ဗဟုတုသ

ကြက်ဥဟာ ပရိုတင်းဓာတ်အကြွယ်ဝဆုံး အစားအစာတစ်မျိုးပါ

ကြက်ဥဟာ ပရိုတင်းဓာတ်အကြွယ်ဝဆုံး အစားအစာတစ်မျိုးပါ ?
——————————————————————–

ဆေးပညာအရပြောရမယ်ဆိုရင် Nutritive Value ၁၀၀ % ပါဝင်တဲ့ အစားအစာတစ်မျိုးပါ ။ကြက်ဥ အကာမှာ ပရိုတင်းဓာတ် ၆၀ % ပါဝင်ပြီး အနှစ်မှာ ၄၀ % ပါဝင်ပါတယ်။

? ကြက်ဥတွေကို ရေခဲသေတ္တာရဲ့ အအေးဆုံးနေရာမှာ 1- 4 C မှာ သိမ်းထားခြင်းက ကြက်ဥ Quality ကိုထိန်းပေးနိုင်ပြီး ကြက်ဥအခွံမှ Bacteria ၀င်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ အပူချိန်မှာ သိမ်းထားခြင်းဖြင့် ကြက်ဥကို ၀ယ်လာပြီး ၃ ပတ်မှ ၅ ပတ်ထိပဲ သိမ်းထားနိုင်မှာဖြစ်ပါတယ်။ ၅ ပတ်ကျော်သိမ်းထားသော ကြက်ဥများကို သိမ်းမထားသင့်ပါ။ ကြက်ဥကို မချက်ပြုတ်ခင်မှာလည်း ရေတစ်ခေါက်ဆေးပေးဖို့လိုပါတယ်။

? ကြက်ဥမှာ ကယ်လိုရီပမာဏ ၇၈ ပဲရှိပါတယ်။
ကြက်ဥအစိမ်းတစ်လုံးမှာ Vitamin C မှလွဲ၍ အခြား Vitamin နှင့် Mineral များစွာပါဝင်ပါတယ်။

? ကြက်ဥအကာတွင် ပရိုတင်းဓာတ်ကြွယ်ဝသလို အနှစ်တွင်လည်း ကယ်စီယမ်၊မက်နီစီယမ် ၊ သံဓာတ်၊ ဖော့စဖောရတ်၊ ဇင့်၊ ဖောလစ်အက်စစ်၊ Vitamin B1, B6, B12, B9, Biotin, A , D , E , Omega 3 , Choline , Lutein နှင့် Zeaxanthin တို့ ပါရှိပါတယ်။ ကြက်ဥမှာပါတဲ့ Choline ဓာတ်ဟာ ဥာဏ်ရည်ဖွံ့ဖြိုးစေပြီး မှတ်ဥာဏ်အားကောင်းစေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးပါတယ်။ ကြက်ဥမှာပါတဲ့ Riboflavin က ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ကျီးကန်းပါးစပ်လိုအနာကို သက်သာစေပါတယ်။

? ကြက်ဥမှာ Lutein နဲ့ Zeaxanthin ဓာတ်တိုးကာကွယ်ပစ္စည်းများပါဝင်တဲ့အတွက် ထိခိုက်စေသော အလင်းရောင်အန္တရာယ်မှ ကာကွယ်ပေးပြီး မျက်စိအမြင်ကို ကြည်လင်ပြတ်သားအောင် ကာကွယ်ပေးပါတယ် ။

? ကြက်ဥထဲမှာပါတဲ့ Vitamin D ဟာ ကယ်စီယမ်ဓာတ်ကို ပိုမိုစုပ်ယူပေးတာကြောင့် အရိုးနဲ့သွားတွေကို ခိုင်မာစေပါတယ် ။

? ကြက်ဥမှာ Vitamin B9 (Folic acid ) ပါဝင်ခြင်းကြောင့် သန္ဓေသားဖြစ်တည်မှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုအားကောင်းစေတဲ့အတွက် ကလေးယူဖို့စီစဉ်နေသူတွေအတွက် ကြက်ဥပုံမှန်စားသုံးပေးခြင်းက အထောက်အကူပြုပါတယ်။

? ကြက်ဥထဲမှာပါတဲ့ Biotin, B9 နဲ့ Protein Albumin ဟာ အသားအရေကို တင်းရင်းကြယ်လင်ဝင်းပစေရုံမက ဆံပင်ကိုပါ သံစွမ်းစေပါတယ်။ ကြက်ဥအကာနှင့် သံလွင်ဆီပေါင်းပြီး ၁ ပတ် ၂ ခါ မိနစ် ၂၀ ခန့်ပေါင်းတင်ပေးခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။

? ကြက်ဥမှာ ပရိုတင်းဓာတ်အဓိကပါတာဖြစ်လို့ ၀ိတ်ချလိုသူတွေအတွက်နဲ့ ကလေးတွေအတွက် အထူးသင့်တော်တဲ့ အစားအစာတစ်ခုပါ ။ ကြက်ဥပါတွဲစားတဲ့ အစားအစာစားထားရင် အချိန်ကြာကြာဗိုက်ပြည့်နေတာကြောင့် နေ့လည်စာမှာ သာမန်ထက်လျော့စားမိမှာဖြစ်ပြီး ညစာကြက်ဥတစ်လုံးစားပေးခြင်းဖြင့် အဆာခံနိုင်တဲ့အတွက် ကယ်လိုရီသိပ်မတက်တော့ ၀ိတ်လျော့ရာမှာ အကူအညီပေးပါတယ် ။

? သုနေတနတွေ့ရှိချက်အရ အသက် ၆ လမှစပြီး ကြက်ဥတစ်လုံးကို ဖြည့်စွက်စာအနေနဲ့ ကျွေးခြင်းဖြင့် ကလေးကြီးထွားနှုန်းမှာ အထောက်အကူပြုပါတယ် ။

? ကြက်ဥအနှစ်မှာ Cholestrol ပါတယ်ဆိုပြီး တစ်ချို့လူတွေက မစားကြပါဘူး ။ ခန္ဓာကိုယ်ဟာ Cholestrol တစ်နေ့ကို 300 mg ခန့်လိုအပ်ပါတယ် ။ကြက်ဥမှာပါတဲ့ Cholestrol က ကျန်းမာရေးအတွက် ဆိုးကျိုးမပေးတဲ့ Cholestrol ပါ ။ ကြက်ဥမှာ Cholestrol 220 mg ပဲပါတဲ့အတွက် အကာရောအနှစ်ရော ၂ လုံးထိစားရင်တော့ ဘေးဥပဒ်မဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်မှ Cholestrol ထုတ်လုပ်မှုကိုပါ လျော့ချပေးပါတယ် ။

? ကြက်ဥမှာ Omega 3 Fatty Acid ပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးပါတယ် ။ ပုံမှန်လူတစ်ယောက်ဟာ တစ်နေ့ကို ကြက်ဥ အနည်းဆုံး ၂ လုံးစားသင့်ပါတယ် ။ အနှစ်ပါစားမှ အကျိုးများမှာဖြစ်ပါတယ် ။

ဒေါက်တာ ခင်သူဇာကျော်
#ကြက်ဥ #egg

 

Leave a Reply

Your email address will not be published. Required fields are marked *