ဗဟုတုသ

အဆုတ္ကင္ဆာကို ကာကြယ္ေပးတဲ့ မီးဖိုေခ်ာင္ထဲက စားစရာ ႏွစ္မ်ိဳး

အဆုတ္ကင္ဆာကို ကာကြယ္ေပးတဲ့ မီးဖိုေခ်ာင္ထဲက စားစရာ ႏွစ္မ်ိဳး

ယေန႔ေခတ္မွာ အျဖစ္မ်ားလာတဲ့ အဆုတ္ကင္ဆာ ေရာဂါအတြက္ မီးဖိုေခ်ာင္တိုင္းမွာရွိတဲ့ ဟင္းခ်က္ပစၥည္းႏွစ္မ်ိဳးဟာ အေကာင္းဆံုး ေဆးဝါးျဖစ္ေၾကာင္း ပညာရွင္ေတြက ေတြ႔ရွိခဲ့ပါတယ္။

ဟင္းခ်က္ရာမွာ လူေတြေန႔စဥ္ အသံုးျပဳၾကတဲ့ င႐ုပ္သီးနဲ႔ ဂ်င္းမွာ ပါဝင္တဲ့ ဓာတ္ပစၥည္းေတြဟာ အနာဂတ္မွာ အဆုတ္ကင္ဆာ ျဖစ္ပြားႏုိင္ေခ်ရွိတာေတြကို ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။
အေမရိကန္ဓာတုေဗဒအသင္းက သိပၸံပညာရွင္ေတြက ဒီအခ်က္ကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

င႐ုတ္သီးနဲ႔ ဂ်င္းကို တြဲဖက္စားသံုးလိုက္တဲ့အခါ ကင္ဆာကို ကာကြယ္ႏုိင္မႈဟာ ပိုၿပီးထိေရာက္မႈ ရွိလာတာျဖစ္ပါတယ္။ ဂ်င္းမွာ ပါဝင္တဲ့ အနံ႔ျပင္းျပင္းဓာတ္၊ 6-ginergol ဓာတ္ေတြဟာ ကင္ဆာျဖစ္လာႏုိင္ေခ်ရွိျခင္းကို ကာကြယ္တိုက္ဖ်က္ေပးတာပါ။ င႐ုပ္႐ွည္ေတာင့္မွာ ပါဝင္္တဲ့ capsaicin ကလည္း ဒီလိုအစြမ္းသတၱိမ်ိဳးရွိၿပီး ဒီဓာတ္ႏွစ္ခု ေပါင္းစပ္သြားတဲ့အခါ အဆုတ္ကင္ဆာကုိ ကာကြယ္ေပးတဲ့ အက်ိဳးေက်းဇူး ရလာတာ ျဖစ္ပါတယ္။

သိပၸံပညာရွင္ေတြဟာ ၾကြက္ေတြနဲ႔ စမ္းသပ္ခဲ့မႈအရ င႐ုပ္ရွည္ေတာင့္မွာ ပါဝင္တဲ့ capsaicin ဓာတ္တစ္မ်ိဳးတည္း စားသံုးမယ္ဆိုရင္ေတာ့ အဆုတ္ကင္ဆာဆဲလ္ေတြကို ပိုၿပီးပြားမ်ားလာေစႏုိင္တာကို ေတြ႔ခဲ့ရပါတယ္။ ဒါေပမဲ့ အဲဒီဓာတ္ဟာ ဂ်င္းနဲ႔ ေပါင္းစပ္လိုက္ရင္ေတာ့ ဆန္႔က်င္ဘက္ ဓာတ္သတၱိထြက္လာၿပီး ကင္ဆာကို တိုက္ဖ်က္ေပးတာ ျဖစ္ပါတယ္။

သုေတသီေတြ င႐ုတ္သီးနဲ႔ ဂ်င္းေပါင္းစပ္ရင္ ရလာမယ့္ ဒီအက်ိဳးေက်းဇူးကုိ စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ အစားအေသာက္ဂ်ာနယ္ မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Source : The Sun

Credit-Original Uploader

(Unicode)

အဆုတ်ကင်ဆာကို ကာကွယ်ပေးတဲ့ မီးဖိုချောင်ထဲက စားစရာ နှစ်မျိုး

ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ အဆုတ်ကင်ဆာ ရောဂါအတွက် မီးဖိုချောင်တိုင်းမှာရှိတဲ့ ဟင်းချက်ပစ္စည်းနှစ်မျိုးဟာ အကောင်းဆုံး ဆေးဝါးဖြစ်ကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ဟင်းချက်ရာမှာ လူတွေနေ့စဉ် အသုံးပြုကြတဲ့ ငရုပ်သီးနဲ့ ဂျင်းမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အနာဂတ်မှာ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေရှိတာတွေကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
အမေရိကန်ဓာတုဗေဒအသင်းက သိပ္ပံပညာရှင်တွေက ဒီအချက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ငရုတ်သီးနဲ့ ဂျင်းကို တွဲဖက်စားသုံးလိုက်တဲ့အခါ ကင်ဆာကို ကာကွယ်နိုင်မှုဟာ ပိုပြီးထိရောက်မှု ရှိလာတာဖြစ်ပါတယ်။ ဂျင်းမှာ ပါဝင်တဲ့ အနံ့ပြင်းပြင်းဓာတ်၊ 6-ginergol ဓာတ်တွေဟာ ကင်ဆာဖြစ်လာနိုင်ချေရှိခြင်းကို ကာကွယ်တိုက်ဖျက်ပေးတာပါ။ ငရုပ်ရှည်တောင့်မှာ ပါဝင်တဲ့ capsaicin ကလည်း ဒီလိုအစွမ်းသတ္တိမျိုးရှိပြီး ဒီဓာတ်နှစ်ခု ပေါင်းစပ်သွားတဲ့အခါ အဆုတ်ကင်ဆာကို ကာကွယ်ပေးတဲ့ အကျိုးကျေးဇူး ရလာတာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့မှုအရ ငရုပ်ရှည်တောင့်မှာ ပါဝင်တဲ့ capsaicin ဓာတ်တစ်မျိုးတည်း စားသုံးမယ်ဆိုရင်တော့ အဆုတ်ကင်ဆာဆဲလ်တွေကို ပိုပြီးပွားများလာစေနိုင်တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီဓာတ်ဟာ ဂျင်းနဲ့ ပေါင်းစပ်လိုက်ရင်တော့ ဆန့်ကျင်ဘက် ဓာတ်သတ္တိထွက်လာပြီး ကင်ဆာကို တိုက်ဖျက်ပေးတာ ဖြစ်ပါတယ်။

သုတေသီတွေ ငရုတ်သီးနဲ့ ဂျင်းပေါင်းစပ်ရင် ရလာမယ့် ဒီအကျိုးကျေးဇူးကို စိုက်ပျိုးမွေးမြူရေးနဲ့ အစားအသောက်ဂျာနယ် မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Source : The Sun

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *