ဗဟုတုသ

ရှီရှားနှင့်ကျန်းမာရေး

ရှီရှားနှင့်ကျန်းမာရေး
==========

ရှီရှားရှူတယ်ဆိုတာ လူငယ်တွေကြားမှာ အတော်ရေပန်းစားလာတဲ့ အပန်းဖြေမှုတစ်ခုပါ။ စားသောက်ဆိုင်တွေမှာလည်း အလွယ်တကူရနေတော့ စမ်းသပ်ကြည့်ကြ၊ နှစ်သက်ကြတဲ့သူတွေလည်း မနည်းပါဘူး။

ရှီရှားဆိုတာ …
အနံ့ အစုံပါတဲ့ ဆေးလိပ်အနွယ်ဝင်တစ်မျိုးဖြစ်ပြီးသူ့ကိုရှူဖို့သီးသန့် ပစ္စည်းတွေ အသုံးပြုထားရတာပါ။ ဆေးလိပ်လိုဘဲ နီကိုတင်း ၊ ကာဗွန်မိုနောက်ဆိုဒ်၊ အခြားအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်း တွေအပြင် ကတ္တရာစေးလို ဓာတ်မျိုးဟာ ဆေးလိပ်ထက် ၃၆ဆလောက်ပိုပါဝင်နေတာတွေ့ရပါတယ်။

ရှီရှားရှူရင် ဘာတွေသိထားရမလဲ?

သူဟာ ဆေးလိပ်လိုပဲ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ ရှီရှားကိုနေ့တိုင်းဆေးလိပ်သောက်သလိုမသောက်ဖြစ်ဘူးဆိုပေမယ့် သူ့ကို တစ်ခါရှူမယ်ဆိုရင် တစ်နာရီလောက်ကြာပြီး အချက်၂၀၀လောက်ရှူဖြစ်ကြပါတယ်။ သူ့မှာ တစ်ဆင့်ခံ ရေက အတန်အသင့် စစ်ပေးတယ်ဆိုပေမယ့် အန္တရာယ်ရှိတဲ့ carbon monoxide ကိုတော့ မစစ်ထုတ်ပေးနိုင်ပါဘူး။ ရှူရှိုက်ပုံဟာလည်း ဆေးလိပ်ထက်ပိုပြီး ပြင်းပြင်းရှူရှိုက်လေ့ရှိတာဆိုတော့ များများ သုံးမိရင်တော့ ကင်ဆာဖြစ်နိုင်ပါတယ်။

ရှီရှားဟာ နှလုံးသွေးကြောတွေအတွက် အန္တရာယ်ရှိပါတယ်။

ရှီရှား ရှူတဲ့အခါမှာ ဆေးလိပ်လိုပဲ နီကိုတင်းဓာတ်ဟာ လူကိုစွဲလမ်းစေပါတယ်။ ရှီရှားရှူလို့ ဝင်သွားတဲ့ အငွေ့တွေဟာ သွေးတိုးတာ၊ နှလုံးသွေးကြောကျဉ်းတာ ၊ ရင်ဘင်အောင့်တာတွေဖြစ်ပေါ်စေပါတယ်။

ရှီရှားရှူခြင်းဟာ လေကတစ်ဆင့်ကူးစက်ရောဂါတွေကူးစက်စေပါတယ်။

ရှီရှားရှုတဲ့ Mouth Piece လေးဟာ တစ်ယောက်သုံးတွေလဲပေးတာမျိုးရှိနိုင်ပေမယ့် ပိုက်ကတော့ စင်ကြယ်အောင် သန့်ရှင်းရေးမလုပ်တာ သန့်ရှင်းရေးလုပ်တာစနစ်မကျတာမျိုးရှိမယ်ဆိုရင် လေကတစ်ဆင့်ကူးစက်တတ်တဲ့ အဆုတ်တီဘီရောဂါ ၊ အဆုတ်မှိုတွေဟာ သုံးစွဲသူ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

ဒါဆို ရှီရှား ကောင်းမကောင်းဆိုတာ ပရ်သတ်ကြီးသာဆုံးဖြတ်ကြပါတော့လို့။

#ဒေါက်တာဇီဝက
#ရှီရှား #shisha

Leave a Reply

Your email address will not be published. Required fields are marked *