ဗဟုတုသ

သင့် ဇက်ကြောပေါ်သို့ ရေခဲကပ်ခြင်းဖြင့် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးများ…!

သင့် ဇက်ကြောပေါ်သို့ ရေခဲကပ်ခြင်းဖြင့် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးများ…!

====================
====================

တရုတ် အပ်စိုက်ကုထုံးလိုပဲ ရေခဲကုထုံး ကိုလဲ ကျန်းမာရေး ကောင်းကျိုးများအတွက် အသုံးပြုကြပါတယ်။သောက်ဆေးလိမ်းဆေးတွေမသုံးပဲ သဘာဝနည်းလမ်းဖြင့် ကျန်းမာလိုသူများအနေနဲ့ ရေခဲကုထုံးကိုလဲလေ့လာအသုံးပြုသင့်ပါတယ်။

ရေခဲကိုဘယ်နေရာမှာကပ်မလဲ

အိပ်ရာပေါ်တွင် မှောက်အိပ်ပါ။သက်တောင့်သက်တာအနေအထားရှိပါစေ။ဇက်ကြောအလည်တည့်တည့်တွင်ပုံပါအတိုင်း ရေခဲကိုကပ်ပါ။၁၅မိနစ်ကနေမိနစ်၂၀ထားပါ။တစ်နေ့ကို၂ကြိမ်ခန့်ပြုလုပ်သင့်ပါတယ်။

ရေခဲကပ်ခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေရမလဲ

တရုတ်တိုင်းရင်းဆေးပညာအရ ရေခဲကုထုံးက တကိုယ်လုံးကိုအားသစ်ဖြစ်ပေါ်စေပါတယ်။

ခေါင်းကိုက်ဝေဒနာများ

-ဇက်ကြောကိုရေခဲအုံပေးခြင်းဖြင့် အာရုံကြောများကိုနိုးကြားစေပြီးခေါင်းကိုက်ခြင်းကိုသက်သာစေပါတယ်။

အိပ်ပျော်စေခြင်း

-ဇက်ကြောကိုရေခဲကပ်ခြင်းဖြင့် စောစောအိပ်ပျော်စေတဲ့အပြင် နှစ်ခြိုက်စွာအိပ်မောကျစေပါတယ်။ဒါကြောင့် ကျန်းမာရေးကိုကောင်းကျိုးဖြစ်စေပါတယ်။

စိတ်ဖိစီးမှုကျစေခြင်း

-ဇက်ကြောအလည်တည့်တည့်ဟာ စိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကျခြင်းတို့ကို တိုက်ထုတ်ပေးနိုင်သော နေရာတစ်ခုဖြစ်ပါတယ်။ရေခဲပုံမှန်ကပ်ခြင်းဖြင့် စိတ်ပူပန်ခြင်း၊စိတ်ဖိစီးခြင်းတို့ တဖြည်းဖြည်းလျော့ပါးလာမှာ ဖြစ်ပါတယ်

အစာကြေစေခြင်း

-ဇက်ကြောအလည်တည့်တည့်ဟာ အစာမျိုခြင်းနဲ့တံတွေးထုတ်ပေးခြင်းစတဲ့လုပ်ငန်းများကိုလဲ အထောက်အကူပေးတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်အစာကြေစေတဲ့အပြင် ဗိုက်နာခြင်း၊ကြွက်တက်ခြင်းတို့ကိုပါသက်သာစေပါတယ်။

အမျိုးသမီးများ ရာသီဆိုင်ရာပြဿနာများ

-ဦးခေါင်းခွံအောက်ဘက်နေရာနဲ့ရာသီပြသနာတွေဆက်စပ်နေကြောင်းအပ်စိုက်ကုပညာရှင်တို့ တွေ့ရှိထားပါတယ်။ဒါကြောင့် ထိုနေရာကိုရေခဲကပ်ခြင်းဖြင့် ရာသီလာစဉ်နာကျင်ခြင်းကို လျော့ပါးစေတဲ့အပြင် ရာသီလာစဉ် စိတ်တိုခြင်းတို့ကိုလဲ သက်သာစေမှာဖြစ်ပါတယ်။

Credit : Dr Ju

========

Leave a Reply

Your email address will not be published. Required fields are marked *