ဗဟုတုသ

အိပ္ေပ်ာ္ေနစဥ္သြားရည္က်ရျခင္းအေၾကာင္းရင္းနွင့္ ကာကြယ္နည္းလမ္းမ်ား

(Zawgyi)

အိပ္ေပ်ာ္ေနစဥ္သြားရည္က်ရျခင္းအေၾကာင္းရင္းနွင့္ ကာကြယ္နည္းလမ္းမ်ား

အိပ္ေပ်ာ္ေနစဥ္သြားရည္က်ျခင္းဟာ ပါးစပ္ထဲမွာ သြားေရမ်ားလာျခင္းေၾကာင့္ျဖစ္ျပီး ကၽြန္ေတာ္တို႕ေတြအားလုံး အနည္းဆုံးတစ္ၾကိမ္ေတာ့ျဖစ္ဖူးၾကမယ္ထင္ပါတယ္။ ဒါေပမယ့္ သြားရည္က်ျခင္းဟာ ပုံမွန္လုိလုိ အမ်ားၾကီးက်ေနမယ္ဆုိုရင္ ဒါဟာ ေရာဂါတစ္ခုရဲ႕လကၡဏာ (သို႕) ကုိယ္တြင္းမွာပုံမွန္မဟုတ္တဲ႕အရာတစ္ခုျဖစ္ေနတာေၾကာင့္ျဖစ္ပါတယ္။ ဒီေနရာမွာေတာ့ အိပ္ေပ်ာ္ေနစဥ္ သြားရည္က်ျခင္းေနာက္ကြယ္က အေၾကာင္းအရင္းေတြနဲ႕ ဘယ္လုိရပ္တံ႕သြားေအာင္ လုပ္နုိင္လဲဆုိတဲ႕နည္းလမ္းေတြကုိေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ဘာေၾကာင့္သြားရည္က်လဲ

ကၽြန္ေတာ္တုိ႕အိပ္ေပ်ာ္သြားတဲ႕အခါ မ်က္နွာျပင္ၾကြက္သားေတြနဲ႕ ျမိဳခ်မႈလူပ္ရွားမႈေတြဟာ လုံးဝအပန္းေျပသြားၾကပါတယ္။ ဒါေပမယ့္ သြားရည္ကေတာ့ အိပ္ေပ်ာ္ေနစဥ္မွာ စုေဆာင္းမိလာတဲ႕အတြက္ အပန္းေျပေနတဲ႕မ်က္နွာျပင္ၾကြက္သားေတြဟာလဲ အနည္းငယ္ဖြင့္ဟမိလာတာေၾကာင့္ သြားရည္တစ္စက္စက္က်လာရျခင္းျဖစ္ပါတယ္။ Hypersalivation လုိ႕ေခၚတဲ႕အလြန္အကၽြံသြားရည္က်ျခင္းကေတာ့ Neurological disease (သုိ႕) နွာပိတ္ျခင္း ရဲ႕ လကၡဏာလဲျဖစ္နုိင္ပါတယ္။ ဒါ႕အျပင္ ေသြးေၾကာပိတ္ေရာဂါလုိမ်ဳိး အျခားေသာ က်န္းမာေရးျပႆနာရွိသူေတြဟာလဲ သြားရည္ အမ်ားအျပားက်တတ္ၾကပါတယ္။

သြားရည္က်ျခင္းကုိ ဘယ္လုိေလ်ာ့ခ်မလဲ…?

နွာပိတ္ျခင္း မျဖစ္ပါေစနွင့္

နွာပိတ္တဲ႕သူေတြဟာ ပါးစပ္ကအသက္ရူရတဲ႕အတြက္ သြားရည္က်ျခင္း ျဖစ္လာရတာျဖစ္ပါတယ္။ နွာပိတ္ျခင္းကုိ ကူညီေပးနုိင္တဲ႕နည္းလမ္းေတြကေတာ့ –

ေရေႏြးနွင့္ေရခ်ဳိးျခင္းဟာ နွာေခါင္းကုိ ပြင့္ေစျပီး ညဘက္အသက္ရူျခင္းကုိ ပုံမွန္ျဖစ္ေစပါတယ္။ ယူကလစ္အဆီပါဝင္တဲ႕ Essential Oil ေတြဟာလဲ အသက္ရူမႈကုိ ေကာင္းမြန္္ေအာင္ကူညီေပးနုိင္ျပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။
နွာေခါင္းပြင့္ျပီး အသက္ရူမႈေကာင္းမြန္ေအာင္ကူညီေပးနုိင္သည့္ ထုတ္ကုန္ေတြကုိအသုံးျပဳပါ။

အိပ္စက္ျခင္းပုံစံေျပာင္းပါ

ပက္လက္အိပ္စက္ျခင္းဟာ အိပ္စက္ေနစဥ္ ပါးစပ္ထဲကသြားရည္ေတြကုိ အတြင္းမွာပဲထိန္းထားနုိင္တာေၾကာင့္ သြားရည္မက်ေတာ့ဘူးဆုိတာလူတုိင္းသေဘာတူၾကမယ္ထင္ပါတယ္။ ဒါေပမယ့္ ေမွာက္လ်က္အိပ္စက္ျခင္းကေတာ့ ဒီသေဘားထားနဲ႕ေျပာင္းျပန္ျဖစ္ပါတယ္။

ဝိတ္ခ်ပါ

အိပ္စက္ေနခ်ိန္ အသက္ရူမႈမေခ်ာေမြ႕ျခင္းနဲ႕ အိပ္စက္မႈကစဥ့္ကလ်ားျဖစ္ျခင္းေတြဟာ ဝိတ္တက္လာတာေၾကာင့္နဲ႕လဲအမ်ားၾကီးသက္ဆုိင္ပါတယ္။ အေမရိကန္နုိင္ငံလူဦးေရရဲ႕ တစ္ဝက္ေက်ာ္ခန္႕ဟာ အိပ္စက္မႈျပႆနာေတြနဲ႕ရင္ဆုိင္ေနရျပီး သူတုိ႕ေတြဟာ အဝလြန္ေနသူမ်ားျဖစ္ၾကပါတယ္။

ေခါင္းေမာ့ထားပါ

အိပ္စက္ေနစဥ္ ေခါင္းအုံးအျမင့္သုံးျခင္းဟာလဲ သြားရည္က်ျခင္းကုိ ေလ်ာ့ခ်ေပးနုိင္ပါတယ္။ ဒါေၾကာင့္ မအိပ္ခင္ ေခါင္းအုံးေလး ေဖာင္းေဖာင္းေလးျဖစ္ေနျပီးသက္ေတာင့့္သက္သာျဖစ္ေနဖုိ႕ ဂရုစုိက္သင့္ပါတယ္။

Credit – Mingalarbar Morning Health

(Unicode)

အိပ်ပျော်နေစဉ် သွားရည်ကျရခြင်းအကြောင်းရင်းနှင့် ကာကွယ်နည်းလမ်းများ

အိပ်ပျော်နေစဉ်သွားရည်ကျခြင်းဟာ ပါးစပ်ထဲမှာ သွားရေများလာခြင်းကြောင့်ဖြစ်ပြီး ကျွန်တော်တို့တွေအားလုံး အနည်းဆုံးတစ်ကြိမ်တော့ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် သွားရည်ကျခြင်းဟာ ပုံမှန်လိုလို အများကြီးကျနေမယ်ဆိုရင် ဒါဟာ ရောဂါတစ်ခုရဲ့လက္ခဏာ (သို့) ကိုယ်တွင်းမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ ဒီနေရာမှာတော့ အိပ်ပျော်နေစဉ် သွားရည်ကျခြင်းနောက်ကွယ်က အကြောင်းအရင်းတွေနဲ့ ဘယ်လိုရပ်တံ့သွားအောင် လုပ်နိုင်လဲဆိုတဲ့နည်းလမ်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဘာကြောင့်သွားရည်ကျလဲ

ကျွန်တော်တို့အိပ်ပျော်သွားတဲ့အခါ မျက်နှာပြင်ကြွက်သားတွေနဲ့ မြိုချမှုလူပ်ရှားမှုတွေဟာ လုံးဝအပန်းပြေသွားကြပါတယ်။ ဒါပေမယ့် သွားရည်ကတော့ အိပ်ပျော်နေစဉ်မှာ စုဆောင်းမိလာတဲ့အတွက် အပန်းပြေနေတဲ့မျက်နှာပြင်ကြွက်သားတွေဟာလဲ အနည်းငယ်ဖွင့်ဟမိလာတာကြောင့် သွားရည်တစ်စက်စက်ကျလာရခြင်းဖြစ်ပါတယ်။ Hypersalivation လို့ခေါ်တဲ့အလွန်အကျွံသွားရည်ကျခြင်းကတော့ Neurological disease (သို့) နှာပိတ်ခြင်း ရဲ့ လက္ခဏာလဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သွေးကြောပိတ်ရောဂါလိုမျိုး အခြားသော ကျန်းမာရေးပြဿနာရှိသူတွေဟာလဲ သွားရည် အများအပြားကျတတ်ကြပါတယ်။

သွားရည်ကျခြင်းကို ဘယ်လိုလျော့ချမလဲ…?

နှာပိတ်ခြင်း မဖြစ်ပါစေနှင့်

နှာပိတ်တဲ့သူတွေဟာ ပါးစပ်ကအသက်ရူရတဲ့အတွက် သွားရည်ကျခြင်း ဖြစ်လာရတာဖြစ်ပါတယ်။ နှာပိတ်ခြင်းကို ကူညီပေးနိုင်တဲ့နည်းလမ်းတွေကတော့ –

ရေနွေးနှင့်ရေချိုးခြင်းဟာ နှာခေါင်းကို ပွင့်စေပြီး ညဘက်အသက်ရူခြင်းကို ပုံမှန်ဖြစ်စေပါတယ်။ ယူကလစ်အဆီပါဝင်တဲ့ Essential Oil တွေဟာလဲ အသက်ရူမှုကို ကောင်းမွန်အောင်ကူညီပေးနိုင်ပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။
နှာခေါင်းပွင့်ပြီး အသက်ရူမှုကောင်းမွန်အောင်ကူညီပေးနိုင်သည့် ထုတ်ကုန်တွေကိုအသုံးပြုပါ။

အိပ်စက်ခြင်းပုံစံပြောင်းပါ

ပက်လက်အိပ်စက်ခြင်းဟာ အိပ်စက်နေစဉ် ပါးစပ်ထဲကသွားရည်တွေကို အတွင်းမှာပဲထိန်းထားနိုင်တာကြောင့် သွားရည်မကျတော့ဘူးဆိုတာလူတိုင်းသဘောတူကြမယ်ထင်ပါတယ်။ ဒါပေမယ့် မှောက်လျက်အိပ်စက်ခြင်းကတော့ ဒီသဘေားထားနဲ့ပြောင်းပြန်ဖြစ်ပါတယ်။

ဝိတ်ချပါ

အိပ်စက်နေချိန် အသက်ရူမှုမချောမွေ့ခြင်းနဲ့ အိပ်စက်မှုကစဉ့်ကလျားဖြစ်ခြင်းတွေဟာ ဝိတ်တက်လာတာကြောင့်နဲ့လဲအများကြီးသက်ဆိုင်ပါတယ်။ အမေရိကန်နိုင်ငံလူဦးရေရဲ့ တစ်ဝက်ကျော်ခန့်ဟာ အိပ်စက်မှုပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး သူတို့တွေဟာ အဝလွန်နေသူများဖြစ်ကြပါတယ်။

ခေါင်းမော့ထားပါ

အိပ်စက်နေစဉ် ခေါင်းအုံးအမြင့်သုံးခြင်းဟာလဲ သွားရည်ကျခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင် ခေါင်းအုံးလေး ဖောင်းဖောင်းလေးဖြစ်နေပြီးသက်တောင့်သက်သာဖြစ်နေဖို့ ဂရုစိုက်သင့်ပါတယ်။

Credit – Mingalarbar Morning Health

Leave a Reply

Your email address will not be published. Required fields are marked *