ဗဟုတုသ

ဆေးလိပ်သောက်ခြင်းဖြင့် မျိုးအောင်ခြင်းနဲ့ ကလေးရနိုင်ခြင်းကို ဘယ်လိုပျက်စီး ထိခိုက်စေသလဲ

ဆေးလိပ်သောက်ခြင်းဖြင့် မျိုးအောင်ခြင်းနဲ့ ကလေးရနိုင်ခြင်းကို ဘယ်လိုပျက်စီး ထိခိုက်စေသလဲ

====================
====================

ကလေးယူဖို့ စိုးရိမ်မှုရှိနေတဲ့ စုံတွဲတွေရဲ့ သန္ဓေအောင်ခြင်းနဲ့ ပတ်သက်လို့ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးများကို မျိုးပွားမှုပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Ranjana Dhanu ဆိုသူက မီးမောင်းထိုးပြထားပါတယ်။

ဆေးလိပ်သောက်ခြင်းက စုံတွဲနှစ်ဦးစလုံးကို ဆိုးရွားစွာ ထိခိုက်စေပြီး တဆင့်ရှူမိသူများလည်း အန္တရာယ်ဖြစ်စေကြောင်း လေ့လာမှုအချို့မှာ ဖော်ပြထားပါတယ်။

ဆေးလိပ်သောက်ခြင်းဖြင့် အမျိုးသမီးများရဲ့ မျိုးပွားစနစ်ဘယ်လို ထိခိုက်စေပါသလဲ

· ရာသီနဲ့ သန္ဓေတည်ခြင်း လုပ်ငန်းပုံမှန် အလုပ်မလုပ်ခြင်း

· အချိန်မတိုင်ခင် သွေးဆုံးခြင်း

· ကိုယ်ဝန်ပျက်ခြင်း

· ကလေးရဲ့မျိုးရိုးဗီဇ ချွတ်ယွင်းမှုရှိခြင်း

· ဖွံ့ဖြိုးမှုနည်းခြင်းနဲ့ အချိန်မတိုင်မှီ စော၍မွေးဖွားခြင်း

· မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်ဆက်လက်သောက်နေပါက သားအိမ်အတွင်းကလေး သေဆုံးခြင်း

အထက်ပါဖော်ပြထားတဲ့ ဆိုးကျိုးအများစုဟာ နီကိုတင်းကြောင့်ဖြစ်ပြီး တီးများအတွင်းအောက်ဆီဂျင် ဝင်ရောက်မှုကို လျော့နည်းစေပါတယ်။

ဆေးလိပ်သောက်ခြင်းဖြင့် အမျိုးသားများရဲ့ မျိုးပွားစနစ်ဘယ်လို ထိခိုက်စေသလဲ

ဆေးလိပ်သောက်ခြင်းက သုက်ပိုးကူးခတ်သွားလာနိုင်မှု၊ ထိုးဖေါက်ဝင်ရောက်နိုင်မှုနဲ့ မျိုးပွားမှုကို ထိခိုက်စေတယ်။ ဒါ့ကြောင့် အမျိုးသားများ သန္ဓေမအောင်ဖြစ်စေပါတယ်။ အချို့အမျိုးသားတွေမှာ သုက်ရေမထွက်တာ၊ သုက်ပိုးလျော့နည်းလာတွေလည်းဖြစ်လာနိုင်ပါတယ်။

Trend Myanmar

==========

Leave a Reply

Your email address will not be published. Required fields are marked *