ဗဟုတုသ

ကျောက်ကပ်ရောဂါ ခံစားနေရသူတိုင်းအတွက် အကောင်းဆုံး အစားအစာများ

ကျောက်ကပ်ရောဂါ ခံစားနေရသူတိုင်းအတွက် အကောင်းဆုံး အစားအစာများ

ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ လူတွေထဲမှာ ကိုယ်ပါနေပြီလား။ တကယ်လို့သာ တန်ဖိုးထားရတဲ့ ကျောက်ကပ်လေးနှစ်ခု မကျန်းမမာဖြစ်နေရင် ဂရုတစိုက် စားသင့်တဲ့ အစားအစာနဲ့ သစ်သီးဝလံတွေကို ဖော်ပြပေးလိုက်ပါတယ်။

-ပန်းမုံလာမှာ ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ ဖောလစ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် စားကို စားသင့်ပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး အမျှင်ဓာတ်လည်း ပြည့်ဝနေတာကြောင့် စူပါအစားအစာပါနော်။

-အနီရင့်ရောင် နီညိုရောင်သန်းနေတဲ့ စပျစ်သီးတွေဟာ ဗီတာမင်စီ ပြည့်ဝနေရုံသာမက ဖလေဗနွိုက်တွေ ကြွယ်ဝနေတာကြောင့် ရောင်ရမ်းနေတာတွေကို ထိရောက်စွာ လျော့ကျစေပါတယ်။ နှလုံးကျန်းမာဖို့ ကောင်းတဲ့အပြင် ဆီးချိုကာကွယ်ဖို့ရော မှတ်ဉာဏ်ကောင်းလာဖို့ရော ထောက်ကူပေးပါတယ်။

-ကြက်ဥအကာ စားသုံးခြင်းဖြင့် ပရိုတင်းဓာတ် ရရှိစေသလို ဖော့စဖရပ်ကိုလည်း တားပြီးသား ဖြစ်စေပါတယ်။

-ကြက်သွန်ဖြူဟာ ဗီတာမင်စီနဲ့ ဘီစစ် ပါဝင်ပြီး အရောင်ကျစေပါတယ်။

-သံလွင်ဆီမှာ ကျန်းမာစေတဲ့ အဆီဓာတ်တွေ အပြည့်အဝ ပါဝင်နေသလို တခြားအဆီတွေနဲ့ မတူဘဲ ဝိတ်တက်တာကိုလည်း အထူးကာကွယ်ပါတယ်။

– ဂေါ်ဖီထုပ်မှာ ဗီတာမင်စီ၊ ကေနဲ့ ဘီစစ်ဓာတ်တွေ ပါဝင်တဲ့အပြင် ဝမ်းချုပ်တာကို ကာကွယ်ပေးတဲ့ အမျှင်ဓာတ် အကောင်းစားတွေ ပါဝင်နေပါတယ်။

-အရေခွံမပါတဲ့ ကြက်သားမှာ ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေတဲ့ဓာတ်တွေ နည်းပါးတဲ့အပြင် အရည်အသွေး မြင့်မားတဲ့ပရိုတင်းဓာတ်ကိုပါ ရရှိစေပါတယ်။

-ငရုတ်ပွတောင့်တွေမှာ ဗီတာမင်စီအပြည့်ပါသလို ဗီတာမင်အေ ပါဝင်တာကြောင့် သူတို့နှစ်ဦးမှာရှိတဲ့ ပေါင်းစပ်မှုအားဖြင့် ကိုယ်ခံအားကို မြင့်တက်စေပါတယ်။

-ကြက်သွန်နီဥတွေမှာ မဂ္ဂနီဆီယမ်၊ ဘီဓာတ်တွေ၊ အမျှင်ဓာတ်တွေ ပေါကြွယ်နေတာကြောင့် အကောင်းဆုံး အစားအစာအဖြစ် ရပ်တည်နေပါတယ်။

-မက်ဂဒေးမီးယားစေ့လို့ခေါ်တဲ့ ဘူးလေးတွေနဲ့ ပါကင်ပိတ်လာတဲ့ အစေ့အဆံလေးတွေမှာ ဗီတာမင်ဘီ၊ ကော့ပါး၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်နေပါတယ်။

-မုန်လာဥဖြူဟာ ဗီတာမင်စီ ကြွယ်ဝသလို နှလုံးရောဂါနဲ့ မျက်စိ တိမ်ကျတာကို ကာကွယ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါဝင်နေပါတယ်။ ပဲစိမ်းစားဥဟာလည်း ဗီတာမင် ဘီ၊ စီ၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လဆီယမ်ဓာတ်တွေ ပြည့်လျှံနေတဲ့ အစားအစာ ဖြစ်ပါတယ်။

-နာနတ်သီးဟာ တခြားအသီးတွေနဲ့ ယှဉ်လိုက်ရင် ကျောက်ကပ်ကို အန္တရာယ်ပေးနိုင်တဲ့ဓာတ် နည်းပါးပြီး အမျှင်ဓာတ် ဗီတာမင်ဘီစစ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်အပြင် ရောင်ရမ်းခြင်းကို လျော့စေတဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်ပါတယ်။

ဒါတွေကတော့ ကျောက်ကပ်ကို ကောင်းကျိုးဖြစ်စေတဲ့ အကောင်းဆုံးအစားအစာတွေပါ။ ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုသလိုပဲ သင့်တော်မျှတစွာ စားသုံးမှ အဆင်ပြေ ကောင်းမွန်မျှတတဲ့ အာဟာရမျှခြေတစ်ခုကို ဖန်တီးနိုင်မှာပါ။

ကျောက်ကပ် မကောင်းဘူးဆိုရင် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး စားသုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း)

DrMyanmar

Leave a Reply

Your email address will not be published. Required fields are marked *