ဗဟုတုသ

စိမ္းစားဥနဲ ့က်န္းမာေရး

(Zawgyi)

စိမ္းစားဥနဲ ့က်န္းမာေရး

တစ္ႏွစ္မွတခါသာ ေပၚေလ့ရွိသည့္ ရာသီစာ စိမ္းစားဥေလးမ်ားကို ေအးခ်မ္းလွေသာ ေဆာင္းရာသီအခါတြင္ စားသံုးႏိုင္ပါျပီ။ အျဖဴေရာင္ ဟင္းသီးဟင္းရြက္ႏြယ္၀င္ စိမ္းစာဥတို ့သည္ အာလူးမ်ိဳးႏြယ္ျဖစ္ၾကေသာ္လည္း၊ သူ ့ရဲ ့ၾကီးထြာမႈပံုစံသည္ ပဲပင္ႏွင့္ တူေသာေၾကာင့္ အခ်ိဳ ့အရပ္ေဒသမ်ားတြင္ “ ပဲစိမ္းစားဥ ” လို ့ေခၚဆိုၾကပါသည္။ ျမန္မာျပည္အႏွံ ့အျပားတြင္ ေပါက္ေလ့ရွိျပီး၊ အထူး သျဖင့္ ရွမ္းျပည္နယ္ထြက္ စိမ္းစားဥသည္ အရြယ္အစားပိုၾကီးကာ အရည္လည္းရႊမ္းပါသည္။ သဘာ၀အရသာ အရသာခ်ိဳခ်ိဳေလးမို ့၊ အခြံႏႊာ၍သူ ့ခ်ည္းဘဲ သြားရည္စာအျဖစ္စားၾကသလို၊ ပါးပါးလွီးကာ အစိမ္းေၾကာ္ ေၾကာ္စားေလ့ရွိၾကပါသည္။

USDA ၏ ဓာတ္ခြဲစမ္းသပ္မႈအရ၊ ၁၀၀ ဂရမ္ရွိေသာ စိမ္းစားဥထဲတြင္၊ ေရဓာတ္ေပါၾကြယ္၀ကာ ခြန္အား ၃၈ ကယ္လိုရီ၊ ကစီဓာတ္ ၈.၈၂ ဂရမ္၊ ပရုိတင္း ၀.၇၂ ဂရမ္၊ သဘာ၀အဆီဓာတ္ ၀.၁၉ ဂရမ္၊ ေခ်ဖ်က္လြယ္ေသာ အမွ်င္ဓာတ္ ၄.၉ ဂရမ္၊ ေဖာလိပ္ ၁၂ µg၊ နီအာစင္ ၀.၂၀၀ မီလီဂရမ္၊ Pantothenic အက္ဆစ္ ၀.၁၃၅ မီလီဂရမ္၊ Pyridoxine ၀.၀၄၂ မီလီဂရမ္၊ ရီဘိုဖလာဗင္ ၀.၀၂၉ မီလီဂရမ္၊ သီအာမင္ ၀.၀၂၀ မီလီဂရမ္၊ ဗီတာမင္ေအ ၂၁ IU၊ ဗီတာမင္စီ ၂၀.၂ မီလီဂရမ္၊ ဗီတာမင္အီး ၀.၄၆ မီလီဂရမ္၊ ဗီတာမင္ေက ၀.၃ µg၊ ဆိုဒီယမ္ ၄ မီလီဂရမ္၊ ပိုတက္စီယမ္ ၁၅၀ မီလီဂရမ္၊ ကယ္လ္စီယမ္ ၁၂ မီလီဂရမ္၊ ေကာ့ပါး ၀.၀၄၈ မီလီဂရမ္၊ သံဓာတ္ ၀.၆၀ မီလီဂရမ္၊ မဂၢနီစီယမ္ ၁၂ မီလီဂရမ္၊ မဂၢနီးစ္ ၀.၆၀ မီလီဂရမ္၊ ဇင့္ ၀.၁၆ မီလီဂရမ္၊ ဘီတာကယ္ရိုတင္း ၁၃ µg၊ စသည္ျဖင့္ လူသားတို ့က်န္းမာေရးကို အက်ိဳးျပဳေစေသာ ဗီတာမင္ ႏွင့္သတၱဳဓာတ္တို ့ပါရွိၾကျပီး၊ ေဘးဥပါသ္ျဖစ္ေစေသာ ကိုလက္စထေရာလံုး၀ မပါရွိပါဘူး။

(1)စိမ္းစားဥထဲတြင္ပါရွိေသာ oligofructose inulin (ေခၚ) သဘာ၀အခ်ိဳအရသာ ကစီဓာတ္သည္ပါရွိ၏။ ထိုအခ်ိဳဓာတ္ပါရွိေသာ စိမ္းစားဥကို သင့္တင့္မွ်တေသာပမာဏ စားသံုးေပးျခင္းျဖင့္ ဆီးခ်ိဳ/ ေသြးခ်ိဳေရာဂါသည္မ်ားကို ေဘးဥပါသ္မျဖစ္ေစႏိုင္ဘဲ အာသာေျပႏႈတ္ျမိန္ေစပါသည္။

(2)ဗီတာမင္စီလံုေလာက္စြာပါရွိသျဖင့္ အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုးစေသာ ကူးစက္နာရာသီဖ်ားမ်ားအျပင္၊ အထူးသျဖင့္ ကေလး ငယ္မ်ား ပန္းနာရင္ၾကပ္ေရာဂါကို ေလ်ာ့ပါးသက္သာလာေစႏို္င္ပါသည္။

(3)စိမ္းစားဥထဲတြင္ပါရွိေသာ ဗီတာမင္စီက ဓာတ္တိုးဆန္ ့က်င္ပစၥၫ္းအျဖစ္အစြမ္းထက္ေစကာ၊ ခႏၶာကုိယ္ထဲရွိ အႏၱရာယ္ျဖစ္ေစ ေသာ ဖရီးရယ္ဒီကယ္လ္မ်ားကို တိုက္ထုတ္ေပးႏို္င္ေသာေၾကာင့္ ကင္ဆာေရာဂါမွ ကာကြယ္ေပးပါသည္။

(4)ကယ္လိုရီလံုး၀မပါရွိေသာေၾကာင့္ စိမ္းစားဥကိုစားေပးျခင္းျဖင့္၊ ကိုလက္စထေရာပမာဏကိုမွ်တေစကာ၊ ႏွလံုးေရာဂါမ်ားအျပင္၊ ႏွလံုးေရာဂါႏွင့္စပ္လ်ဥ္းသည့္ ေသြးတိုးေရာဂါတို ့ကိုလဲ မျဖစ္ေစပါ။

(5)စိမ္းစာဥသည္ ခႏၶာကိုယ္ထဲရွိ ဆံခ်ည္မွ်င္ေသြးေၾကာမ်ားကို အလြယ္တကူ မပ်က္စီးေစဘဲ၊ က်န္းမာသန္စြမ္းေစပါသည္။

(6)စိမ္းစားဥထဲတြင္ Homocysteine (ေခၚ) အမို္င္ႏိုအက္ဆက္တစ္မ်ိဳးပါရွိသည့္အတြက္ စိမ္းစားဥပံုမွန္စားသံုးေသာသူမ်ားသည္ စိမ္းစားဥလံုး၀မစားေသာသူမ်ားထက္ ခႏၶာကိုယ္ဇီ၀ကမၼျဖစ္စဥ္ကို ၁၁ % ထိ တိုးတက္ေကာင္းမြန္ေစေၾကာင္း WHFoods မွ အတည္ျပဳထားပါသည္။

(7)ဗီတာမင္ႏွင့္သတၱဳဓာတ္မ်ားပါရွိသည့္ျပင္၊ ျပင္ပေရာဂါကူစက္ျခင္းမွ ကာကြယ္ေပးေသာ စိမး္စားဥကိုစားေပးျခင္းျဖင့္ ကိုယ္ခံစြမ္း အားကို တိုးတက္ျမင့္မားေစေၾကာင္း USDA မွအၾကံျပဳထားပါသည္။

(8) စိမ္းစားဥထဲတြင္ ေရဓာတ္ ၈၆% မွ ၉၀% ထိ ၾကြယ္၀စြာပါရွိေသာေၾကာင့္၊ ေရငတ္ေျပေစကာ၊ ခႏၶာကိုယ္တြင္း အပူရွိန္ကို ေလ်ာ့ပါးသက္သာေစႏို္င္ပါသည္။ ဆီးလဲ ရႊင္ေစပါသည္။

(9) စိမ္းစားဥ၏ အလြန္ၾကြပ္ဆပ္ေသာအသားမ်ားက သြားမ်ားတြင္ အစြန္းအထင္းျဖစ္ေစေသာေမာ္လီက်ဴးမ်ားကိုေကာင္းစြာ ေခ်ဖ်က္ေပးသျဖင့္၊ သြားမ်ားျဖဴေဖြးသန္ ့စင္ေစရံုသာမက၊ သြားက်န္းမာေရးကို အေထာက္အကူျဖစ္ေစႏိုင္ပါသည္။

(10) ကိုယ္တြင္းက်န္းမာေရးအတြက္သာမက၊ ခႏၶာကိုယ္အသားအေရကိုပါေကာင္းက်ိဳးျပဳေစႏို္င္၏။ စိမ္းစာဥကိုပါးပါးလွီးျပီး မ်က္ႏွာ အႏွံ ့ကပ္ပါ။ စိမ္းစားဥ၏ အေအးဓာတ္ေပ်ာက္သြားေသာအခါ မ်က္ႏွာမွခြာျပီး၊ ေရင္စင္ေဆးေပးရံုမွ်ျဖင့္ မ်က္ႏွာေပၚရိွဆဲလ္ အေသမ်ားကို ဖယ္ရွားေပးျပီး၊ ေခြ်းေပါက္မ်ားကိ္ုပြင့္ေစကာ၊ အသားအေရ ၾကည္လင္သန္ ့စင္လာပါလိမ့္မည္။

သတိျပဳရန္္။

(၁) စိမ္းစားဥ နွင္ ့ႏို ့/ေခ်ာကလက္/ခ်ိဳခ်ဥ္/သပြတ္သီး/ေရွာက္သီး တို ့ျဖင့္တြဲ၍မစားသင့္ပါ။ ေအာ့အန္တတ္ပါသည္။

(၂) စိမ္းစားဥသည္ ေရခဲေခ်ာင္းႏွင့္မတည့္ပါ။ ရင္ၾကပ္ေစပါသည္။

(၃) စိမ္းစာဥထဲတြင္ ေက်ညက္လြယ္ေသာ အမ်ွင္ဓာတ္ပါရွိေသာ္လဲဘဲ၊ လိုအပ္သည္ထက္ ပိုစားမိပါက၊ ေလပြေစႏို္င္ေသာေၾကာင့္ ၀မ္းမီးညံ႔သူမ်ားႏွင့္ သက္ႀကီးရြယ္အိုတို႔ မွ်တရံုသာစားေပးသင့္ပါသည္။

(၄) ဘသဘာ၀အရ ေျမၾကီးထဲတြင္ဥဥေသာ အသီးျဖစ္သျဖင့္၊ ကပ္ပါးပိုးမႊားမ်ားအႏၱရာယ္မွ ကင္းေ၀းေစေအာင္ အခြံႏႊာရံုသာမက၊ ေရစင္စင္ ေဆးျပီးမွသာ စားသံုးသင့္ပါသည္။ မွတ္ခ်က္။

သန္ ့ရွင္းလတ္ဆတ္ေသာ စိမ္းစားဥ၏ အဂၤါရပ္မ်ားမွာ-

(က)လက္ျဖင့္ကို္င္ေျမွာက္ၾကည့္ပါက ေလးလံေန၏။

(ခ)အသီး၏ အပင္ကိုင္္းသည္စိမ္းစိုေနရပါမည္။

(ဂ) အခြံမေျခာက္သင့္ပါ။

ဘာသာျပန္သူ -ေပါက္ေပါက္

By ပိုပိုေဇာ္ (သဘာဝအားအင္)

(Unicode)

စိမ်းစားဥနဲ့ကျန်းမာရေး

တစ်နှစ်မှတခါသာ ပေါ်လေ့ရှိသည့် ရာသီစာ စိမ်းစားဥလေးများကို အေးချမ်းလှသော ဆောင်းရာသီအခါတွင် စားသုံးနိုင်ပါပြီ။ အဖြူရောင် ဟင်းသီးဟင်းရွက်နွယ်ဝင် စိမ်းစာဥတို့သည် အာလူးမျိုးနွယ်ဖြစ်ကြသော်လည်း၊ သူ့ရဲ့ကြီးထွာမှုပုံစံသည် ပဲပင်နှင့် တူသောကြောင့် အချို့အရပ်ဒေသများတွင် “ ပဲစိမ်းစားဥ ” လို့ခေါ်ဆိုကြပါသည်။ မြန်မာပြည်အနှံ့အပြားတွင် ပေါက်လေ့ရှိပြီး၊ အထူး သဖြင့် ရှမ်းပြည်နယ်ထွက် စိမ်းစားဥသည် အရွယ်အစားပိုကြီးကာ အရည်လည်းရွှမ်းပါသည်။ သဘာဝအရသာ အရသာချိုချိုလေးမို့၊ အခွံနွှာ၍သူ့ချည်းဘဲ သွားရည်စာအဖြစ်စားကြသလို၊ ပါးပါးလှီးကာ အစိမ်းကြော် ကြော်စားလေ့ရှိကြပါသည်။

USDA ၏ ဓာတ်ခွဲစမ်းသပ်မှုအရ၊ ၁၀၀ ဂရမ်ရှိသော စိမ်းစားဥထဲတွင်၊ ရေဓာတ်ပေါကြွယ်ဝကာ ခွန်အား ၃၈ ကယ်လိုရီ၊ ကစီဓာတ် ၈.၈၂ ဂရမ်၊ ပရိုတင်း ဝ.၇၂ ဂရမ်၊ သဘာဝအဆီဓာတ် ဝ.၁၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၄.၉ ဂရမ်၊ ဖောလိပ် ၁၂ µg၊ နီအာစင် ဝ.၂၀၀ မီလီဂရမ်၊ Pantothenic အက်ဆစ် ဝ.၁၃၅ မီလီဂရမ်၊ Pyridoxine ဝ.၀၄၂ မီလီဂရမ်၊ ရီဘိုဖလာဗင် ဝ.၀၂၉ မီလီဂရမ်၊ သီအာမင် ဝ.၀၂၀ မီလီဂရမ်၊ ဗီတာမင်အေ ၂၁ IU၊ ဗီတာမင်စီ ၂၀.၂ မီလီဂရမ်၊ ဗီတာမင်အီး ဝ.၄၆ မီလီဂရမ်၊ ဗီတာမင်ကေ ဝ.၃ µg၊ ဆိုဒီယမ် ၄ မီလီဂရမ်၊ ပိုတက်စီယမ် ၁၅၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၂ မီလီဂရမ်၊ ကော့ပါး ဝ.၀၄၈ မီလီဂရမ်၊ သံဓာတ် ဝ.၆၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၂ မီလီဂရမ်၊ မဂ္ဂနီးစ် ဝ.၆၀ မီလီဂရမ်၊ ဇင့် ဝ.၁၆ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၁၃ µg၊ စသည်ဖြင့် လူသားတို့ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင် နှင့်သတ္တုဓာတ်တို့ပါရှိကြပြီး၊ ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရောလုံး၀ မပါရှိပါဘူး။

(1)စိမ်းစားဥထဲတွင်ပါရှိသော oligofructose inulin (ခေါ်) သဘာဝအချိုအရသာ ကစီဓာတ်သည်ပါရှိ၏။ ထိုအချိုဓာတ်ပါရှိသော စိမ်းစားဥကို သင့်တင့်မျှတသောပမာဏ စားသုံးပေးခြင်းဖြင့် ဆီးချို/ သွေးချိုရောဂါသည်များကို ဘေးဥပါသ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။

(2)ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ကူးစက်နာရာသီဖျားများအပြင်၊ အထူးသဖြင့် ကလေး ငယ်များ ပန်းနာရင်ကြပ်ရောဂါကို လျော့ပါးသက်သာလာစေနိုင်ပါသည်။

(3)စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေ သော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။

(4)ကယ်လိုရီလုံးဝမပါရှိသောကြောင့် စိမ်းစားဥကိုစားပေးခြင်းဖြင့်၊ ကိုလက်စထရောပမာဏကိုမျှတစေကာ၊ နှလုံးရောဂါများအပြင်၊ နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ကိုလဲ မဖြစ်စေပါ။

(5)စိမ်းစာဥသည် ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို အလွယ်တကူ မပျက်စီးစေဘဲ၊ ကျန်းမာသန်စွမ်းစေပါသည်။

(6)စိမ်းစားဥထဲတွင် Homocysteine (ခေါ်) အမိုင်နိုအက်ဆက်တစ်မျိုးပါရှိသည့်အတွက် စိမ်းစားဥပုံမှန်စားသုံးသောသူများသည် စိမ်းစားဥလုံးဝမစားသောသူများထက် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ၁၁ % ထိ တိုးတက်ကောင်းမွန်စေကြောင်း WHFoods မှ အတည်ပြုထားပါသည်။

(7)ဗီတာမင်နှင့်သတ္တုဓာတ်များပါရှိသည့်ပြင်၊ ပြင်ပရောဂါကူစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကိုစားပေးခြင်းဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေကြောင်း USDA မှအကြံပြုထားပါသည်။

(8) စိမ်းစားဥထဲတွင် ရေဓာတ် ၈၆% မှ ၉၀% ထိ ကြွယ်ဝစွာပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ပါသည်။ ဆီးလဲ ရွှင်စေပါသည်။

(9) စိမ်းစားဥ၏ အလွန်ကြွပ်ဆပ်သောအသားများက သွားများတွင် အစွန်းအထင်းဖြစ်စေသောမော်လီကျူးများကိုကောင်းစွာ ချေဖျက်ပေးသဖြင့်၊ သွားများဖြူဖွေးသန့်စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

(10) ကိုယ်တွင်းကျန်းမာရေးအတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကိုပါကောင်းကျိုးပြုစေနိုင်၏။ စိမ်းစာဥကိုပါးပါးလှီးပြီး မျက်နှာ အနှံ့ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက်သွားသောအခါ မျက်နှာမှခွာပြီး၊ ရေင်စင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိဆဲလ် အသေများကို ဖယ်ရှားပေးပြီး၊ ချွေးပေါက်များကိုပွင့်စေကာ၊ အသားအရေ ကြည်လင်သန့်စင်လာပါလိမ့်မည်။

သတိပြုရန်။

(၁) စိမ်းစားဥ နှင့်နို့/ချောကလက်/ချိုချဉ်/သပွတ်သီး/ရှောက်သီး တို့ဖြင့်တွဲ၍မစားသင့်ပါ။ အော့အန်တတ်ပါသည်။

(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကြပ်စေပါသည်။

(၃) စိမ်းစာဥထဲတွင် ကျေညက်လွယ်သော အမျှင်ဓာတ်ပါရှိသော်လဲဘဲ၊ လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုတို့ မျှတရုံသာစားပေးသင့်ပါသည်။

(၄) ဘသဘာဝအရ မြေကြီးထဲတွင်ဥဥသော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှားများအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင် ဆေးပြီးမှသာ စားသုံးသင့်ပါသည်။ မှတ်ချက်။

သန့်ရှင်းလတ်ဆတ်သော စိမ်းစားဥ၏ အင်္ဂါရပ်များမှာ-

(က)လက်ဖြင့်ကိုင်မြှောက်ကြည့်ပါက လေးလံနေ၏။

(ခ)အသီး၏ အပင်ကိုင်းသည်စိမ်းစိုနေရပါမည်။

(ဂ) အခွံမခြောက်သင့်ပါ။

ဘာသာပြန်သူ -ပေါက်ပေါက်

By ပိုပိုဇော် (သဘာဝအားအင်)

Leave a Reply

Your email address will not be published. Required fields are marked *