ဗဟုတုသ

အထိုင္မ်ားျခင္းေၾကာင့္ ျဖစ္ႏုိင္ေသာေရာဂါမ်ား။

(Zawgyi)

အထိုင္မ်ားျခင္းေၾကာင့္ ျဖစ္ႏုိင္ေသာေရာဂါမ်ား။

ယခုေခတ္တြင္ အစည္းအေဝးနာဟု ေခၚေသာ အထိုင္မ်ားျခင္း၊ အေညာင္းမ်ားျခင္း၊ အေၾကာဆိုင္း ျခင္း၊ ေက်ာရိုး၊ ဇက္ေၾကာႏွင့္ ခါးဆစ္မ်ား ေတာင့္တင္းေသာ ေရာဂါမ်ားသည္ အျဖစ္မ်ားေသာ ေရာဂါမ်ား ျဖစ္ေလသည္။ အထူးသျဖင့္ တစ္ေန႔လွ်င္ ၆နာရီထက္ပို၍ အထိုင္မ်ားသူမ်ားတြင္ ေတြ႕ရေလ့ရွိသည္။ အခ်ိဳ႕ သူမ်ားမွာ ခရီးသြားမ်ားသည္။ အေဝးေျပး မွန္လံုကားႀကီးမ်ား ေပၚတြင္ ၆နာရီထက္ ေက်ာ္ေသာ အခ်ိန္မ်ားကို ထိုင္ရင္း၊ အိပ္ရင္း လိုက္ပါရသည္။ ထိုသူမ်ားတြင္ အေၾကာပိတ္ၿပီး ကိုက္ခဲေသာ ေရာဂါအျပင္၊ ၾကာလွ်င္ ထံုက်င္ေရာဂါမ်ားပါ ရတတ္ေလသည္။

ယခုေခတ္တြင္ ကြန္ပ်ဴတာ အသံုးမ်ားလာျခင္း လက္ကိုင္ဖုန္းျဖင့္ လူမႈကြန္ယက္ စာမ်က္ႏွာေခၚ facebook အသံုးမ်ားလာျခင္းေၾကာင့္ လူႀကီးမ်ားတြင္သာမက လူငယ္မ်ားတြင္ပါ အထိုင္မ်ားျခင္းေၾကာင့္ ျဖစ္ေသာေရာဂါ ေဝဒနာမ်ား ခံစားလာရသည္ကို ေတြ႕ရွိရသည္။

စာေရးသူ၏ မိတ္ေဆြ ၿမိဳ႕ေတာ္စည္ပင္မွ ဌာနမွဴးတစ္ဦးသည္ ေန႔စဥ္ တစ္ေန႔လွ်င္ ၆နာရီခန္႔ အစည္းအေဝး ထိုင္ရသည္ဟု ဆိုသည္။ သူ႔တြင္ ခါးနာေရာဂါ၊ ေျခႏွစ္ဘက္ ေညာင္းကိုက္ေသာ ေရာဂါမ်ား ႏွစ္ရွည္စြဲၿမဲ ခံစားေနရသည္။ ယခုႏွစ္တြင္ က်န္းမာေရး ေဆးစစ္ၾကည့္ေသာအခါ အသည္းအဆီဖံုးေရာဂါ၊ ဇက္က်ီးေပါင္းေရာဂါ၊ ခါးက်ီးေပါင္း ေရာဂါမ်ားပါ ေနာက္ဆက္တြဲ ျဖစ္ပြားေနသည္ဟု သိရသည္။ ထို႔အျပင္ မ်က္စိ အျမင္မၾကည္လင္ဘဲ မ်က္မွန္ဒီဂရီလည္း တိုးၿပီးရင္းတိုး ျဖစ္ေနသည္ဟု သူက ညည္းတြားသည္။ အထိုင္ မ်ားေသာ ပုဂၢိဳလ္တိုင္း မလြဲမေသြ ေတြ႕ႀကံဳခံစားရမည့္ ေဝဒနာမ်ား ျဖစ္သည္။

အခ်ိဳ႕သူမ်ားသည္ ေျခေထာက္မ်ား ေညာင္းကိုက္သျဖင့္ ညစဥ္ အိပ္ယာဝင္ခ်ိန္တိုင္း အနင္းအႏွိပ္ ခံရာမွ စြဲသြားသူမ်ား ရွိသည္။ အနင္းအႏွိပ္တြင္ အခိုးထြက္ေအာင္၊ အပူလည္ေအာင္ မနင္းမႏွိပ္ဘဲ ျဖစ္သလို အနင္းအႏွိပ္ ခံျခင္းေၾကာင့္ အထက္သို႔ အခိုးတက္ၿပီး မ်က္စိအျမင္ မၾကည္လင္၊ မ်က္စိမြဲသြားသူမ်ား ရွိသည္။ အနင္းအႏွိပ္ စြဲသြားျခင္းသည္ ေကာင္းက်ိဳးမေပးေပ။

အထက္ပါ ေဝဒနာမ်ားကို ကုစားရန္အတြက္ လြယ္ကူၿပီး ထိေရာက္ေသာ နည္းတစ္နည္းမွာ ေျခကို ဆီျဖင့္ လိမ္းနယ္ျခင္း နည္းပင္ျဖစ္သည္။ ဤနည္းကို ေရွးေခတ္ကပင္ လူမ်ားသာမက၊ ရဟန္းေတာ္မ်ားတြင္ ပင္ အသံုးျပဳခဲ့ၾကသည္။ ဆီလိမ္းရာတြင္ ႏွမ္းဆီႏွင့္ အခ်ိဳ႕က မုန္ညင္းဆီကို အသံုးမ်ားၾကသည္။ အေရွ႕ တိုင္း သားမ်ားတြင္ သံလြင္ဆီကို အသံုးမ်ားၾကသည္။ ေျမပဲဆီကိုမူ ဆီလိမ္းရာတြင္ အသံုးျပဳေလ့ မရွိပါ။ ဆီ လိမ္းရာတြင္လည္း နဂိုကပင္ မီးျဖင့္ က်ိဳခ်က္ထားၿပီး လိမ္းနယ္ျခင္းႏွင့္ လိမ္းနယ္ခါနီးမွ မီးျဖင့္ အပူေပးၿပီး လိမ္းေသာနည္း ဟူ၍ ႏွစ္မ်ိဳးရွိပါသည္။

ေျခကိုဆီလိမ္းျခင္းအက်ိဳး

ေယာမင္းႀကီး ဦးဘိုးလိႈင္၏ နာမည္ေက်ာ္ၾကားေသာ ဥတုေဘာဇန သဂၤဟက်မ္းတြင္ ေဖာ္ျပထားသည္မွာ ေျခကိုဆီျဖင့္ လိမ္းနယ္ျခင္းသည္ ပင္ပန္းျခင္းကို ေပ်ာက္ေစတတ္၏။ အားကို ျဖစ္ေစတတ္၏။ မ်က္စိကို ၾကည္လင္ေစတတ္၏။ အိပ္၍ ေပ်ာ္ေစတတ္၏။ ေျခ၌ျဖစ္ေသာ အနာေရာဂါတို႔ကို ႏိုင္၏။ ဦးေခါင္းမွ မ်က္စိကို အုပ္ဆင္း၍ ေျခမႏွစ္ဖက္တိုင္သြားေသာ အေၾကာႀကီး ႏွစ္ခုတို႔သည္ ရွိကုန္၏။ ထို႔ေၾကာင့္ မ်က္စိၾကည္လင္ေအာင္ ေျခႏွစ္ဘက္ကို ဆီျဖင့္ လိမ္းနယ္ရာ၏ဟု ေရးသား ေဖာ္ျပထားသည္ကို ဖတ္ရႈရသည္။

ထို႔ျပင္ ရဟန္းတို႔၏ ပရိကၡရာ တစ္ဆယ့္ႏွစ္မ်ိဳးတြင္ ေျခနယ္ဆီထည့္ရင္ ဆီဗူးကို ျမတ္စြာဘုရား ခြင့္ ျပဳေတာ္မူသည္။ ျမတ္စြာဘုရားမွ စ၍ ရဟႏၱာ အရွင္သူျမတ္တို႔သည္လည္း ေဒသစာရီ လွည့္လည္လိုလွ်င္ ေျခနယ္ဆီကို ဗူးျဖင့္ ထည့္ယူသြားၿပီး စခန္းခ်တိုင္းခ်တိုင္း ညဥ့္အခါ ေျခေထာက္ကို ဆီျဖင့္ ေသခ်ာစြာနယ္ ၿပီးမွ အိပ္ခါနီးတြင္ ေရစင္ၾကယ္စြာေဆး၍ က်ိန္းစက္ေတာ္မူၾကသည္။

ေျခေထာက္သာမက ကိုယ္လံုးကို ဆီျဖင့္ လိမ္းနယ္ျခင္းသည္ ေလနာ၊ သလိပ္နာ ရွိေသာသူ၌ အ ျမတ္ဆံုးေသာေဆး ျဖစ္သည္။ ကိုယ္ကို ဆီလိမ္းနယ္ျခင္းထက္ ေလနာကို ႏိုင္ေသာေဆးသည္ မရွိ။ ကိုယ္ လက္ေတာင့္တင္းျခင္း၊ ေလးလံျခင္းတို႔ကို ႏိုင္၏။ အေၾကာတို႔ကို ေပ်ာ့ေစတတ္၏။ ဝမ္းမီးကို ေတာက္ေစ၏။ အေရအဆင္းကို လွပေစတတ္၏။ ေရျဖင့္ သြန္းေလာင္းအပ္ေသာ သစ္ပင္သည္ တစ္ေန႔တစ္ျခား တိုးပြား စည္ပင္သကဲ့သို႔ ဆီျဖင့္လိမ္းအပ္ေသာ ကိုယ္သည္လည္း တစ္ေန႔တစ္ျခား စည္ပင္တိုးပြား၏ဟု အက်ယ္တဝံ့ ေရးသား ေဖာ္ျပထားသည္ကို ေတြ႕ရပါသည္။

ေျခေထာက္ကို ဆီလိမ္းရာတြင္ ႏွမ္းဆီ သို႔မဟုတ္ မံုညင္းဆီကို ခပ္ေႏြးေႏြးျဖစ္ေအာင္ မီးျဖင့္ေႏြးၿပီး ေျခသလံုးႏွစ္ဘက္တြင္ စိမ့္ဝင္ေအာင္ လိမ္းပါ။ ညိဳ႕သက်ည္း နံေဘးတြင္ ကပ္လ်က္တည္ေနေသာ ပါဒရက္ ေၾကာမ်ားအတြင္းသို႔ စိမ့္ဝင္ေအာင္ဖိၿပီး လိမ္းနယ္ေပးပါ။ အထက္ေအာက္ အျပန္ျပန္အလွန္လွန္ လိမ္းေပးပါ။

ညအိပ္ယာဝင္ ေျခေဆးျခင္းအက်ိဳး

ညအိပ္ယာဝင္ ေျခေဆးျခင္းျဖင့္ အေၾကာတက္ျခင္းႏွင့္ အေၾကာတင္းပိတ္၍ အခိုးမ်ား အထက္သို႔ တက္ကာ မ်က္စိအျမင္ အာရံုေၾကာကို ထိခိုက္သည့္ ေရာဂါေဝဒနာကို ႀကိဳတင္ကာကြယ္ႏိုင္သည္။ အခ်ိဳ႕ မ်က္စိမေကာင္းသူ ဒူလာပါဒရက္ ေရာဂါရွိသူမ်ားမွာ ေျခဖဝါးဆားပြတ္၍ ဒူးအထက္မွေအာက္သို႔ ေရ ေလာင္းေျခေဆး ညအိပ္ယာဝင္ခ်ိန္တိုင္း ျပဳလုပ္ေပးသျဖင့္ အေညာင္းအကိုက္ ေရာဂါမ်ား သက္သာ ေပ်ာက္ကင္းသည့္အျပင္ မ်က္စိ အတြင္းတိမ္ေရာဂါျဖင့္ ခြဲစိတ္ကုသရမည့္ အေျခအေနမွ ျပန္ေကာင္းသြား သည္ကို ေတြ႕ဖူးသည္။

အခ်ိဳ႕မွာ ေျခဖဝါးဆားပြတ္ ေရေလာင္းရသည္မွာ အလုပ္ရႈပ္သျဖင့္ သစ္သားဇလားခြက္ သို႔မဟုတ္ ဂံုနီအိတ္ အခင္းေပၚတြင္ ဆားၾကမ္းကို ႏွစ္ပိႆာခန္႔ ပံုၿပီး မတ္တပ္ရပ္လ်က္ ေျခႏွစ္ဘက္ျဖင့္ ဆားနင္းၿပီး ေျခဖဝါးတြင္ အပူထြက္လာမွ ဒူးအထက္ ေပါင္လည္ခန္႔မွ ေအာက္သို႔ ေရေလာင္းေျခေဆးသည္။ ဤနည္း မွာလည္း ေရွးလူႀကီးမ်ား ျပဳလုပ္ေနက် ‘ဆားနင္းနည္း’ ျဖစ္သည္။ ဆားနင္းျခင္းေၾကာင့္ ႏွစ္ရွည္စြဲေနေသာ ခါးနာေရာဂါ ေပ်ာက္ကင္းသြားသူကို လက္ေတြ႕ ေတြ႕ဖူးပါသည္။

အခ်ိဳ႕ကလည္း ဆီလိမ္းၿပီးလွ်င္ ေျခေထာက္ကို ေရမေဆးလိုၾက။ အျခားတစ္နည္းမွာ အိပ္ယာမဝင္မီ ေျခႏွစ္ဘက္ကို ဒူးေအာက္ပိုင္းမွ စ၍ ျဖည္းျဖည္းခ်င္း ေရေလာင္းခ်သည္။ အပူကုန္ေအာင္ ေရ(၇)ခြက္၊ (၁၀)ခြက္အထိ ေလာင္းရသည္ဟု ဆိုသည္။ ထို႔ေနာက္ အဝတ္ေျခာက္ျဖင့္ ေျခႏွစ္ဘက္မွ ေရမ်ား ကုန္စင္ ေအာင္ သုတ္ေပးၿပီး ဆီျဖင့္ လိမ္းက်ံျခင္း၊ ဆုပ္နယ္ေပးျခင္း၊ အပူမ်ားထြက္ေအာင္ ဖဝါးတြင္ ႏွိပ္နယ္ေပး ျခင္း ျပဳလုပ္သည္ဟု ဆိုသည္။ ဤသည္မွာလည္း ေကာင္းမြန္ေသာ နည္းတစ္နည္း ျဖစ္သည္။

ေျခခံုႏွင့္ ေျခဖဝါးကို ဆီလိမ္းနယ္ေသာအခါ ေျခခံုတြင္ ေမာက္ေနေသာ ေနရာတြင္ ျမင့္မိုရ္ေၾကာႏွင့္ ေျခဖဝါး ေဘးေစာင္းတြင္ အျပင္ပထဝီေၾကာ၊ ဖဝါးေအာက္ ခ်ိဳင့္ခြက္ေသာ ေနရာတြင္ ဖဝါးေၾကာေခၚ အတြင္း ပထဝီေၾကာမ်ား ရွိသျဖင့္ ၄င္းအေၾကာမ်ား ေပ်ာ့ေျပာင္းလာသည္အထိ လက္မျဖင့္ ဖိ၍၊ ဖိ၍လိမ္းၿပီး ဆုပ္နယ္ ေပးသင့္ေပသည္။

အထိုင္မ်ားျခင္းႏွင့္ ဆီးေရာဂါ

အထိုင္မ်ားသည့္အလုပ္ လုပ္သူမ်ားတြင္ ႏွစ္ၾကာေသာအခါ ျဖစ္ႏိုင္ေခ်ရွိေသာ ေရာဂါမ်ားစြာ ရွိပါ သည္။ ထိုအထဲမွ အျဖစ္မ်ားေသာ ေရာဂါတစ္ခုမွာ ဆီးေရာဂါျဖစ္သည္။ ဆီးေရာဂါသည္ ဆီးပူ၊ ဆီးေအာင့္သည္မွ စတင္ကာ၊ ဆီးေက်ာက္တည္ျခင္းႏွင့္ ေနာက္ဆက္တြဲတြင္ ေက်ာက္ကပ္ေရာဂါ အထိ ျဖစ္ႏိုင္သည္။

တစ္ေလာက ဆီးသြားနည္းၿပီး ခါးေအာက္ပိုင္း ေျခႏွစ္ဖက္ ကိုက္ခဲေနေသာ လူနာတစ္ဦး လာျပရာ ေျခခံုႏွစ္ဘက္တြင္ ေရာင္ၿပီး ေဖာင္းေနသည္ကို ေတြ႕ရသည္။ ေျခေထာက္ ေဖာေရာင္ျခင္းသည္ ေက်ာက္ကပ္ျပႆနာေၾကာင့္ ျဖစ္ႏိုင္သည္။ ေက်ာက္ကပ္မွ ပိုလွ်ံေသာ အရည္မ်ားကို ဆီးအျဖစ္ မစြန္႔ထုတ္လွ်င္ ခႏၶာကိုယ္တြင္ ေဖာေရာင္လာတတ္ည္။ အထူးသျဖင့္ ေျခခံုႏွစ္ဘက္တြင္ စ၍ ေဖာေရာင္ေလ့ ရွိသည္။ ေဖာေရာင္သူ၏ ေျခသလံုး ညိဳ႕သက်ည္း နံေဘးတြင္ ႏွိပ္ၾကည့္လွ်င္ ခြက္က်န္ခဲ့သည္။ ခဏၾကာမွ ျပန္ ေဖာင္းလာသည္ကို ေတြ႕ရေလ့ ရွိသည္။

ေျခႏွစ္ဘက္ ကိုက္ခဲ၍ ေျခခံုတြင္ ေရာင္ေနသူမွာ အတန္အသင့္ဝေသာ အမ်ိဳးသမီးတစ္ဦး ျဖစ္ သည္။ အသက္ ၃၅ႏွစ္ ဝန္းက်င္သာ ရွိေသးသည္။ သူ႔အလုပ္မွာ အေရာင္းအဝယ္ လုပ္ငန္းႀကီး တစ္ခုျဖစ္ ၿပီး တစ္ေနကုန္ ေရာင္းခ်သည့္ စာရင္းမ်ားသည္ ေနာက္တစ္ရက္ ကူး၍မျဖစ္သျဖင့္ည၁၂နာရီအထိ စာရင္း ဇယားမ်ားႏွင့္ ေဘာက္ခ်ာမ်ား စစ္ေဆးရသည္ဟု ဆိုသည္။

စာရင္းဇယား ျပဳလုပ္သူ၏ ေနထိုင္ပံု အေနအထားကုိ ေမးျမန္းၾကည့္ေသာအခါ မိမိအိမ္တြင္ လြတ္ လပ္စြာ ေနထိုင္သည့္ အေနအထားျဖင့္ ထမင္းစားပြဲဝိုင္းတြင္ စာအုပ္မ်ားတင္ၿပီး ၾကမ္းျပင္တြင္ ထိုင္ကာ အလုပ္လုပ္သည့္ အေနအထား ျဖစ္သည္ကို ေတြ႕ရသည္။ စာေရးစားပြဲႏွင့္ ကုလားထိုင္ အသံုးမျပဳဘဲ ၾကမ္း ျပင္တြင္ တင္ပ်ဥ္ေခြၿပီး ၾကာရွည္ ညဥ့္နက္သည္အထိ ထိုင္ျခင္းမွာ မသင့္ေလ်ာ္ေပ။

ထိုသူ၏ အမွားမွာ (၁)အခ်က္ ညစာ ထမင္းစားၿပီးမွ ထိုင္အလုပ္လုပ္သျဖင့္ စားထားေသာ အစာ မ်ားမွာ အစာအိမ္မွာပင္ ရွိေသးသည္။ ဝမ္းဗိုက္ကိုေခါက္ ထိုင္ထားသျဖင့္ အစာမေၾက ျဖစ္ႏိုင္သည္။
(၂) အခ်က္ ဝမ္းဗိုက္ တင္းေနခ်ိန္တြင္ ခါးဆိုင္းေၾကာမ်ားပါ တင္းေနသျဖင့္ ေခါက္ထိုင္ျခင္း၊ တင္ပ်ဥ္ေခြ ထိုင္ ျခင္းေၾကာင့္ ေက်ာက္ကပ္တြင္ အပူခဲျခင္း ျဖစ္တတ္သည္။ တစ္ရက္ ႏွစ္ရက္ႏွင့္ ကိစၥမရွိေသာ္လည္း ရက္မွ လအထိ ၾကာရွည္ အလုပ္လုပ္ေသာအခါ ေက်ာက္ကပ္ႏွင့္ ခါးဆိုင္းေၾကာမ်ားမွာပါ ထိခိုက္လာႏိုင္ေပသည္။
ထိုသူမွာ ပထမပိုင္းတြင္ ဆီးေအာင့္သလို ဆီးပူသလို ျဖစ္လာရာမွ ေနာက္ပိုင္းတြင္ ခါးေတာင့္ျခင္း၊ ခါးနာျခင္း၊ ဆီးသြားနည္းျခင္း၊ ဆီးတြင္ အနည္အႏွစ္ ပါျခင္းမ်ား ျဖစ္လာၿပီးေနာက္ ေျခေထာက္ ေအာက္ပိုင္း တြင္ ေသြးေလမေလွ်ာက္ သကဲ့သို႔ ေဖာင္းၿပီး ေရာင္တင္းျခင္း ျဖစ္လာႏိုင္ေပသည္။

အထိုင္မ်ားသည့္ အလုပ္လုပ္သူမ်ား သတိထားရန္မွာ မည္သည့္ အလုပ္ကိုမဆို ႏွစ္နာရီထက္ ပို၍ ထိုင္ျခင္းသည္ မေကာင္းေပ။ လူႀကီးမ်ားတြင္ပင္ အစည္းအေဝး ေရာဂါဟုေခၚေသာ ဆီးေအာင့္၊ ခါးကိုက္ ေရာဂါ ရႏိုင္သျဖင့္ အစည္းအေဝး ျပဳလုပ္ခ်ိန္ ႏွစ္နာရီထက္ ပိုလုပ္လွ်င္ ေက်ာက္ကပ္ေရာဂါ ရႏိုင္သည္။ ထုိင္သည့္ အေနအထားမွာ ကုလားထိုင္တြင္ ေျခႏွစ္ေခ်ာင္းလံုး တြဲလြဲခ်ထားၿပီး ခါးကို တတ္ႏိုင္သမွ် မတ္ မတ္ထားထိုင္သည့္ အေနအထား ျဖစ္ရမည္။ ခါးကို ကုန္းၿပီး တစ္ျခမ္းေစာင္း ထိုင္ျခင္းသည္ အေနအထား မမွန္ေပ။ ၾကာလွ်င္ ခါးေစာင္းၿပီး ခါးအာရံုေၾကာညပ္ ေရာဂါရႏိုင္သည္။ ေကြးထိုင္ခ်ိန္ ၾကာလွ်င္ ေက်ာက္ ကပ္ကိုလည္း အပူခိုေစႏိုင္သည္။

ေက်ာက္ကပ္ေရာဂါ ရသူမ်ား၏ ေနာက္ဆက္တြဲေရာဂါမွာ ေသြးတိုးေရာဂါဟု ဆိုႏိုင္သည္။ ေက်ာက္ ကပ္မွ ေရမ်ားကို မတြန္းထုတ္သျဖင့္ ေသြးေၾကာမ်ားအတြင္း ေရဓာတ္မ်ားၿပီး ဖိအားတိုးတာ ေသြးတိုးလာရ ျခင္း ျဖစ္သည္။

တိုင္းရင္းေဆး ပညာတြင္ ‘အာေပါအာဗႏၶန’ ေသြးတိုးေရာဂါဟု ေခၚသည္။ (အာေပါအာဗႏၶ န= ေရဓာတ္ ပိတ္ဆို႔ျခင္းေၾကာင့္ ျဖစ္ေသာ ေရာဂါျဖစ္သည္။ ထြက္ေပါက္မရွိျခင္း၊ တစ္ဝဲလည္လည္ ျဖစ္ေန ျခင္း၊ ေသြးေၾကာမ်ား အတြင္းရွိ ေရမ်ားသည္ ဆီးအျဖစ္ ေက်ာက္ကပ္မွ မစြန္႔ပစ္ျခင္းေၾကာင့္ ႏွလံုးေသြး ေၾကာမ်ားအထိ ျပန္သြားၿပီး ေသြးဖိအား တက္လာသည္။ ႏွလံုးက ေသြးသြားေအာင္ ပို၍ညွစ္အား သံုးရ သည္။ ထိုအခါ ေသြးေပါင္ခ်ိန္ ဖိအား တက္လာရေလသည္။ ေက်ာက္ကပ္မွ ဆီးအျဖစ္ စြန္႔မွသာ ေသြးဖိ အား ျပန္က်သြားမည္ ျဖစ္သည္။ ထို႔ေၾကာင့္ အခ်ိဳ႕ ေသြးက်ေဆးမ်ားတြင္ ဆီးေဆး တြဲေပးထားျခင္း ျဖစ္ သည္။)

အထိုင္မ်ားျခင္းေၾကာင့္ ဆီးေရာဂါ၊ ကိုယ္ေရာင္ေရာဂါ၊ ေသြးတုိးေရာဂါမ်ား ျဖစ္ႏိုင္သျဖင့္ ခါးမတ္ ေသာ ထိုင္ခံုျဖင့္ ထိုင္ျခင္း၊ ထိုင္ခ်ိန္ကို ႏွစ္နာရီထက္ မပိုျခင္း၊ ပိုလွ်င္လည္း နာရီဝက္ခန္႔ နားခ်ိန္ေပးၿပီး ခါးဆန္႔ လမ္းေလွ်ာက္ေပးျခင္းမ်ား ျပဳလုပ္သင့္ေၾကာင္း တင္ျပ ေရးသားလိုက္ရေပသည္။

Credit – ၾကည္လြင္ျမင့္ (မုျဒာ)

13.12.2017

Kyi Lwin Myint – Mudra

(Unicode)

အထိုင်များခြင်းကြောင့် ဖြစ်နိုင်သောရောဂါများ။

ယခုခေတ်တွင် အစည်းအဝေးနာဟု ခေါ်သော အထိုင်များခြင်း၊ အညောင်းများခြင်း၊ အကြောဆိုင်း ခြင်း၊ ကျောရိုး၊ ဇက်ကြောနှင့် ခါးဆစ်များ တောင့်တင်းသော ရောဂါများသည် အဖြစ်များသော ရောဂါများ ဖြစ်လေသည်။ အထူးသဖြင့် တစ်နေ့လျှင် ၆နာရီထက်ပို၍ အထိုင်များသူများတွင် တွေ့ရလေ့ရှိသည်။ အချို့ သူများမှာ ခရီးသွားများသည်။ အဝေးပြေး မှန်လုံကားကြီးများ ပေါ်တွင် ၆နာရီထက် ကျော်သော အချိန်များကို ထိုင်ရင်း၊ အိပ်ရင်း လိုက်ပါရသည်။ ထိုသူများတွင် အကြောပိတ်ပြီး ကိုက်ခဲသော ရောဂါအပြင်၊ ကြာလျှင် ထုံကျင်ရောဂါများပါ ရတတ်လေသည်။

ယခုခေတ်တွင် ကွန်ပျူတာ အသုံးများလာခြင်း လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ယက် စာမျက်နှာခေါ် facebook အသုံးများလာခြင်းကြောင့် လူကြီးများတွင်သာမက လူငယ်များတွင်ပါ အထိုင်များခြင်းကြောင့် ဖြစ်သောရောဂါ ဝေဒနာများ ခံစားလာရသည်ကို တွေ့ရှိရသည်။

စာရေးသူ၏ မိတ်ဆွေ မြို့တော်စည်ပင်မှ ဌာနမှူးတစ်ဦးသည် နေ့စဉ် တစ်နေ့လျှင် ၆နာရီခန့် အစည်းအဝေး ထိုင်ရသည်ဟု ဆိုသည်။ သူ့တွင် ခါးနာရောဂါ၊ ခြေနှစ်ဘက် ညောင်းကိုက်သော ရောဂါများ နှစ်ရှည်စွဲမြဲ ခံစားနေရသည်။ ယခုနှစ်တွင် ကျန်းမာရေး ဆေးစစ်ကြည့်သောအခါ အသည်းအဆီဖုံးရောဂါ၊ ဇက်ကျီးပေါင်းရောဂါ၊ ခါးကျီးပေါင်း ရောဂါများပါ နောက်ဆက်တွဲ ဖြစ်ပွားနေသည်ဟု သိရသည်။ ထို့အပြင် မျက်စိ အမြင်မကြည်လင်ဘဲ မျက်မှန်ဒီဂရီလည်း တိုးပြီးရင်းတိုး ဖြစ်နေသည်ဟု သူက ညည်းတွားသည်။ အထိုင် များသော ပုဂ္ဂိုလ်တိုင်း မလွဲမသွေ တွေ့ကြုံခံစားရမည့် ဝေဒနာများ ဖြစ်သည်။

အချို့သူများသည် ခြေထောက်များ ညောင်းကိုက်သဖြင့် ညစဉ် အိပ်ယာဝင်ချိန်တိုင်း အနင်းအနှိပ် ခံရာမှ စွဲသွားသူများ ရှိသည်။ အနင်းအနှိပ်တွင် အခိုးထွက်အောင်၊ အပူလည်အောင် မနင်းမနှိပ်ဘဲ ဖြစ်သလို အနင်းအနှိပ် ခံခြင်းကြောင့် အထက်သို့ အခိုးတက်ပြီး မျက်စိအမြင် မကြည်လင်၊ မျက်စိမွဲသွားသူများ ရှိသည်။ အနင်းအနှိပ် စွဲသွားခြင်းသည် ကောင်းကျိုးမပေးပေ။

အထက်ပါ ဝေဒနာများကို ကုစားရန်အတွက် လွယ်ကူပြီး ထိရောက်သော နည်းတစ်နည်းမှာ ခြေကို ဆီဖြင့် လိမ်းနယ်ခြင်း နည်းပင်ဖြစ်သည်။ ဤနည်းကို ရှေးခေတ်ကပင် လူများသာမက၊ ရဟန်းတော်များတွင် ပင် အသုံးပြုခဲ့ကြသည်။ ဆီလိမ်းရာတွင် နှမ်းဆီနှင့် အချို့က မုန်ညင်းဆီကို အသုံးများကြသည်။ အရှေ့ တိုင်း သားများတွင် သံလွင်ဆီကို အသုံးများကြသည်။ မြေပဲဆီကိုမူ ဆီလိမ်းရာတွင် အသုံးပြုလေ့ မရှိပါ။ ဆီ လိမ်းရာတွင်လည်း နဂိုကပင် မီးဖြင့် ကျိုချက်ထားပြီး လိမ်းနယ်ခြင်းနှင့် လိမ်းနယ်ခါနီးမှ မီးဖြင့် အပူပေးပြီး လိမ်းသောနည်း ဟူ၍ နှစ်မျိုးရှိပါသည်။

ခြေကိုဆီလိမ်းခြင်းအကျိုး

ယောမင်းကြီး ဦးဘိုးလှိုင်၏ နာမည်ကျော်ကြားသော ဥတုဘောဇန သင်္ဂဟကျမ်းတွင် ဖော်ပြထားသည်မှာ ခြေကိုဆီဖြင့် လိမ်းနယ်ခြင်းသည် ပင်ပန်းခြင်းကို ပျောက်စေတတ်၏။ အားကို ဖြစ်စေတတ်၏။ မျက်စိကို ကြည်လင်စေတတ်၏။ အိပ်၍ ပျော်စေတတ်၏။ ခြေ၌ဖြစ်သော အနာရောဂါတို့ကို နိုင်၏။ ဦးခေါင်းမှ မျက်စိကို အုပ်ဆင်း၍ ခြေမနှစ်ဖက်တိုင်သွားသော အကြောကြီး နှစ်ခုတို့သည် ရှိကုန်၏။ ထို့ကြောင့် မျက်စိကြည်လင်အောင် ခြေနှစ်ဘက်ကို ဆီဖြင့် လိမ်းနယ်ရာ၏ဟု ရေးသား ဖော်ပြထားသည်ကို ဖတ်ရှုရသည်။

ထို့ပြင် ရဟန်းတို့၏ ပရိက္ခရာ တစ်ဆယ့်နှစ်မျိုးတွင် ခြေနယ်ဆီထည့်ရင် ဆီဗူးကို မြတ်စွာဘုရား ခွင့် ပြုတော်မူသည်။ မြတ်စွာဘုရားမှ စ၍ ရဟန္တာ အရှင်သူမြတ်တို့သည်လည်း ဒေသစာရီ လှည့်လည်လိုလျှင် ခြေနယ်ဆီကို ဗူးဖြင့် ထည့်ယူသွားပြီး စခန်းချတိုင်းချတိုင်း ညဉ့်အခါ ခြေထောက်ကို ဆီဖြင့် သေချာစွာနယ် ပြီးမှ အိပ်ခါနီးတွင် ရေစင်ကြယ်စွာဆေး၍ ကျိန်းစက်တော်မူကြသည်။

ခြေထောက်သာမက ကိုယ်လုံးကို ဆီဖြင့် လိမ်းနယ်ခြင်းသည် လေနာ၊ သလိပ်နာ ရှိသောသူ၌ အ မြတ်ဆုံးသောဆေး ဖြစ်သည်။ ကိုယ်ကို ဆီလိမ်းနယ်ခြင်းထက် လေနာကို နိုင်သောဆေးသည် မရှိ။ ကိုယ်လက်တောင့်တင်းခြင်း၊ လေးလံခြင်းတို့ကို နိုင်၏။ အကြောတို့ကို ပျော့စေတတ်၏။ ဝမ်းမီးကို တောက်စေ၏။ အရေအဆင်းကို လှပစေတတ်၏။ ရေဖြင့် သွန်းလောင်းအပ်သော သစ်ပင်သည် တစ်နေ့တစ်ခြား တိုးပွား စည်ပင်သကဲ့သို့ ဆီဖြင့်လိမ်းအပ်သော ကိုယ်သည်လည်း တစ်နေ့တစ်ခြား စည်ပင်တိုးပွား၏ဟု အကျယ်တဝံ့ ရေးသား ဖော်ပြထားသည်ကို တွေ့ရပါသည်။

ခြေထောက်ကို ဆီလိမ်းရာတွင် နှမ်းဆီ သို့မဟုတ် မုံညင်းဆီကို ခပ်နွေးနွေးဖြစ်အောင် မီးဖြင့်နွေးပြီး ခြေသလုံးနှစ်ဘက်တွင် စိမ့်ဝင်အောင် လိမ်းပါ။ ညို့သကျည်း နံဘေးတွင် ကပ်လျက်တည်နေသော ပါဒရက်ကြောများအတွင်းသို့ စိမ့်ဝင်အောင်ဖိပြီး လိမ်းနယ်ပေးပါ။ အထက်အောက် အပြန်ပြန်အလှန်လှန် လိမ်းပေးပါ။

ညအိပ်ယာဝင် ခြေဆေးခြင်းအကျိုး

ညအိပ်ယာဝင် ခြေဆေးခြင်းဖြင့် အကြောတက်ခြင်းနှင့် အကြောတင်းပိတ်၍ အခိုးများ အထက်သို့ တက်ကာ မျက်စိအမြင် အာရုံကြောကို ထိခိုက်သည့် ရောဂါဝေဒနာကို ကြိုတင်ကာကွယ်နိုင်သည်။ အချို့ မျက်စိမကောင်းသူ ဒူလာပါဒရက် ရောဂါရှိသူများမှာ ခြေဖဝါးဆားပွတ်၍ ဒူးအထက်မှအောက်သို့ ရေလောင်းခြေဆေး ညအိပ်ယာဝင်ချိန်တိုင်း ပြုလုပ်ပေးသဖြင့် အညောင်းအကိုက် ရောဂါများ သက်သာ ပျောက်ကင်းသည့်အပြင် မျက်စိ အတွင်းတိမ်ရောဂါဖြင့် ခွဲစိတ်ကုသရမည့် အခြေအနေမှ ပြန်ကောင်းသွား သည်ကို တွေ့ဖူးသည်။

အချို့မှာ ခြေဖဝါးဆားပွတ် ရေလောင်းရသည်မှာ အလုပ်ရှုပ်သဖြင့် သစ်သားဇလားခွက် သို့မဟုတ် ဂုံနီအိတ် အခင်းပေါ်တွင် ဆားကြမ်းကို နှစ်ပိဿာခန့် ပုံပြီး မတ်တပ်ရပ်လျက် ခြေနှစ်ဘက်ဖြင့် ဆားနင်းပြီး ခြေဖဝါးတွင် အပူထွက်လာမှ ဒူးအထက် ပေါင်လည်ခန့်မှ အောက်သို့ ရေလောင်းခြေဆေးသည်။ ဤနည်း မှာလည်း ရှေးလူကြီးများ ပြုလုပ်နေကျ ‘ဆားနင်းနည်း’ ဖြစ်သည်။ ဆားနင်းခြင်းကြောင့် နှစ်ရှည်စွဲနေသော ခါးနာရောဂါ ပျောက်ကင်းသွားသူကို လက်တွေ့ တွေ့ဖူးပါသည်။

အချို့ကလည်း ဆီလိမ်းပြီးလျှင် ခြေထောက်ကို ရေမဆေးလိုကြ။ အခြားတစ်နည်းမှာ အိပ်ယာမဝင်မီ ခြေနှစ်ဘက်ကို ဒူးအောက်ပိုင်းမှ စ၍ ဖြည်းဖြည်းချင်း ရေလောင်းချသည်။ အပူကုန်အောင် ရေ(၇)ခွက်၊ (၁၀)ခွက်အထိ လောင်းရသည်ဟု ဆိုသည်။ ထို့နောက် အဝတ်ခြောက်ဖြင့် ခြေနှစ်ဘက်မှ ရေများ ကုန်စင် အောင် သုတ်ပေးပြီး ဆီဖြင့် လိမ်းကျံခြင်း၊ ဆုပ်နယ်ပေးခြင်း၊ အပူများထွက်အောင် ဖဝါးတွင် နှိပ်နယ်ပေး ခြင်း ပြုလုပ်သည်ဟု ဆိုသည်။ ဤသည်မှာလည်း ကောင်းမွန်သော နည်းတစ်နည်း ဖြစ်သည်။

ခြေခုံနှင့် ခြေဖဝါးကို ဆီလိမ်းနယ်သောအခါ ခြေခုံတွင် မောက်နေသော နေရာတွင် မြင့်မိုရ်ကြောနှင့် ခြေဖဝါး ဘေးစောင်းတွင် အပြင်ပထဝီကြော၊ ဖဝါးအောက် ချိုင့်ခွက်သော နေရာတွင် ဖဝါးကြောခေါ် အတွင်း ပထဝီကြောများ ရှိသဖြင့် ၎င်းအကြောများ ပျော့ပြောင်းလာသည်အထိ လက်မဖြင့် ဖိ၍၊ ဖိ၍လိမ်းပြီး ဆုပ်နယ် ပေးသင့်ပေသည်။

အထိုင်များခြင်းနှင့် ဆီးရောဂါ

အထိုင်များသည့်အလုပ် လုပ်သူများတွင် နှစ်ကြာသောအခါ ဖြစ်နိုင်ချေရှိသော ရောဂါများစွာ ရှိပါ သည်။ ထိုအထဲမှ အဖြစ်များသော ရောဂါတစ်ခုမှာ ဆီးရောဂါဖြစ်သည်။ ဆီးရောဂါသည် ဆီးပူ၊ ဆီးအောင့်သည်မှ စတင်ကာ၊ ဆီးကျောက်တည်ခြင်းနှင့် နောက်ဆက်တွဲတွင် ကျောက်ကပ်ရောဂါ အထိ ဖြစ်နိုင်သည်။

တစ်လောက ဆီးသွားနည်းပြီး ခါးအောက်ပိုင်း ခြေနှစ်ဖက် ကိုက်ခဲနေသော လူနာတစ်ဦး လာပြရာ ခြေခုံနှစ်ဘက်တွင် ရောင်ပြီး ဖောင်းနေသည်ကို တွေ့ရသည်။ ခြေထောက် ဖောရောင်ခြင်းသည် ကျောက်ကပ်ပြဿနာကြောင့် ဖြစ်နိုင်သည်။ ကျောက်ကပ်မှ ပိုလျှံသော အရည်များကို ဆီးအဖြစ် မစွန့်ထုတ်လျှင် ခန္ဓာကိုယ်တွင် ဖောရောင်လာတတ်သည်။ အထူးသဖြင့် ခြေခုံနှစ်ဘက်တွင် စ၍ ဖောရောင်လေ့ ရှိသည်။ ဖောရောင်သူ၏ ခြေသလုံး ညို့သကျည်း နံဘေးတွင် နှိပ်ကြည့်လျှင် ခွက်ကျန်ခဲ့သည်။ ခဏကြာမှ ပြန်ဖောင်းလာသည်ကို တွေ့ရလေ့ ရှိသည်။

ခြေနှစ်ဘက် ကိုက်ခဲ၍ ခြေခုံတွင် ရောင်နေသူမှာ အတန်အသင့်ဝသော အမျိုးသမီးတစ်ဦး ဖြစ် သည်။ အသက် ၃၅နှစ် ဝန်းကျင်သာ ရှိသေးသည်။ သူ့အလုပ်မှာ အရောင်းအဝယ် လုပ်ငန်းကြီး တစ်ခုဖြစ် ပြီး တစ်နေကုန် ရောင်းချသည့် စာရင်းများသည် နောက်တစ်ရက် ကူး၍မဖြစ်သဖြင့် ည၁၂နာရီအထိ စာရင်းဇယားများနှင့် ဘောက်ချာများ စစ်ဆေးရသည်ဟု ဆိုသည်။

စာရင်းဇယား ပြုလုပ်သူ၏ နေထိုင်ပုံ အနေအထားကို မေးမြန်းကြည့်သောအခါ မိမိအိမ်တွင် လွတ် လပ်စွာ နေထိုင်သည့် အနေအထားဖြင့် ထမင်းစားပွဲဝိုင်းတွင် စာအုပ်များတင်ပြီး ကြမ်းပြင်တွင် ထိုင်ကာ အလုပ်လုပ်သည့် အနေအထား ဖြစ်သည်ကို တွေ့ရသည်။ စာရေးစားပွဲနှင့် ကုလားထိုင် အသုံးမပြုဘဲ ကြမ်း ပြင်တွင် တင်ပျဉ်ခွေပြီး ကြာရှည် ညဉ့်နက်သည်အထိ ထိုင်ခြင်းမှာ မသင့်လျော်ပေ။

ထိုသူ၏ အမှားမှာ (၁)အချက် ညစာ ထမင်းစားပြီးမှ ထိုင်အလုပ်လုပ်သဖြင့် စားထားသော အစာ များမှာ အစာအိမ်မှာပင် ရှိသေးသည်။ ဝမ်းဗိုက်ကိုခေါက် ထိုင်ထားသဖြင့် အစာမကြေ ဖြစ်နိုင်သည်။
(၂) အချက် ဝမ်းဗိုက် တင်းနေချိန်တွင် ခါးဆိုင်းကြောများပါ တင်းနေသဖြင့် ခေါက်ထိုင်ခြင်း၊ တင်ပျဉ်ခွေ ထိုင် ခြင်းကြောင့် ကျောက်ကပ်တွင် အပူခဲခြင်း ဖြစ်တတ်သည်။ တစ်ရက် နှစ်ရက်နှင့် ကိစ္စမရှိသော်လည်း ရက်မှ လအထိ ကြာရှည် အလုပ်လုပ်သောအခါ ကျောက်ကပ်နှင့် ခါးဆိုင်းကြောများမှာပါ ထိခိုက်လာနိုင်ပေသည်။ ထိုသူမှာ ပထမပိုင်းတွင် ဆီးအောင့်သလို ဆီးပူသလို ဖြစ်လာရာမှ နောက်ပိုင်းတွင် ခါးတောင့်ခြင်း၊ ခါးနာခြင်း၊ ဆီးသွားနည်းခြင်း၊ ဆီးတွင် အနည်အနှစ် ပါခြင်းများ ဖြစ်လာပြီးနောက် ခြေထောက် အောက်ပိုင်း တွင် သွေးလေမလျှောက် သကဲ့သို့ ဖောင်းပြီး ရောင်တင်းခြင်း ဖြစ်လာနိုင်ပေသည်။

အထိုင်များသည့် အလုပ်လုပ်သူများ သတိထားရန်မှာ မည်သည့် အလုပ်ကိုမဆို နှစ်နာရီထက် ပို၍ ထိုင်ခြင်းသည် မကောင်းပေ။ လူကြီးများတွင်ပင် အစည်းအဝေး ရောဂါဟုခေါ်သော ဆီးအောင့်၊ ခါးကိုက် ရောဂါ ရနိုင်သဖြင့် အစည်းအဝေး ပြုလုပ်ချိန် နှစ်နာရီထက် ပိုလုပ်လျှင် ကျောက်ကပ်ရောဂါ ရနိုင်သည်။ ထိုင်သည့် အနေအထားမှာ ကုလားထိုင်တွင် ခြေနှစ်ချောင်းလုံး တွဲလွဲချထားပြီး ခါးကို တတ်နိုင်သမျှ မတ် မတ်ထားထိုင်သည့် အနေအထား ဖြစ်ရမည်။ ခါးကို ကုန်းပြီး တစ်ခြမ်းစောင်း ထိုင်ခြင်းသည် အနေအထား မမှန်ပေ။ ကြာလျှင် ခါးစောင်းပြီး ခါးအာရုံကြောညပ် ရောဂါရနိုင်သည်။ ကွေးထိုင်ချိန် ကြာလျှင် ကျောက် ကပ်ကိုလည်း အပူခိုစေနိုင်သည်။

ကျောက်ကပ်ရောဂါ ရသူများ၏ နောက်ဆက်တွဲရောဂါမှာ သွေးတိုးရောဂါဟု ဆိုနိုင်သည်။ ကျောက် ကပ်မှ ရေများကို မတွန်းထုတ်သဖြင့် သွေးကြောများအတွင်း ရေဓာတ်များပြီး ဖိအားတိုးတာ သွေးတိုးလာရ ခြင်း ဖြစ်သည်။

တိုင်းရင်းဆေး ပညာတွင် ‘အာပေါအာဗန္ဓန’ သွေးတိုးရောဂါဟု ခေါ်သည်။ (အာပေါအာဗန္ဓ န= ရေဓာတ် ပိတ်ဆို့ခြင်းကြောင့် ဖြစ်သော ရောဂါဖြစ်သည်။ ထွက်ပေါက်မရှိခြင်း၊ တစ်ဝဲလည်လည် ဖြစ်နေ ခြင်း၊ သွေးကြောများ အတွင်းရှိ ရေများသည် ဆီးအဖြစ် ကျောက်ကပ်မှ မစွန့်ပစ်ခြင်းကြောင့် နှလုံးသွေး ကြောများအထိ ပြန်သွားပြီး သွေးဖိအား တက်လာသည်။ နှလုံးက သွေးသွားအောင် ပို၍ညှစ်အား သုံးရ သည်။ ထိုအခါ သွေးပေါင်ချိန် ဖိအား တက်လာရလေသည်။ ကျောက်ကပ်မှ ဆီးအဖြစ် စွန့်မှသာ သွေးဖိ အား ပြန်ကျသွားမည် ဖြစ်သည်။ ထို့ကြောင့် အချို့ သွေးကျဆေးများတွင် ဆီးဆေး တွဲပေးထားခြင်း ဖြစ် သည်။)

အထိုင်များခြင်းကြောင့် ဆီးရောဂါ၊ ကိုယ်ရောင်ရောဂါ၊ သွေးတိုးရောဂါများ ဖြစ်နိုင်သဖြင့် ခါးမတ် သော ထိုင်ခုံဖြင့် ထိုင်ခြင်း၊ ထိုင်ချိန်ကို နှစ်နာရီထက် မပိုခြင်း၊ ပိုလျှင်လည်း နာရီဝက်ခန့် နားချိန်ပေးပြီး ခါးဆန့် လမ်းလျှောက်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း တင်ပြ ရေးသားလိုက်ရပေသည်။

Credit – ကြည်လွင်မြင့် (မုဒြာ)

13.12.2017

Kyi Lwin Myint – Mudra’

Leave a Reply

Your email address will not be published. Required fields are marked *