ဗဟုတုသ

ဖျားနာနေသောအချိန်မှာ ရေသောက်ခြင်းနှင့် အခြားကုသနည်းမျာ

ဖျားနာနေသောအချိန်မှာ ရေသောက်ခြင်းနှင့် အခြားကုသနည်းများ

====================
====================

လူတစ်ယောက်မှာ အဖျားရှိနေရင် သူ့ခန္ဓာကိုယ်က ရောဂါနဲ့ နပမ်းသတ်နေရတာပါ။ လူတစ်ယောက်ရဲ့ သာမန်ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီရှိပြီးတော့ ကလေးတွေမှာတော့ အပူချိန်ပိုများပါတယ်။ လူအများစုက အပူကြီးပြီဆိုရင်တော့ ၁၀၃ ဒီဂ၇ီအထိတော့ ခံနိုင်ရည်ရှိကြပါတယ်။ တစ်ခါဖျားပြီဆိုရင် သုံးရက်ကနေ လေးရက်အထိကြာမြင့်ပါတယ်။

လူတစ်ယောက်ဖျားနာပြီဆိုရင် စွမ်းအင်တွေလည်းလျော့ကျလာမယ်၊ ပင်ပန်းနွမ်းနယ်ပြီးတော့ အစား စားချင်စိတ်လည်း မရှိပါဘူး။ လက္ခဏာတွေအနေနဲ့ကတော့ ချွေးထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရပါတယ်။

ဖျားနာနေတဲ့အချိန်မှာ ခန္ဓာကိုယ်ကိုအေးသွားအောင်ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာရခြင်းက အထဲကဘက်တီးရီးယားတွေနဲ့ တိုက်ခိုက်နေရတာကြောင့် ခန္ဓာကိုယ်ကိုအေးအောင်ပြုလုပ်မယ်ဆို ဘက်တီးရီးယားတွေကို အားပေးအားမြောက်ပြုတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့လည်း အနည်းငယ်အေးမြမှ သက်တောင့်သက်သာဖြစ်မယ်ဆိုသူတွေကတော့ ကြက်သီးနွေးရေနဲ့ ရေချိုးပေးလို့ ရပါတယ်။ ရေခဲအသုံးပြုပြီး အေးအောင်ပြုလုပ်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။ ပေါ့ပါးပြီးတော့ လေဝင်လေထွက်ကောင်းမယ့် အင်္ကျီမျိုးပဲ ရွေးချယ်ဝတ်ဆင်ပါ။

ကိုယ်ပူခြင်းနဲ့ ရေ၏အရေးပါမှု

အဖျားရှိနေတဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်က ဆဲလ်ထဲကရေဓာတ်တွေကို လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲကို ရေဓာတ်ပြန်ဖြည့်ပေးဖို့က အရေးကြီးပါတယ်။ ချွေးအလွန်အကျွံထွက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းသွားခြင်းတို့ကြောင့် ပုံမှန်ထက်ပိုပြီး ရေဓာတ်ဆုံးရှုံးပါတယ်။ ဒါ့ကြောင့် ကုန်ဆုံးသွားတဲ့ရေဓာတ်တွေကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ရေများများသောက်ဖို့ လိုအပ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းက သင်ခံစားနေရတဲ့ ဝေဒနာတွေကိုပိုမိုဆိုးရွားစေပါတယ်။ ဒါ့အပြင် သွေးပေါင်ကျခြင်း၊ နှလုံးခုန်မြန်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အိပ်ရာထဲမှာပဲလှဲနေရပြီး လှုပ်လှုပ်ရှားရှားမရှိပေမဲ့လဲ ရေဓာတ်ကုန်ခမ်းနိုင်တာကြောင့် လူကြီးများအနေနဲ့ တစ်နေ့ကို ရေ ၁၀ ခွက် သောက်သုံးသင့်ပြီး ကလေးများအနေနဲ့ ၆ ခွက်ကနေ ၁၀ ခွက် အတွင်း သောက်သင့်ပါတယ်။ ခန္ဓာကိုယ်ထဲမှ ဗိုင်းရစ်နဲ့ ဘက်တီးရီးယားများကို ရေကဖယ်ရှားပေးမှာပါ။

သဘာဝဆေးနည်းများ

ကြက်သွန်နီကို အကွင်းလိုက်လှီးပြီး ခြေဖဝါးပေါ်တင်ကာ ခြေအိတ်စွပ်ထားလိုက်ပါ။ ကြက်သွန်နီက အညိုရောင်ပြောင်းသွားပြီဆိုရင် အဖျားကျသွားပါပြီ။

ခြေအိတ်ကို ရှာလကာရည်နဲ့ထည့်စိမ်ထားပြီးနောက် ခြေထောက်ပေါ်တင်ပေးခြင်းကလည်း အဖျားကျစေပါတယ်။

ရေနွေးပူထဲကို ကြက်သွန်ဖြူထည့်ပြီး သောက်ပေးခြင်းဖြင့် ခံစားနေရတဲ့အဖျားဝေဒနာသက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

==========

Wave Plus Purified Drinking Water

Leave a Reply

Your email address will not be published. Required fields are marked *