ဗဟုတုသ

ေဆာင္းရာသီမွာျဖစ္တတ္တဲ့ ေျခဖေနာင့္ကြဲျခင္းကို အျမန္ေပ်ာက္ေစမယ့္ အိမ္တြင္းေဆးမ်ား

(Zawgyi)

ေဆာင္းရာသီမွာျဖစ္တတ္တဲ့ ေျခဖေနာင့္ကြဲျခင္းကို အျမန္ေပ်ာက္ေစမယ့္ အိမ္တြင္းေဆးမ်ား

ေဆာင္းရာသီဆုိရင္ အပူအေအး မမွ်တတဲ့ လူေတြဟာ ေျခေထာက္ကြဲျခင္း၊ ႏႈတ္ခမ္း၊ လွ်ာကြဲျခင္း စတာေတြ ျဖစ္တတ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ သင့္မွာ ေျခဖေနာင့္ကြဲ၊ ေျခဖဝါးကြဲ ျဖစ္လာခဲ့ရင္ အိမ္တြင္းေဆးေတြနဲ႔ အလြယ္ေပ်ာက္ေအာင္ လုပ္လုိ႔ ရတယ္ဆုိတာပါ။ အမ်ားသိေအာင္ မွ်ေဝသြားၾကပါဦးေနာ္။

(၁) သံပုယုိအရည္

ေျခေထာက္ကြဲ၊ ေျခဖေနာင့္ကြဲေတြကုိ အရင္ဆုံး ေရနဲ႔ေဆးေၾကာ သန္႔စင္လုိက္ပါ။ ၿပီးရင္ ေရေျခာက္ေအာင္ ေခတၱထားၿပီး သံပုယုိသီးႏွစ္လုံးလာက္ကို အရည္ညႇစ္ပါ။ ယင္းေနာက္ နားၾကပ္တံကဲ့သုိ႔ အရာကို အသုံးျပဳၿပီး ကြဲေနတဲ့ေနရာေတြကုိ သုတ္လိမ္းေပးပါ။ ဆယ္မိနစ္ေလာက္ၾကာရင္ ပြလာတဲ့အခါ ေျခပြတ္ေက်ာက္နဲ႔ ပြတ္ပစ္ပါ။

(၂) သံလႊင္ဆီ

အထက္ပါနည္းအတုိင္း ျပဳလုပ္ၿပီးလွ်င္ သံလြင္ဆီနဲ႔ ေျခေထာက္အကြဲေနရာေတြကို စိမ့္ဝင္ေအာင္ လိမ္းေပးပါ။ ေျခာက္ေသြ႕ကြဲအက္မႈကို သံလြင္ဆီက ကာကြယ္ေပးႏုိင္ၿပီး ေျခေထာက္ မာေၾကာခက္ထန္မႈကိုလည္း ႏူးညံ့သြားေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။

(၃) Vaseline အဆီ

အသားေရအတြက္ သုံးေလ့ရွိတဲ့ Vaseline အဆီကလည္း ေျခဖေနာင့္ကြဲဒဏ္ရာေတြအတြက္ အေတာ္ေလးကို အသုံးတည့္ပါတယ္။ အဆီျပစ္ျပစ္ဆုိ ပုိေကာင္းပါတယ္။ Vaseline အဆီကို အမ်ိဳးမ်ိဳး သုံးလုိ႔ရၿပီး၊ သံလြင္ဆီမရွိသူေတြ အသင့္ေတာ္ဆုံးပါ။

(၄) သၾကားအညိဳ

သၾကားအညိဳကလည္း ေျခဖေနာင့္ကြဲဒဏ္ရာေတြကုိ သက္သာေပ်ာက္ကင္းေစႏုိင္ပါတယ္။ သူ႕ကိုေတာ့ သံလြင္ဆီ လက္ဖက္ရည္ဇြန္း (၂)ဇြန္းေလာက္နဲ႔ ေရာစပ္ၿပီး၊ ေျခဖေနာင့္ကြဲေတြကုိ လိမ္းေပးပါ။ သၾကားအညိဳ မရဘူးဆုိရင္လည္း သၾကားအျဖဴကုိ သုံးႏုိင္ပါတယ္။ ဆယ္မိနစ္ေလာက္ ထားၿပီး ေရေဆးလုိက္ပါ။

(၅) ပ်ားရည္

အိမ္တုိင္းမွာ အလြယ္ရွိႏုိင္တဲ့ ပ်ားရည္ကလည္း ဖေနာင့္ကြဲဒဏ္ရာေတြအတြက္ သုံးလုိ႔ရပါတယ္။ ပ်ားရည္ႏွစ္ဇြန္းခန္႔ကို ေရေႏြးပူပူနဲ႔ ေရာစပ္ေဖ်ာ္ပါ။ ၿပီးရင္ အနည္းငယ္ေႏြးေအာင္ ေစာင့္ၿပီး ဒဏ္ရာေတြကုိ သုတ္လိမ္းေပးပါ။ ဖေနာင့္ကြဲဒဏ္ရာေတြကို ဒီနည္းေတြနဲ႔ တစ္ရက္တည္း မေပ်ာက္ရင္ ႏွစ္ရက္သုံးရက္ လုပ္ေပးပါ။ ရက္ပုိင္းအတြင္း ေပ်ာက္သြားပါလိမ့္မယ္။

Credit – လင္းေဇာ္ကုိ (MyanmarNote)

(Unicode)

ဆောင်းရာသီမှာဖြစ်တတ်တဲ့ ခြေဖနောင့်ကွဲခြင်းကို အမြန်ပျောက်စေမယ့် အိမ်တွင်းဆေးများ

ဆောင်းရာသီဆိုရင် အပူအအေး မမျှတတဲ့ လူတွေဟာ ခြေထောက်ကွဲခြင်း၊ နှုတ်ခမ်း၊ လျှာကွဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ သင့်မှာ ခြေဖနောင့်ကွဲ၊ ခြေဖဝါးကွဲ ဖြစ်လာခဲ့ရင် အိမ်တွင်းဆေးတွေနဲ့ အလွယ်ပျောက်အောင် လုပ်လို့ ရတယ်ဆိုတာပါ။ အများသိအောင် မျှဝေသွားကြပါဦးနော်။

(၁) သံပုယိုအရည်

ခြေထောက်ကွဲ၊ ခြေဖနောင့်ကွဲတွေကို အရင်ဆုံး ရေနဲ့ဆေးကြော သန့်စင်လိုက်ပါ။ ပြီးရင် ရေခြောက်အောင် ခေတ္တထားပြီး သံပုယိုသီးနှစ်လုံးလာက်ကို အရည်ညှစ်ပါ။ ယင်းနောက် နားကြပ်တံကဲ့သို့ အရာကို အသုံးပြုပြီး ကွဲနေတဲ့နေရာတွေကို သုတ်လိမ်းပေးပါ။ ဆယ်မိနစ်လောက်ကြာရင် ပွလာတဲ့အခါ ခြေပွတ်ကျောက်နဲ့ ပွတ်ပစ်ပါ။

(၂) သံလွှင်ဆီ

အထက်ပါနည်းအတိုင်း ပြုလုပ်ပြီးလျှင် သံလွင်ဆီနဲ့ ခြေထောက်အကွဲနေရာတွေကို စိမ့်ဝင်အောင် လိမ်းပေးပါ။ ခြောက်သွေ့ကွဲအက်မှုကို သံလွင်ဆီက ကာကွယ်ပေးနိုင်ပြီး ခြေထောက် မာကြောခက်ထန်မှုကိုလည်း နူးညံ့သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

(၃) Vaseline အဆီ

အသားရေအတွက် သုံးလေ့ရှိတဲ့ Vaseline အဆီကလည်း ခြေဖနောင့်ကွဲဒဏ်ရာတွေအတွက် အတော်လေးကို အသုံးတည့်ပါတယ်။ အဆီပြစ်ပြစ်ဆို ပိုကောင်းပါတယ်။ Vaseline အဆီကို အမျိုးမျိုး သုံးလို့ရပြီး၊ သံလွင်ဆီမရှိသူတွေ အသင့်တော်ဆုံးပါ။

(၄) သကြားအညို

သကြားအညိုကလည်း ခြေဖနောင့်ကွဲဒဏ်ရာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သူ့ကိုတော့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၂)ဇွန်းလောက်နဲ့ ရောစပ်ပြီး၊ ခြေဖနောင့်ကွဲတွေကို လိမ်းပေးပါ။ သကြားအညို မရဘူးဆိုရင်လည်း သကြားအဖြူကို သုံးနိုင်ပါတယ်။ ဆယ်မိနစ်လောက် ထားပြီး ရေဆေးလိုက်ပါ။

(၅) ပျားရည်

အိမ်တိုင်းမှာ အလွယ်ရှိနိုင်တဲ့ ပျားရည်ကလည်း ဖနောင့်ကွဲဒဏ်ရာတွေအတွက် သုံးလို့ရပါတယ်။ ပျားရည်နှစ်ဇွန်းခန့်ကို ရေနွေးပူပူနဲ့ ရောစပ်ဖျော်ပါ။ ပြီးရင် အနည်းငယ်နွေးအောင် စောင့်ပြီး ဒဏ်ရာတွေကို သုတ်လိမ်းပေးပါ။ ဖနောင့်ကွဲဒဏ်ရာတွေကို ဒီနည်းတွေနဲ့ တစ်ရက်တည်း မပျောက်ရင် နှစ်ရက်သုံးရက် လုပ်ပေးပါ။ ရက်ပိုင်းအတွင်း ပျောက်သွားပါလိမ့်မယ်။

Credit – လင်းဇော်ကို (MyanmarNote)

Leave a Reply

Your email address will not be published. Required fields are marked *