ဗဟုတုသ

ဆား၏ လက္ေတြ႔အသံုးဝင္ပံုနည္းလမ္းစံု

(Zawgyi)

ဆား၏ လက္ေတြ႔အသံုးဝင္ပံု နည္းလမ္းစံု

၁) ၾကက္ဥတစ္လံုးက်ကြဲၿပီး ၾကမ္းျပင္ေပၚမွာ ၾကက္ဥအႏွစ္တစ္ခုလံုး က်ေနတယ္ဆိုရင္ ဖိတ္က်ေနတဲ့ ၾကက္ဥအႏွစ္ေပၚကုိ ဆားႏွံ႔ေအာင္ျဖဴးေပးပါ… ၿပီးရင္ ခဏေစာင့္ပါ…. နည္းနည္းၾကာရင္ ေပျခင္းပြျခင္းမရွိဘဲ ၾကက္ဥအႏွစ္ေတြကို အမႈိက္ေဂၚနဲ႔ ေကာ္ပစ္ႏုိင္ၿပီျဖစ္ပါတယ္….

၂) စြန္းထင္းေနတဲ့ လက္ကုိင္ပုဝါေတြကို မေလွ်ာ္ဖြတ္ခင္မွာ ဆားရည္ထဲစိမ္ထားပါ… အစြန္းအထင္းေတြကို ေျပာင္စင္ေစပါတယ္…

၃) ပန္းကန္စင္ စာအုပ္စင္ စတဲ့စင္ေတြေပၚမွာ ပုရြက္ဆိတ္ေတြ တက္ေနရင္ ဆားျဖဴးေပးလိုက္ပါ… ပုရြက္ဆိတ္ေတြ ေျပးသြားပါလိမ့္မယ္….

၄) ငါးေတြကို ေၾကးခြံေတြမခၽြတ္ခင္ ဆားရည္ထဲစိမ္ထားပါ… ေၾကးခြံေတြအလြယ္တကူ ခၽြတ္ႏုိင္ပါလိမ့္မယ္…

၅) ခါခ်ၿပီးျဖဴးရတဲ့ ဆားဗူးမ်ိဳးထဲကေန ဆားေတြ အလြယ္တကူက်ေစခ်င္ရင္ ဗူးထဲမွာ ဆန္ေစ့အနည္းငယ္ ေရာေႏွာထည့္ထားပါ…

၆) အသုပ္ထဲက အရြက္ေတြမညွိဳးႏြမ္းသြားေအာင္ ဆားျဖဴးႏုိင္ပါတယ္…

၇) ၾကက္ဥေတြေကာင္းမေကာင္းစမ္းခ်င္ရင္ ဆားရည္ထည့္ထားတဲ့ခြက္ထဲစိမ္ၾကည့္ပါ…. ေကာင္းတဲ့ၾကက္ဥက နစ္သြားၿပီး မေကာင္းေတာ့တဲ့ၾကက္ဥက ေပါေလာေပၚေနပါလိမ့္မယ္…

၈) ၾကက္ဥျပဳတ္တဲ့အခါ ဆူေနတဲ့ေရေႏြးထဲ ဆားနည္းနည္းခပ္လိုက္ပါ… ကြဲေနတဲ့ၾကက္ဥေတြက သူ႔အခြံထဲမွာပဲ ရွိေနပါလိမ့္မယ္….

၉) ရႈံ႕တြေနတဲ့ပန္းသီးေတြကို ဆားအေတာ္အသင့္ခတ္ထားတဲ့ေရထဲ စိမ္ထားလိုက္ရင္ ျပန္ျပည့္တင္းၿပီး ၾကည့္ေကာင္းသြားပါလိမ့္မယ္…

၁၀) မုန္႔လုပ္တဲ့ဒယ္ျပားကို ဆားနဲ႔ပြတ္ေပးထားရင္ မုန္႔ေတြမကပ္ေတာ့ပါဘူး….

၁၁) သြားတိုက္တံကုိ မသံုးခင္ဆားရည္ထဲစိမ္ထားျခင္းျဖင့္ သက္တမ္းပိုၾကာၾကာ အသံုးျပဳႏုိင္ပါတယ္…

၁၂) ေကာ္ဖီအိုးကိုအေရာင္ခၽြတ္တဲ့အခါ ဆားနဲ႔ပြတ္ၿပီးခၽြတ္ႏိုင္ပါတယ္…

၁၃) ဆားနဲ႔ တာပင္တုိင္ကုိေရာၿပီး ေၾကြေရဇလားေတြ အိမ္သာခြက္ေတြကို ျဖဴေအာင္ေဆးႏုိင္ပါတယ္…

Credit – ႏိႈင္းရင့္ေႏြ

(Unicode)

ဆား၏ လက်တွေ့အသုံးဝင်ပုံ နည်းလမ်းစုံ

၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံး ကျနေတယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ… ပြီးရင် ခဏစောင့်ပါ…. နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်….

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ… အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်…

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေ တက်နေရင် ဆားဖြူးပေးလိုက်ပါ… ပုရွက်ဆိတ်တွေ ပြေးသွားပါလိမ့်မယ်….

၄) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ… ကြေးခွံတွေအလွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်…

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေ အလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ် ရောနှောထည့်ထားပါ…

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်…

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲစိမ်ကြည့်ပါ…. ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်ဥက ပေါလောပေါ်နေပါလိမ့်မယ်…

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ… ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်….

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်…

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး….

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်…

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်…

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်…

Credit – နှိုင်းရင့်နွေ

Leave a Reply

Your email address will not be published. Required fields are marked *