာတဲ့အထိ ဖြစ်နိုင်လို့ အထူး ဂရုစိုက်သင့်ပါတယ်။

Ref: Healthy Focus

Credit – Aurora, The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *