ဗဟုတုသ

ေျခသလံုး ၾကြက္တက္ရျခင္း အေၾကာင္း သိမွတ္စရာ

(Zawgyi)

ေျခသလံုး ၾကြက္တက္ရျခင္း အေၾကာင္း သိမွတ္စရာ

ၾကြက္တက္  တယ္ဆိုတာ

လူ ့ခႏၶာကိုယ္မွာ (၁) ထိန္းခ်ဳပ္နို္င္ေသာ ၾကြက္သားႏွင့္ (၂) မထိန္းခ်ဳပ္နိုင္ေသာ ၾကြက္သား ဟူ၍ ၾကြက္သား ႏွစ္မ်ိဳးရွိပါတယ္။

ဥပမာ

ေျခ ႏွင့္ လက္တို ့ မတင္ျခင္း၊ လႈပ္ရွားျခင္း၊ ေကြးျခင္း၊ ေခါက္ျခင္း စသည္တို ့ျပဳလုပ္ခ်ိန္မွာ သံုးနိုင္သည့္ ၾကြက္သားကို ထိန္းခ်ဳပ္နို္င္ေသာ ၾကြက္သားဟုေခၚဆိုျပီး၊ အေၾကာဆြဲျခင္း ႏွင့္ ၾကြက္တက္ျခင္းတို ့ျဖစ္ေစနိုင္ေသာ ၾကြြက္သားကိုေတာ့ မထိန္း ခ်ဳပ္နိုင္ေသာ ၾကြက္သားလို ့ေခၚပါတယ္။

ရုတ္တရက္မထင္မွတ္ဘဲ ၾကြက္သားမ်ားက်ံဳ ့သြားခ်ိန္မွာ ၾကြက္တက္ျခင္း(သို ့မဟုတ္) အေၾကာဆြဲျခင္းတို ့ ျဖစ္လာရပါတယ္။ ထိုအေၾကာဆြဲျခင္းက ၾကြက္သားတစ္ခု (သိုမဟုတ္) ၾကြက္သားအုပ္စုတစ္စုကို ရုတ္တ တရက္ က်ဳံ ့သြားေစတာမ်ိဳးပါ။

ၾကြက္တက္တဲ့အခါ စကၠန္ ့အနည္းငယ္(သို ့မဟုတ္)မိနစ္အနည္းငယ္မွ ယင္းထက္ပို၍လည္း ၾကာနိုင္ပါတယ္။ က်ား၊မ အသက္အရြယ္အပိုင္းအျခားမေရြး ၾကြက္တက္နိုင္ျပီး၊သက္ၾကီးရြယ္အိုမ်ား အိပ္ေနခ်ိန္မွာ ေသြးလည္ ပတ္မႈေႏွးေကြး သြားတာေၾကာင့္ ၾကြက္တက္နိုင္သလို၊ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ား ကိုယ္၀န္သက္တမ္းဒုတိယသံုးလပတ္ ကာလအတြင္း ကိုယ္အေလးခ်ိန္ ပိုလာတာေၾကာင့္ ေျခ ႏွင့္လက္တို ့မွာၾကြက္တက္ေလ့ရွိပါတယ္။

*ၾကြက္တက္ရေသာ အေၾကာင္းရင္း

ေရဓာတ္အနည္းငယ္ ဆံုး႐ံႈးမႈနဲ႔ အတူ ဆား (Na) ဓာတ္ ဆံုး႐ံႈးမႈေတြရဲ ့အက်ိဳးဆက္အျဖစ္ ေျခသလံုးၾကြက္သားေတြ နာက်င္ၿပီး ၾကြက္တက္တာကို ခံစားလာရပါတယ္။ ပူျပင္းတဲ့ရာသီမွာ လူအမ်ားစု ခံစားရေလ့ရွိၿပီး ၾကြက္သားေတြ အျပင္းအထန္လႈပ္ရွား၍ ပင္ပန္းႏြမ္းနယ္ေနတဲ့အခါ ေရဓာတ္ နဲ႔ ဆားဓာတ္ ဆံုး႐ံႈးမႈမ်ားေလ ၾကြက္တက္တာ ပိုဆိုးေလပါဘဲ။ ဒါ့ျပင္ အလြန္ခ်မ္းေအးတဲ့ ေဆာင္းရာသီမွာလည္းေသြးလည္ပတ္မႈေႏွးေကြးသြားတာေၾကာင့္ ၾကြက္တက္ေလ့ရွိပါတယ္။

လႈပ္ရွားမႈ မရွိျခင္း၊ ေလ့က်င့္ခန္းမ လုပ္ျခင္း၊ ကိုယ္ဟန္အေနအထား တစ္မ်ိဳးတည္း
အခ်ိန္အၾကာၾကီး ရပ္ျခင္း၊ ကုလားထိုင္ေပၚတြင္ အၾကာၾကီးထိုင္ေနျခင္း (သို႔မဟုတ္) ေျခခ်င္းခ်ိတ္၍ အခ်ိန္အၾကာၾကီးထိုင္ျပီးေနာက္ ရုတ္တရက္ မတ္တပ္ထရပ္ျခင္း၊ ျငိမ္သက္စြာ အိပ္စက္ျပီးေနာက္ ေျခ ေထာက္အေၾကာဆန္ ့ျခင္း၊ ခပ္ျပင္းျပင္းေလ့က်င့္ခန္းလုပ္ျခင္း၊ ေရကူးျခင္း စသည့္ အေၾကာင္းအမ်ိဳးမ်ိဳးတို ့ေၾကာင့္ ၾကြက္တက္နိုင္သလို၊ ခႏၶာကိုယ္ထဲမွာ ကယ္လ္စီယမ္ (သုိ ့မဟုတ္) ပို္တက္စီယမ္(သုိ႔မဟုတ္) မဂၢနီစီယမ္ဓာတ္ခ်ိဳ ့တဲ့ျခင္း၊ ေရဓာတ္ခမ္း ေျခာက္ျခင္း၊ အာရံုေၾကာ (သို႔မဟုတ္) ၾကြက္သားမ်ား ဒဏ္ရာရျခင္း၊ ၾကြက္သားမ်ားမွာ ေသြးလည္ပတ္မႈ အားနည္းျခင္း၊ ေက်ာက္ ကပ္မေကာင္းျခင္း စသည့္ေရာဂါမ်ားေၾကာင့္လည္း ၾကြက္တက္နိုင္ပါတယ္။

ထို့ျပင္ အယ္လဇိုင္းမား (ေခၚ) ဇရာ ၾကိဳေရာဂါကု ေဆး၀ါး၊ ေျခတုန္လက္တုန္(ေခၚ)ပါကင္န္ဆဲန္ေရာဂါကု ေဆး၀ါး၊ ေသြးတိုးေရာဂါ ေပ်ာက္ေဆး၊ ကိုလက္စထေရာ ေလွ်ာ့ခ်ေဆး၊ ဆီးေဆး၊ အသည္းေဆးမ်ား၊ ပဋိသေႏၶတားေဆး၊ steroids စတဲ့ ပဋိဇီ၀ေဆးမ်ားရဲ ့ေဘးထြက္ဆိုးက်ိဳးမ်ားက ၾကြက္တက္ျခင္း ကိုျဖစ္ေစနိုင္ပါတယ္။

ၾကြက္တက္တဲ့အခါ

(၁) ၾကြက္တက္ရင္ လႈပ္ရွားမႈေတြရပ္တန္႔ၿပီး ၾကြက္တက္တဲ့ေျခေထာက္ကို အနားယူ ေျဖေလွ်ာ့ေပးပါ။ ဥပမာ မတ္တတ္ရပ္ေနစဥ္ ၾကြက္တက္ပါက ဦးစြာထိုင္ခ်ၿပီးေနာက္ ေျခေခ်ာင္း ႏွင့္ ဒူးကို အလိုက္သင့္ေကြးထားေပးပါ၊ ျပီးရင္ ၾကြက္တက္ေနတဲ့ ေျခေထာက္ ၏ ေျခေခ်ာင္းေလးမ်ားကို လက္ျဖင့္ ကိုင္၍ခ်ိဳးေပးပါ (ေျခေထာက္ဆန္႔တန္းထားေလ၊ ၾကြက္သားတင္းမာေလျဖစ္တာေၾကာင့္ နာက်င္မႈ ပိုလာေစပါမယ္)

ေနာက္တနည္း

မတ္တတ္ရပ္ေနစဥ္ ၾကြက္တက္ပါက နံရံကိုမ်က္ႏွာမူ၍ မတ္တပ္ရပ္ပါ၊ ျပီးရင္ ေျခေထာက္ကို ျဖည္းျဖည္းျခင္း ဆန့္တန္း၍ ထိုနံရံ ကို ေျခေထာက္ျဖင့္ ကန္ထားပါ။ စကၠန္ ့၂၀ ေလာက္ ကန္ထားျခင္းျဖင့္ ၾကြက္ သားေတြ သူ ့အလိုလိုျပန္က်သြားပါလိမ့္မယ္။

(၂) အကယ္၍ ေျခေထာက္ ေကြးထားစဥ္မွာ လက္၀ဲဖက္ေျခေထာက္ ၾကြက္တက္ ေနျပီဆိုပါစို ့။ဦးစြာ လက္ယာဖက္ေျခေထာက္ကို ဆန္ ့တန္း၍၊ ျပႆနာျဖစ္ေနတဲ့ လက္၀ဲဖက္ေျခေထာက္ကို
ရင္ေခါင္းထိ ေရာက္ေအာင္ ဖိကပ္လိုက္ပါ။ ျပီးရင္ ဖေနာင့္ကို ေျမျပင္ေပၚေထာက္၍ ေျခေခ်ာင္းေလးေတြကိုေတာ့ မိုးေပၚေထာင္ထားေပးပါ။ ၾကြက္သားေတြျပန္မက်မခ်င္း ဤနည္းအတိုင္းလုပ္ေပးပါ။

(၃) ၾကြက္တက္တဲ့အခါ ဖုထစ္နာက်င္ေနတဲ့ ၾကြက္သားေနရာကို အသာအယာ ဖ်စ္ညႇစ္ၿပီး ေျဖေလွ်ာ့ေပးႏိုင္သလို၊ ဓာတ္ဆားရည္နဲ႔ အီလက္ထ႐ိုလိုက္ေဖ်ာ္ရည္ေတြ ေသာက္သံုးေပးပါ။

(၄) ၾကြက္သားေပၚကို ေရေႏြးအိတ္အပူ ဖိကပ္ေပးပါ။ (သို ့မဟုတ္) ၾကြက္တက္ေနတဲ့ ၾကြက္သားဖုေပၚကို ေရေႏြးပုလင္းျဖင့္ ေအာက္ ဖက္သို့ ဆြဲခ်၍ အသာအယာ လွိမ့္ေပးပါ။

(၅) ဆပ္ျပာရည္ ေလာင္းခ်ေပးပါ။ ဆပ္ျပာရည္ရဲ ့တန္ျပန္ဓာတ္ သက္ေရာက္မႈ ေၾကာင့္ ၾကြက္သားေတြကို စကၠန္ ့အနည္းငယ္အတြင္းမွာပင္ေျပေလ်ာ့သြားေစပါတယ္။

* (မွတ္ခ်က္။ ၾကြက္တက္ေနခ်ိန္ အႏွိပ္ ခံျခင္းက သက္သာနိုင္တယ္ဆိုေပမယ့္၊ မွားယြင္းေသာနည္းျဖင့္ ႏွိပ္နယ္ပါက ၾကြက္တက္ျခင္းကိုပိုမိုဆိုးရြားသြားေစနိုင္လို ့ သတိျပဳပါ)

ၾကြက္တက္ျခင္းအတြက္ အိမ္တြင္းကုထံုးေလးမ်ား

(၁) အေညာင္းမိျခင္းေၾကာင့္ ၾကြက္တက္နိုင္ပါတယ္၊ ဒါေၾကာင့္ ေျခဆန္ ့လက္ဆန္႔လုပ္ျခင္း၊ ေသြးပူေလ့က်င့္ခန္းလုပ္ျခင္း၊ အေၾကာေလ်ာ့ျခင္းတို ့ျဖင့္ ၾကြက္တက္ျခင္းကို ၾကိဳတင္ကာကြယ္ထားနိုင္ပါတယ္။

(၂) ဆိုဒီယမ္(ေခၚ)ဆားအငံဓာတ္ လြန္ကဲစြာ စားသံုးျခင္းက လူကို ေဘးျဖစ္ေစေသာ္လဲ၊ အာရံုခံအဂၤါအဖြဲ့အစည္းမ်ားႏွင့္ ၾကြက္သားမ်ား ေကာင္းစြာအလုပ္လုပ္ေစနိုင္ဖို ့ အတြက္ သင့္တင့္ေသာ ဆိုဒီယမ္ပမာဏက မရွိမျဖစ္ေလးပါ။ ဒါေၾကာင့္ မၾကာခဏၾကြက္တတ္ေလ့ရွိသူမ်ား ႏွင့္ေခြ်းထြက္သန္ သူမ်ားအဖို ့ ဥပမာ အငံဓာတ္ပါရွိေသာ မုန္ ့အငံစားပါ (သုိ့မဟုတ္) သစ္သီးကို ဆားရည္အနည္းငယ္စိမ္၍ စားပါ။

(၃) the University of Maryland Medical Center မွ က်န္းမာေရးသုေတသီမ်ား၏ အၾကံျပဳခ်က္အရ၊ အရြယ္ေရာက္ျပီးသူ တစ္ဦးရဲ ့ တစ္ေန ့တာ ပိုတက္စီယမ္ဓာတ္ လိုအပ္ခ်က္ပမာဏမွာ ၄၇၀၀ မီလီဂရမ္ျဖစ္ျပီး၊ ထိုဓာတ္ခ်ိဳ ့တဲ့ျခင္းက ၾကြက္တက္ျခင္းကို ျဖစ္ေစနိုင္တယ္လို ဆိုပါတယ္။ ဒါေၾကာင့္ ပိုတက္စီယမ္ၾကြယ္၀တဲ့ အစားအစာမ်ားျဖစ္ၾကေသာ ဌက္ေပ်ာသီး၊ ဖရဲသီး၊ ေရွာက္ သံပုရာ သံပရိုသီးမ်ား၊ ေထာပတ္သီး၊ အာလူး၊ ကန္စြန္းဥ၊ ႏြားႏို့၊ စြံပလြန္သီး၊ တရုပ္ဇီးသီး၊ စပ်စ္သီး၊ စပ်စ္ေျခာက္၊ ေဂၚဖီထုပ္၊ပန္းေဂၚဖီစိမ္း၊ လိေမၼာ္သီး၊ ဂရိတ္ဖရုသီး၊ ေရငံငါး အမ်ိဳးမ်ိဳး၊ ၀က္သား၊ သိုးသား တို ့စားေပးပါ။

(၄) the National Institutes of Health မွ က်န္းမာေရးသုေတသီမ်ား၏ အၾကံျပဳခ်က္အရ၊ အရြယ္ေရာက္ျပီးသူ တစ္ဦး၏တစ္ေန ့တာ ကယ္လ္စီယမ္ လိုအပ္ ခ်က္ပမာဏမွာ ၁၀၀၀ မီလီဂရမ္ျဖစ္ျပီး၊ ထို္ဓာတ္ခ်ိဳ ့ တဲ့ပါက ၾကြက္သားမ်ား က်ံဳ ့သြားေစနိုင္ပါတယ္တဲ့။ ႏြားနို ့၁-ဖန္ခြက္မွ ကယ္လ္စီယမ္ ၂၄၄ မီလီလီတာ ရရွိနိုင္မွာျဖစ္သလို၊ ကယ္လ္စီယမ္ဓာတ္ၾကြယ္၀တဲ့ အရိုးပါ၀ါးစားလို့ရတဲ့ ငါးေသးမ်ား၊ ဒိန္ခ်ဥ္၊ ခ်ိစ္၊ ဗာဒံေစ့၊ သဖန္းသီး၊ ကတြတ္သီး၊ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္တို ့ စားေပးပါ။

(၅) အားနည္းျခင္း၊ ၾကြက္တက္ျခင္း ႏွင့္ ၾကြက္သားမ်ားက်ဳံ ့ျခင္းတို ့ဟာ မဂၢနီစီယမ္ဓာတ္အားနည္းတဲ့ လကၡဏာမ်ားျဖစ္ၾကပါတယ္။ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြမွာ မဂၢနီစီယမ္ဓာတ္လိုအပ္မႈ မ်ားျပားပါတယ္။ ထိုဓာတ္ေတြၾကြယ္၀တဲ့ အစိမ္းေရာင္ပဲသီးအမ်ိဳးမ်ိဳး၊ အေစ့အဆံမ်ား၊ ေကာက္ႏွံ မ်ား၊ ဌက္ေပ်ာသီး ႏွင့္ ကညြတ္ ဟင္းနုနယ္ရြက္ ကိုက္လံတို ့လို အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္တို စားေပးပါ။

(၆) ညဘက္ ၾကြက္တက္ ေလ့ရွိသူမ်ားအဖို ့ quinine ဓာတ္ပါရွိေသာ အားျဖည့္ေရကို ေသာက္ပါ (သို ့မဟုတ္) quinine ဓာတ္ပါရွိေသာ Qualaquin ေဆးကိုမွီ၀ဲပါ။

(၇) အရက္ေသစာ ေသာက္စားျခင္းက ညအိပ္ေပ်ာ္ေနစဥ္မွာ ၾကြက္တက္ျခင္းႏွင့္ ဆက္စပ္မႈရွိေနလို ့ သတိျပဳသင့္ပါ တယ္။

(၈) တစ္ေန ့တာလံုး ေရသာက္နည္းျခင္းကလည္း ညအိပ္ေပ်ာ္ေနစဥ္မွာ ၾကြက္တက္နိုင္တာေၾကာင့္၊ ေန ့ ဘက္မွာေရ မ်ားမ်ားေသာက္ေပးပါ။

(၉) အိပ္ေပ်ာ္ေနစဥ္ ၾကြက္တက္ေလ့ရွိသူမ်ားက၊ ညအိပ္ယာမ၀င္ခင္ ေျခသလံုးၾကြက္သား အေၾကာမ်ားကို ေျဖေလ်ာ့ႏွိပ္နယ္ေပးထားျခင္းျဖင့္ ၾကြက္မတက္ေအာင္ ၾကိဳတင္ကြယ္ရာေရာက္ပါတယ္။

(၁၀) Primrose oil (ေခၚ)အ၀ါေရာင္ပန္းပြင့္အဆီေတြက ေသြးေၾကာပိတ္ဆို ့၍ ၾကြက္တက္ျခင္းအတြက္ အသံုး၀င္တာေၾကာင့္ ထိုပန္းပြင့္ျဖင့္ေဖာ္စပ္ ထားတဲ့ အ၀ါေရာင္ေဆး အဆီလံုး (Primrose oil) ကို ညအိပ္ယာမ၀င္ခင္ ေသာက္ပါ။

(ေဆာင္းပါးရွင္…ေပါက္ေပါက္…ေရးသားမွ်ေ၀သည္)

Credit – ေပါက္ေပါက္

(Unicode)

ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း သိမှတ်စရာ

ကြွက်တက်  တယ်ဆိုတာ

လူ့ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သားနှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။

ဥပမာ

ခြေ နှင့် လက်တို့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို့ပြုလုပ်ချိန်မှာ သုံးနိုင်သည့် ကြွက်သားကို ထိန်းချုပ်နိုင်သော ကြွက်သားဟုခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သော ကြွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို့ခေါ်ပါတယ်။

ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်မှာ ကြွက်တက်ခြင်း(သို့မဟုတ်) အကြောဆွဲခြင်းတို့ ဖြစ်လာရပါတယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု (သိုမဟုတ်) ကြွက်သားအုပ်စုတစ်စုကို ရုတ်တ တရက် ကျုံ့သွားစေတာမျိုးပါ။

ကြွက်တက်တဲ့အခါ စက္ကန့်အနည်းငယ်(သို့မဟုတ်)မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည် ပတ်မှုနှေးကွေး သွားတာကြောင့် ကြွက်တက်နိုင်သလို၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်သက်တမ်းဒုတိယသုံးလပတ် ကာလအတွင်း ကိုယ်အလေးချိန် ပိုလာတာကြောင့် ခြေ နှင့်လက်တို့မှာကြွက်တက်လေ့ရှိပါတယ်။

*ကြွက်တက်ရသော အကြောင်းရင်း

ရေဓာတ်အနည်းငယ် ဆုံးရှုံးမှုနဲ့ အတူ ဆား (Na) ဓာတ် ဆုံးရှုံးမှုတွေရဲ့အကျိုးဆက်အဖြစ် ခြေသလုံးကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာ လူအများစု ခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ် နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ ပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်းသွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။

လှုပ်ရှားမှု မရှိခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်း
အချိန်အကြာကြီး ရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့မဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ခြင်း၊ ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန့်ခြင်း၊ ခပ်ပြင်းပြင်းလေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ကြွက်တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် (သို့မဟုတ်) ပိုတက်စီယမ်(သို့မဟုတ်) မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ အာရုံကြော (သို့မဟုတ်) ကြွက်သားများ ဒဏ်ရာရခြင်း၊ ကြွက်သားများမှာ သွေးလည်ပတ်မှု အားနည်းခြင်း၊ ကျောက် ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ထို့ပြင် အယ်လဇိုင်းမား (ခေါ်) ဇရာ ကြိုရောဂါကု ဆေးဝါး၊
ခြေတုန်လက်တုန်(ခေါ်)ပါကင်န်ဆဲန်ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊ ကိုလက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသန္ဓေတားဆေး၊ steroids စတဲ့ ပဋိဇီဝဆေးများရဲ့ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

ကြွက်တက်တဲ့အခါ

(၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တက်တဲ့ခြေထောက်ကို အနားယူ ဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက ဦးစွာထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့်ကွေးထားပေးပါ၊ ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက် ၏ ခြေချောင်းလေးများကို လက်ဖြင့် ကိုင်၍ချိုးပေးပါ (ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သားတင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်)

နောက်တနည်း

မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းခြင်း ဆန့်တန်း၍ ထိုနံရံ ကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန့်၂၀ လောက် ကန်ထားခြင်းဖြင့် ကြွက် သားတွေ သူ့အလိုလိုပြန်ကျသွားပါလိမ့်မယ်။

(၂) အကယ်၍ ခြေထောက် ကွေးထားစဉ်မှာ လက်ဝဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို့။
ဦးစွာ လက်ယာဖက်ခြေထောက်ကို ဆန့်တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်ဝဲဖက်ခြေထောက်ကို
ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်ထောက်၍ ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန်မကျမချင်း ဤနည်းအတိုင်းလုပ်ပေးပါ။

(၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက်ဖျော်ရည်တွေ သောက်သုံးပေးပါ။

(၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ။ (သို့မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။

(၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ့တန်ပြန်ဓာတ် သက်ရောက်မှု ကြောင့် ကြွက်သားတွေကို စက္ကန့်အနည်းငယ်အတွင်းမှာပင်ပြေလျော့သွားစေပါတယ်။

* (မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ် ခံခြင်းက သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကိုပိုမိုဆိုးရွားသွားစေနိုင်လို့ သတိပြုပါ)

ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ

(၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန့်လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို့ဖြင့် ကြွက်တက်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(၂) ဆိုဒီယမ်(ခေါ်)ဆားအငံဓာတ် လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လဲ၊ အာရုံခံအင်္ဂါအဖွဲ့အစည်းများနှင့် ကြွက်သားများ ကောင်းစွာအလုပ်လုပ်စေနိုင်ဖို့ အတွက် သင့်တင့်သော ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏကြွက်တတ်လေ့ရှိသူများ နှင့်ချွေးထွက်သန် သူများအဖို့ ဥပမာ အငံဓာတ်ပါရှိသော မုန့်အငံစားပါ (သို့မဟုတ်) သစ်သီးကို ဆားရည်အနည်းငယ်စိမ်၍ စားပါ။

(၃) the University of Maryland Medical Center မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ တစ်နေ့တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့တဲ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊ ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ရေငံငါး အမျိုးမျိုး၊ ဝက်သား၊ သိုးသား တို့စားပေးပါ။

(၄) the National Institutes of Health မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦး၏တစ်နေ့တာ ကယ်လ်စီယမ် လိုအပ် ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့ တဲ့ပါက ကြွက်သားများ ကျုံ့သွားစေနိုင်ပါတယ်တဲ့။ နွားနို့၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄ မီလီလီတာ ရရှိနိုင်မှာဖြစ်သလို၊ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အရိုးပါဝါးစားလို့ရတဲ့ ငါးသေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ စားပေးပါ။

(၅) အားနည်းခြင်း၊ ကြွက်တက်ခြင်း နှင့် ကြွက်သားများကျုံ့ခြင်းတို့ဟာ မဂ္ဂနီစီယမ်ဓာတ်အားနည်းတဲ့ လက္ခဏာများဖြစ်ကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ မဂ္ဂနီစီယမ်ဓာတ်လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွယ်ဝတဲ့ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့် ကညွတ် ဟင်းနုနယ်ရွက် ကိုက်လံတို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို စားပေးပါ။

(၆) ညဘက် ကြွက်တက် လေ့ရှိသူများအဖို့ quinine ဓာတ်ပါရှိသော အားဖြည့်ရေကို သောက်ပါ (သို့မဟုတ်) quinine ဓာတ်ပါရှိသော Qualaquin ဆေးကိုမှီဝဲပါ။

(၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို့ သတိပြုသင့်ပါ တယ်။

(၈) တစ်နေ့တာလုံး ရေသာက်နည်းခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ့ ဘက်မှာရေ များများသောက်ပေးပါ။

(၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊ ညအိပ်ယာမဝင်ခင် ခြေသလုံးကြွက်သား အကြောများကို ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။

(၁၀) Primrose oil (ခေါ်)အဝါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို့၍ ကြွက်တက်ခြင်းအတွက် အသုံးဝင်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ် ထားတဲ့ အဝါရောင်ဆေး အဆီလုံး (Primrose oil) ကို ညအိပ်ယာမဝင်ခင် သောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Credit – ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *