ဗဟုတုသ

ခႏၶာကိုယ္မွမလိုအပ္တဲ့အေမႊးအမွ်င္ေတြကို ရိုးရွင္းတဲ့နည္းေတြနဲ႕ဖယ္ရွားလိုက္ရေအာင္

(Zawgyi)

ခႏၶာကိုယ္မွမလိုအပ္တဲ့အေမႊးအမွ်င္ေတြကို ရိုးရွင္းတဲ့နည္းေတြနဲ႕ဖယ္ရွားလိုက္ရေအာင္

ကၽြႏ္ုပ္တို႕ခႏၶာကိုယ္မွာ အေမႊးအမွ်င္ေတြရွိလို႕ စိတ္ညစ္ေနပါသလား။ အထူးသျဖင့္ လက္နဲ႕ေျခေထာက္ေတြမွာ အေမႊးအမွ်င္မ်ားတဲ့အခါမ်ိဳးျဖစ္ပါတယ္။ အဲဒီအတြက္ ကၽြႏ္ုပ္တို႕လုပ္ဖို႕လုိတာက မီးဖိုေခ်ာင္ထဲရွိ အစြမ္းထက္ ပစၥည္းေတြတစ္ခ်ိဳ႕နဲ႕ မလိုအပ္တဲ့အေမႊးအမွ်င္ေတြကို ဖယ္ရွားပစ္ဖို႕ျဖစ္ပါတယ္။ အစြမ္းထက္တဲ့ အိမ္တြင္းနည္းလမ္းတစ္ခ်ိဳ႕ကို ျကည့္လိုက္ျကရေအာင္….

သျကားနဲ႕သံပယိုသီး

သျကားနဲ႕သံပယိုအရည္ စားပြဲတင္ဇြန္း၂ဇြန္းစီကို ေရ စားပြဲတင္ဇြန္း၈-၉ဇြန္းနဲ႕ေရာစပ္လိုက္ပါ။ ဒီေရာစပ္မႈတို႕ကို ပြက္ပြက္ဆူလာသည့္အထိ အပူေပးလိုက္ျပီး အဲဒီေနာက္ အေအးခံထားလိုက္ပါ။ အေမႊးအမွ်င္ရွိတဲ့ေနရာေတြမွာ လိမ္းလိုက္ျပီး ၂၀-၂၅မိနစ္ခန္႕ထားရမွာျဖစ္ပါတယ္။ စက္ဝိုင္းပံုစံလွည့္ျပီးပြတ္ေပးရင္း ေရနဲ႕ေဆးေျကာပစ္ရမွာျဖစ္ပါတယ္။

ပ်ားရည္နဲ႕သံပယိုသီး

ဒါကေတာ့ ေနာက္ထပ္ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ သျကားနဲ႕သံပယိုအရည္ စားပြဲတင္ဇြန္း၂ဇြန္းနဲ႕ ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္းတို႕ကို ေရာစပ္လိုက္ရမွာျဖစ္ပါတယ္။ သံုးမိနစ္ခန္႕ အပူေပးလိုက္ျပီး လုိအပ္ရင္ ေရာစပ္မႈ က်ဲသြားေအာင္ ေရထည့္ေပးပါ။ အေအးခံျပီးသြားတာနဲ႕ အေမႊးအမွ်င္ရွိတဲ့ေနရာကို လိမ္းလိုက္ျပီး အေမႊးအမွ်င္ေပါက္တဲ့directionအတိုင္း ျဖန္႕လိုက္ပါ။ ထို႕ေနာက္ ခ်ည္ထည္အဝတ္အစားကို အသံုးျပဳျပီး အေမႊးအမွ်င္ေပါက္တဲ့ဆန္႕က်င္ဘက္directionနဲ႕ ဖယ္ရွားပစ္ရမွာျဖစ္ပါတယ္။

အုတ္ဂ်ံဳမႈန္႕နဲ႕ငွက္ေပ်ာသီး

ဒီနည္းက အေတာ္ေလးအသံုးဝင္ပါတယ္။ ငွက္ေပ်ာသီးအမွည့္တစ္လံုးနဲ႕ အုတ္ဂ်ံဳမႈန္႕ စားပြဲတင္ဇြန္းႏွစ္ဇြန္းတို႕ကို အေရာအေႏွာလုပ္ရမွာျဖစ္ပါတယ္။ အေမႊးအမွ်င္ရွိတဲ့ေနရာေတြကို လိမ္းလိုက္ျပီး ၁၅မိနစ္ေလာက္ ႏွိပ္နယ္လိုက္ျပီးေနာက္ ေရနဲ႕ သန္႕စင္လိုက္ရမွာျဖစ္ပါတယ္။

ျကက္ဥအကာနဲ႕ေျပာင္းဖူးမႈန္႕

ေျပာင္းဖူးမႈန္႕၊ သျကားတို႕ကို စားပြဲတင္ဇြန္း၁ဇြန္းစီနဲ႕ျကက္ဥအကာတို႕ကို ေရာစပ္လိုက္ပါ။ မလိုအပ္တဲ့အေမႊးအမွ်င္ေတြရွိတဲ့ေနရာမွာ လိမ္းလိုက္ျပီး ေျခာက္သြားတဲ့အခါ ခြာလိုက္ရမွာျဖစ္ပါတယ္။ ဒါကေတာ့ အေတာ္ေလးကို ရိုးရွင္းပါတယ္ေနာ္။

Credit – Mingalarbar Morning Health

(Unicode)

ခန္ဓာကိုယ်မှ မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ရိုးရှင်းတဲ့နည်းတွေနဲ့ဖယ်ရှားလိုက်ရအောင်

ကျွန်ုပ်တို့ခန္ဓာကိုယ်မှာ အမွှေးအမျှင်တွေရှိလို့ စိတ်ညစ်နေပါသလား။ အထူးသဖြင့် လက်နဲ့ခြေထောက်တွေမှာ အမွှေးအမျှင်များတဲ့အခါမျိုးဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်ုပ်တို့လုပ်ဖို့လိုတာက မီးဖိုချောင်ထဲရှိ အစွမ်းထက် ပစ္စည်းတွေတစ်ချို့နဲ့ မလိုအပ်တဲ့အမွှေးအမျှင်တွေကို ဖယ်ရှားပစ်ဖို့ဖြစ်ပါတယ်။ အစွမ်းထက်တဲ့ အိမ်တွင်းနည်းလမ်းတစ်ချို့ကို ကြည့်လိုက်ကြရအောင်….

သကြားနဲ့သံပယိုသီး

သကြားနဲ့သံပယိုအရည် စားပွဲတင်ဇွန်း၂ဇွန်းစီကို ရေ စားပွဲတင်ဇွန်း၈-၉ဇွန်းနဲ့ရောစပ်လိုက်ပါ။ ဒီရောစပ်မှုတို့ကို ပွက်ပွက်ဆူလာသည့်အထိ အပူပေးလိုက်ပြီး အဲဒီနောက် အအေးခံထားလိုက်ပါ။ အမွှေးအမျှင်ရှိတဲ့နေရာတွေမှာ လိမ်းလိုက်ပြီး ၂၀-၂၅မိနစ်ခန့်ထားရမှာဖြစ်ပါတယ်။ စက်ဝိုင်းပုံစံလှည့်ပြီးပွတ်ပေးရင်း ရေနဲ့ဆေးကြောပစ်ရမှာဖြစ်ပါတယ်။

ပျားရည်နဲ့သံပယိုသီး

ဒါကတော့ နောက်ထပ် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သကြားနဲ့သံပယိုအရည် စားပွဲတင်ဇွန်း၂ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်လိုက်ရမှာဖြစ်ပါတယ်။ သုံးမိနစ်ခန့် အပူပေးလိုက်ပြီး လိုအပ်ရင် ရောစပ်မှု ကျဲသွားအောင် ရေထည့်ပေးပါ။ အအေးခံပြီးသွားတာနဲ့ အမွှေးအမျှင်ရှိတဲ့နေရာကို လိမ်းလိုက်ပြီး အမွှေးအမျှင်ပေါက်တဲ့directionအတိုင်း ဖြန့်လိုက်ပါ။ ထို့နောက် ချည်ထည်အဝတ်အစားကို အသုံးပြုပြီး အမွှေးအမျှင်ပေါက်တဲ့ဆန့်ကျင်ဘက်directionနဲ့ ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။

အုတ်ဂျုံမှုန့်နဲ့ငှက်ပျောသီး

ဒီနည်းက အတော်လေးအသုံးဝင်ပါတယ်။ ငှက်ပျောသီးအမှည့်တစ်လုံးနဲ့ အုတ်ဂျုံမှုန့် စားပွဲတင်ဇွန်းနှစ်ဇွန်းတို့ကို အရောအနှောလုပ်ရမှာဖြစ်ပါတယ်။ အမွှေးအမျှင်ရှိတဲ့နေရာတွေကို လိမ်းလိုက်ပြီး ၁၅မိနစ်လောက် နှိပ်နယ်လိုက်ပြီးနောက် ရေနဲ့ သန့်စင်လိုက်ရမှာဖြစ်ပါတယ်။

ကြက်ဥအကာနဲ့ပြောင်းဖူးမှုန့်

ပြောင်းဖူးမှုန့်၊ သကြားတို့ကို စားပွဲတင်ဇွန်း၁ဇွန်းစီနဲ့ကြက်ဥအကာတို့ကို ရောစပ်လိုက်ပါ။ မလိုအပ်တဲ့အမွှေးအမျှင်တွေရှိတဲ့နေရာမှာ လိမ်းလိုက်ပြီး ခြောက်သွားတဲ့အခါ ခွာလိုက်ရမှာဖြစ်ပါတယ်။ ဒါကတော့ အတော်လေးကို ရိုးရှင်းပါတယ်နော်။

Credit – Mingalarbar Morning Health

Leave a Reply

Your email address will not be published. Required fields are marked *